Tuesday, March 01, 2016

လူ့အခွင့်အရေးကောင်စီ ၃၁ ကြိမ်မြောက် ညီလာခံစတင်


လူ့ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ ရည်ရွယ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေကို အစိုးရတချို့က ရေတို အကျိုးစီးပွားအတွက် ဥပဒေချိုးဖောက်မှုတွေ တိုးလာနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်ရေးမဟာမင်းကြီးက သတိပေးလိုက်ပါတယ်။ ဂျနီဗာမှာ ကျင်းပတဲ့ ၃၁ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးအဖွင့်မိန့်ခွန်းမှာ အခုလို ပြောခဲ့တာပါ။
အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒတွေရဲ့သိသာထင်ရှားတဲ့ခြိမ်းခြောက်မှု တွေဟာ လူ့အခွင့်အရေးရဲ့ အခြေခံကျတဲ့ နိယာမတရားတွေကို ပျက်စီးနေစေတဲ့အကြောင်း မဟာမင်းကြီးက ပြောပါတယ်။

မဟာမင်းကြီး Zeid Ra’ad al Hussein က နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို တစ်စစီ ဖြိုချဖျက်စီးခံနေရတာကိုလည်း လွန်စွာ စိုးရိမ်ကြောင်း သတိပေးခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ပဋိဉာဉ်စာတမ်းကြီးကို နိုင်ငံ အတော်များများက - သူတို့ရဲ့ နိုင်ငံရေး လမ်းစဉ်တွေနဲ့ကိုက်ညီအောင် ဆိုးဆိုးရွားရွား ချိုးဖောက်နေကြတဲ့အကြောင်း သူက ထောက်ပြခဲ့ပါတယ် ။

အစွန်းရောက်အကြမ်းဖက်မှု တိုးလာတာကို တုံ့ပြန်တဲ့နိုင်ငံတွေအရေအတွက် တိုးလာတဲ့အပြင် လက်နက်စွဲကိုင် ပဋိပက္ခဖြစ်ပွားမှုတွေလည်း များလာပြီး အခြေခံလူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဘေးကင်းရာကို အစုလိုက် အပြုံလိုက် ထွက်ပြေးတိမ်းရှောင်မှုတွေလည်း တိုးလာနေတယ်လို့ သူက ပြောခဲ့ပါတယ်။

ပဋိပက္ခတွေမှာ ပြစ်မှုကျူးလွန်သူတွေအနေနဲ့ အရေးယူခံရခြင်းက ကင်းလွတ်ကြပြီး နိုင်ငံတကာ လူ့အခွင့်အရေးတွေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကလည်း အကြီးအကျယ် ချိုးဖောက်ခြင်းခံနေရတယ်လို့ မဟာမင်းကြီးက ထောက်ပြခဲ့ပါတယ်။ လူသောင်းနဲ့ချီပြီး သေဆုံးခဲ့တဲ့အပြင် ဆေးရုံတွေ၊ ဆေးဘက်ဆိုင်ရာ အမှုထမ်းတွေ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံခဲ့ရတဲ့ ၅ နှစ်ကြာ ဆီးရီးယား ပြည်တွင်းစစ်ကိုလည်း သူက မီးမောင်းထိုးပြသွားပါတယ်။ ဒါ့အပြင် အာဖဂန်နစ္စတန်၊ အီရတ်၊ လစ်ဗျား၊ တောင်ဆူဒန်နဲ့ ယီမင်တို့မှာ ဖြစ်တဲ့ ပဋိပက္ခတွေအတွင်း အရပ်သားတွေအပေါ် တိုက်ခိုက်မှုဟာ ပုံမှန် ဖြစ်လာနေတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံသားတွေအပြင် တခြားနိုင်ငံရေးခိုလှုံခွင့်တောင်းခံဖို့ ကြိုးစားသူတွေအပေါ် ဥရောပနိုင်ငံတချို့က စည်းမျဉ်းတင်းကျပ်တဲ့ မူဝါဒတွေ ချမှတ်တာကိုလည်း သူက ထည့်သွင်းပြောကြားသွားပါတယ်။

ဖေဖော်ဝါရီလ ၂၉ ရက်ကနေ မတ်လ (၂၄) ရက်နေ့အထိ ကျင်းပမယ့် - လက်ရှီ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စ် ယန်ဟီးလီဟာ မတ်လ (၁၄) ရက်နေ့မှာ အစီရင်ခံဖို့ရှိသလို UPR ခေါ် နိုင်ငံအလိုက် လူ့အခွင့်အရေးအခြေအနေ ပြန်လည်သုံးသပ်မှုကိုလည်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မတ်လ (၁၇) ရက်နေ့ အစီရင်ခံ တင်သွင်းဖို့ ရှိပါတယ်။

VOA

No comments:

Post a Comment

My Blog List