Thursday, March 17, 2016

"ဝန်ကြီးဌာန ၂၁ ခုသာ ထားရှိရန်လွှတ်တော်သို့ တင်ပြ"


လာမည့် ပြည်ထောင်စုအစိုးရအဖွဲ့အသစ်တွင် ပါဝင်မည့် ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက် စုစုပေါင်း ၂၁ ခုသာ ထားရှိရန် နိုင်ငံတော်သမ္မတသစ် ဦးထင်ကျော်က လွှတ်တော်သို့ တင်ပြလိုက်သည်။

" ဝန်ကြီးဌာန ၃၆ ခုမှ ၂၁ ခုသို့ လျှော့ချ၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန အသစ်ပါဝင် "


လက်ရှိအစိုးရအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက် စုစုပေါင်း ၃၆ ခုရှိရာ မကြာခင် အသစ်ဖွဲ့စည်းတော့မည့် အစိုးရသစ်လက်ထက်တွင် ဝန်ကြီးဌာန ၂၁ ခုသာထားရှိရန် သမ္မတသစ်က လွှတ်တော်သို့ တင်ပြလိုက်သည်။

မြန်မာနိုင်ငံရဲ့ First Lady ဖြစ်လာမယ့် ဒေါ်စုစုလွင်


“သူက အင်မတန်သိမ်မွေ့ ပျော့ပျောင်းတဲ့သူ၊ ပညာရေးနဲ့ ပတ်သက်လို့လည်း သိပ်ကို စိတ်ဝင်စားတဲ့ သူပဲ”လို့ မြန်မာနိုင်ငံရဲ့ ၉ ယောက်မြောက် သမ္မတ ဖြစ်လာတဲ့ ဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်အပေါ် အမြင်ကို လက်ပံတန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းက ပြောပြပါတယ်။

မန္တလေးတွင် ရေကစားမဏ္ဍပ်အနီး အရက် ဘီယာ ရောင်းချလျှင် အရေးယူမည်


၂၀၁၆ ခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်များအနီး၌ အရက်နှင့် ဘီယာများ ရောင်းချပါက ထိရောက်သည့် အရေးယူမှုများပြုလုပ်မည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ အခွန်ဌာနမှူး ဦစိုးလင်း က ပြောသည်။သင်္ကြန်အလှပြမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များ အနီးတဝိုက်တွင် အရက် ဘီယာရောင်းချမှုများကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး မဏ္ဍပ်များ အနေဖြင့်လည်း အစိုးရအဖွဲ့က သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ကြောင်း၊ ဆေး လိပ်၊ အရက်နှင့် ဘီယာကြော်ငြာများ ကပ်ခြင်း၊ ချိတ်ဆွဲခြင်းများ ပြုလုပ်ပါက ချက်ချင်းဖြုတ်ယူသိမ်းဆည်းပြီး တရားစွဲဆိုခြင်း နှင့် ဒဏ်ငွေချမှတ်ခြင်း စသည့် အရေးယူမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

အစိုးရဝန်ကြီးဌာန ၂ဝ လောက်သာ ထားရှိမည်


အန်အယ်လ်ဒီပါတီ အစိုးရသစ်လက်ထက်မှာ အသုံးစရိတ်တွေကို လျော့ချနိုင်ဖို့အတွက် ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက် ၂၀ လောက်သာ ထားရှိမှာဖြစ်တယ်လို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင် က ပြောပါတယ်။ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ ဦးထင်ကျော်ဟာ ပြည်ထောင်စု ဝန်ကြီးဌာန အရေအတွက်၊ အမည်နဲ့ ဝန်ကြီးဦးရေ သတ်မှတ်တာကို မနက်ဖြန် ပြည်ထောင်စုလွှတ်တော်မှာ တင်ပြရမှာဖြစ်တဲ့အတွက် အန်အယ်လ်ဒီပါတီရဲ့ အစိုးရမှာ ၀န်ကြီးဌာန ဘယ်နှစ်ခု ရှိမလဲ မေးမြန်းရာမှာ ဒေါက်တာဇော်မြင့်မောင်က ပြောတာဖြစ်ပါတယ်။

Wednesday, March 16, 2016

တပ်မတော်နှင့် ထိပ်တိုက်မတွေ့အောင် အစိုးရသစ် ဘယ်လိုကိုင်တွယ်မလဲ



မြန်မာ့ သမ္မတသစ် ဦးထင်ကျော်ကို ကမ္ဘာ့နိုင်ငံများ ဂုဏ်ပြုစကားဆို


ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံ၏ သမ္မတသစ်အဖြစ် ဦးထင်ကျော် ကို အတည်ပြု ရွေးချယ် တင်မြှောက်ပြီးနောက် ကမ္ဘာ့နိုင်ငံ အသီးသီးက ဂုဏ်ပြုစကား ပြောကြားခဲ့ကြသည်။ ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနများက ပေးပို့ခဲ့၊ ထုတ်ပြန်ခဲ့သည့် ဂုဏ်ပြုမှုများ အနက် အချို့ကို စုစည်း ဖော်ပြလိုက်ပါသည်။

ဒုသမ္မတများ၏လုပ်ပိုင်ခွင့်နှင့် တာဝန်


နိုင်ငံရေးစိတ်ပါဝင်စားသူများအတွက် ယခုရက်ပိုင်း အဓိကစိတ်ဝင်စား နေသောအကြောင်းအရာများတွင် ဒုတိယသမ္မတများ၏ လုပ်ငန်းတာဝန် ခွဲဝေမှုမှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဒီချုပ်ကိုယ်စားလှယ်များက တင်သွင်းသော ဒု သမ္မတနှစ်ဦးနှင့် တပ်မတော်က တင်သွင်းသော ဒုသမ္မတတစ်ဦးတို့ အမည်စာရင်းများ ထွက်ပေါ်ပြီးချိန်တွင် ဒုသမ္မတတာဝန် နှင့် လုပ်ပိုင်ခွင့်များ သိလိုကြခြင်းဖြစ်သည်။ ဦးထင်ကျော် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် တပ်မတော်ကတင်သည့် ဦးမြင့်ဆွေနှင့် ဒီချုပ်က တင်သည့် ဦးဟင်နရီဗန်ထီးယူတို့သည် ဒုသမ္မတများအဖြစ် တာဝန်ထမ်းဆောင်ကြရတော့မည်ဖြစ်သည်။

ထိုင်းရဲအရာရှိကို သတ်မှုဖြင့် မယ်လဒုက္ခသည် ၄ ဦး ဖမ်းဆီးခံရ


ထိုင်းရဲအရာရှိတဦးကို သတ်ဖြတ်မှုနဲ့ မယ်လဒုက္ခသည်စခန်း ဇုန် C4B မှာ နေထိုင်တဲ့ ဒုက္ခသည်လူငယ် ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က မနေ့ညက ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးခံရသူတွေကတော့ နိုအာရာ(၂၄) နှစ်၊ ကာမာဒင် (၁၈) နှစ်၊ မက်စဖီ ၂၁ နှစ်နဲ့ ကို ဟိုရှည်တို့ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက အမေရိကန်ကျောင်းသားကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅ နှစ်ချ


မြောက်ကိုရီးယားသည် ၀ါဒဖြန့်ချိသည့် ပစ္စည်းအားခိုးယူသည်ဟု ၀န်ခံခဲ့သည့် အမေရိကန်ကျောင်းသားတစ်ဦးကို နိုင်ငံတော်ကို ဆန့်ကျင်သည့် ပြစ်မှုများအတွက် မတ် ၁၆ က အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်ခဲ့သည်ဟု ရှင်ဟွာသတင်းအေဂျင်စီက အစီရင်ခံခဲ့သည်။

မာသာ တရီဇာကို ရဟန္တာ တင်မြှောက်မယ်


ဆင်းရဲသားတွေအတွက် ​ဘဝကို ​ရင်းနှီးခဲ့တဲ့ ​ကက်သလစ် ​မယ်သီလှရှင် ​မာသာ ​ထရီဇာကို ​စက်တင်ဘာလကျရင် ​ရဟန္တာတင်မြှောက်မယ်လို့ ​ပုပ်ရဟန်းမင်းကြီး ​ဖရန်းစစ်က ​ကြေညာလိုက်ပါတယ်။ ​ ကာဒီနယ်လ်တွေ ​တွေ့ဆုံကြတဲ့အစည်းအဝေး တစ်ခုမှာ ​ပုပ်ရဟန်းမင်းကြီးက ​ကြေညာလိုက်တာပါ။

ဘရာဆဲလ်မှာ သေနတ်သမားတွေကို လိုက်ရှာဆဲ


ဘယ်လ်ဂျီယံနိုင်ငံ ​ဘရာဆဲလ်မြို့မှာ ​ရဲတွေက ​နေရာတစ်ခုကို ​ဝင်စီးတုန်း ​ပစ်ခတ်မှုတွေ ​ဖြစ်ပွားလို့ ​ရဲ ​၄ ​ဦး ​ဒဏ်ရာရရှိခဲ့ပြီး ​သေနတ်သမား ​နှစ်ယောက်ကို ​ရဲတွေက ​လိုက်လံ ​ဖမ်းဆီးနေဆဲ ​ဖြစ်ပါတယ်။နိုဝင်ဘာလတုန်းက ​ပြင်သစ်နိုင်ငံ ​ပဲရစ် ​မြို့မှာ ​ဖြစ်ခဲ့တဲ့ ​အကြမ်းဖက်မှုနဲ့ ​ဆက်စပ်ပြီး ​ပြင်သစ်ရဲ့ ​ထောက်ပံ့မှုတွေနဲ့ ​ဘယ်လ်ဂျီယံ ​ရဲတွေက ​နေရာ တစ်ခုကို ​ဝင်ရောက် ​စီးနှင်းခဲ့တာ ​ဖြစ်ပါတယ်။

ရှေ့တွင်ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို ပြည်သူနှင့်အတူ ကျော်လွှားနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ရုရှား စစ်လေယာဉ်တွေ ဆီးရီးယားကနေ ထွက်ခွာ


ဆီးရီးယား ​နိုင်ငံက ​ရုရှား ​စစ်လေယာဉ်တွေ ​ဆီးရီးယားနိုင်ငံကနေ ​ထွက်ခွာနေတဲ့အတွက် ​ကုလသမဂ္ဂကနေ ​ဦးဆောင်ပြုလုပ်မယ့် ​ဆီးရီးယား ​ငြိမ်းချမ်းရေးအတွက် ​ပိုပြီး ​မျှော်လင့်ချက် ​ရှိလာတယ်လို့ ​ကုလသမဂ္ဂက ​ပြောပါတယ်။ ရုရှား ​သမ္မတ ​ဘလာဒီမီယာ ​ပူတင်က ​ဆီးရီးယား ​အစိုးရအတွက် ​လုပ်ပေး သင့်သလုပ် ​အောင်မြင်စွာ ​လုပ်ပေးနိုင်ပြီ ​ဖြစ်လို့ ​ရုရှား ​စစ်သားတချို့ကို ​ပြန်ခေါ်ယူမယ်လို့ ​ကြေညာပြီးနောက် ​စစ်လေယာဉ်တွေ ​ဆီးရီးယားကနေ ​ထွက်ခွာနေတာ ​ဖြစ်ပါတယ်။

ဦးထင်ကျော် သမ္မတ ဖြစ်တာကို သြစီ ကြိုဆို


ဒေါ်ခင်ကြည် ​ဖောင်ဒေးရှင်း ​အလုပ်အမှုဆောင် ​ဦးထင်ကျော်ကို ​သမ္မတအဖြစ် ​ရွေးချယ်တာကို ​သြစတြေးလျ ​နိုင်ငံ ​ဝန်ကြီးချုပ် ​Malcolm ​Turnbull ​ကြိုဆိုလိုက်ပါတယ်။ မြန်မာပြည်သူတွေကို ​ဂုဏ်ပြုလိုက်သလို ​ဒီမိုကရေစီအတွက် ​အကြာကြီး ​ကြိုးစားလာတဲ့ ​ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ​သြစတြေးလျ ​ဝန်ကြီးချုပ် က ​ဂုဏ်ပြုလိုက်ပါတယ်။

ဘင်္ဂါလီပြဿနာ လုံခြုံရေးခြိမ်းခြောက်မှု တခုဟု ဗိုလ်ချုပ်မှူးကြီး ပြော


ဘင်္ဂါလီပြဿနာဟာ မြန်မာနိုင်ငံအတွက် သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတခု ဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။ မတ်လ ၁၄ ရက်က လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ ၁၃ ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေးမှာ သူက ပြောဆိုခဲ့တာဖြစ်ပြီး ဘင်္ဂါလီပြဿနာအပြင် အစွန်းရောက်နဲ့ အကြမ်းဖက်ဝါဒ အန္တရာယ်အား ကြိုတင်တားဆီးကာကွယ်နိုင်ဖို့ အာဆီယံဒေသတွင်း တိုးချဲ့လုပ်ဆောင် ကြရမယ်လို့လည်း ပြောခဲ့ပါတယ်။

ဒုသမ္မတအဖြစ် ရွေးခံရသူ ဦးမြင့်ဆွေ စစ်တပ်နှင့် ပြည်ခိုင်ဖြိုးပါတီ အဓိက ထောက်ခံ


သမ္မတ၊ ဒုသမ္မတနေရာတွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ရွေးချယ်မှုကိုထောက်ခံ၊ သြဘာပေးသူ အများအပြားရှိနေပေမယ့် တပ်မတော်လမ်းကြောင်းကနေ လာပြီး အင်္ဂါနေ့မှာ ဒုသမ္မတအဖြစ် ရွေးခံရသူ ဦးမြင့်ဆွေကိုတော့ ထောက်ခံအားပေးသူ အနည်းအကျဉ်းသာ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို "ဖော်ရိန်နာ" တစ်ဦးကဲ့သို့သာ မြင်ကြောင်း တပ်ကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်တင်ဆန်းနိုင် ပြော


လွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ်များ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် တင်ဆန်းနိုင်က ဒေါ်အောင်ဆန်းစုကြည်သည် “ဖော်ရိန်နာ (နိုင်ငံခြားသား) တစ်ဦး" ကဲ့သို့ ဖြစ်ကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။ တပ်မတော်အနေဖြင့် NLD နှင့် မည်သို့ ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်ထားသနည်းဟု ရိုက်တာက မေးမြန်းသည်ကို ဖြေကြားစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတကတော် ဒေါ်စုစုလွင်၏ ကိုယ်ရေးအကျဉ်း


၂၀၁၆ ဧပြီလတစ်ရက်နေ့တွင် သမ္မတတာဝန်ကို စတင်ထမ်းဆောင်မည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်မှာ သမ္မတကတော် ( First Lady ) အဖြစ် ပြည်သူ့ရှေ့မှောက် ရောက်ရှိလာတော့မည် ဖြစ်သည်။ ဒေါ်စုစုလွင်ကို ဦးလွင်၊ ဒေါ်တင်မမလေးတို့က မွေးဖွားခဲ့သည်။ 

ပြည်ထောင်စုလွှတ်တော်သို့ ဝန်ကြီးဌာန စာရင်းများ နှစ်ရက်အတွင်း တင်ပြမည်၊ လွှတ်တော်တွင် ဆွေးနွေးအကြံပြုနိုင်ဟု ဆို


မတ်လ ၁၇ ရက်နေ့တွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အစိုးရသစ်က ဖွဲ့စည်းမည့် ဝန်ကြီးဌာန အရေအတွက် အမည်နှင့် ဝန်ကြီးဦးရေတို့ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထား ရသူက တင်ပြရန်အစည်းအဝေး အစီအစဉ်တွင် ထည့်သွင်းထားသည်။

ပါကစ္စတန်နိုင်ငံကဲ့သို့ တရုတ်ဖက်မှ မြန်မာနိုင်ငံ ရပ်တည်မည်ဟု သံအမတ် ဦးသစ်လင်းအုန်း ဆို


တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်း က မြန်မာ နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ရပ်တည်လျက်ရှိပြီး တရုတ်နိုင်ငံထံမှ ပါကစ္စတန် နိုင်ငံရရှိနေသည့် ဦးစားပေး ဆက်ဆံမှုမျိုး ရလိုသည်ဟု ပြောကြားခဲ့သည်။ တရုတ်နိုင်ငံပိုင် သတင်းဌာန တစ်ခုနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် သံအမတ်ကြီးက “တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံမှာ ဂွါဒါဆိပ်ကမ်း တည်ဆောက်ပေးထားပါတယ်။ ပါကစ္စတန်နဲ့ မြန်မာနှစ်နိုင်ငံလုံးက တရုတ်နိုင်ငံနဲ့အတူ ရပ်တည်နေပေမယ့် ပါကစ္စတန်က အထက်ရောက်နေပြီး မြန်မာနိုင်ငံက အောက်ရောက်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ငါးခိုးဖမ်းတဲ့ တရုတ်သင်္ဘော အာဂျင်တီးနားရေတပ်ပစ်ခတ်နှစ်မြုပ်


အာဂျင်တီးနားရေပိုင်နက်မှာ ငါးခိုးဖမ်းနေတဲ့ တရုတ်ငါးဖမ်းသင်္ဘော တစီးကို ကမ်းခြေစောင့်တပ်ဖွဲ့က နှစ်မြုပ်ပစ်လိုက်ကြောင်း အာဂျင်တီးနားရေတပ် ကြေညာချက်ကို ကိုးကားပြီး AFPသတင်းက ဆိုပါတယ်။ လျူယန်ယွမ်လို့ အမည်ပေးထားတဲ့ တရုတ်ငါးဖမ်းသင်္ဘောကို ဗျူနိုအေး ရီစ်မြို့တောင်ဖက် ၉၀၇မိုင် အကွာက ကမ်းရိုးတန်းမှာ ခြေရာခံမိတာဖြစ်ပြီး၊ သတိပေးချက်ကို အလေးမထားပဲ အာဂျင်တီးနားရေတပ်သင်္ဘောကိုတိုက်ပြီး နိုင်ငံတကာရေပြင်ပိုင်နက်ကို ထွက်ပြေးဖို့ လုပ်ခဲ့တဲ့အတွက် တရုတ်ငါးဖမ်း သင်္ဘောကို ပစ်ခတ်နှစ်မြုပ် လိုက်ကြောင်း ဖော်ပြထားပါတယ်။ တရုတ် သင်္ဘောသား ၄ဦးကိုတော့ ကယ်ဆယ်ပြီး ဖမ်းဆီးခဲ့ပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်း ၇ ခု ထာဝရရပ်ဆိုင်းရန် ကချင်ဒေသခံများ တောင်းဆို


ကချင်ပြည်နယ် လူမှုအဖွဲ့အစည်းများနှင့် ဒေသခံအဖွဲ့ ၃၀ ကျော်က ကချင်ပြည်နယ်ရှိ မြစ်ဆုံရေကာတာ စီမံကိန်း ၇ ခုကို ထာဝရ ရပ်ဆိုင်း ပေးရန် မတ်လ ၁၄ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများ ထိန်းသိမ်းရေးနှင့် ရေကာတာ ဆန့်ကျင် ရေးနေ့တွင် ကြေညာချက် ထုတ်ပြန် တောင်းဆိုသည်။

ဒုံးပျံပစ်လွှတ်မှု ထပ်မံပြုလုပ်ရန် မြောက်ကိုရီးယားခေါင်းဆောင် အမိန့်ပေး


မြောက်ကိုရီးယားအနေနဲ့ လာမည့်ရက်များအတွင်းမှာ နျူကလီးယားထိပ်ဖူး တပ်ကာ ဒုံးပျံ စမ်းသပ်မှုတခု အချိန်တိုအတွင်း ပြုလုပ်ဖို့ စီစဉ် နေတယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက ကြေညာလိုက်ပါတယ်၊ ဒီစမ်း သပ်မှုဟာ ဒုံးပျံတွေ အနေနဲ့ နျူကလီးယား ထိပ်ဖူးတွေကို တင်ဆောင်ပြီး ပစ်ခတ်နိုင်မှု စွမ်းရည်ကို စမ်းသပ်တာဖြစ်တယ်လို့ မြောက်ကိုရီးယား သတင်းဌာန KNCA ကဖော်ပြပါတယ်။ 

မြန်မာနိုင်ငံ၏ ၉ ဦးမြောက် သမ္မတ ဦးထင်ကျော်ဖြစ်လာ


မြန်မာနိုင်ငံ၏ ၉ ဦးမြောက် နိုင်ငံတော်သမ္မတအကြီးအဖြစ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ရွေးချယ်ထား တဲ့ ဦးထင်ကျော်ကို ထောက်ခံမဲ အပြတ်အသတ်နဲ့ ပြည်ထောင်စုလွှတ်တော်က တင် မြှောက်လိုက်ပြီဖြစ်ပါတယ်။မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှာ ပထမဦးဆုံး သမ္မတအဖြစ် သမ္မတ စဝ်ရွှေသိုက် တာဝန်ထမ်း ဆောင်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် လက်ထက်အထိ သမ္မတ ၈ ဦးရှိနေခဲ့ရာမှ ဦးထင်ကျော်က ၉ ဦးမြောက် သမ္မတ ဖြစ်လာတာဖြစ်ပါတယ်။

My Blog List