Monday, March 23, 2020

Covid-19 ကုသေဆးကို စမ်းသပ် အောင်မြင်ပြီဟု ပြင်သစ်ကြေညာ

Image may contain: 1 person, text
ကမ႓ာတစ်ဝန်းတွင် သေဆုံးမှုနှုန်းမြင့်မားနေသည့်အတွက် စိုးရိမ်မှုများ မြင့်တက်နေကြသည့် Covid-19 ရောဂါကိုကုသနိုင်သည့်ဆေးဝါးကို တီထွင်စမ်းသပ် နိုင်ခဲ့ပြီဖြစ်ကြောင်း ပြင်သစ်ဇီဝဗေဒဆေးသုတေသီပညာရှင်ပါမောက္ခ Didier Raoult က တရားဝင်ကြေညာပြောကြားလိုက်သည်။

ပါမောက္ခ Didier Raoult မှာ ပြင်သစ်အစိုးရ၏ တာဝန်ပေးချက်အရ Covid-19 ကုသဆေးကို စမ်းသပ် ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ဆီနီဂေါနိုင်ငံဒါကာမြို ့တွင် မွေးဖွားခဲ့သည့်ပြင်သစ်နိုင်ငံသားဇီဝဗေဒ သုတေသီတစ်ဦးဖြစ်ပြီး မတ် ၁၃ ကမှ ၆၈ နှစ်ပြည့်ခဲ့သူဖြစ်သည်။ ပြင်သစ်တွင် ဇီဝဆေးဝါးများဆိုင်ရာ တီထွင်ဖန်တီးမှုများစွာ ပြုလုပ်ခဲ့သူဖြစ်ပြီး များစွာသော
ဂုဏ်ပြုဆုများကိုလည်း ရရှိထားသူဖြစ်သည်။

Didier မှာ Institut Hospitalo Universitaire (IHU) ကို တည်ထောင်ခဲ့သူလည်းဖြစ်သည်။ အဆိုပါအဆောက်အဦးကို ၂၀၁၇ နှစ်ဆန်းပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။
ကူးစက်ရောဂါများကို လေ့လာခြင်း၊ ထိန်းချုပ်ခြင်း၊ရောဂါအမျိုးအစားနှင့် အမျိုးအမည်ကို ဖော်ထုတ်ခြင်း၊ ကုသပေးခြင်း၊ သုတေသနပြုလုပ်ခြင်း၊တစ်ပြိုင်တည်းမှာပင် ကူးစက်မှုဆိုင်ရာရောဂါများနှင့်ပတ်သက်၍ပြန်လည်သင်ကြားပေးခြင်း အစရှိသည့် အရာများကို အဆိုပါ IHU Mediterranée Infection တစ်နေရာတည်းတွင် တစ်ပြိုင်တည်းလုပ်နိုင်သည့် ဇီဝဆေး
ဘက်ဆိုင်ရာအဆောက်အဦးလည်း ဖြစ်သည်။ ပြင် သစ်နိုင်ငံတွင် အမြင့်ဆုံးရရှိသည့် ထောက်ပံ့မှုရန်ပုံငွေအဖြစ် ပြင်သစ်အမျိုးသားအေဂျင်စီထံမှ ယူရို ၇၃ သန်းရရှိခဲ့ပြီးနောက် အကောင်အထည်ပေါ်လာသည့်အဆောက်အဦးလည်း ဖြစ်သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကုသသည့် ဆေးဝါးကို ပါမောက္ခ Didier Raoult က စမ်းသပ်တီထွင်နိုင်ခဲ့ခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံ၏ အရှေ့တောင်ပိုင်းမှ မြို ့ ၂ မြို ့ဖြစ်သည့် Nice နှင့် Avignon မှ ကိုရိုနာဗိုင်းရပ်စ်ရှိနေသည့် လူနာ ၂၄ ဦးကို ၎င်းတို့၏ သဘောတူညီချက်အရ စမ်းသပ်ကုသခဲ့ရာတွင် ထိရောက်ခဲ့သည်ဟု Didier Raoult က ဆိုသည်။
Didier Raoult မွာ အဆိုပါ Covid-19 ကုသေဆးနှင့်ပတ်သက်၍လည်း ရှင်းလင်းပြခဲ့သည်။ လူနာ ၂၄ ဦးကို ငှက်ဖျားတိုက်ဖျက်ဆေးတစ်မျိုးဖြစ်သည့် ကလိုရိုကွင်းနှင့် ကုသခဲ့ရာ ၆ ရက်အတွင်း၌ ကိုရိုနာဗိုင်းရပ်စ်များ ၅ % သာကျန်တော့သည်အထိ အောင်မြင် ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အဆိုပါဆေးတွင် hydroxychloroquine ပါဝင်ပြီး လူနာများအား တစ်
နေ့လျှင် 600 mcg နှုန်းဖြင့် ၁၀ ရက်ပေးကုသခဲ့ရာတွင် ၆ ရက်အတွင်း၌ပင်ထိရောက်မှု ရှိသည်ကိုတွေ့ ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော် အဆိုပါဆေးတွင်ပါဝင်သည့် hydroxychloroquine မှာ အချို ့သောလူနာများတွင် ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးလည်းရှိပြီး သေချာအောင်ဂရုစိုက်ရန်လိုသည်ဟု Didier Raoult ကဆိုသည်။
ကလိုရိုကွင်းဖော့စဖိတ်နှင့် ဟိုက်ဒရောက်ဆီကလိုရိုကွင်း ပါဝင်သည့်ဆေးဝါးများကို ယခင်ကတည်းက တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်လူနာများအား ကုသရာတွင် အသုံးပြုခဲ့သည်ဟုလည်း သိရသည်။
ငှက်ဖျားရောဂါကို ကာကွယ်/ကုသရန် အဆိုပါဆေးဝါးကို Plaquenil အမည်ဖြင့်ထုတ်လုပ်ခဲ့သည့် ပြင်သစ်ဆေးကုမ္ပဏီ Sanofi ကလည်း အစိုးရအတွက် Plaquenil ဆေးများကို သန်းချီပေးသွားရန်ကမ်းလှမ်းထားသည်ဟု ပြင်သစ်မီဒီယာများက ဖော်ပြသည်။
ပြင်သစ်ကျန်းမာရေးဝန်ကြီး Olivier Véran ကလည်း ပါမောက္ခ Didier Raoult၏ တွေ့ရှိချက်ကိုအကဲဖြတ် ဆုံးဖြတ်နိုင်ရေးအတွက်စမ်းသပ်မှုများစွာ ထပ်မံပြုလုပ်သွားမည်ဟု ဆိုထားသည်။ အများပြည်သူအတွက်အသုံးပြုရန် ဆုံးဖြတ်ချက်မချမီ သိပ္ပံနည်းကျလုံလောက်သည့် အာမခံချက်ရလဒ်များကို ရှာဖွေသွားမည်ဟုလည်း ပြောကြားထားသည်။
HIV ဗိုင်းရပ်စ်ရှိသူများအား ကုသရာတွင် အသုံးပြုသည့် အမေရိကန်မှထုတ်လုပ်သည့် Kaletra ဆေးကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကုသရေးတွင် အသုံးပြုယနေသည်ဟု သိရသည်။
အမေရိကန်အာဏာပိုင်များကမူ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုကို အဆိုးဆုံးကြုံတွေ့နေသည့်နယူးယောက်ပြည်နယ်တွင် အင်္ဂါနေ့မှစကာ ဆေးဝါး ၃ မျိုးဖြင့် စမ်းသပ်ကုသတော့မည်ဟု တရားဝင်ကြေ ညာလိုက်သည်။
ပြင်သစ်ပါမောက္ခ Didier Raoult က လူနာများအား ကလိုရိုကွင်း၊ ဟိုက်ဒရောက်ဆီကလိုရိုကွင်းပါသည့်ဆေးဝါးများဖြင့်ကုသခဲ့သလို အမေရိကန်ကလည်း အဆိုပါဆေး ၂ မျိုးအပြင် Zithromax ဖြင့်ပါ ကုသရန် စီစဉ်နေခြင်းဖြစ်သည်။
ကလိုရိုကွင်းမှာ ငှက်ဖျားကာကွယ်ကုသသည့်ဆေးဖြစ်သည်။ ဟိုက်ဒရောက်ဆီကလိုရိုကွင်းဆေးကိုမူ ခုခံနိုင်စွမ်းရှိသည့် အရေပြားရောင်ရောဂါများ၊ အဆစ် အမြစ်ရောင်ရောဂါများအားကုသရာတွင် သုံးသည်။ Zithromax ဆေးမှာမူ အမှတ်တံဆိပ်ရှိသည့် ပဋိဇီဝဆေးတစ်မျိုးဖြစ်သည်။
နယူးယောက်ပြည်နယ်တွင်အသုံးပြုရန်အတွက် ဆေးဝါးတစ်ခုကို အစားအသောက်နှင့်ဆေးဝါးစီမံထိန်းချုပ် ရေးမှအတည်ပြုပေးခဲ့သည်ဟု အမေရိကန်သမ္မတထရမ့်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သလို မတ် ၂၂ တနင်္ဂနွေက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးAndrew Cuomo က ပြည်နယ်အတွင်း၌ စမ်းသပ်
ဆေးဝါးများဖြင့်ကုသတော့မည်ဟုဆိုခဲ့ခြင်းဖြစ်သည်။

အင်္ဂါနေ့မှ စ၍ ကုသရန် ကလိုရိုကွင်းဆေး ၇၅၀၀၀၊ဟိုက်ဒရောက်ဆီကလိုရိုကွင်း ဆေး ၇၀၀၀၀၊ Zithromax ဆေး ၁၀၀၀၀ ကို မှာကြားထားပြီဟုနယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောကြားခဲ့ခြင်းဖြစ်သည်။
No photo description available.
Image may contain: text
Image may contain: 2 people, text
Ref း Fr24, Forbes
The Ladies News
#zawgyi

Covid-19 ကုသဆေးကို
စမ်းသပ် အောင်မြင်ပြီဟု ပြင်သစ်ကြေညာ
--------------------------- ------------
အင်္ဂါနေ့မှစ၍ နယူးယောက်ပြည်နယ်တွင်
ဆေး ၃ မျိုးဖြင့် စတင် ကုသမည်
-------------------------- ------------
ကမ္ဘာတစ်ဝန်းတွင် သေဆုံးမှုနှုန်းမြင့်မားနေသည့်အတွက် စိုးရိမ်မှုများ မြင့်တက်နေကြသည့် Covid-19
ရောဂါကိုကုသနိုင်သည့်ဆေးဝါးကို တီထွင်စမ်းသပ် နိုင်ခဲ့ပြီဖြစ်ကြောင်း ပြင်သစ် ဇီဝဗေဒဆေးသုတေသီပညာရှင်ပါမောက္ခ Didier Raoult က တရားဝင်ကြေညာပြောကြားလိုက်သည်။

ပါမောက္ခ Didier Raoult မှာ ပြင်သစ်အစိုးရ၏ တာ
ဝန်ပေးချက်အရ Covid-19 ကုသဆေးကို စမ်းသပ် ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ဆီနီဂေါနိုင်ငံဒါကာမြို ့တွင် မွေးဖွားခဲ့သည့်ပြင်သစ်နိုင်ငံသားဇီဝဗေဒ သုတေသီတစ်ဦးဖြစ်ပြီး မတ် ၁၃ ကမှ ၆၈ နှစ်ပြည့်ခဲ့သူဖြစ်သည်။ ပြင်သစ်တွင် ဇီဝဆေးဝါးများဆိုင်ရာ တီထွင်ဖန်တီးမှုများစွာ ပြုလုပ်ခဲ့သူဖြစ်ပြီး များစွာသော
ဂုဏ်ပြုဆုများကိုလည်း ရရှိထားသူဖြစ်သည်။

Didier မှာ Institut Hospitalo Universitaire (IHU) ကို တည်ထောင်ခဲ့သူလည်းဖြစ်သည်။ အဆိုပါအဆောက်အဦးကို ၂၀၁၇ နှစ်ဆန်းပိုင်းက စတင်ဖွင့်လှစ်ခဲ့သည်။
ကူးစက်ရောဂါများကို လေ့လာခြင်း၊ ထိန်းချုပ်ခြင်း၊
ရောဂါအမျိုးအစားနှင့် အမျိုးအမည်ကို ဖော်ထုတ်ခြင်း၊ ကုသပေးခြင်း၊ သုတေသနပြုလုပ်ခြင်း၊တစ်ပြိုင်တည်းမှာပင် ကူးစက်မှုဆိုင်ရာရောဂါများနှင့်ပတ်သက်၍
ပြန်လည်သင်ကြားပေးခြင်း အစရှိသည့် အရာများကို အဆိုပါ IHU Mediterranée Infection တစ်နေရာတည်းတွင် တစ်ပြိုင်တည်းလုပ်နိုင်သည့် ဇီဝဆေး
ဘက်ဆိုင်ရာအဆောက်အဦးလည်း ဖြစ်သည်။ ပြင် သစ်နိုင်ငံတွင် အမြင့်ဆုံးရရှိသည့် ထောက်ပံ့မှုရန်ပုံ
ငွေအဖြစ် ပြင်သစ်အမျိုးသားအေဂျင်စီထံမှ ယူရို ၇၃ သန်းရရှိခဲ့ပြီးနောက် အကောင်အထည်ပေါ်လာသည့်အဆောက်အဦးလည်း ဖြစ်သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်
ကုသသည့် ဆေးဝါးကို ပါမောက္ခ Didier Raoult က စမ်းသပ်တီထွင်နိုင်ခဲ့ခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံ၏ အရှေ့တောင်ပိုင်းမှ မြို ့ ၂ မြို ့ဖြစ်သည့် Nice နှင့် Avignon မှ ကိုရိုနာဗိုင်းရပ်စ်ရှိနေသည့် လူနာ ၂၄ ဦးကို ၎င်းတို့၏ သဘောတူညီချက်အရ စမ်းသပ်ကုသခဲ့ရာတွင် ထိရောက်ခဲ့သည်ဟု Didier Raoult က ဆိုသည်။

Didier Raoult မှာ အဆိုပါ Covid-19 ကုသဆေး
နှင့်ပတ်သက်၍လည်း ရှင်းလင်းပြခဲ့သည်။ လူနာ ၂၄ ဦးကို ငှက်ဖျားတိုက်ဖျက်ဆေးတစ်မျိုးဖြစ်သည့် ကလိုရိုကွင်းနှင့် ကုသခဲ့ရာ ၆ ရက်အတွင်း၌ ကိုရိုနာဗိုင်း
ရပ်စ်များ ၅ % သာကျန်တော့သည်အထိ အောင်မြင် ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အဆိုပါဆေးတွင် hydroxychloroquine ပါဝင်ပြီး လူနာများအား တစ်
နေ့လျှင် 600 mcg နှုန်းဖြင့် ၁၀ ရက်ပေးကုသခဲ့ရာတွင် ၆ ရက်အတွင်း၌ပင်ထိရောက်မှု ရှိသည်ကိုတွေ့ ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော် အဆိုပါဆေးတွင်ပါဝင်သည့် hydroxychloroquine မှာ အချို ့သောလူနာများတွင် ပြင်းထန်သည့် ဘေးထွက်ဆိုးကျိုးလည်းရှိပြီး သေချာအောင်ဂရုစိုက်ရန်လိုသည်ဟု Didier Raoult ကဆိုသည်။
ကလိုရိုကွင်းဖော့စဖိတ်နှင့် ဟိုက်ဒရောက်ဆီကလိုရိုကွင်း ပါဝင်သည့်ဆေးဝါးများကို ယခင်ကတည်းက တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်လူနာများအား ကုသရာတွင် အသုံးပြုခဲ့သည်ဟုလည်း သိရသည်။
ငှက်ဖျားရောဂါကို ကာကွယ်/ကုသရန် အဆိုပါဆေးဝါးကို Plaquenil အမည်ဖြင့်ထုတ်လုပ်ခဲ့သည့် ပြင်
သစ်ဆေးကုမ္ပဏီ Sanofi ကလည်း အစိုးရအတွက် Plaquenil ဆေးများကို သန်းချီပေးသွားရန်ကမ်းလှမ်းထားသည်ဟု ပြင်သစ်မီဒီယာများက ဖော်ပြသည်။

ပြင်သစ်ကျန်းမာရေးဝန်ကြီး Olivier Véran ကလည်း ပါမောက္ခ Didier Raoult၏ တွေ့ရှိချက်ကိုအကဲဖြတ် ဆုံးဖြတ်နိုင်ရေးအတွက်စမ်းသပ်မှုများစွာ ထပ်မံပြု
လုပ်သွားမည်ဟု ဆိုထားသည်။ အများပြည်သူအ
တွက်အသုံးပြုရန် ဆုံးဖြတ်ချက်မချမီ သိပ္ပံနည်းကျလုံ
လောက်သည့် အာမခံချက်ရလဒ်များကို ရှာဖွေသွား
မည်ဟုလည်း ပြောကြားထားသည်။

HIV ဗိုင်းရပ်စ်ရှိသူများအား ကုသရာတွင် အသုံးပြု
သည့် အမေရိကန်မှထုတ်လုပ်သည့် Kaletra ဆေး
ကိုလည်း ကိုရိုနာဗိုင်းရပ်စ်ကုသရေးတွင် အသုံးပြုယနေသည်ဟု သိရသည်။

အမေရိကန်အာဏာပိုင်များကမူ နိုင်ငံတွင် ကိုရိုနာ
ဗိုင်းရပ်စ်ရိုက်ခတ်မှုကို အဆိုးဆုံးကြုံတွေ့နေသည့်
နယူးယောက်ပြည်နယ်တွင် အင်္ဂါနေ့မှစကာ ဆေးဝါး ၃ မျိုးဖြင့် စမ်းသပ်ကုသတော့မည်ဟု တရားဝင်ကြေ ညာလိုက်သည်။

ပြင်သစ်ပါမောက္ခ Didier Raoult က လူနာများအား ကလိုရိုကွင်း၊ ဟိုက်ဒရောက်ဆီကလိုရိုကွင်းပါသည့်
ဆေးဝါးများဖြင့်ကုသခဲ့သလို အမေရိကန်ကလည်း အဆိုပါဆေး ၂ မျိုးအပြင် Zithromax ဖြင့်ပါ ကုသ
ရန် စီစဉ်နေခြင်းဖြစ်သည်။

ကလိုရိုကွင်းမှာ ငှက်ဖျားကာကွယ်ကုသသည့်ဆေး
ဖြစ်သည်။ ဟိုက်ဒရောက်ဆီကလိုရိုကွင်းဆေးကိုမူ ခုခံနိုင်စွမ်းရှိသည့် အရေပြားရောင်ရောဂါများ၊ အဆစ် အမြစ်ရောင်ရောဂါများအားကုသရာတွင် သုံးသည်။ Zithromax ဆေးမှာမူ အမှတ်တံဆိပ်ရှိသည့် ပဋိဇီဝ
ဆေးတစ်မျိုးဖြစ်သည်။

နယူးယောက်ပြည်နယ်တွင်အသုံးပြုရန်အတွက် ဆေးဝါးတစ်ခုကို အစားအသောက်နှင့်ဆေးဝါးစီမံထိန်းချုပ် ရေးမှ အတည်ပြုပေးခဲ့သည်ဟု အမေရိကန်သမ္မတထရမ့်က ကြာသပတေးနေ့တွင် ပြောကြားခဲ့သလို မတ် ၂၂ တနင်္ဂနွေက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး
Andrew Cuomo က ပြည်နယ်အတွင်း၌ စမ်းသပ်
ဆေးဝါးများဖြင့်ကုသတော့မည်ဟုဆိုခဲ့ခြင်းဖြစ်သည်။

အင်္ဂါနေ့မှ စ၍ ကုသရန် ကလိုရိုကွင်းဆေး ၇၅၀၀၀၊
ဟိုက်ဒရောက်ဆီကလိုရိုကွင်း ဆေး ၇၀၀၀၀၊ Zithromax ဆေး ၁၀၀၀၀ ကို မှာကြားထားပြီဟု
နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောကြားခဲ့ခြင်းဖြစ်သည်။

Ref း Fr24, Forbes
The Ladies News

No comments:

Post a Comment

My Blog List