Tuesday, November 19, 2013
လုံခြုံရေးရဲတွေနဲ့ ဒေသခံတွေကြား တင်းမာမှုတွေဖြစ်နေတဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဒေသ မိုးကြိုးပြင်ရွာထိပ်မှာ ရဲကင်းတွေ ဆောက်ထား တာကို အာဏာပိုင်တွေက ရွေ့ပေးလိုက်ပါတယ်။
လျော်ကြေးကိစ္စ မပြေလည်သေးတဲ့ မြေတွေပေါ်မှာ ရဲကင်း ဆောက်ပြီး ရွာကလူတွေရဲ့ အသွားအ လာတွေ ကို မှတ်တမ်း ယူနေတာကို မကျေနပ်ကြတဲ့ ရွာသားတွေက နိုဝင်ဘာ ၁၄ ရက်ကတည်းက စပြီး တန င်္လာေ န့ ညနေပိုင်းထိ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ရွာသားတွေဖက်ကတော့ ရွာထိပ်က ရဲကင်းရွှေ့သွားပြီ ဆိုပေမယ့် သူတို့ရွာတွေနဲ့ အနီးအနားမှာ ရဲကင်းေ တွ ရှိနေသေးတဲ့အတွက် သူတို့ကို ယုံကြည်မှု မရှိလို့ လုံခြုံစိတ်ချတယ်လို့ မယူဆဘဲ စောင့်ကြည့်ဦးမယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၄ ရက်နေ့က ရဲကင်းတွေကိစ္စနဲ့ ပတ်သက်ပြီး တဖက်နဲ့တဖက် ခိုက်ရန်ဖြစ်ခဲ့ရာမှာ ရွာသား ၇ ဦး ဒဏ်ရာရခဲ့ပြီး ရဲဖက်ကလည်း ၉ ဦး ဒဏ်ရာရခဲ့ပါတယ်။
တာဝန်ကျရဲတွေဖက်က ရဲကားတွေ ပျက်စီးမှုနဲ့ ထိခိုက်နာကျင်ခဲ့ရတဲ့အတွက် ရွာသားတွေကို ဆားလ င်း ကြီး ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
BBC Burmese
No comments:
Post a Comment