Monday, July 27, 2015

ဦးသိန်းစိန် သမ္မတတာဝန် ထပ်မံထမ်းဆောင်ရေး ဝန်ကြီးဌာနအချို့တွင် ဆန္ဒပြုလက်မှတ်များ ကောက်ယူရန် သမ္မတရုံး ညွှန်ကြားခြင်း မရှိဟုဆို


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဒုတိယသမ္မတ သက်တမ်း ထပ်မံထမ်းဆောင်ရန်အတွက် ဝန်ကြီးဌာနအချို့ တွင် ဆန္ဒပြုလက်မှတ်များ ကောက်ယူနေခြင်းကို နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားထားခြင်း မရှိကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။

ကင်ညာနှင့် အမေရိကန် ပူးပေါင်းကာ အကြမ်းဖက်အုပ်စုများကို ရင်ဆိုင်တိုက်ခိုက်မည်ဟု အိုဘားမား ပြောကြား


အမေရိကန်ပြည်ထောင်စုနှင့် ကင်ညာနိုင်ငံတို့သည် အကြမ်းဖက်ဝါဒကို ရင်ဆိုင်ချေမှုန်းရာတွင် ညီညွတ်မှု ရှိသည့် နိုင်ငံများ ဖြစ်သည်ဟု ကင်ညာသို့ အလည်အပတ် ရောက်ရှိနေသည့် သမ္မတအိုဘားမားက ပြော ကြားလိုက်ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။

သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးရန် မဲဆန္ဒ ရှင် ၁၇၀၀ ကျော် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြား


ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်နေသော သူရဦးရွှေမန်းကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းပေးရန် တပ်မတော်သား များနှင့် မိသားစုဝင် မဲဆန္ဒရှင် ၁၇၀၀ ကျော်က ဆန္ဒပြုလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားထားကြောင်း အဆိုပါ ပေးပို့ထားသော စာအရ သိရသည်။

သျှမ်းပြည်နယ်အစိုးရ ၀န်ကြီးရာထူးစွန့်၍ အမျိုးသားလွှတ်တော်တွင် စိုင်းအိုက်ပေါင်းပြိုင်မည်


သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် SNDP ခေါ် ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းသည် လာမည့် ၂၀၁၅ ရွေး ကောက်ပွဲတွင် ၀န်ကြီးနေရာ စွန့်လွတ်ကာ အမျိုးသားလွှတ်တော်အမတ်အဖြစ်သာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည် ။

ကေအိုင်အိုက အပစ်ရပ်စာချုပ်-NCA ကို ခိုင်မာတဲ့အနေအထားနဲ့ လက်မှတ်ထိုးဖို့ မျှော်လင့်


ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေဆဲဖြစ်ပြီး စစ်ပြေးဒုက္ခသည်များ၏ အခက်အခဲများ၊ အကူအညီရရှိမှု အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် လာမည့် ရွေးကောက်ပွဲ အပေါ် ကေအိုင်အို၏ သဘောထားများ သိရှိစေရန် တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ဒုတိယ ခေါင်းဆောင်၊ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သူ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကို မဇ္ဈိမက အီးမေးဖြင့် ဆက်သွယ်မေးမြန်းထားသည်။ 

သောင်းကျန်းသူအုပ်စုများကို အိန္ဒိယစစ်တပ်က နယ်မြေတွင်းထိ စီးနင်းလိုက်လံခွင့်မြန်မာ သဘောတူ


အိန္ဒိယစစ်တပ်က သောင်းကျန်းသူများကို အပူတပြင်းလိုက်လံရာတွင် နိုင်ငံတကာနယ်စပ်သတ်မှတ်မျဉ်းကို ဖြတ်လျက် ပိုင်နက်နယ်မြေတွင်းထိပါ ဝင်ရောက်လိုက်လံနိုင်ခွင့်ကို မြန်မာဖက်က ခွင့်ပြုခဲ့သော် လည်း မြန်မာနိုင်ငံသားများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက်ကို အဓိကဦးစားပေးအဖြစ် သတ်မှတ်ကာ သဘောတူညီမှုချမှတ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြည့်အဝယုံကြည်ရန် ဒေါ်အောင်ဆန်းစုကြည် ပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲရက် ကြေငြာအပြီး ပထမဆုံးအကြိမ် လူထုတွေ့ဆုံပွဲကို ဧရာဝတီတိုင်း ကျိုက်လတ်မြို့ နှင့် မော်ကျွန်းမြို့တို့တွင် ဇူလိုင် ၂၅၊ ၂၆ နှစ်ရက်တိုင် သွားရောက်ကာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ရန် ကြိုးစား၍ သူရဦးရွှေမန်းကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းရန် ကော်မရှင်ထံ တောင်းဆို


တပ်မတော်သားမိသားစု အများစုက မဲပေးရွေးချယ်ထားသည့် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က)ကို ပြင်ဆင်ရန် ကြိုးပမ်းခြင်းသည် တပ်မတော် နှင့် တပ်မတော်သား များအပေါ် ပြည်သူက အထင်အမြင်လွဲရန် ရည်ရွယ်သည်ဟုဆိုကာ ၎င်းအား တာဝန်မှ ပြန်လည် ရုတ်သိမ်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထံ ဇူလိုင် ၂၄ရက် ရက်စွဲဖြင့် လိပ်မူပြီး စာပေးပို့ထားသည်။

အန်အယ်လ်ဒီ ကို ၁၀၀ ရာခိုင်နှုန်း မဲထည့်ကြရန် ဒေါ်အောင်ဆန်းစုကြည် ပြော


၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၀၀ ရာခိုင်နှုန်းမဲထည့် ကြဖို့နဲ့ ခြိမ်းခြောက်ပြီးရတဲ့ ထောက်ခံမဲမျိုး မလို ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါ တယ်။

တိုင်းရင်းသား တပ်ဖွဲ့ခေါင်းဆောင်များ ချင်းမိုင်တွင် ဆွေးနွေး



ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ်ရေးအတွက် မရေရာသေးပါ


ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်ကနေ ၂၄ ရက်အထိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီ (UPWC) အဖွဲ့ဝင်တွေနဲ့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့တွေရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ (SD) တို့ ရန်ကုန်မှာ တွေ့ဆုံပြီး အပစ်ရပ်စာချုပ်အတွက် ဆွေးနွေးခဲ့ကြပေမဲ့ ရေရာတဲ့အဖြေ မထွက်ခဲ့ ပါဘူး။

ဘာသာရေးကို နိုင်ငံရေးတွင် အသုံးမချသင့်ကြောင်းနှင့် အမျိုးဘာသာ သာသနာ ထိခိုက်အောင် လုပ်၊ မလုပ် ဆိုခြင်းနှင့် ပတ်သက်၍ ပြည်သူများ၏ ဆုံးဖြတ်မှုကို ခံရဲကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဘာသာရေးကိစ္စများကို နိုင်ငံရေးတွင် အသုံးမချသင့်ကြောင်းနှင့် မိမိအနေဖြင့် အမျိုးဘာသာ သာသနာ ထိခိုက်အောင် လုပ်၊ မလုပ် ဆိုခြင်းနှင့် ပက်သက်၍ ပြည်သူများက ဆုံးဖြတ်မည်ဖြစ်ကာ အဆိုပါ ဆုံးဖြတ် ချက်ကို ခံရဲသည်ဟု ဒေါ်အောင်ဆန်းစုကြည်က မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ် လူထုတွေ့ဆုံပွဲ၌ ပြည်သူတစ်ဦး၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြား ရာတွင် ပြောကြားသည်။

ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း ဖြိုခွင်းဖမ်းဆီးခံရသည့် ဖြစ်စဉ်မှ လွတ်မြောက်လာသော ကျောင်းသား ကျောင်းသူ ၁၈ ဦးနှင့် အမျိုးသား လူ့အခွင့်အရေးကော်မရှင် တွေ့ဆုံမည်


လက်ပံတန်းမြို့တွင် အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးခြင်းခံရပြီးနောက် လွတ်မြောက်လာသော  ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းမှ  ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အ ခွင့်အရေး ကော်မရှင်တို့ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီတွင် ကော်မရှင်ရုံးခန်း၌ တွေ့ဆုံသွားမည်ဖြစ် ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ)မှ ကိုအောင်နေပိုင်က ဇူလိုင် ၂၆ ရက် တွင်ပြောကြား သည်။

ရွှေဘို-မြစ်ကြီးနား ကားလမ်းမပေါ်ရှိ ဟဲနုရွာချောင်းတံတား တောင်ကျ ချောင်းရေဖြင့် မျောပါသွားပြီး ယာဉ်အစီးရေ ၁၀၀ ခန့် ပိတ်မိနေ



ရွှေဘို-မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ် ၁၆၄/၇ နှင့် ၁၆၄/၀ ကြားရှိ ဟဲနုရွာ ချောင်းကူးတံတားသည် ဇူလိုင် ၂၄ ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေ ကျဆင်းမှုကြောင့် တံတားရေမျောပါ သွားခဲ့ပြီး တံတားမျောပါသွားသည့် နေရာတွင်  ယာဉ်အစီးရေ တစ်ရာခန့် ပိတ်မိနေကာ ခရီးသည်များ သွားလာရေး အခက်အခဲဖြစ်နေကြောင်း သိရသည်။

တိုကျို လူနေရပ်ကွက် တစ်ခုပေါ်သို့ လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ လူသုံးဦး သေဆုံး



ဂျပန်နိုင်ငံ မြို့တော် တိုကျို၏ လူနေရပ်ကွက် တစ်ခုပေါ်သို့ ဇူလိုင် ၂၆ ရက်က လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ နေအိမ်အချို့ မီးလောင်ကျွမ်း ခဲ့ပြီး သေဆုံးသူ သုံးဦး၊ ဒဏ်ရာရသူ ငါးဦး ရှိခဲ့ကြောင်း အစိုးရ နှင့် ဒေသတွင်း မီဒီယာများတွင် ဖော်ပြခဲ့သည်။

ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ် နိုင်ပြီး အဆိုပါ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနှင့် ချင်းပြည်နယ်တို့၌ မိုးသည်းထန်စွာ ရွာသွန်းကာ မြေပြိုခြင်းနှင့် ရေကြီးခြင်းများ ဆက်လက် ဖြစ်ပွားနိုင်


ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ပြီး အဆိုပါ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနှင့် ချင်းပြည် နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုခြင်းနှင့် ရေကြီးခြင်းများ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် သတိပြုရန် လိုအပ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးချစ်ကျော်က ပြောကြားသည်။

NLD တခဲနက် အနိုင်ရအောင်မဲပေးဖို့ ဒေါ်စုစည်းရုံး



မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေကို ဖော်ဆောင်နိုင်ဖို့ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တခဲနက်အနိုင်ရဖို့ အရေးကြီးတဲ့အကြောင်း ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ 

ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယခရီးစဉ်စတင်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့ရဲ့အိန္ဒိယနိုင်ငံ ၆ ရက်ကြာ ခရီးစဉ် ကို ဒီကနေ့စတင်လိုက်ပါတယ်။ အိန္ဒိယနဲ့မြန်မာနယ်စပ်မှာလှုပ်ရှားနေတဲ့ လက်နက်ကိုင် သူပုန်အဖွဲ့တွေကို နှိမ်နင်းရေး စစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားဖို့နဲ့ ပတ်သက်ပြီး ဒီခရီးစဉ်အတွင်း ဆွေး နွေးမှာဖြစ်တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

သြစတြေးလျသူနာပြု အကြမ်းဖက်သမား အားပေးကူညီမှုနဲ့ တရားစွဲခံရ


ဆီးရီးယားနိုင်ငံအတွင်းက IS အစွန်းရောက်အကြမ်းဖက်သမားတွေကို အားပေးကူညီတယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ သြစတေးလျအမျိုးသား သူနာပြုတဦးကို အကြမ်းဖက်မှုနဲ့ဆက်နွယ်တဲ့အမှုနဲ့ တရားစွဲဆို ခံထားရ ပါတယ်။

တောင်တရုတ်ပင်လယ် စစ်ရေးလေ့ကျင့်မှု တရုတ်ကာကွယ်ပြော


တရုတ်နိုင်ငံ ရေတပ်ဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအဏာ၊ လုံခြုံရေး၊ အကျိုးစီးပွား၊ ဒေသတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ တိုက်ခိုက်ရေး စွမ်းရည် မြှင့်တင်ရေး စတာတွေ အမြဲတမ်းအဆင်သင့် ဖြစ်နေဖို့အတွက် တပ်လှန့် ထားတယ်လို့ တရုတ်တပ်မတော် PLA ရဲ့ ရေတပ်ဆိုင်ရာ ပြောခွင့်ရသူ Liang Yang က စနေနေ့မှာ ပြောလိုက်ပါတယ်။

သမ္မတအိုဘားမား အီသီယိုးပီးယားရောက်


အမေရိကန်သမ္မတ Barack Obama ဟာ အကြမ်းဖက်မှု၊ လူ့အခွင့်အရေးနဲ့ တောင်ဆူဒန်နိုင်ငံမှာ ဖြစ်ပွား နေတဲ့ ပြည်တွင်းစစ် ကိစ္စ တွေကို ၂ ရက်ကြာ အာရုံစိုက် ဆွေးနွေးပြောဆိုဖို့အတွက် အီသီယိုးပီးယားနိုင်ငံ ကို ဆိုက်ရောက် သွားပြီ ဖြစ်ပါတယ်။

ဘင်ဂါဇီကော်မတီရှေ့မှောက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် သက်သေခံထွက်ဆိုမည်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်မှာ ၂၀၁၂ ဘင်ဂါဇီတိုက်ခိုက်မှုကို စုံစမ်းစစ် ဆေးနေသည့် အိမ်ဖြူတော်လက်ရွေးစင် ကော်မတီရှေ့မှောက်တွင် သက်သေခံထွက်ဆိုမည်ဖြစ်ဖြစ် ကြောင်း သူမ၏ ရွေးကောက်ပွဲမဲဆွယ်အဖွဲ့က ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့ခွင့် ရရှိခဲ့လျှင်လည်း ပြည်သူများ မလိုလားသည့် တစ်နေ့တွင် အေးအေးဆေးဆေး ထွက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၁၀၀ ရာခိုင်နှုန်း အောင်နိုင်၍ အစိုးရဖွဲ့ခွင့် ရရှိခဲ့လျှင်လည်း ပြည်သူများ မလိုလားသည့် တစ်နေ့တွင် အေးအေးဆေးဆေး ထွက်ပေးမည်ဖြစ်ပြီး ကတ်ဖဲ့ နေမည် မဟုတ်ကြောင်း ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က မော်လမြိုင်ကျွန်းမြို့နယ် မြို့နယ်ဘောလုံးကွင်း ၌ ဇူလိုင် ၂၆ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဟောပြောပွဲအခမ်းအနားတွင် ပြောကြား သည်။

မြန်မာနိုင်ငံ အထက်ပိုင်းကို လှုပ်ခတ်သွားစေတဲ့ ရေကြီးရေလျှံပြဿနာ



ဒေါ်အောင်ဆန်းစုကြည် မော်လမြိုင်ကျွန်းမြို့တွင် မဲဆွယ်



My Blog List