Thursday, November 21, 2013

ချင်းပါတီနှစ်ခု ချင်းအမျိုးသား တိုးတက်ရေး ပါတီအဖြစ် အမည်ပြောင်း ပူးပေါင်းမည်

Thursday, November 21, 2013

နှစ်ပါတီ ပူးပေါင်းရန် ခက်ခဲနေသော ချင်းအမျိုးသား ပါတီနှင့် ချင်းတိုးတက်ရေး ပါတီတို့သည် ချင်းအမျိုး သား တိုးတက်ရေးပါတီ (Chin National Progressive Party - CNPP) အဖြစ် အမည်ပြောင်း မှတ်ပုံတင် ရန် နိုဝင်ဘာလ ၁၅ ရက်နေ့က ဟားခါးမြို့တွင် ကျင်းပသော ပူးပေါင်းရေး ဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲတွင် ဆုံး ဖြတ်ခဲ့ကြောင်း ချင်းအမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က The Voice သို့ ပြောကြားသည်။

“အရင်တုန်းက ချင်းတိုးတက်ရေး ပါတီဘက်က ထက်ဝက်ကျော်က ပူးပေါင်းဖို့ ငြင်းဆန်လို့ ခက်ခဲနေတာ။ အခု ဟားခါးမှာ လုပ်တဲ့ ဆွေးနွေးပွဲမှာ သူတို့ဘက်က ထက်ဝက်ကျော်နဲ့ ပူးပေါင်းဖို့ သဘောတူလိုက်ပါပြီ” ဟု ၎င်းကဆိုသည်။
အဆိုပါ ဆွေးနွေးပွဲ တက်ရောက်သူ ၄၅ ဦးအနက် (၁၁ မဲ၊ ၇ မဲ) ဖြင့် ချင်းတိုးတက်ရေးပါတီ မှတ်ပုံတင်ကို သုံးကာ ပါတီအမည် ပြောင်းလဲရန် သဘောတူညီခဲ့ကြောင်း၊ အမည်ပြောင်း ကော်မတီတွင် တစ်ပါတီလျှင် သုံးဦးစီ ဖွဲ့စည်းပြီး ဒီဇင်ဘာလ ပထမပတ်အတွင်း ပါတီ အမည်ပြောင်း တင်မည် ဖြစ်ကြောင်း ၎င်းက ဆ က်လက် ပြောကြားသည်။

“ဒါက မသေချာသေးပါဘူး။ ဘာ ဆက်လာမယ်ဆိုတာ မသိနိုင်သေးဘူးလေ။ ဟားခါး ဆွေးနွေးပွဲမှာ ပေါင်း ချင်တဲ့သူ များလို့ ကျွန်တော်က လက်မှတ်ရေးထိုး ပေးလိုက်တာပါ။ ထပ်မံ ဆွေးနွေးဖို့ ရှိပါဦးမယ်” ဟု ဟား ခါးမြို့ ဆွေးနွေးပွဲတွင် ချင်း တိုးတက်ရေးပါတီ ကိုယ်စားပါတီနှစ်ခု ပူးပေါင်းရန် သဘောတူညီကြောင်း လက် မှတ် ရေးထိုးခဲ့သူ အတွင်းရေးမှူး (၁) ဦးဒိုင်ထုန်းက ဆိုသည်။

ချင်းအမျိုးသားပါတီ ဘက်ကမူ နှစ်ပါတီ ပူးပေါင်းရန် ကိစ္စနှင့် ပတ်သက်၍ ထပ်မံဆွေးနွေးရန် မရွိေ တာ့ေ ကြာင်း၊ နှစ်ပါတီ ပူးပေါင်းခြင်းအားဖြင့် ချင်း ပြည်သူလူထုက ကျေနပ်မည် ဖြစ်ကြောင်း၊ ချင်း အမျိုးသား ညီ လာခံတွင်လည်း နှစ်ပါတီ ပူးပေါင်းရန် တိုက်တွန်းမှုများ ရှိကြောင်း ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောကြား သည်။

“၂၀၁၅ မှာ ချင်းပြည်နယ် အစိုးရအဖွဲ့ ဖြစ်နိုင်ဖို့ ကျွန်တော်တို့ ပါတီက ရည်မှန်း ထားပါတယ်။ အဲဒါ အော င်မြင်ဖို့အတွက် နှစ်ပါတီ ပူးပေါင်းရေးက အရေးအကြီးဆုံးပဲ” ဟု ၎င်းကဆက်လက်ပြော ကြားသည်။

နှစ်ပါတီ ပူးပေါင်းရေးအတွက် ကလေးနှင့် တမူးရှိ ချင်းတိုးတက်ရေး ပါတီဝင်များက သဘောတူညီ သည့်အ ကြောင်း ဗဟိုသို့ စာပေးပို့ထားပြီး ဖြစ်ကြောင်း၊ မိမိတို့၏ အဓိက ရည်ရွယ်ချက်မှာ ၂၀၁၅ ခုနှစ် တွင် ပြည်သူ များ၏ ထောက်ခံချက်၊ ယုံကြည်ချက် ရရှိရေးပင် ဖြစ်ကြောင်း ချင်းတိုးတက်ရေး ပါတီ၏ ကေ လးမြို့နယ် ဥ က္ကဋ္ဌ ဦးဗန်ကင်းက ပြောကြားသည်။

ယင်းပါတီနှစ်ခု ပူးပေါင်းရန် ပြောဆိုနေသည်မှာ ကြာမြင့်ပြီ ဖြစ်ကြောင်း ပါတီ ခေါင်းဆောင်ချင်း သဘော ကွဲလွဲနေ၍ မပေါင်းနိုင်သေးခြင်း ဖြစ်နိုင်ကြောင်း၊ ၂၀၁၅ ခုနှစ်လွန်မှသာ ပေါင်းနိုင်မည်ဟု မိမိတို့က မျှော်လ င့်ကြောင်း၊ အရှို ချင်းအမျိုးသားပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂) ဆလိုင်းမောင်မောင်ဝင်းက သုံးသပ် ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List