Wednesday, March 09, 2016

တူရကီက အီးယူနဲ့ အပေးအယူထပ် ကမ်းလှမ်း


ဥရောပတိုက်ထဲကို ခိုလှုံခွင့် တောင်းလိုသူတွေ ဝင်ရောက်နေတာကို လျှော့ချနိုင်အောင် လုပ်ဆောင်ပေးမယ်လို့ တူရကီ အစိုးရက ထပ်မံ ပြောဆိုလိုက်ပါတယ်။ အဲဒီအတွက် ဥရောပ သမဂ္ဂ အီးယူက တူရကီကို ငွေကြေးတွေ ပိုမို ထောက်ပံ့ကူညီဖို့အပြင် တူရကီ နိုင်ငံသားတွေ ဗီဇာမဲ့ ဥရောပတိုက်ထဲ သွားလာနိုင်အောင် အမြန်ဆုံး လုပ်ဆောင်ပေးရမယ်လို့လည်း ပြောလိုက်ပါတယ်။

Brussels မှာ ပြုလုပ်တဲ့ အရေးပေါ် အစည်းအဝေးမှာ တူရကီ ဝန်ကြီးချုပ် Ahmet Davutoglu က တူရကီနိုင်ငံကနေတဆင့် ဥရောပ တိုက်ထဲကို ဝင်ရောက်သွားတဲ့ ခိုလှုံခွင့် တောင်းလိုသူ အားလုံးကို တူရကီ နိုင်ငံထဲ ပြန်ပို့မယ်ဆိုရင်လည်း လက်ခံမယ့်အကြောင်း ပြောသွားခဲ့ပါတယ်။

အဲဒီလို ကမ်းလှမ်းမှုတွေကို အီးယူခေါင်းဆောင်တွေက စဉ်းစားနေပေမယ့် ၂၀၁၈ ခုနှစ်အတွင်း ပေးနေတဲ့ အထောက်အပံ့တွေကို အီးယူက နှစ်ဆတိုးရမှာ ဖြစ်ပါတယ်။

အရေးပေါ် အစည်းအဝေးကို နေ့တပိုင်းပဲ လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် တူရကီ အစိုးရကို ဆွေးနွေးခွင့်ပေးတဲ့ အနေနဲ့ အစည်းအဝေးချိန် တိုးလိုက်ပါတယ်။

တူရကီဘက်က ပိုလုပ်ပေးမှာ ဖြစ်သလို ပိုလည်း တောင်းဆိုမှု လုပ်နေတဲ့ အတွက် ဘယ်လို တုန့်ပြန်ရမလဲ ဆိုတာကို အီးယူအဖွဲ့ဝင် ခေါင်းဆောင် တွေက မတ်လကုန်လောက်မှာ ထပ်မံ ညှိနှိုင်းကြဖို့ ရှိနေပါတယ်။

စနေနေ့တုန်းက ဂျာမနီဝန်ကြီးချုပ်အပြင် နယ်သာလန် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တုန်းက တူရကီ ဝန်ကြီးချုပ်က ယူရို ၃ ဘီလီယံကျော် ကူညီဖို့ တောင်းဆိုထားတာ ရှိခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List