Monday, November 18, 2013

အစိုးရနှင့် ABSDF နှစ်ဖက် Techanical Team အဖွဲ့များ တွေ့ဆုံမည်

Monday, November 18, 2013

အပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စုအဆင့် သဘောတူညီထားသော မြန်မာနိုင်ငံလုံး ဆိုင်ရာေ ကျာင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် အစိုးရတို့၏ နှစ်ဖက် Techanical Team အဖွဲ့ များ နို ဝင်ဘာ ၁၈ ရက်နေ့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း ABSDF အဖွဲ့ဝင် ရဲဘော် ဦးဆန်နီက The Voice သို့ြေ ပာကြားသည်။
အဆိုပါ နှစ်ဖက် Techanical Team အဖွဲ့များ တွေ့ဆုံပွဲတွင် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး သဘော တူ လက်မှတ် ရေးထိုးထားသည့် စာချုပ်ပါ အချက်များကို ပြန်လည် သုံးသပ် ဆွေးနွေးသွားမည် ဖြစ်ကြော င်း ၎င်းကရှင်းပြသည်။

“ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးနိုင်ဖို့အတွက် နှစ်ဖက် တွေ့ဆုံ ညှိနှိုင်းတဲ့ သဘောပါ” ဟု  ၎င်းကဆိုသည်။

အဆိုပါ နှစ်ဖက် Techanical Team အဖွဲ့များ တွေ့ဆုံပွဲကို ရန်ကုန်မြို့တော်ရှိ မြန်မာ ငြိမ်းချမ်းရေးစင်တာ Myanmar Peace Center တွင် ပြုလုပ်မည် ဖြစ်ကြောင်း ABSDF အဖွဲ့ထံမှ သိရသည်။

ABSDF သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် တွေ့ဆုံ ဆွေးနွေး ထားပြီး အပစ်အခတ် ရပ်စဲရေး၊ ဆက် ဆံ ရေးရုံး ဖွင့်လှစ်ရေးနှင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရေး အပါအဝင် အချက် ၁၂ ချက်ကို သဘောတူ လက်မှတ် ထိုးထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List