Wednesday, March 09, 2016

အစိုးရသစ်လက်ထက်တွင်ပြုလုပ်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လက်မှတ်ရေးထိုးနိုင်ရန် ကော်မတီအနေဖြင့် ဆောင်ရွက်ထားမှုမရှိ သေးဟုဆို



အစိုးရသစ် လက်ထက်တွင်ပြုလုပ်မည့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင် NCA စာချုပ်တွင် လက်မှတ်မထိုးရသေး သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေး ရာနှင့် ပြည်တွင်းငြိမ်း ချမ်းရေးလုပ် ငန်းအကောင်အထည်ဖော်ရေး ကော် မတီအနေဖြင့် ဆောင်ရွက်ထားမှု မရှိသေးကြောင်း ကော်မတီ ဥက္ကဋ္ဌ ဦးခွန်မောင်သောင်းက ပြောကြား လိုက်ကြောင်း သိရသည်။
အစိုးရသစ်ဖွဲ့စည်း တာဝန်ယူ ပြီးနောက် ရက်ပေါင်း၁၀၀ အတွင်း ငြိမ်းချမ်း ရေးသဘောတူစာချုပ် NCA တွင် လက်မှတ်ရေး ထိုးထားခြင်းမရှိ သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၃ ဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းရေးကို ဦးစား ပေးကိုင်တွယ်ဖြေရှင်းနိုင်မှု အခြေအနေနှင့်ပတ်သက်ပြီး မတ်လ ၇ ရက်နေ့ လွှတ်တော်အစည်းအဝေး အပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် တိုင်းရင်း သားရေးရာနှင့် ပြည် တွင်းငြိမ်းချမ်း ရေး လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးခွန် မောင်သောင်းက ''ငြိမ်းချမ်းရေး သဘောတူစာချုပ်မှာ လက်မှတ်မ ထိုးရသေးတဲ့ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့တွေ လာမယ့်ငြိမ်း ချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်လက်မှတ်ထိုးနိုင် ဖို့အတွက်ကတော့ ကျွန်တော်တို့ ကော်မတီအနေနဲ့ ဘာမှ လုပ်ထားတာ မရှိသေးပါဘူး။ အခုမှပဲလွှတ်တော် မှာကော်မတီမဖွဲ့ရသေးဘူး။ အစိုးရ လည်းမဖွဲ့ ရသေးဘူး။ အစိုးရဖွဲ့ပြီး သွား ရင်တော့ အစိုးရအဖွဲ့နဲ့ လွှတ် တော်နဲ့ ဘယ်လိုချိတ်ဆက်လုပ်ရ မလဲဆိုတာကတော့ ဘယ်လိုဖြစ်ပေါ် မလဲဆိုတာတော့မ သိသေး ဘူး။ ငြိမ်း ချမ်းရေးအဖွဲ့ဦးဆောင်တဲ့ ကော်မတီ ကပဲ ဆက်လုပ်သွားမယ့်သဘော ရှိတယ်။ ငြိမ်းချမ်းရေးကိစ္စက အစိုးရ အဖွဲ့ဖွဲ့ပြီးတဲ့အချိန်ကျမှဆိုတာ ကျွန် တော်တို့အယူအဆပါ။ လွှတ်တော် အခန်းကဏ္ဍနဲ့ ပတ်သက်လာရင်က တော့ လွှတ်တော် အခန်းကဏ္ဍ က လုပ်နိုင်တဲ့ဟာမျိုးကို ကျွန်တော်တို့ လုပ်သွား မယ်''ဟု ပြောသည်။

ပြည်သူ့လွှတ်တော် တိုင်းရင်း သားရေးရာနှင့် ပြည်တွင်းငြိမ်း ချမ်း ရေး လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရေးကော်မတီက မတ်လ ၈ ရက်နေ့တွင်လွှတ်တော်သို့ အစီရင် ခံစာတင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးခွန်မောင်သောင်းက ''ပြီးခဲ့ တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ လွှတ်တော် အခန်းကဏ္ဍ ပိုမိုတိုးမြှင့် လုပ်ဆောင်ဖို့ သဘောတူညီ ချက်ရ ရှိမှုအနေနဲ့ ABDJC မှာကတော့ အားလုံးက ၄၈ ဦးဖွဲ့ထားတာရှိတယ်။ 

အဲ့ဒီဖွဲ့စည်းထားတဲ့ ၄၈ ဦးကိစ္စကို ကျွန်တော် တို့ ပြန် သုံးသပ်ကြည့်တော့ လွှတ်တော်အခန်းကဏ္ဍက နှစ်ယောက် ပဲပါတယ်။ အဲ့ဒီလိုနှစ်ယောက်ပဲပါ တော့ နည်းနည်းအား နည်းတယ်။ ဒါကြောင့်မို့ လွှတ်တော်ဘက်မှာလည်း ပိုမိုအားကောင်းလာအောင် ငြိမ်းချမ်း ရေးကဏ္ဍမှာ ပိုပြီးတော့ဆောင်ရွက် နိုင်အောင် လူဦးရေတိုးပြီးဖွဲ့စည်းပေး ဖို့ဆန္ဒရှိပါတယ်''ဟု ပြောကြားခဲ့သည်။

အစိုးရသစ်ဖွဲ့စည်းတာဝန်ယူ ပြီးနောက်ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်း ရေးသဘောတူစာချုပ် NCA တွင်လက်မှတ်ရေး ထိုးခြင်း မရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းရေးကို ဦးစားပေးကိုင်တွယ်ဖြေရှင်းရန်၊ လက်မှတ် ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့နှင့်လည်း ဆက်ဆံရေး ကောင်း မွန်အောင် ဆောင် ရွက်ရန်၊ ဒီမိုကရေစီအရေးနှင့် ထာဝရငြိမ်း ချမ်းရေးရရှိရန်အတွက် တပ်မတော်၊ NLD အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ သုံးပွင့်ဆိုင် ဆက်ဆံရေး ကောင်းမွန်စေရေး ဆောင် ရွက်ရန်စသည့်အချက်များကို ဦးစားပေးလုပ် ဆောင်ရန် ''အစိုးရသစ်၏ ရက်ပေါင်း၁၀၀''ဆွေးနွေးပွဲ၌ နိုင်ငံရေးလေ့လာ သုံးသပ် သူများက ထောက် ပြပြောဆိုမှုများရှိကြောင်း သိရသည်။

MO

No comments:

Post a Comment

My Blog List