Wednesday, March 09, 2016

သတင်းကြီးနေသည့် သမ္မတလောင်းများ


သမ္မတလောင်း အမည်စာရင်းများကို မတ်လ ၁၀ရက် (မနက်ဖြန်) တွင် တရားဝင်သိရတော့မည် ဖြစ်သည်။ အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေနှင့်တွေ့ဆုံပြီး ထွက်ပေါ်လာသော သတင်းများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး ထွက်ပေါ်လာသော သတင်းများအပေါ် သုံးသပ်၍ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သမ္မတဖြစ်လာမည်ဟု အများစုက မျှော်လင့်ခဲ့ကြသည်။ 
ဒီချုပ်မှ ထိပ်တန်းတာဝန်ရှိသူများ ကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရမည်ဟု ပြောကြားချက်များကြောင့် အခြေခံဥပဒေမှ အကျပ်အတည်းကို ကျော်လွှားကာ ဒေါ်စုသမ္မတဖြစ်လာ လိမ့်မည်ဟု သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။

သို့သော် ၅၉ (စ) မပြင်ဆင်နိုင်သော အခြေအနေတွင် သမ္မတလောင်း ခန့်မှန်းချက်များ တစ်ဖန် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရထားသည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များ အစုအဖွဲ့က တင်မြှောက်မည့် ဒုတိယ သမ္မတ တစ်ဦးနှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က တင်မြှောက်မည့်ဒုတိယသမ္မတ တစ်ဦး၊ စုစုပေါင်း နှစ်ဦးအထိ တင်မြှောက်ခွင့် ရထားသည်။ သို့ဖြစ်၍ ယခုအချိန်သည် မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူများနှင့် မီဒီယာများ၏ သမ္မတလောင်း ခန့်မှန်းသံ အကျယ်လောင်ဆုံး အချိန်လည်းဖြစ်သည်။

သမ္မတလောင်းသုံးဦး ပေါ်ထွက်လာမည်ဖြစ်ရာ ဖြစ်နိုင်ခြေအရှိဆုံး လူသုံးဦးနှင့် ဒုတိယဦးစားပေး သုံးဦးတို့အကြောင်း မိတ်ဆက်ဖော်ပြပေး လိုက်ပါသည်။

ဦးထင်ကျော်

ဒေါ်အောင်ဆန်းစုကြည် နေ အိမ်အကျယ်ချုပ်မှ လွတ်မြောက် ချိန်တွင် လူထုနှင့်ပထမဆုံးအကြိမ် မိန့်ခွန်းပြောစဉ်က ဒေါ်အောင်ဆန်းစုကြည်ဘေး၌ ရှိနေခဲ့သူတစ်ဦးသည် နောင်ငါးနှစ် ကြာချိန်တွင် မြန်မာနိုင်ငံ၏ သမ္မတလောင်းအဖြစ် တစ်ပြေးနေပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကာလရှည်ကြာယုံကြည်မှုရခဲ့သူ ဦးထင်ကျော်သည် ဒီချုပ်ရွေးကောက်ပွဲ အနိုင်ရပြီးကတည်းက သမ္မတနေရာအတွက် သတင်းထွက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နောက်ကွယ်တွင် နှစ်ပေါင်းများစွာရှိနေခဲ့သူ တစ်ဦး လည်းဖြစ်သည်။ စင်စစ် သူသည် ဒီချုပ်ပါတီထက် ဒေါ်အောင်ဆန်း စုကြည်နှင့်သာ ပိုမိုနီးကပ်သူဖြစ်သည်။ နေအိမ်အကျယ်ချုပ် ကျခံနေစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်ပကမ္ဘာကို ချိတ်ဆက်ပေးခဲ့သော လူအနည်းစုတွင် ဦးထင်ကျော်လည်းပါဝင်သည်။ သူ့ကို သိုသိပ်လျှို့ဝှက်စွာ နေတတ်သူအဖြစ် ဒီချုပ်ပါတီဝင်များက သိထားကြသည်။

ဦးထင်ကျော်ဟုဆိုလိုက်လျှင် သူ့အကြောင်းထက် သူ့မိသားစု အသိုင်းအ၀ိုင်း ကောင်းမွန်တောင့် တင်းခြင်းကို ပိုမိုပြောလေ့ရှိကြ သည်။ သူသည် ၁၉၉၀ ကဒီချုပ်၏ ကမာရွတ်မြို့နယ် ရွေးကောက်ခံ အမတ် ဂန္ထ၀င်စာရေးဆရာကြီး မင်းသုဝဏ်၏ သားဖြစ်သည်။ ဒလဘန်းကလောင်အမည်ဖြင့် သူ၏ဖခင် ဆရာမင်းသုဝဏ်အကြောင်းရေးသည့် ‘‘အဘဘ၀ အဘအကြောင်း တစေ့တစောင်း’’စာအုပ်မှာ ဦးထင်ကျော်၏ ထင်ရှားသည့် လက်ရာဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လူယုံဖြစ်သော ပြည်သူ့ လွှတ်တော်နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဒေါ်စုစု လွင်မှာ သူ၏ဇနီးဖြစ်သည်။ ဒေါ် စုစုလွင်သည် ဒီချုပ်ပါတီစတင် တည်ထောင်စဉ်ကပင် ပါဝင်ခဲ့ သော ဦးလွင်၏သမီးဖြစ်ရာ ဦး ထင်ကျော်သည် ဦးလွင်၏ သမက် ဖြစ်သည်။

ထို့အပြင် ဦးထင်ကျော်သည် ပညာတတ် တစ်ဦးလည်းဖြစ် သည်။ ၁၉၆၂ တွင် စီးပွားရေး တက္ကသိုလ် တက်ရောက်ခဲ့ပြီး မ ဟာဘွဲ့ရဖြစ်သည်။ ဗြိတိန်နိုင်ငံ သို့ သွားရောက်ပညာဆည်းပူးခဲ့ သော ရန်ကုန်ကွန်ပျူတာဌာန၏ ပထမဦးဆုံး နိုင်ငံခြားပညာတော် သင်ဖြစ်သည်။ သူသည်ဒေါ်အောင် ဆန်းစုကြည်၏ သံတမန်ရေးရာ အရာရှိလည်းဖြစ်သည်။

၁၉၄၆ ဇူလိုင် ၂၀ ရက်တွင် မွေးဖွားခဲ့သည့် အသက် (၇၀) အ ရွယ် ဦးထင်ကျော်သည် ဒေါ်ခင် ကြည်ဖောင်ဒေးရှင်း ဥက္ကဋ္ဌလည်းဖြစ်သည်။



ဦးစိုင်းညွန့်လွင်

၅၉(စ)ကျိန်စာသည် ဒေါ် အောင်ဆန်းစုကြည်ကိုသာမက သူ၏ မဟာမိတ် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးကိုပါ သက်ရောက်နေလေ သည်။ ဦးခွန်ထွန်းဦးသည် သမီးဖြစ်သူနှင့်ပတ်သက်၍ သမ္မတအရည်အချင်း သတ်မှတ်ချက် ၅၉(စ)နှင့် ငြိစွန်းနေရာ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ပင် သမ္မတလောင်းစာရင်းတွင် ပါဝင်နိုင်မည်မဟုတ်ပေ။ သို့ဖြစ်ရာ ဦးခွန်ထွန်း ဦးနောက်ကွယ်မှ ကျားခေါင်းပါတီကို ထိန်းကျောင်းနေသူ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်သည် သမ္မတလောင်းနေရာအတွက် သတင်းထွက်ပေါ်လာခဲ့သည်။ အမျိုးသားလွှတ်တော်မှ တင်သွင်းမည့် သမ္မတလောင်းအဖြစ် ရှမ်းတိုင်းရင်းသားဒီမိုကရက် တစ်ပါတီမှ ဦးစိုင်းညွန့်လွင်ကရေပန်းစားနေသည်။ ထို့ပြင် သမ္မတလောင်းစာရင်း ကြေညာမည့် မတ်လ ၁၀ ရက်တွင် ဦးစိုင်း ညွန့်လွင်သည် နေပြည်တော်၌ ရှိ နေမည်ဖြစ်ရာ ခန့်မှန်းချက်များ ပိုမိုအားကောင်းလာစေသည်။ ဦးစိုင်းညွန့်လွင်သည် ပါတီအတွင်း ၌လည်း နာမည်ကောင်းဖြင့်ကျော် ကြားပြီး ပါတီဝင်များ၏ ထောက်ခံ မှုရရှိထားသူဖြစ်သည်။

အဆိုပါနေရာသည် လွန်ခဲ့သည့် သက်တမ်းက ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ် သူ ဒေါက်တာစိုင်းမောက်ခမ်းဒုသမ္မတ ဖြစ်ခဲ့သည့်နေရာလည်းဖြစ်သည်။ သူသည် ပါတီတွင်း၌သာမက မိတ်ဖက်ပါတီများ၊ မီဒီယာများ၌ ပါ ဆက်ဆံရေးကောင်းမွန်သူ၊ သ ဘောထားပျော့ပျောင်းသူအဖြစ် နာမည်ကောင်းရသူဖြစ်သည်။ ရန်ကုန်မြို့ ကိုးမိုင်ရှိ ရှမ်းရွာတွင် ရှမ်းတိုင်းရင်းသားများအခြေတ ကျနေထိုင်နိုင်ရန် ဦးဆောင်နိုင်ခဲ့ ပြီး ရှမ်းယဉ်ကျေးမှု၊ ရှမ်းစာပေရှင် သန်နိုင်အောင် ကြိုးစားပေးခဲ့ သည်။ ဇလပ်နီလုပ်ငန်းစုမှာ သူ၏ ကိုယ်ပိုင်လုပ်ငန်းဖြစ်သည်။ သူ သည် ရှမ်းပြည်နယ်ရှိ ရှမ်းလူမျိုး များကို ရန်ကုန်မြို့သို့ လာရောက် ပြီး ခေတ်အမြင်များ ရှင်သန်၊ အ တွေ့အကြုံများတိုးတက်ပွင့်လင်း လာရန် ဆန္ဒရှိသူဖြစ်သည်။ ကူ လည်းကူညီပေးခဲ့သည်။ ဦးခွန် ထွန်းဦးနှင့် ကာလရှည်လက်တွဲပြီး ဖက်ဒရယ်အရေးအတွက် ဦး ဆောင်တိုက်ပွဲဝင်ခဲ့သူများဖြစ် သည်။ သူတို့သည် ဒီမိုကရေစီ ဘက်တော်သားများ၏ မဟာမိတ် ဖြစ်ပြီး စစ်အစိုးရကို လက်တွဲအန် တုခဲ့ကြသည်။ သူသည် ညီညွတ် သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့၏ အတွင်းရေးမှူး အဖွဲ့ဝင်လည်းဖြစ်သည်။

ဦးမြင့်ဆွေ

တပ်မတော်သားအစုအဖွဲ့က တင် သွင်းမည့် သမ္မတလောင်းအဖြစ် တောက်လျောက်ရေပန်းစားခဲ့ သည့် ကြည်း၊ ရေ၊ လေညှိနှိုင်းကွပ်ကဲရေးမှူး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီးခင်အောင်မြင်ကို ပန်းဝင်ခါနီးမှ ကျော်ဖြတ်လိုက်သူမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေ ဖြစ်သည်။

သမ္မတလောင်းနေရာ အ တွက် သူ၏အမည်ကိုကြားလိုက် သည်နှင့် မြန်မာနိုင်ငံရေးတွင်ဗိုလ် ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေ၏ သြဇာမကုန် သေးကြောင်းသိသာ နိုင်သည်။ သူသည် ဦးသန်းရွှေ၏ အမြဲတမ်းလူယုံ တစ်ဦးဖြစ်ပြီးဦးသန်းရွှေမိသားစု၏ အကျိုးစီးပွားများကို ကာကွယ်စောင့် ရှောက်ပေးသူအဖြစ်နာမည်ကြီးသည်။

ဦးမြင့်ဆွေသည် ရန်ကုန်မြို့ကို အုပ်ချုပ်နေသည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပြီဖြစ်သည်။ ၂၀၀၀ပြည့်နှစ်စွန်းစ အချိန်ကတည်းက ရန်ကုန်တိုင်းမှူး ဖြစ်ခဲ့သူ ဦးမြင့်ဆွေသည် ၂၀၁၁တွင် တပ်မတော်အစိုးရမှ အရပ်သားအစိုးရ အပြောင်းတွင်လည်း ၀န်ကြီးချုပ် အဖြစ် ရန်ကုန်ကို ဆက်လက်ကိုင် တွယ်အုပ်ချုပ်ခဲ့သည်။ သူသည်ထောက်လှမ်းရေးအဖွဲ့ကြီးကို ဖြိုခွင်းစဉ်ကထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ရန်ကုန် လေဆိပ်မှစစ်ရုံးသို့ခေါ်ဆောင်လာခဲ့သူလည်းဖြစ်သည်။

နာမည်ကျော်ရွှေဝါရောင် တော်လှန်ရေးမှာသူ၏လက်ထက် တွင်ဖြစ်ပွားခဲ့သည်။ DSA အပတ် စဉ် ၁၅(BC 12629)ဆင်း ဦးမြင့် ဆွေနှင့်တစ်ပတ်စဉ်တည်းတွင် မန္တလေးတိုင်းဝန်ကြီးချုပ်ဦးရဲမြင့်၊ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဉာဏ်ဝင်း နှင့် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်တို့ဖြစ်သည်။ ဦးမြင့် ဆွေသည်စရဖချုပ်လည်းဖြစ်ပြီး ၂၀၀၅ခုနှစ်တွင် ဒုတိယဗိုလ်ချုပ် ကြီးဖြစ်လာပြီးနောက်တစ်နှစ်တွင် ကစထ(၅)၏ ကစထမှူးဖြစ်လာ သည်။ မွန်အမျိုးသားတစ်ဦးဖြစ် သည့် ဦးမြင့်ဆွေ၏ ဇနီးသည် မော် လမြိုင်တက္ကသိုလ်ဘွဲ့ရဒေါ်ခင် သက်ဌေးဖြစ်သည်။ သူသည်တပ်မတော်ကတင်သွင်းသည်ဒုသမ္မတသီဟသူရဦးတင်အောင်မြင့်ဦးအ နားယူစဉ်က ဒုသမ္မတအဖြစ်လျာထားခံခဲ့ရသော်လည်း သမီးဖြစ်သူ၏ ခင်ပွန်းကြောင့် ၅၉(စ)နှင့် ငြိကာ ဒုသမ္မတရာထူးနှင့်လွဲခဲ့သည်။လက်ရှိအချိန် တွင် နိုင်ငံသားအဖြစ်ခံယူ လိုက်ပြီး ၅၉(စ)နှင့် မငြိစွန်းတော့ဟု သတင်း များထွက်ပေါ်လာပြီးနောက် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်အစု အဖွဲ့က အမည်စာရင်းတင်သွင်းမည့်ဒုသမ္မတဖြစ်လာရန်ရေပန်းစားနေ သည်။

ဒေါက်တာမျိုးအောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ဗဟိုအလုပ်အမှုဆောင် အ ဖွဲ့ဝင် ဒေါက်တာမျိုးအောင်သည် သမ္မတလောင်း အမည်စာရင်း ထွက်ပေါ်ခါနီးတွင်လျာထားခံရသူ တစ်ဦးအဖြစ် နာမည်ထွက်လာသူ ဖြစ်သည်။ သူသည် ဦးသိန်းစိန် အစိုးရနှင့်အာဏာလွှဲပြောင်းရေး ညှိနှိုင်းလျက်ရှိသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အသွင်ကူး ပြောင်းရေးအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။ သို့ဖြစ်ရာ အာဏာလွှဲ ပြောင်းရေးကိစ္စများတွင် ထည့် သွင်းထားသူတစ်ဦးဖြစ်၍ သမ္မတလောင်းနေရာ ခန့်မှန်းမှုကို ပိုမိုခိုင်မာစေသည်။ ပါတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သော်လည်း ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းသည့် ကော်မတီများတွင် ဥက္ကဋ္ဌ၊အတွင်းရေးမှူးစသည့် အဆင့်မြင့်တာဝန်များ ပေးမထားခြင်းက ၎င်းကိုအစိုးရအဖွဲ့ အတွက် လျာထားသည်မှာ ထင်ရှားသည်။ သူသည်ဒေါ်အောင်ဆန်းစုကြည်၏ သြဇာခံတစ်ဦး လည်းဖြစ်သည်။ ပါတီထိပ်တန်း ခေါင်းဆောင် ဦးဝင်းထိန်နှင့် ရင်း နှီးသူဖြစ်ပြီး ညစဉ်နီးပါး တွေ့ဆုံ လေ့ရှိသည်။ ပါတီတွင်နိုင်ငံတကာ ရေးရာဌာန အကြီးအမှူးအဖြစ် တာဝန်ယူထားသည်။ ဒေါက်တာ မျိုးအောင်သည် တပ်မတော်တွင် သုံးနှစ်ကြာ ဆေးကုသမှုတာဝန် ယူခဲ့သည့် ဆရာဝန်တစ်ဦးဖြစ် သည်။ သို့ဖြစ်၍ တပ်မတော်၏ သဘောသဘာဝများကို သိရှိထား သူအဖြစ် တပ်မတော်ဘက်မှ အ မြင်ကြည်လင်နိုင်ရာ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကို ထိန်း ညှိထားနိုင်သူတစ်ဦးအဖြစ် မျှော် လင့်ထားကြသည်။ သူသည် ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲ နှင့် ၂၀၁၅ အထွေထွေရွေးကောက် ပွဲတို့တွင် ဒဂုံဆိပ်ကမ်းနှင့် ဒဂုံအ ရှေ့မြို့နယ်များ၏ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ် ရွေး ကောက်တင်မြှောက်ခံခဲ့ရ သည်။ မန္တလေးမြို့တွင် မွေးဖွားသည့် ဒေါက်တာမျိုးအောင်၏ဇနီးသည် ဒေါ်ခင်စောမူဖြစ်ပြီး သမီးဖြစ်သူ ၏အမည်မှာ ဒေါ်ကြော့ယမင်း အောင်ဖြစ် သည်။

ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်
ကာကွယ်ရေးဦးစီးချုပ် (လေ)

ကာကွယ်ရေးဦးစီးချုပ် (လေ) ရာထူးမှ ပထမဆုံး ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဖြစ်လာသူ ဗိုလ်ချုပ်ကြီးခင်အောင် မြင့်(လေ-၁၇၅၄)သည် တပ်မ တော်ကတင်သွင်းမည့် သမ္မတ လောင်းအဖြစ် တောက်လျှောက် ရေပန်းစားခဲ့သည်။ ၂၀၁၀ ရွေး ကောက်ပွဲပြီးနောက် တပ်မတော် ကတင်မြှောက်သည့် ဒုတိယ သမ္မတမှာ တပ်မတော်ကြည်းမှ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင် မြင့်ဦးဖြစ်သည်။ ၎င်းအနားယူပြီး နောက် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းသည် တပ်မတော်က တင်မြောက်သည့် ဒုသမ္မတဖြစ်လာသည်။ ယခုအချိန်သည် တပ်မတော် (လေ)အလှည့်ဟု မြန်မာ့နိုင်ငံရေးအကဲခတ်များက တွက်ဆခဲ့ကြသည်။ အမေရိကန်နှင့်ဆက်ဆံရေး တိုးမြှင့်လိုဟန်ပြသောတပ်မတော်အတွက် အမေရိကန်တွင် US Train Turbo Thrash သင်တန်း တက်ရောက်ခဲ့ ဖူးသူ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်ကို သမ္မတလောင်း အမည်စာရင်း တင်သွင်းခြင်းက သင့်လျော်သော ရွေးချယ်မှုဟု တွက်ဆခဲ့ကြသည်။ DSA အပတ် စဉ် (၂၀)ဆင်းဖြစ်သူ ဗိုလ်ချုပ်ကြီးခင်အောင်မြင့်နှင့် တစ်ပတ်စဉ် တည်း ဆင်းသူများမှာ ကြည်း၊ ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး (ငြိမ်း) ဦးလှဌေးဝင်း၊ ရှမ်းပြည်နယ်ဝန် ကြီးချုပ်အဖြစ် တပ်မတော်မှ လျာ ထားခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) အောင်သန်းထွဋ်တို့ဖြစ် သည်။ ၁၉၇၉ မေလတွင် အခြေခံ လေယာဉ်မောင်းသင်တန်း အ မှတ်စဉ်(၄၁)မှ သင်တန်းဆင်းဖြစ် သည့် သူသည် ၂၀၀၇ ခုနှစ်တွင် စစ်ဦးစီးအရာရှိချုပ် (လေ)ဖြစ်လာ သည်။ ၂၀၁၃ ဖေဖော်ဝါရီ ၁၄ ရက်တွင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဖြစ်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ရာ ထူးတိုးမြှင့်ခြင်းခံခဲ့ရသည်။ ၎င်း သည် တပ်မတော်(လေ)ကို Standard Army ဖြစ်ရန် ကြိုးပမ်း ပေးခဲ့သည်။ မူးယစ်ဆေးဝါး နှိမ် နင်းသည့် စစ်ဆင်ရေးတစ်ခုဖြစ် သည့် တောင်ရန်ရှင်း စစ်ဆင်ရေး ကို ဦးဆောင်ခဲ့သည်။ ဇနီးဖြစ်သူ သည် ဒေါ်အေးအေးသန်းဖြစ်သည်။ ရွေးကောက်ပွဲပြီးနောက် တပ်မ တော်ကတင်မြှောက်မည့် သမ္မတ လောင်းအဖြစ် ရေပန်းစားခဲ့သော် လည်း သမ္မတလောင်းအမည် စာရင်း ကြေညာခါနီးမှ ဦးမြင့်ဆွေ အမည်ပေါ်ထွက်လာခဲ့ရာ ၎င်း သည် သမ္မတလောင်းဖြစ်ရန် မှေး မှိန်ခဲ့သည်။

ဒေါက်တာ တင်မျိုးဝင်း

အင်န်အယ်လ်ဒီ ရွေးကောက် ပွဲအနိုင်ရပြီးနောက် သမ္မတလောင်း နေရာအတွက် ဦီးဦးဖျားဖျား နာ မည်ထွက်သူများထဲတွင် ဒေါက် တာတင်မျိုးဝင်းလည်း ပါဝင် သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်ဖြစ်သူ ဒေါက် တာတင်မျိုးဝင်းသည် ဒေါ်အောင် ဆန်းစုကြည်၏ လူရင်းတစ်ယောက် လည်းဖြစ်သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ် အောင်ဆန်းစုကြည်တို့ ရွေး ကောက်ပွဲပြီးနောက် ဒုတိယအ ကြိမ်မြောက် တွေ့ဆုံခဲ့ကြရာ ဒေါက်တာတင်မျိုးဝင်း ပါဝင်လာ သဖြင့် သမ္မတလောင်းကို ပွဲထုတ် ခြင်းဟု ကင်ပွန်းတပ်ခဲ့ကြသည်။ သို့သော်ကာယကံရှင်က သမ္မတ လောင်းနေရာခန့်မှန်းမှုအတွက် ငြင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ ဒေါက်တာ အဓိကတာဝန်ယူရ မည့်နေရာမှာ ငြိမ်းချမ်းရေး ဆွေး နွေးမှုအတွက်ဟု အသံများ ပြန် လည်ထွက်ပေါ်လာခဲ့သည်။ ခွဲ စိတ်ဆရာဝန်အလုပ်ကို မြတ်နိုး သော ဆရာဝန်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေး ကွန်ရက်ဥက္ကဋ္ဌလည်း ဖြစ်သည်။ ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင်ခဲ့ပြီး ၁၉၈၉ ခုနှစ်၌ ဖမ်း ဆီးခံရကာ ထောင်သုံးနှစ်ကျခံခဲ့ရ သည်။ ကျောင်းသားဘ၀က လူ ရည်ချွန် တစ်ဦးဖြစ်ခဲ့သည့် ဒေါက် တာတင်မျိုးဝင်းသည်ထူးချွန်ထက် မြက်သူတစ်ဦးအဖြစ် နာမည်ကြီး သည်။ သို့သော်သမ္မတလောင်းအ မည်စာရင်း ကြေညာမည့်ရက် နီး ကပ်လာသည့်အချိန်တွင် ရေပန်း စားမှု၌ ဦးထင်ကျော်နှင့်ဒေါက်တာ မျိုးအောင်တို့နောက် ရောက်ရှိ သွားသည်။

7Day News Journal

No comments:

Post a Comment

My Blog List