Thursday, November 21, 2013

ဒေါ်ဘောက်ဂျာကို စွဲဆိုထားသည့်လူသေစေမှု ပြန်ရုပ်သိမ်းရေးတရားရုံးသို့ ဒုတိယအကြိမ်ထပ်လျှောက်

Thursday, November 21, 2013 
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ၏ ကချင်ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာအားတရားစွဲဆို ထားမှု သုံးမှုအနက်လူသေစေမှုကိုရုပ်သိမ်းရန် ဖားကန့်မြို့နယ်တရားရုံးတွင် နိုဝင်ဘာ ၂၀ ရက်က ဒုတိယ အကြိမ် အဖြစ် ထပ်မံလျှောက်ထားလိုက်ကြောင်း ဒေါ်ဘောက်ဂျာ၏ ရှေ့နေက ပြောသည်။

၎င်းအမှုရုပ်သိမ်းပေးရေး ဇူလိုင်လကလျှောက်ထားခဲ့ရာတွင် တရားရုံးကပယ်ချခဲ့သဖြင့် ယနေ့ နိုဝင်ဘာ လ ၂၀ ရက်နေ့တွင် တရားလို ဒေါ်ကိုင်ထန်ကိုယ်တိုင် အမှုရုပ်သိမ်းကြောင်းလျှောက်လဲခဲ့ခြင်ဖြစ်သည်။
“ဒေါ်ကိုင်ထန်က ပထမအကြိမ်ရုပ်သိမ်းခွင့်တင်တာကို ခွင့်မပြုဘူးဆိုတာပြန်သိခဲ့ရတယ်။ အဲဒီအပေါ်မှာ ဒု တိယအကြိမ် ရုပ်သိမ်းခွင့်ဒီနေ့ ဥပဒေရုံးကို ပြန်လျှောက်ပါတယ်။ တင်တာကိုတော့ လက်ခံတယ်။ ခွင့် ပြု မ ပြုဆိုတာက မသိသေးဘူး”ဟု ၎င်း၏ ရှေ့နေကပြောသည်။

ဒေါ်ဘောက်ဂျာကို ဖမ်းဝရန်းထုတ်ခြင်းမရှိဘဲ မြစ်ကြီးနားမြို့ရဲတပ်ဖွဲ့များကပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်ေ န့ ညနေပိုင်းတွင် နေအိမ်၌ဖမ်းဆီးခဲ့ပြီး လူသေစေမှု၊ မှတ်ပုံတင်မရှိဘဲ ဆေးပစ္စည်းကိုင်ဆောင်မှု၊ လိုင်စင် မ ရှိဘဲဆေးဝါးများ ကိုင်ဆောင်ထားမှုစသည့် အမှုသုံးမှုဖြင့် တရားစွဲဆိုထားသည်။

အောက်တိုဘာ ၂၀ ရက်နေ့ ရုံးချိန်းသို့ တရားလိုပြသက်သေဖြစ်သူ ကာမိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦး လှမျိုးထွန်းအားစစ်ဆေးရန်ရှိသော်လည်း ၎င်းမှာတရားရုံးသို့လာရောက်ခြင်းမရှိသဖြင့် ရုံးချိန်းသာဆက် တိုက်ချိန်းဆိုနေသည်ဟု ဒေါ်ဘောက်ဂျာ၏ရှေ့နေက ပြောသည်။

“ဒီအမှုမှာ နောက်တိုးသက်သေအဖြစ် ဥပဒေကနေ ဦးလှမျိုးထွန်းကိုလျှောက်ထားပြီးမှ တရားရုံးကိုလာ ဖို့ ခေါ်တာ။ အဲဒါ သူမရောက်နိုင်တာက ရက်ပိုင်း ၆၀၊ ၇၀ လောက်ရှိသွားပြီ။ သူမလာနိုင်တာကို တရားဝင် အ ကြောင်းကြားတာတော့မရှိဘူး။ ဒါပေမဲ့ဒီလာမည့် ၂၅ ရက်နေ့မှာတိကျတဲ့ အဖြေပေးမယ်လို့ ပြော တ ယ်”ဟု ၎င်းကဆက်ပြောသည်။

ဦးလှမျိုးထွန်းသည် ယခင်ကကာမိုင်းမြို့နယ်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးလက်ရှိတွင် စစ် ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်သို့ ပြောင်းသွားပြီဖြစ်ကြောင်း သိရသည်။

အစိုးရဘက်မှ တရားလိုပြသက်သေအနည်းဆုံး ၁၂ ဦးထိ ထွက်ဆိုခဲ့ပြီးဖြစ်ပြီး နောက်ဆုံးတရားလိုပြ သက် သေ ဦးလှမျိုးထွန်းသာကျန်တော့ကြောင်း၊ တရားလိုပြသက်သေများ စစ်ဆေးပြီးပါကတရားစွဲခံ ထား ရသူ ဒေါ်ဘောက်ဂျာအား ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဒေါ်ဘောက်ဂျာ၏အမှုအား ရုံးချိန်းများပေးနေခြင်းသည် အချိန်စွဲထားခြင်းသာဖြစ်သည်ဟု NDF မှ ဖားကန့်မြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ဒိုင်ဇေကမဇ္ဈိမကို ပြောသည်။

ဒေါ်ဘောက်ဂျာကို ၂၀၀၉ ခုနှစ်ကတည်းက ကာမိုင်းမြို့နယ်ခွဲ ကျေးရွာဒေ သခံတစ်ဦးအား ဆေးကု သ ပေး နေစဉ်သေ ဆုံးခဲ့သည်ဟုစွပ်စွဲကာ သေဆုံးသွားသူဦးဇော်ဂျာ၏ဇနီး ဒေါ်ကိုင်ထန်နှင့် ကာမိုင်းရဲအု ပ် နှစ်ဦး တို့က တရားလိုအဖြစ်ပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

ယနေ့ ရုံးချိန်းသို့ရောက်ရှိလာသော ဒေါ်ဘောက်ဂျာသည် ကျန်းမာရေးကောင်းမွန်နေပြီးလာမည့် နိုဝင် ဘာ လ ၂၅ ရက်နေ့မှာ ထပ်မံရုံးချိန်းပေးလိုက်သည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ဘောက်ဂျာသည် သူ၏ ပြိုင်ဘက် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အငြိမ်းစားဗိုလ်ချုပ်ဟောင်း သမ၀ါယမ၀န်ကြီးဦးအုန်းမြင့်ကို မဲလိမ် သည် ဟု နေပြည်တော် ရွေးကောက်ပွဲခုံရုံးသို့ တိုင်းတန်းခဲ့ပြီးနောက် အမှုကိုနှစ်ဖက်ကြေအေးမှု ယူကာ ပြန်လည် ရုပ် သိမ်းခဲ့သည်။

ဒေါ်ဘောက်ဂျာသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ဖားကန့်မြို့နယ်အတွင်းရှိ တောင်သူများ၏ လယ်မြေများအား ယုဇနကုမ္ပဏီမှသိမ်းယူထားမှုနှင့်ပတ်သက်ပြီး ကုမ္ပဏီကိုတရားစွဲဆိုရာတွင် တောင် သူများဘက်မှ ကူညီပေးခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ဒေါ်ဘောက်ဂျာအပါအ၀င်အခြား တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှ၊ ဒေါ်မိမိခိုင်နှင့် ဒေါ်မြင့်မြင့်အေး တို့ ကိုအစိုးရကဖမ်းဆီးခဲ့ရာ ဒေါ်နော်အုန်းလှသည်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုဝင်ဘာ ၁၅ ရက် နေ့ က လွတ်မြောက်လာပြီဖြစ်သည်။

၎င်းတို့လေးဦးအား ချွင်းချက်မရှိပြန်လွှတ်ပေးရန် မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့များကွန်ရက် (MON)နှင့် ထို င်း နိုင်ငံအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB မှ အမျိုးသမီး ၄၀၀ ခန့်က လက် မှ တ်ေ ရးထိုး ကာပြီးခဲ့သည့် စက်တင်ဘာလကသမ္မတဦးသိန်းစိန်ထံ တောင်းဆိုစာပေးပို့ခဲ့သည်။ သို့သော် ယေ န့ အ ထိ တက်ကြွလှုပ်ရှားသူ သုံးဦးလွတ်မြောက်လာခြင်းမရှိသေးပေ။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List