Monday, November 18, 2013

လာမည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အစည်းအဝေးတွင် နိုင်ငံရေး အကျဉ်းသား စာရင်းအား သမ္မတထံ တင်ပြနိုင်ပါက ယခုလအတွင်း နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွတ်မြောက်နိုင်ဖွယ်ရှိ

Monday, November 18, 2013
နိုဝင်ဘာ ၂၃ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်မည့် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေးတွင် အကျဉ်းသား ၆၀ ဦးအား နိုင်ငံရေး အကျဉ်းသား ဖြစ်မဖြစ် စိစစ်သွားမည်ဖြစ်ပြီး ကော်မ တီဝင်များ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော် သမ္မတထံသို့ နိုင်ငံရေး အကျဉ်းသားစာရင်း တင်ပြနိုင်ပါက ယခုလအတွင်း နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွတ်မြောက်နိုင်ဖွယ်ရှိကြောင်း နိုင်ငံရေး အကျဉ်း သား များ စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဦးရဲအောင်၏ ပြောကြားချက်အရ သိရသည်။
နိုဝင်ဘာ ၁၅ ရက်က လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၆၉ ဦးမှာ လက်ကျန်နိုင်ငံရေး အကျဥ်းသားများ စိစစ်ရေး ကော်မတီမှ နိုင်ငံတော် သမ္မတထံသို့ တင်ပြပြီး ရက်ပိုင်းအကြာတွင် နိုင်ငံတော် သမ္မတ က လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ခြင်း ဖြစ်သည့်အတွက် အားရကျေနပ်သည်ဟု ဦးရဲအောင် ကြေ ပာကြား သည်။

"အခုလွတ်သွားတဲ့ ၆၉ ဦး သမ္မတကြီးဆီ တင်ပြီးတဲ့ အချိန်မှာ ရက်ပိုင်းအတွင်းမှာ ပြန်လွှတ်ပေးခဲ့တာပါ။ လွှ တ်ပေးတဲ့ အပေါ်မှာလည်း ကျွန်တော်တို့ အားရပါတယ်။ နောက်တစ်ကြိမ်လည်း ကျွန်တော်တို့ စိစစ်ြ ပီးေ တာ့ ကော်မတီဝင်တွေရဲ့ သဘောတူညီချက်ရလို့ တင်ပြပေးနိုင်ရင် လွှတ်ပေးမယ်ဆိုတဲ့ သဘောလ က္ခ ဏာ ကိုလည်း ကျွန်တော်တို့ တွေ့နေရပါတယ်။ အရေးကြီးတာက ကျွန်တော်တို့ ကော်မတီထဲမှာ သေ ဘာတူညီ ချက် ရဖို့က အရေးကြီးပါတယ်။ ဒီအယောက် ၆၀ ကို စိစစ်ပြီး တင်ပြနိုင်ရင်တော့ ကျွန်တော် ထင်တာ ဒီဇင် ဘာမတိုင်မီ ပြန်လွှတ်ပေးနိုင်တယ်လို့ မြင်ပါတယ်" ဟု ဦးရဲအောင်က ပြောကြားသည်။

နိုဝင်ဘာ ၂၃ ရက်တွင် နိုင်ငံရေး အကျဉ်းသား ဖြစ်၊ မဖြစ် စိစစ်မည့် အကျဉ်းသားဦးရေ ၆၀ မှာ တပ်မတော် အက်ဥပဒေနှင့် ငြိနေသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်ဆက်နွှယ် နေသူများ ပါ ၀င်ကြောင်း သိရသည်။

လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ၏ ထောက်ခံချက်ဖြင့်ဟုဆိုကာ နိုင်ငံတော် သမ္မ တ အမိန့်ဖြင့် အကျဉ်းသားများအား ဧပြီမှ နိုဝင်ဘာလအတွင်း ငါးကြိမ်လွှတ်ပေးခဲ့ရာ နိုင်ငံရေး အကျဉ်း သားများနှင့် အခြားပြစ်မှုများနှင့် ပြစ်ဒဏ်ကျခံ နေရသူများ အပါအ၀င် စုစုပေါင်း အကျဉ်းသား ၃၁၄ ဦးရှြိေ ကာ င်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List