Tuesday, November 19, 2013

အစိုးရနှင့် KIO အကြား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွေးနွေးရန်ရှိ

Tuesday, November 19, 2013 

NLD အပါအ၀င် ပါတီအချို့၏ အခြေခံဥပဒေဆိုင်ရာ လူထုသဘောထား ခံယူမှုများကို KIO က စောင့်ကြ ည့်နေ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး အစိုးရနှ င့် ေ ဆြး ေ နွးနိုင်ရန် ဥပဒေပညာရှင်များဖြင့် လေ့လာသုံးသပ်နေသည်ဟု ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်ေ မ်ာက နိုဝ င်ဘာ ၁၈ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
“သေချာတာတော့ တိုင်းရင်းသားတွေ စုစည်းနေထိုင်ဖို့ မလုံလောက်တဲ့ ဥပဒေမို့ ကျွန်တ်ာတို့လည်း ဥပ ဒေ ပညာရှင်တွေနဲ့ လေ့လာသုံးသပ်နေတယ်။ ပြီးရင်တော့ အကျေအလည်ဆွေးနွေးဖို့ရှိပါတယ်”ဟု ပြောသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘော တူ ပြီးနောက်ပိုင်း ပြည်ထောင်စုအဖြစ် တိုင်းရင်းသားအားလုံး အတူတကွနေထိုင်နိုင်ရန် လိုအပ်ပြီး တန်း တူညီ မျှသည့် အခွင့်အရေးများရရှိနိုင်မည့် လုံလောက်သည့် ဥပဒေပေါ်ပေါက်လာရန်မှာ တာဝန်ရှိသူများ အားလုံး ဦးစီးဆောင်ရွက်ရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။

လက်ရှိ ဖွဲ့စည်းပုံသည် အနာဂတ်နိုင်ငံရေးတွင် မလုံလောက်သည့် ဥပဒေတစ်ခုဖြစ်သဖြင့် မိမိတစ်ဖွဲ့ တည်း ပြောဆိုနေရုံဖြင့် လုံလောက်မည်မဟုတ်သည့်အပြင် လက်ရှိ ပြည်တွင်း၌ လုပ်နေသည့် ဖွဲ့စည်း ပုံ ပြင်ဆင် ရေး သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရေးတို့ကိုလည်း KIO က စောင့်ကြည့်နေသည်ဟု ဗိုလ် ချုပ်ဂွမ်မော် က ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များအနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင် ရွ က်ရာတွင် ဖက်ဒရယ်ပြည်ထောင်စုစနစ်သို့ အဓိကဦးတည် ဆွေးနွေးမှုများ ပြုလုပ်နေပြီး ယင်းသို့ ထူ ထော င်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံမှာ အဟန့်အတားဖြစ်နေသည်ဟုလည်း မဇ္ဈိမသို့ ပြောသည်။

နိုင်ငံရေးပါတီများကလည်း အနာဂတ်တွင် ဒီမိုကရေစီစံနှုန်းဖြင့် လျော်ညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တ စ်ခု ရရှိနိုင်ရေးအတွက် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန်လိုသည်ဟု ထုတ်ဖော် ပြောဆိုထားသည့် အပြ င် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း ၎င်းတို့ နှစ် ၂၀ ကျော် ရေးဆွဲနေ သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုဝင်ဘာလအတွင်း အပြီးရေးဆွဲမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်း ထားပြီး အများပြည်သူထံ အကြံပြုစာများ တောင်းခံထားသည်။ အဆိုပါ ပူးပေါင်းကော်မတီသည် ဇန်န၀ါ ရီ ၃၁ ရက်မတိုင်မီ လေ့လာသုံးသပ်ချက် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရမ ည် ဖြ စ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List