Thursday, December 10, 2015

ကန်ဒါဟာ လေဆိပ်ကို ဓားစာခံများဖြင့် တာလီဘန်များ စီးနင်းထားဆဲဖြစ်၊ တိုက်ပွဲအတွင်း ၄၆ ဦးသေဆုံး


အာဖဂန်နစ္စတန်နိုင်ငံရှိ ကန်ဒါဟာမြို့လေဆိပ်ကို တာလီဘန်များ လာရောက်တိုက်ခိုက်၍ ဖြစ်ပွားနေဆဲတိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ တာလီဘန် တိုက်ခိုက်ရေးသမားများနှင့် အရပ်သားများ အနည်းဆုံး ၄၆ ဦးသေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

ဗီယက်နမ်နိုင်ငံက ပြုပြင်ပြောင်းလဲရေးပါတီနှင့် ၈၈ မျိုးဆက်(ငြိမ်း၊ပွင့်)တို့ တွေ့ဆုံ


ဗီယက်နမ်နိုင်ငံမှ ဗီယက်နမ်ပြုပြင်ပြောင်းလဲရေးပါတီ (Vietnam Reform Party)၊ ဆက်ဆံရေးညွှန်ကြားရေးမှူး Mr.Trinh Nguyen ဦးဆောင်သော ဗဟိုကော်မတီ အဖွဲ့ဝင်များနှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းရုံးခန်းသို့ ဒီဇင်ဘာလ ၉ ရက်နေ့၊ မနက် ၁၀ နာရီက လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နဲ့ တွေ့ဆုံပွဲ အကျိုးကြီးမားဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က တွေ့ဆုံပွဲဟာ တိုင်းပြည်အတွက် အကျိုးရလဒ်ကြီးမားတဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ သူကအခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

အားလုံးပါဝင်တဲ့ အပစ်ရပ်စဲရေး ဖြစ်လာနိုင်ဖွယ် ရှိကြောင်း PNLO ခေါင်းဆောင်ပြော


လာမယ့် အန်အယ်လ်ဒီပါတီ အစိုးရသစ်လက်ထက်မှာ အပစ်ခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်မရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်လက် မှတ်ရေးထိုးလာမယ်လို့ ယုံကြည်ကြောင်း လက်ရှိအစိုးရနဲ့ အပစ်ရပ်လက် မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။

အစိုးရသစ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေး ဖို့ UNFC ကော်မတီသစ် ဖွဲ့စည်း


ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ တတိယနေ့ ကောင်စီ အစည်းအဝေးကနေပြီး ပြောင်းလဲလာတဲ့ အစိုးရသစ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ပြီး UNFC အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ချက်ကိုလည်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာစစ်တပ်နှင့် ဆက်ဆံရေးတိုးမြှင့်ရန် စိတ်ထက်သန်ကြောင်း အမေရိကန် ဗိုလ်ချုပ်ကြီး ပြော


ရွေးကောက်ပွဲတွင် ဒီမိုကရေစီလိုလားသော အတိုက်အခံပါတီက မဲအပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် အာရှဒေဆိုင်ရာ အမေရိကန် တပ်မှူးက မြန်မာစစ်တပ်နှင့် ပိုမို ရင်းနှီးစွာဆက်ဆံရန် စိတ်အားထက်သန် လျက်ရှိကြောင်း ဒီဇင်ဘာလ ၈ ရက် နေ့တွင် ပြောကြားလိုက်သည်။ သို့သော် အမေရိကန်အစိုးရက မူဝါဒချမှတ်မှုကို စောင့်ရဦးမည်ဖြစ်သည်။

“ရွယ်ဂျာပျောက်ဆုံးမှု” စုံစမ်းဖော်ထုတ်ထားသည့် ရုပ်သံ ထုတ်လွှင့်မည်


ကချင်အမျိုးသမီး ဆွမ်လွတ်ရွယ်ဂျာ ပျောက်ဆုံးတာ ၄ နှစ်ကျော်ကြာတဲ့ အချိန်မှာတော့ သူ့ရဲ့ပျောက်ဆုံးမှုကို စုံစမ်း ဖော်ထုတ် မှတ်တမ်းတင် ရိုက်ကူးထားတဲ့ “ရွယ်ဂျာပျောက်ဆုံးမှု” (The Disappearance of Roi Ja) ဆိုတဲ့ မှတ်တမ်း ရုပ်ရှင်တခု ထွက်ပေါ်လာပါတယ်။

ရန်ကုန်မြို့ ခုံးကျော်တံတား ၇ စင်း ကျပ် ၁၃၆ ဘီလီယံကျော် သုံးစွဲထားဟု ဆို


ရန်ကုန်မြို့တွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ခုံးကျော်တံတား ၇ စင်း တည်ဆောက်လျက်ရှိရာ နိုင်ငံတော် ဘတ်ဂျက်မှ ကျပ် ၁၃၆.၈၂၉ ဘီလီယံ သုံးစွဲထားကြောင်း သတင်းရရှိသည်။ယနေ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးတွင် ကျင်းပသည့်“ရန်ကုန်တိုင်းအတွင်းရှိ တည်ဆောက်ဆဲဖြစ်သည့် ခုံးကျော်တံတား ၃ ခုအကြောင်း” သတင်းစာ ရှင်းလင်းပွဲတွင် တိုင်းဒေသကြီး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

TNLA နှင့် RCSS တိုက်ပွဲဖြစ်ပွားမှု နှစ်ဖက်ညှိနှိုင်းရန် မရှိဟုဆို


ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက် ရေး တပ်မတော်(TNLA)နှင့် ရှမ်းပြည် ပြန်လည် ထူ ထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော်(RCSS/SSA)တို့ကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွား လျက်ရှိပြီး နှစ်ဖက် ညှိနှိုင်းရန် အစီအစဉ်မရှိကြောင်း သတင်းရရှိသည်။

တိုက်ပွဲများ ရပ်တန့်ရန် တပ်မတော်နှင့် SSPP/SSA သဘောတူ


အစိုးရ တပ်မတော်နှင့် ရှမ်းပြည် တပ်မတော်မြောက်ပိုင်း(SSPP/SSA)တို့ကြား တလကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ရပ်တန့်ပြီး ရှေ့တန်း တပ်စခန်း အသီးသီးမှ ၂ ဖက်စလုံး မူလတပ်စခန်းများသို့ ပြန်ဆုတ်ရန် သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း သတင်း ရရှိသည်။

အာရဗီပြက္ခဒိန် ရိုက်နှိပ်သည့် ကျော်ပုံနှိပ်တိုက်အမှုမှ တိမ်းရှောင်နေသူအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ပုဇွန်တောင်ရဲစခန်းမှ ဒုရဲအုပ်တစ်ဦး လာရောက်ထွက်ဆို


အာရဗီပြက္ခဒိန် ရိုက်နှိပ်ခဲ့သည့် ကျော်ပုံနှိပ်တိုက်အမှုမှ ဖမ်းဆီးတရားစွဲ ခံထားရသူများအား ပုဇွန်တောင်မြို့နယ် တရားရုံး၌ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းက တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။ ယင်းနေ့တွင် အမှုမှ ထွက်ပြေးတိမ်းရှောင်နေသော ပြက္ခဒိန်ရိုက်နှိပ်ရန် အတွက် အလုပ်လာရောက်အပ်နှံသူ ဦးအောင်ခင်ဆိုသူအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း ပုဇွန်တောင်မြို့မရဲစခန်းမှ ဒုရဲအုပ် သန်းလွင် က တရားရုံး သို့ လာရောက်ထွက်ဆိုခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ IS အဖွဲ့ဝင် ၁၀ ဦး ၀င်ရောက်လာသည့် သတင်းကြောင့် ထိုင်းနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသည့် တနင်္သာရီတိုင်း ဒေသကြီးအတွင်း လုံခြုံရေးအဆင့် အ၀ါရောင်သို့ တိုးမြှင့်



နိုင်ငံရေးဆွေးနွေးမည့်ရက် ဒီဇင်ဘာ ၁၆တွင် သမ္မတဦးသိန်းစိန်သတ်မှတ် ကြေညာမည်ဟု ဆို




နိုင်ငံရေးဆွေးနွေးပွဲများစတင်မည့်ရက်ကို ဒီဇင်ဘာ ၁၆ရက် နေပြည်တော်တွင် သမ္မတဦးသိန်းစိန်က သတ်မှတ်ကြေညာမည်ဟု ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဒုတိယဥက္ကဌ ဦးသုဝေက ဒီဇင်ဘာ ၉ရက်တွင် မဇ္ဈိမကိုပြောသည်။

Wednesday, December 09, 2015

ဂျာမနီ၏ ပထမဆုံးအမျိုးသမီးကာကွယ်ရေးဝန်ကြီး အာဆူလာဗွန်ဒါလီယန်


ဂျာမနီကာကွယ်ရေးဝန်ကြီး အာဆူလာဗွန်ဒါလီယန်မစ္စစ် အာဆူလာဗွန် ဒါလီယန် သည် ဂျာမနီနိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး အဖြစ် ၂၀၁၃ မှစ၍ တာဝန်ယူ ထားသည်။ ယင်းရာထူးကို ရရှိသည့် ပထမဆုံး အမျိုးသမီးလည်း ဖြစ်သည်။

RCSS နှင့် TNLA တိုက်ပွဲဆက်လက်ပြင်းထန်


ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်အတွင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ် (TNLA)တို့အကြား ဒီဇင်ဘာလ ၈ ရက်က တိုက်ပွဲ ပြင်းပြင်းထန်ထန် ထပ်မံ ဖြစ်ပွားနေသည်ဟု နှစ်ဖက်အဖွဲ့အစည်းများမှ သိရသည်။

လစာငွေပိုလျှင် ပြန်အပ်မည်ဟု ပြောကြားမှုအား မှတ်တမ်းတင်ထားရန် ဒီချုပ်အမတ်တောင်းဆို


နေပြည်တော်ကောင်စီဥက္ကဌ ဦးသိန်းညွှန့်၏ လစာငွေများကို ပိုလျှင်ပြန်အပ်မည်ဟု ပြောကြားခဲ့သည့် ကောင်စီဝင်၏ ပြောစကားကို ပြည်ထောင်စုလွှတ်တော်တွင် မှတ်တမ်းတင်ထားရှိပေးရန် NLD အမတ် ဒေါ်စန္ဒာမင်းက ဒီဇင်ဘာ ၈ ရက်နေ့ က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်တောင်းဆိုခဲ့သည်။

ချင်းနှင့် ပအိုဝ်းအဖွဲ့တို့ကို UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်း


ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ပအိုဝ်း အမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ကို အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။UNFC အဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေး ဒုတိယနေ့တွင် တရားဝင် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး လစ်လပ်နေသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နေရာများအတွက်လည်း ရွေးချယ်ခန့်အပ်ခဲ့သည်ဟု သိရသည်။

ပထမဆုံး အစုရှယ်ယာဈေးကွက် Yangon Stock Exchange စဖွင့်



မြန်မာနိုင်ငံရဲ့ ပထမဆုံး အစုရှယ်ယာဈေးကွက် ရန်ကုန် Stock Exchange, YSX ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ ရန်ကုန်မြို့မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။ ရန်ကုန် Stock Exchange ကို မြန်မာ့စီးပွားရေးဘဏ်၊ ဂျပန် Exchange Group နဲ့ ဂျပန်တတ်သိပညာရှင်များ အဖွဲ့ဖြစ်တဲ့ Daiwa သုတေသနအဖွဲတို့ ပူးတွဲ တည်ထောင်တာ ဖြစ်ပါတယ်။

အမေရိကန်ဒဏ်ခတ်မှုတချို့ ယာယီလျှော့မှုအပေါ် ပြည်တွင်းတုံ့ပြန်


အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို လျှော့ချပေးတဲ့အနေနဲ့ Asia World ကုမ္ပဏီပိုင်တဲ့ မြန်မာနိုင်ငံရဲ့ ခေတ်အမီဆုံး ဆိပ်ကမ်းတခုဖြစ်တဲ့ ရန်ကုန် ဆိပ်ကမ်းမှာ အမေရိကန်ကုမ္ပဏီတွေကို ကူးသန်းရောင်းဝယ်ခွင့် ၆ လတာ ခွင့်ပြုလိုက်ပါတယ်။

အမေရိကန်ရဲ့ပိတ်ဆို့မှုအားလုံး လုံးဝရုပ်သိမ်းသင့်ပြီလို့ မြန်မာ အစိုးရပြော


မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ ပစ်မှတ်ထားပိတ်ဆို့ ကန့်သတ်မှုတွေကို ၆ လ ယာယီ ဆိုင်းငံ့မယ်လို့ အမေရိကန်အစိုးရက မနေ့က ထုတ်ပြန်ကြေညာလိုက်တဲ့အပေါ် မြန်မာအစိုးရက ဝမ်းသာကြိုဆိုကြောင်း သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကိုပြောပါတယ်။

သတင်းမီဒီယာကောင်စီသစ် သမ္မတရုံးမှာ ကျန်းသစ္စာကျိန်ဆိုမည်


မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကို ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ၂၄ ဦးဟာ လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့ မှာ နိုင်ငံတော်သမ္မတရုံးမှာ ကျမ်းသစ္စာကျိန်ဆိုရမှာ ဖြစ်ပါတယ်။သတင်းမီဒီယာကောင်စီနည်းဥပဒေအရ ကောင်စီဖွဲ့စည်းပြီး ရက်ပေါင်း ၃၀ အတွင်း ကျမ်းကျိန်ရမှာဖြစ်တဲ့အတွက် နည်းဥပဒေအတိုင်း ဆောင်ရွက်ရမှာဖြစ်တယ် လို့ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော် က ပြောပါတယ်။

NCA စာချုပ် ပြည်ထောင်စု လွှတ်တော် အတည်ပြု


အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ ရေးထိုးထားတဲ့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ကို ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူ မရှိတဲ့အတွက် ဒီနေ့ အတည်ပြုလိုက်ပါတယ်။ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာနိုင်ရေးအတွက် လမ်းဖွင့် ထားကြောင်း ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ဗကသကျောင်းသား ကိုမင်းသွေးသစ် အပါအဝင် ၄ ဦး ဆေးကုသခွင့်ရရှိ


သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူနဲ့ဝန်းရံသူတွေထဲက စာမေးပွဲဖြေဆိုမယ့် ကျောင်းသား ၁ ဦး နဲ့ ဆေးရုံ တက် ရောက်နေသူ ၁ ဦးကို သာယာဝတီမြို့နယ်တရားရုံးက ဒီနေ့ အာမခံပေး လိုက်ပြီး ကျန်းမာရေး မကောင်းတဲ့ ဗကသကျောင်းသား ကိုမင်းသွေးသစ် အပါအ၀င် ၄ ဦးကို ရန်ကုန် ပြည်သူ့ဆေးရုံ ကြီးမှာ ဆေးကုသဖို့ ခွင့်ပြုလိုက်ပါတယ်။

မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေး တိုးချဲ့လိုကြောင်း အမေရိကန် ဗိုလ်ချုပ်ကြီး ပြောကြား


အမေရိကန်တပ်မတော်ရဲ့ ပစိဖိတ်ဒေသစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Vincent Brooks က ပြီးခဲ့တဲ့ရွေးကောက်ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD က ပြတ်ပြတ်သားသား အနိုင်ရခဲ့တဲ့အတွက် မိမိတို့အနေနဲ့ မြန်မာ့ တပ်မတော်နဲ့ ပိုမိုချစ်ကြည်ရင်းနှီးစွာဆက်ဆံဖို့ စိတ်အားထက်သန်နေကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

ပြည်နယ်အစိုးရဖွဲ့နိုင်ဖို့ ANP ပြင်ဆင်


ရခိုင်ပြည်နယ် အစိုးရနဲ့ ပြည်နယ်လွှတ်တော်ကို ဦးဆောင်နိုင်ရေး အတွက် အစိုးရသစ်ဖွဲ့မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရခိုင်ပြည်နယ်တွင်း အများစု အနိုင်ရ ရခိုင်အမျိုးသားပါတီက ဦးဆောင်ကော်မတီ တရပ်ကို ပါတီဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းလိုက်ပါတယ်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်ကတော့ တိုင်းရင်းသား ပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးရေး အတွက် ဆန္ဒရှိပေမယ့် ရက်အတိအကျ မသတ်မှတ်နိုင်သေးတဲ့ အကြောင်း တုံ့ပြန်ပါတယ်။

My Blog List