Tuesday, March 08, 2016

ရီးရဲလ်ပွဲလာရောက်ကြည့်ရန် ကန်ဒဲလ်ဂျန်နာကို ရော်နယ်ဒိုဖိတ်ခေါ်


ပေါ်တူဂီ လက်ရွေးစင်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ရီးရဲလ် မက်ဒရစ်အသင်းတွင် ၎င်းကစားပုံကို လာရောက်ကြည့်ရှုအားပေးရန် အမေရိကန်မော်ဒယ်ကန်ဒဲလ်ဂျန်နာကို ဖိတ်ကြားထားပြီး နှစ်ကိုယ်တည်း တွေ့ဆုံ ခွင့်ရရန် မျှော်လင့်နေကြောင်း သိရသည်။
ရီးရဲလ်အသင်း၏ ဘောလုံး ကြယ်ပွင့် ရော်နယ်ဒိုသည် ဂျန်နာ (၂၁)နှစ်နှင့် မက်ဆေ့ခ်ျများ အပြန်အလှန်ပေးပို့ ဆက်သွယ်နေသည်မှာ အချိန်အတော် အတန်ကြာပြီဖြစ်သည်။

ရော်နယ်ဒိုသည် ဂျန်နာနှင့် ချိန်းတွေ့ခွင့်ရရန် ကြိုးစားနေသည်ဟု Hollywoodlife.com ၏ သတင်းဖော်ပြချက်အရ သိရသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပနေသော ဖက်ရှင်ပွဲများသို့ ဂျန်နာ လာ ရောက်ချိန်၌ ရော်နယ်ဒိုက ရီးရဲလ်အသင်း၏ ဘောလုံးပွဲသို့ လာရောက်ကြည့်ရှုရန် ထပ်မံဖိတ်ခေါ်ခဲ့ကြောင်း သတင်းရင်း မြစ်တစ်ခုက ပြောသည်။

ယခုတစ်ကြိမ်တွင် ဂျန်နာ အနေဖြင့် ရီးရဲလ်အသင်း၏ ဘောလုံးပွဲကို ကြည့်ရန် အချိန်ရ ဖွယ်မရှိသော်လည်း ရော်နယ်ဒိုက ဂျန်နာလာကြည့်လို သည့် အချိန်တွင် ၎င်းဘောလုံးကစားပုံကို လာရောက်ကြည့်ရှုရန် ဖိတ် ခေါ်ထားသည်ဟု သတင်းရင်းမြစ် က ပြောသည်။

ရော်နယ်ဒိုက ဘောလုံးပွဲ လာကြည့်ရန်သဂျန်နာကို ဖိတ်ခေါ်နေသည် မဟုတ်ဘဲ ၎င်းနှင့် နှစ်ကိုယ်တည်း ညစာစားနိုင်ရန် ကြိုးစားနေသည်ဟု ယင်းသတင်း က ဖော်ပြသည်။ ဂျန်နာသည် ယခင်က One Direction အဖွဲ့ ဝင် ဟယ်ရီစတိုင်နှင့် တွဲခဲ့သော်လည်း ခေတ္တသာ ကြာမြင့်ခဲ့သည်။

ရော်နယ်ဒိုသည် ယခင်က ရုရှားမော်ဒယ် အီရီနာရှာယက်နှင့် အချိန်ကြာ မြင့်စွာတွဲခဲ့ပြီး ပြီးခဲ့သည့်နှစ် ဇန်နဝါရီက လမ်းခွဲခဲ့သည်။

Ref: Contactmusic
7Day Daily

No comments:

Post a Comment

My Blog List