Wednesday, November 20, 2013
စည်သူအောင်မြင့်
ရန်ကုန်တိုင်းမ် သတင်းစာ၊ ၂၀-၁၁-၁၃။ စာ- ၆။
အစိုးရနဲ့ အပစ်ရပ် လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ ကေအိုင်အေ ကချင်ပြည်လွတ်လပ်ရေး တပ်မေ တ်ာရဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် နိုဝင်ဘာ ၁၇ ရက်နေ့က ရန်ကုန်ကို လေကြောင်းခရီးနဲ့ ရောက်လာ ပါတယ်။ အဓိကကတော့ ထိုင်းနိုင်ငံ ချင်းမိုင်မှာ လုပ်မယ့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆော င်တွေနဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ ရဲ့ တွေ့ဆုံပွဲကို မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ တရားဝင် သွားဖို့အတွက် ရန်ကုန်ကို အရင် ရောက်လာတာပါ။ ရန်ကုန်မှာ နိုင်ငံကူးလက်မှတ်လုပ်မယ်၊ ထိုင်း ဗီဇာေ လျာက်မယ်၊ သတင်းစာရှင်းလင်းပွဲ လုပ်မယ်၊ ကချင် တိုင်းရင်းသားတွေနဲ့ တွေ့မယ် စတဲ့ အစီအစဉ်တွေ ရှိ တယ်လို့ သိရပါတယ်။ တကယ်တော့ ကေအိုင်အေ ဗိုလ်ချုပ်ဂွမ်မော်ရဲ့ ရန်ကုန် ခရီးစဉ်ဟာ ထူးခြားတယ် လို့ ဆိုနိုင်ပါတယ်။ အပစ် မရပ်နိုင်သေးရုံမက လတ်တလောမှာကိုပဲ တိုက်ပွဲတွေ ဖြစ်နေတဲ့ အနေအ ထား က သူပုန်တပ်ဖွဲ့တစ်ခုရဲ့ စစ်ဗိုလ်ချုပ် တစ်ယောက် ရန်ကုန်ကိုလာ၊ သတင်းစာရှင်းလင်းပွဲ လုပ်နိုင်တာ မျိုး ဟာ အတော်လေးကို ထူးခြားပါတယ်။ ဒါဟာ နိုင်ငံရေးအရ ဘာလက္ခဏာ ဆောင်ပါသလဲ၊ ရှေ့ ဘာတွေ ဆက် ဖြစ်လာနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။
ဒါတွေနဲ့ ပါတ်သက်ရင် လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရကတော့ အပြောင်းအလဲ လုပ်ပြလိုက်ပါပြီ။ ပြီးခဲ့ တဲ့ လိုင်ဇာ ညီလာခံ မကျင်းပ ခင် အဲဒီ အစည်းအဝေး တက်မယ့် တိုင်းရင်းသား ကိုယ်စားလှယ်တွေကို ထို င်းနိုင်ငံ နယ်စပ်ကနေ တဆင့် တာချီလိတ်၊ အဲဒီကနေ အထူးလေယာဉ်နဲ့ မြစ်ကြီးနား၊ အဲဒီကနေ ကားေ တွ နဲ့ ကေအိုင်အေ နယ်မြေထဲအထိ ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါက အတော်ထူးခြားတဲ့ လုပ်ရပ်ပါ။ ပြောရရင် အစိုးရဟာ အပစ်အခတ် ရပ်စဲရေး လုပ်ချင်တယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ တကယ် စချင်တယ်၊ ငြိမ်းချ မ်းရေး အခြေခံတွေ တကယ် တည်ဆောက်ချင်နေတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြတဲ့ ပြယုဂ်လို့လည်း မှတ် ယူနိုင်ပါတယ်။
အခု ဗိုလ်ချုပ်ဂွမ်မော် ခရီးစဉ်ကလည်း ဒီလိုပါပဲ။ တိုက်နေ ခိုက်နေကြဆဲ အပစ်မရပ်ရသေးတဲ့ သူပုန်တပ် ဖွဲ့က ဗိုလ်ချုပ်တစ်ယောက်ကို ရန်ကုန် လာခွင့်ပေးပါတယ်။ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါလည်း လွတ် လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းပါပဲ။ ပြောလိုရာပြောနိုင်ပြီး မီဒီယာတွေကလည်း လွတ်လွတ်လပ် လပ် ဖော် ပြနိုင်ကြပါတယ်။ နောက် ရန်ကုန်က ကချင် တိုင်းရင်းသားေ တွနဲ့ လည်း တွေ့ဆုံေ ဆွးနွေး ခွင့် ရပါတယ်။ ဦး တေဇ လို အထင်ကရ လုပ်ငန်းရှင် သူဌေးကြီးနဲ့လည်း တွေ့ဆုံပါတယ်။ (ဒါဟာ ကချင်ပြည် နယ် မြောက်ပိုင်းမှာ ဦးတေဇ ရထားတဲ့ ကြီးမား ကျယ်ပြန့်လှတဲ့ စီးပွားရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေနဲ့ အများ ကြီး ပါတ်သက်နို င်ပါတယ်။) မကြာခင် နိုင်ငံသားတစ်ယောက်အနေနဲ့ ပတ်စ်ပို့ကိုင်၊ ဗီဇာယူပြီး ထိုင်းနိုင်ငံ ချင်းမိုင် အစည်း အဝေး သွားတက်နိုင်ပါဦးမယ်။
တကယ်တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ကိုင်တဲ့ဆီမှာ တစ်ဦးကို တစ်ဦး ယုံကြည်စိတ်ချ လာအောင် လိုက်လျောမှုတွေ လုပ်ကြရစမြဲ ဖြစ်ပါတယ်။ ဒါတွေကိုလည်း တစ်ဖက်နဲ့ တစ်ဖက် အသိအမှတ် ပြုကြဖို့ လို ပါတယ်။ အရေးအကြီးဆုံး ကတော့ စစ်ကြောင့် ဘေးဒါဏ် တိုက်ရိုက် သင့်နေရတဲ့ ဒုက္ခသ ည် ဖြစ်ေ နရတဲ့ ပြ ည်သူတွေ၊ စစ်ဖြစ်ရာ အရပ်မှာ နေထိုင်နေရတဲ့ ပြည်သူတွေ၊ တိုက်ရိုက်မဟုတ်ပေမယ့် သွယ်ဝိုက်ြ ပီး စစ်ဒါ ဏ်ကို ခံစားနေရတဲ့ ပြည်သူတွေ အားလုံး အကျိုးကို ကြည့်ပြီး လုပ်သင့်တာ လုပ်ကြဖို့ပါ။ လက်ရှိ မှာ ကိုပဲ မန် စီမြို့နယ်ထဲမှာ အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ဒုက္ခသည်ေ တွကလ ည်း တိုးသထ က် တိုးလာနေပါတယ်။ ဒီလို ကိစ္စမျိုး အမြန်ဖြေရှင်းဖို့ လိုပါတယ်။
နောက်တစ်ချက်ကတော့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ နိုင်ငံရေးအရ ပြေလည်မှု ရဖို့ ကိစ္စပါ။ တကယ် စဉ်းစားကြည့်ရင် အတော် မလွယ်ကူတဲ့ ကိစ္စဆိုတာ နားလည်သူတိုင်း သိကြပါတယ်။ လ က်ရှိ မြန်မာပြည်ကို စစ်ဗိုလ်ချုပ်ဟောင်းတွေက အုပ်ချုပ်နေပါတယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ တပ်က ကျောေ ထာက်နောက်ခံ ပေးထားပါတယ်။ ဘာပြည်သူ့ဒီမိုကရေစီမှ မထွန်းကားသေးပါဘူး။ အလားတူပါပဲ။ တိုင်း ရင်း သားဒေသတွေမှာလည်း လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသား တပ်ဖွဲ့တွေက ကြီးစိုး လွှမ်းမိုး ထားပါ တယ်။ တစ်ချို့နေရာတွေမှာ စစ်ဘုရင်တွေပါ။ အဲဒီမှာလည်း ဘာ ပြည်သူ့အုပ်ချုပ်ရေး၊ ဘာဒီမိုကရေစီမှ မရှိ ပါဘူး။ ဒီ လက်နက်ကိုင်တပ်ဖွဲ့တွေ ပြေလည်မှုရရေး အချိန်ယူ ဆွေးနွေးကြရပါလိမ့်မယ်။ တစ်ဆင့်ထဲ နဲ့ ပြီးမလား၊ အဆင့် ဘယ်လောက် ရှိမလဲ၊ အချိန် ဘယ်လောက် ယူရမလဲ ဘယ်သူမှ မသိနိုင်၊ မပြောနိုင်ပါ ဘူး။ အဲဒီ အ တွက် အရေးအကြီးဆုံးက စစ်ဒါဏ်ခံ ပြည်သူတွေကို ကယ်တင်ဖို့၊ အကျိုးရှိရာ ရှိကြောင်း လုပ်နိုင်ဖို့ အပစ်အ ခတ် ရပ်စဲထားကြဖို့ လိုပါတယ်။ အဲဒီ အပစ်ရပ် ခိုင်မာအောင် လုပ်နေကြဖို့ လိုပါတယ်။ အ ပစ်ရပ်ထားပြီး တို က်ပွဲသံစဲတဲ့ အခြေအနေအောက်မှာ ပြည်သူတွေကို ပြန်လည် ထူထောင်ရေး လုပ်မ ယ့် ကိစ္စတွေ၊ ဒေသဖွံ့ ဖြိုးရေး၊ တိုင်းပြည်ထူထောင်ရေး လုပ်ရမယ့် ကိစ္စတွေ အများကြီး ရှိနေပါတယ်။
တစ်ဖက်နဲ့ တစ်ဖက် နိုင်ငံရေးအရ ပြေလည်မှုရမှ ပြည်သူတွေအတွက် လုပ်ပေးကြမယ် ဆိုရင်ဖြင့် အများ ကြီးနောက်ကျနေမှာဖြစ်ပြီး တိုင်းရင်းသား ပြည်သူတွေရဲ့ဘ၀၊ ပြည်မက မြန်မာနိုင်ငံသားတွေ ရဲ့ဘ၀ အော က်ကျနောက်ကျ ဆက်ဖြစ်နေဦးမှာပါပဲလို့ သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။
Sithu Aung Myint Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်
No comments:
Post a Comment