Tuesday, March 08, 2016

နိုင်ငံရေးအရ ဖြေရှင်းနိုင်မှုမရှိသေးချိန်တွင် သယံဇာတ တူးဖော်မှုများ ရပ်တန့်ပေးရန် ကချင်အဖွဲ့များ အစိုးရသစ်ကိုတောင်းဆို


နိုင်ငံရေးအရ ဖြေရှင်း နိုင်မှုမရှိသေးသည့်ကာလအတွင်း ပဋိပက္ခကို တွန်းအားပေးနိုင်သည့် ကချင်ပြည်နယ်၌ အကောင်အထည်ဖော်နေသော သဘာဝ သယံဇာတတူးဖော်ထုတ်လုပ်သည့် စီမံကိန်းအားလုံးကို ရပ် တန့်ပေးရန် ကချင်ဘာသာရေး၊ နိုင်ငံရေးနှင့် လူမှုအဖွဲ့အစည်း ပေါင်း ၆၁ ဖွဲ့က အစိုးရသစ်ကို တောင်းဆိုလိုက်သည်။
သဘာဝသယံဇာတများ၏ အကျိုးသက်ရောက်မှုကို ထိခိုက် ခံစားနေရသော ကချင်ပြည်နယ် ရှိ ပြည်သူများသည် သဘာဝသယံ ဇာတအရင်းအမြစ် များနှင့် ပတ် သက်သည့် စီမံခန့်ခွဲမှုများကို ဖက် ဒရယ်စနစ်ဖြင့်သွားရန် ဆန္ဒရှိနေ သဖြင့် နိုင်ငံရေးအရ ဖြေရှင်းနိုင်မှုမရှိမချင်း ပဋိပက္ခကို တွန်းအားပေး နိုင်သည့် တိုင်းရင်းသားဒေသများ ရှိ စီမံကိန်းများအားလုံးကို ရပ် တန့်ပေးရန် အစိုးရသစ်ကို တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အနိုင်ရ တိုင်းရင်းသားပါတီ များ၏ လွှတ်တော်ကိုယ်စားလှယ် များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့ နေပြည်တော်ရှိ စည် ပင်ရိပ်သာတွင် လွန်ခဲ့သည့် ရက် သတ္တပတ်က တွေ့ဆုံစဉ် ဒေါ် အောင်ဆန်းစုကြည်က ဖက်ဒရယ်စနစ်ကို အလေးထား ကြောင်း ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခဲ့ပြီး နောက် ကချင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် ဘာသာရေးခေါင်း ဆောင်များက အဆိုပါတောင်းဆိုချက်ကို ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

‘‘ပြဿနာတွေကို စောင့် ကြည့်နေရမယ့်အချိန်မဟုတ် တော့ဘူး။ ပြဿ နာရဲ့ အရင်း အမြစ်ကို တစ်ခုလုံးဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေနဲ့ အကောင် အထည်ဖော် ဆောင်ရွက်ဖို့ အချိန်ကျပြီ’’ဟု ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ ပြန်ကြားရေး တာ ဝန်ခံက ပြောသည်။

လာမည့်အစိုးရသစ်လက် ထက်တွင် စစ်မှန်သောဖက် ဒရယ်ပြည်ထောင်စုကို အကောင်အထည်ဖော်၍ တိုင်းရင်းသား များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြင့် ကချင်ပြည်နယ်ရှိ သဘာဝသယံဇာတ အရင်းအမြစ်များ စီမံခန့်ခွဲပိုင်ခွင့်ပေး ရန်နှင့် အကျိုးအမြတ်ခွဲဝေပိုင်ခွင့်ကို ညီတူညီမျှ ပေးရန် တောင်းဆိုခြင်းဖြစ် သည်။

သဘာဝသယံဇာတများစွာ ရှိသော ပြည်နယ်များတွင် ကချင် ပြည်နယ်ပါ ဝင်သော်လည်း လက်ရှိ သယံဇာတစီမံခန့်ခွဲမှုတွင် ပြည်နယ်အစိုးရသည် ထိုက်သင့် သည့်အကျိုးရလဒ် မခံစားရသည့် အပြင် ကချင်ပြည်သူလူထု၏ သတင်းရရှိပိုင်ခွင့်လည်းမရှိဟု အဖွဲ့အစည်းပေါင်း ၆၁ ဖွဲ့ကဆို သည်။ တာဝန်ခံ၊ တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာခြင်းမရှိသဖြင့် အကျင့်ပျက်ခြစား မှုများ၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုများ၊ လက် နက်ကိုင်ပဋိပက္ခများ၊ လူမှုရေး ထိခိုက်မှုပြဿနာများ ဖြစ်ပွား လျက်ရှိနေသည်ဟုဆိုသည်။ စီမံ ကိန်းအကောင်အထည်ဖော်ရန် လှုပ်ရှားနေသော ကုမ္ပဏီများနှင့် အကြံ ပေးများသည် ကချင်ပြည်သူ တို့၏ ဓလေ့ထုံးတမ်းများကို ထည့်သွင်းစဉ်းစား ဆုံးဖြတ်ခြင်း မရှိသဖြင့် ထိပ်တိုက်တွေ့ဆုံမှုများ လည်း ရှိသည်ဟုဆိုသည်။

လူထုကို အသိပေး အ ကြောင်းကြားမှု မရှိသည့်အပြင် ဆွေးနွေးညှိနှိုင်းမှု များလည်း မရှိ သဖြင့် အစိုးရသစ်လက်ထက်တွင် ယင်းပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးရန် အဖွဲ့ ၆၁ ဖွဲ့က တောင်းဆိုထားသည်။

အသစ်ပြန်လည်မရှိနိုင်တော့သည့် သဘာဝသယံဇာတနှင့် ပတ်သက်ပြီး အနည်းဆုံး ထိခိုက် မှုရှိစေမည့် စနစ်တစ်ရပ်နှင့် ရေရှည်အသုံးချနိုင်မည့် အနေ အထားမျိုးဖြစ်စေရန် သေချာလုပ် ဆောင်ရမည်ဟု ၎င်းတို့အဖွဲ့က တိုက်တွန်းထားသည်။

ပျက်စီးဆုံးရှုံးမှုများအတွက် ယခုအချိန်သည် ပြန်လည်ဖာထေး ရန် အကောင်းဆုံးအချိန်ဖြစ်သော ကြောင့် အစိုးရချုပ်ကိုင်သည့် ဗဟိုဦးစီး၍ လုပ်ကိုင်နေသော စီမံ ခန့်ခွဲမှု၊ ကောက်ခံရရှိငွေများနှင့် ခွဲဝေမှုစသည့် မူဝါဒပိုင်းများကို ပြောင်းလဲရန် တိုက်တွန်းထား သည်။

ဖားကန့်ဒေသတွင် မြေတူးဖော်သည့် စက်ယန္တရားကြီးများ (ဓာတ်ပုံ-မရန်)
7Day Daily

No comments:

Post a Comment

My Blog List