Thursday, March 10, 2016

" ဦးထင်ကျော်က သမ္မတ၊ ဦးဟင်နရီဗန်ထီးယူက ဒုသမ္မတ ဖြစ်လာမလား "



ပြည်ထောင်စုလွှတ်တော်တွင် ဦးဆောင်အစိုးရဖွဲ့နိုင်သည့် နေရာအရေ အတွက် ပိုင်ဆိုင်ပြီး ဒုတိယ သမ္မတလောင်း နှစ်ဦး အမည်စာရင်း တင်သွင်း နိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အစုအဖွဲ့အတွက် ဦးထင်ကျော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အတွက် ဦးဟင်နရီဗန်ထီးယူတို့ကို ဒုတိယသမ္မတလောင်းများအဖြစ် အမည်စာရင်းတင်သွင်းလိုက်ပြီ ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်နေရာ ၃၂၃ နေရာ အနက် ၂၅၅ နေရာ ပိုင်ဆိုင်ပြီး အမျိုးသားလွှတ်တော်နေရာ ၁၆၈ နေရာ တွင် ၁၃၅ နေရာ ပိုင်ဆိုင်ရာ ဒီချုပ်က ပြည်သူ့လွှတ်တော်အတွက် အမည်စာရင်းတင်သွင်းသည့် ဦးထင်ကျော်သည် သမ္မတ ဖြစ်လာရန် သေချာနေပြီ ဖြစ်ပြီး အမျိုးသားလွှတ်တော်အတွက် အမည်စာရင်းတင်သွင်း သည့် ဦးဟင်နရီဗန်ထီးယူ နှင့် တပ်မတော်သားအစုအဖွဲ့က တင်သွင်းမည့် ဒုတိယသမ္မတလောင်းသည် ပြည်ထောင်စုလွှတ်တော်တွင် မဲရရှိမှု အရေ အတွက်ပေါ်မူတည်၍ ဒုတိယသမ္မတ (၁)နှင့် ဒုတိယသမ္မတ (၂) ဖြစ်လာမည် ဖြစ်သည်။

သမ္မတလောင်းအရည်အချင်း ရွေးချယ်စိစစ်ရေးအဖွဲ့က ရွေးချယ်စိစစ်၍ အဆိုပါ ပုဂ္ဂိုလ်များသည် သမ္မတလောင်း အရည်အချင်းနှင့် ကိုက်ညီပါက လာမည့်အစိုးရအဖွဲ့အသစ်ကို ဦးဆောင်မည့် သူများ ဖြစ်လာမည် ဖြစ်သည်။

7Day News Journal


No comments:

Post a Comment

My Blog List