Tuesday, March 08, 2016

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး လက်ရှိအစိုးရအပေါ် စိတ်ပျက်မိကြောင်း SPIC မှ Mr.LIU Zhan ထုတ်ပြော


မြစ်ဆုံစီမံကိန်းနှင့်ပတ် သက်ပြီး လက်ရှိအစိုးရကို စိတ်ပျက်မိကြောင်း တရုတ်နိုင်ငံ ပေကျင်းမြို့တွင်ပြုလုပ်သော မြန်မာသတင်းသမားများနှင့် တွေ့ဆုံပွဲတွင် State Power Investment Corporation-SPIC မှ General Manager Mr.LIU Zhan (Department of International Business) က ပြောဆိုလိုက်သည်။
SPIC ကုမ္ပဏီအနေဖြင့် မြစ်ဆုံ စီမံကိန်းကို ဆက်လက်လုပ်ဆောင်နိုင်ရန် အတွက် ယခုနှစ်မေလတွင် အစိုးရသစ်နှင့် တွေ့ဆုံညှိနှိုင်းသွားမည်ဖြစ်ပြီး နိုင်ငံခြားရင်း နှီးမြှပ်နှံသူများအတွက် တည်ငြိမ်ကာ စိတ်ချ ယုံကြည်ရသည့် အစိုးရသစ်ကိုသာ လိုအပ် ကြောင်း Mr.LIU Zhan ပြောသည်။
''
ဒီနှစ်မေလထဲမှာ မြစ်ဆုံစီမံကိန်း ကို ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် အ စိုးရသစ်နဲ့ တွေ့ဆုံနိုင်ဖို့ကြိုးစားနေပါတယ်'' ဟု Mr.LIU Zhan က ပြောသည်။

မြစ်ဆုံစီမံကိန်းကို မြန်မာအစိုးရ ဘက်မှ ၁၅ ရာခိုင်နှုန်း၊ SPIC (YN) ယူ နန်ကုမဏီမှ ရာခိုင်နှုန်း ၈ဝနှင့် အေရှားဝါး ကုမ္ပဏီမှ ငါးရာခိုင်နှုန်းပိုင်ဆိုင် ကြပြီး မြန်မာ အစိုးရဘက်မှ မြစ်ဆုံစီမံကိန်းကို ဆက်လက် လုပ်ကိုင် မပေးပါက စာချုပ်ပါ အချက်အ လက်အတိုင်း ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း SPIC မှ သိရသည်။

''ကျွန်တော်တို့ကုမ္ပဏီနဲ့ NLD ခေါင်းဆောင်ပိုင်းတွေနဲ့ ၂ဝ၁၂ ခုနှစ်လောက် ကစပြီး တွေ့ဆုံဖူးပါတယ်။ စီမံကိန်းနဲ့ပတ် သက်ပြီး ယုံကြည်မှုကတော့ ရာခိုင်နှုန်း ၇ဝ လောက်ရှိတယ်။ ရာခိုင်နှုန်း ၃ဝ ကတော့ အခက်အခဲတွေ နဲ့ကြုံတွေ့မယ်လို့ထင်ပါ တယ်''ဟု ¤င်းကဆက်လက်ပြောကြားသည်။

ဧရာဝတီမြစ်ဆုံစီမံကိန်းမှ လျှပ် စစ်ဓါတ်အား မဂ္ဂါဝပ် ၆ဝဝဝ ခန့်ထွက်ရှိနိုင် မည်ဖြစ်ပြီး ဒေသခံနှင့်ပြည်သူများမှ ကန့် ကွက်မှုများကြောင့် ၂ဝ၁၁ ခုနှစ် စက်တင် ဘာ ၃၁ရက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်အမိန့်ဖြင့် ¤င်းအစိုးရသက်တမ်းကာလ အတွင်း ယာယီဆိုင်းငံ့ခဲ့ခြင်းဖြစ်သည်။

Flower News Journal

No comments:

Post a Comment

My Blog List