Wednesday, March 09, 2016

သပိတ်မှောက်ကျောင်းသားများနှင့် ၀န်းရံပြည်သူများ ၄၈ ကြိမ်မြောက် ရုံးချိန်းတွင် တရားရင်ဆိုင်တော့မည်မဟုတ်


သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူများသည် သာယာဝတီမြို့နယ် တရားရုံး၌ မတ်လ ၁၅ ရက်တွင် ပြုလုပ်မည့် ၄၈ ကြိမ်မြောက် ရုံး ချိန်းမှ စတင်၍ တရားရင်ဆိုင် တော့မည် မဟုတ်ကြောင်း သတင်းရရှိသည်။ မတ်လ ၁၅ ရက် ရုံးချိန်းတွင် သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများအမှု လိုက်ပါ ဆောင်ရွက်ပေးသည့် ရှေ့နေများ၏ ကိုယ်စားလှယ် လွှဲစာများကို ပြန်လည်ရုပ်သိမ်းမည်ဖြစ်ပြီး တရားရုံးနှင့် ပူးပေါင်းဆောင်ရွက်တော့မည် မဟုတ်ကြောင်း ကျောင်းသားခေါင်းဆောင်များက ဆိုသည်။
‘‘တစ်နှစ်အတွင်းမှာ အမှု ရင်ဆိုင်လာတာက စွဲထားတဲ့ပုဒ်မ တွေက ကျွန်တော်တို့မကျူးလွန်ခဲ့ ဘူးဆိုတာ သက်သေပြဖို့အတွက် ဖြစ်တယ်။ ဒါပေမဲ့ တရားစီရင်ရေး စနစ်က ကျွန်တော်တို့အားကိုးရ လောက်တဲ့အထိ ပွင့်လင်းမြင် သာမှု မရှိဘူး။ တစ်နှစ်ပြည့် မြောက်တဲ့အချိန်မှာ ကျွန်တော်တို့ ပြန်လှန်သုံးသပ်ပြီးတော့ ဒါကို ရပ်မှရတော့မယ်လို့ ဆုံးဖြတ်ပြီး တော့ လုပ်တာပါ။ အကယ်၍ ထောင်ချမယ်ဆိုရင်လည်း သိပ် ပြီး အံ့သြဖို့ မရှိပါဘူး။ တရားရုံး နဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ် တော့ဘူး’’ဟု ကျောင်းသားခေါင်း ဆောင် မင်းသွေးသစ်က ပြော ကြားသည်။

သပိတ်မှောက်ကျောင်းသား နှင့် ၀န်းရံပြည်သူများကို သာယာ ၀တီမြို့နယ် တရားရုံးတွင် မတ် လ ၈ ရက်တွင် ပြုလုပ်သည့် (၄၇)ကြိမ်မြောက် ရုံးချိန်း၌ အရေး ကြီးတရားလိုပြသက်သေတစ်ဦး ဖြစ်သည့် လက်ပံတန်းမြို့နယ် အ ထွေထွေအုပ်ချုပ်ရေးမှူးဟောင်း ဦးသီဟအား နှစ်ဖက်ရှေ့နေများ က စတင်စစ်ဆေးခဲ့ကြသည်။

‘‘တရားစီရင်ရေးကို မတရား ဘူးလို့ မြင်တဲ့အတွက်ကြောင့် သူ တို့က ဒီအမှုတွေကို ရင်မဆိုင် တော့ဘူးလို့ ဆုံးဖြတ်ကြတာပါ’’ ဟု တရား လွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်ကပြောသည်။

အဆိုပါ ရုံးချိန်းတွင်လက်ပံ တန်းမြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူး ဟောင်း ဦးသီဟအား အာဏာအလွဲသုံးစားပြုမှုဖြင့် အ ရေးယူရန် တရားသူကြီးသို့ လျှောက်ထားခဲ့သော်လည်း ပယ် ချခဲ့သည်။

‘‘ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပုဒ်မ ၁၁(က)မှာ ဥပဒေပြုမှုအာ ဏာ၊ တရားစီရင်မှုအာဏာ၊ အုပ် ချုပ်မှုအာဏာသုံးရပ်ကို ခွဲဝေပိုင်း ခြားထား တယ်။ အဲဒီမှာ သူတို့ထုတ် တဲ့ ပုဒ်မ ၁၂၇၊ ၁၂၈ သည် တရား စီရင်ရေးကို အပ်နှင်းထားတဲ့ အာ ဏာဖြစ်တယ်။ အုပ်ချုပ်ရေးကို အပ်နှင်းထားတာ မဟုတ်ဘူး။ အဲ ဒါကို အာဏာအလွဲသုံးစား လုပ် တယ်။ သူက ၁၉၈၉ အမိန့်အ မှတ်(၁)အရ အာဏာရတယ်လို့စွဲ ကိုင်ထားတယ်။ အခုက ဖွဲ့စည်းပုံ ဥပဒေပေါ်ကတည်းက ပျက်ပြယ် သွားတာကို သူမသိဘူး။ အဲဒါကို အရေးမယူဘဲနဲ့ တရားသူကြီးက လည်း ဥပဒေနဲ့ညီတယ်လို့ ပယ် ပစ်တယ်’’ဟု ကျောင်းသားများ အ ကျိုးဆောင်ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။

သပိတ်မှောက်ကျောင်းသား နှင့် ၀န်းရံပြည်သူများ၏ အမှုကို သာယာဝတီ မြို့နယ် တရားရုံးက မတ်လ ၁၅ ရက်သို့ ရုံးချိန်းထပ်မံ ချိန်းဆိုခဲ့သည်။ သာယာဝတီမြို့ နယ် တရားရုံးသည် သာယာဝတီ ထောင်၌ ဖမ်းဆီးထား သည့် ကျောင်းသားများအပါအ၀င် ၀န်း ရံပြည်သူများ၊ ရန်ကုန်မြို့၌ ဖမ်း ဆီးခံရသည့် ကျောင်းသားခေါင်း ဆောင် ကိုကျော်ကိုကိုနှင့် ကိုနန္ဒာ စစ်အောင်တို့ကို ဥပဒေနှင့် ဆန့် ကျင်သော အစုအဝေး၌ပါဝင်မှု ပုဒ်မ ၁၄၃ ၊ လူစုခွဲရန် အမိန့်ပေး ပြီးနောက် ဆက်လက်ပါဝင်မှု ပုဒ်မ ၁၄၅၊ ရုန်းရင်း ဆန်ခတ်ဖြစ် စေမှု ပုဒ်မ ၁၄၇ ၊ တာဝန်ထမ်း ဆောင်နေသော ၀န်ထမ်းကိုနာ ကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံ တော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုထား သည်။

7Day News Journal

No comments:

Post a Comment

My Blog List