Friday, November 22, 2013

အမြန်ရေယာဉ်များ ညအိပ်ရပ်နားမှုမရှိဘဲ ဆက်တိုက် မောင်းနှင်ခြင်းကြောင့် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ် စိုးရိမ်နေရ

Friday, November 22, 2013

ချင်းတွင်းမြစ်ကြောင်းအတွင်း ပြေးဆွဲနေသည့် မုံရွာ-မော်လိုက်-ဟုမ္မလင်း အမြန်ရေယာဉ်များသည် သတ် မှတ်မြို့များတွင် ညအိပ်ရပ်နားပေးမှု မရှိသောကြောင့် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ်စိုးရိမ်နေ ရကြောင်း မော်လိုက်ဒေသခံများကပြောကြသည်။

“မုံရွာကနေ မနက်(၄)နာရီခွဲ စထွက်ခဲ့တဲ့အမြန်ရေယာဉ်ဟာမော်လိုက်မြို့ကို ည(၇)နာရီလောက် မှ ရော က်ပါတယ်။ တစ်နေကုန် ဘယ်မှာမှ မရပ်နားဘဲ စီးကြရတာပါ။ မော်လိုက်ကို ညဦးပိုင်းမှ ရောက်ပေမယ့် ခဏပဲကပ်ပြီး ဆက်မောင်းပါတယ်။ ညအမှောင်ထဲမှာ ချင်းတွင်းမြစ် ရေကြောင်းခရီးဟာ အန္တရာယ် များ လွန်းပါတယ်။ ခရီးသွား ပြည်သူတွေရဲ့ အသက်အန္တရာယ်လုံခြံမှု ရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ သူတွေကအမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးစေချင်ပါတယ်” ဟုမော်လိုက်မြို့မှ ဦးကျော်သူရ က ပြော သည်။
မုံရွာ-မော်လိုက်-ဟုမ္မလင်း အမြန်ရေယာဉ်များသည် ၂၀၁၃ခုနှစ်၊ ဇူလိုင်(၁)ရက်မှစ၍ မော်လိုက်မြို့တွင် ညအိပ်စခန်းအဖြစ်သတ်မှတ်ပြီး ညအိပ်၍ နံနက်(၄)နာရီမှသာ မော်လိုက်မြို့မှထွက်ခွာရန်၊ ခရီးသည်တ င် ရေယာဉ်များ ကုန်ပစ္စည်းတင်ဆောင်ခြင်း မပြုရန်၊ စည်းကမ်း ဖောက်ဖျက်သောရေယာဉ်များအား အသ င်းစည်းမျဉ်း စည်းကမ်းနဲ့ အရေးယူရန်အစရှိသည့် စည်းကမ်းချက်(၉)ချက်ကို စစ်ကိုင်းတိုင်းဒေသကြီး၊
ရေေ ကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှလည်းရုံးတွင်းအမိန့်အမှတ်ဝ/၂၀၁၃ ဖြင့်ဇွန်လ(၁၇)ရက်နေ့က ထုတ်ပြန်ထားသည်။

ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေသည့် အမြန်ရေယာဉ်များ၏ ကိုယ်ထည်တည်ဆောက်မှုနှင့် တည်ငြိမ်မှု အပေါ် အခြေခံတွက်ချက်၍ ခရီးသည်အရေအတွက် (၁၅၀)ဦး သတ်မှတ်ပေးခြင်း၊ ရေယာဉ်များအား ခရီးတိုအဖြစ် နေ့ပိုင်းတွင်း(Day Time)သာ သွားရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခွင့်ပြုေ ပးထားသည်။

အမြန်ရေယာဉ်များသည် ဇွန်(၁)ရက်နေ့မှစ၍ မော်လိုက်မြို့တွင် ညအိပ်ရပ်နားမှု မရှိတော့ကြောင်း၊ ခရီးသ ည်(၃၀၀)ခန့် တင်ဆောင် ပြေးဆွဲနေကြောင်း၊ အမြန်ယာဉ်များ ညအိပ်ရပ်နားမှု မရှိသဖြ င့် ရေကြော င်းခရီး ကို အမှီပြုနေသော မော်လိုက်မြို့သည် စီးပွားရေးအရ ခက်ခဲမှုများ ရှိလာကြောင်း၊ ဒေသ၏လူမှုစီးပွား
ဖွံ့ဖြိုးရေးနှင့် ခရီးသွားပြည်သူများ၏ အသက်အန္တရာယ် လုံခြုံစေရေးတို့အတွက် မော်လိုက်မြို့တွင် ညအိပ် ရပ်နား သင့်ကြောင်း မော်လိုက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်ကတိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြအစီရင်ခံထားသော်လည်းမည်သို့မျှအရေးယူ ဆောင်ရွက်ပေးမှု မရှိသေးကြောင်းလည်းဆိုသည်။

The Myanma Age

No comments:

Post a Comment

My Blog List