Monday, November 18, 2013

 လိုင်ဇာ အပစ်အခတ်ရပ်စဲရေး ဘုံသဘောထား RCSS/SSA က မူအရ သဘောတူ
Monday, November 18, 2013

ကချင်ပြည်နယ် လိုင်ဇာမြို့တွင် ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကွန်ဖရင့် (Ethnic Ar med Organizations Conference) က ထုတ်ပြန်ထားသည့် တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲ ရေး ဘုံ သဘောထား ရပ်တည်ချက် ၁၁ ချက်ကို RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ။ ရှ မ်းပြည်တောင်ပိုင်း တပ်မတော်က မူအရ သဘောတူကြောင်း မိုင်းတုံ RCSS/SSA ဆက်ဆံရေးရုံးထံမှ သိ ရ သည်။

ဘုံသဘောထား ရပ်တည်ချက် ၁၁ ချက်ကို ပူးပေါင်း ပါဝင် လက်မှတ် ရေးထိုးနိုင်ရန်အတွက် ရှမ်းပြည် ညီ ညွတ်ရေး ကော်မတီ (Committee for Shan State Unity) သို့ ပြန်လည် တင်ပြရန် လိုအပ်ကြောင်း နိုဝင် ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော သဘောထား ကြေညာချက်တွင် RCSS/SSA ဗဟို အလုပ် အမှုဆောင် ကော်မတီ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီက ဖော်ပြထားသည်။

ယင်းအပြင် အစိုးရဘက်က တင်ပြထားသည့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲေ ရး သဘောတူညီ စာချုပ်နှင့် ပတ်သက်၍ ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ် ဘားအံမြို့တွင် ပြုလုပ်မည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (Nationwide Ceasefire Coordination Tea m-NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (Union Peace-marking Work Committee –UPWC) တို့၏ တွေ့ဆုံ ဆွေးနွေးပွဲမှ ထွက်ရှိလာမည့် ရလဒ်များကို လေ့လာသုံး သပ် ပြီးမှသာ ဘုံသဘောထား ရပ်တည်ချက် ၁၁ ချက်ကို လက်မှတ် ရေးထိုးရန် ဆုံးဖြတ်ချက် ချသွားမည် ဖြစ်ေ ကြာင်း ကြေညာချက်က ဆိုသည်။

ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရန် ဖြစ်သည့်အတွက် ဆုံးဖြတ်ချက်များ ခိုင်မာစေရန် ဗဟိုကော်မတီက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မိုင်းတုံအခြေစိုက် RCSS/SSA ဆက်ဆံရေးရုံး တာဝန်ခံ RCSS/SSA ဗိုလ် ကြီး လွန့်ဆန်က ပြောကြားသည်။

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ် အတွင်းက လိုင်ဇာမြို့တွင် ကျင်းပပြုလုပ်သည့် တိုင်းရင်းသား လက်နက် ကို င်အဖွဲ့များ ကွန်ဖရင့်သို့ လက်နက်အကိုင်အဖွဲ့ ၁၇ ဖွဲ့ တက်ရောက်ခဲ့ပြီး ဘုံသဘောထား ရပ်တည်ချက် ၁ ၁ ချက်ကို လက်မှတ် ရေးထိုးခဲ့ကြသော်လည်း RCSS/SSA တက်ရောက်ခြင်း မရှိပေ။

RCSS/SSA ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်းနှင့် အစိုးရတို့ အ ပစ်အခတ် ရပ်စဲခဲ့သည်မှာ လာမည့် ဒီဇင်ဘာ ၂ ရက်နေ့တွင်၂ နှစ်တင်းတင်း ပြည့်မည် ဖြစ်ပြီး အပစ်အခ တ် ရပ်စဲခဲ့ပြီးနောက် ယခုနှစ် အောက်တိုဘာလကုန်အထိ အစိုးရနှင့် တိုက်ပွဲပေါင်း ၁၃၀ေ ကျာ် ဖြ စ်ပွား ခဲ့ပြီး ဖြစ်ကြောင်း ယင်းဆက်ဆံရေးရုံးထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List