Friday, November 22, 2013

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီ ၁၁ ခု ယနေ့တွေ့မည်

Friday, November 22, 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ အစီအစဉ်အရ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အသီးသီးနှင့် ပြည်တွင်းမှ နိုင်ငံရေးပါတီ ၁၁ ပါတီ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နိုဝင်ဘာလ ၂၂ ရက် တွင် တွေ့ဆုံမည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC ထံမှ သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် တိုင်းရင်းသား ၁၁ ပါတီမှ ကိုယ်စားလှယ်များသည် ညီ ညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံ ပြီး နိုင်ငံလုံး ဆိုင်ရာ အပစ်ရပ်ရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ များ စတင်နိုင်ရန် ဆွေးနွေး မည် ဖြစ်ကြောင်း မြန်မာ ငြိမ်းချ မ်းရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“နိုင်ငံရေး ပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား လာမယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေ အတွက် နှစ်ဖက် အမြင်တွေ ဖလှယ်တဲ့ သဘောပါ” ဟု မြန်မာ ငြိမ်းချမ်းရေးစင်တာမှ ဦးညိုအုန်းမြင့်က ရှ င်းပြသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ရန်ြ ပည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံ ဖိတ်ကြားထားသော်လည်း တက်ရောက်ခြင်း မရှိကြောင်း မြ န်မာ ငြိမ်းချမ်းရေးစင်တာထံမှ သိရှိရသည်။

ယင်းနိုင်ငံရေး ပါတီများသည် လက်နက်ကိုင် တပ်ဖွဲ့များနှင့် တွေ့ဆုံပြီးပါက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အခြေစို က် ရှမ်းတိုင်းရင်းသား အဖွဲ့အစည်း များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲ အစီအစဉ်များအရ သိရှိရသည်။

ချင်းမိုင် တွေ့ဆုံပွဲသို့ တက်ရောက်မည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ် အဖွဲ့တွင် တိုင်းဒေသကြီးနှ င် ပြည်န ယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးသုံးဦး ပါဝင်ပြီး NLD ပါတီ ကိုယ်စားလှယ်အဖြစ် ဒေါ်နန်းခင်ထွေးမြင့်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေတို့လည်း ပါဝင်ကြောင်း အဆိုပါ ပါတီများထံမှ သိရသ ည်။

The Voice Weekly

No comments:

Post a Comment

My Blog List