Monday, February 29, 2016

သိန်းတစ်ထောင်ကျော်နဲ့ လာဝယ်ပေမယ့် မိုးဟေကို မရောင်းခဲ့တဲ့ ရုပ်ရှင်ကား


မေလတွင် ရုံတင်ပြသမည့် ‘ခိုးဆိုးလုနှိုက်’ရုပ်ရှင်ဇာတ်ကား၏ အဆက်အဖြစ် ‘တောကျီးကန်း’ရုပ်ရှင်ဇာတ်ကားကို မတ်လအတွင်း စတင်ရိုက်ကူးမည်ဖြစ် ပြီး ‘ခိုးဆိုးလုနှိုက်’ကို ပြင်ပက ကျပ် သိန်း ၁,၄၀၀ ဖြင့် လာဝယ်ရန်ကမ်းလှမ်း သော်လည်း ထုတ်လုပ်သူ မိုးဟေကိုက မရောင်းခဲ့ကြောင်းဒါရိုက်တာစတီးလ် က ပြောသည်။
‘‘ခိုးဆိုးလုနှိုက်ကို ကျပ်သိန်း ၁,၄၀၀ နဲ့ဝယ်တယ်။ ကျွန်တော် တို့က သိန်း ၁,၅၀၀ တောင်းထား တယ်။ အဲဒီအချိန် မိုးဟေကိုက ရောင်းသင့်၊ မရောင်းသင့်စဉ်းစား တယ်။ နောက်ပြီး ကားဆက်ပြီး ကြည့်ရအောင်ဆိုပြီး ကြည့်ပြီးတဲ့ အချိန်မှာ မရောင်းတော့ဘူးလို့ ဆုံးဖြတ်လိုက်တာ’’ဟု စတီးလ်က ပြောကြားသည်။

ထို့အပြင် ယင်းဇာတ်ကား ကြည့်ပြီးချိန်၌ နံပါတ် (၂)အနေ ဖြင့် ဆက်လက် ရိုက်ကူးရန် ထုတ် လုပ်သူ မိုးဟေကိုက ပြောကြားခဲ့ခြင်းဖြစ်ပြီး ဇာတ်ကို ဖတ်ပြီးချိန်တွင် ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

‘‘ဝမ်း၊ တူး ရိုက်ရင်များသောအားဖြင့် ရှေ့ပုံစံအတိုင်းကိုပဲ ပလော့တွေ ပြောင်းရိုက်ကြတယ်။ ကျွန်တော်က အဲဒီလို မဟုတ်ဘူး။ ရှေ့က ဖြစ်သွား တဲ့အ ကြောင်းအရာက တစ်မျိုး၊ အခု ကားက ရှေ့ဇာတ်လမ်းမှာ ကျန် ခဲ့တဲ့ နှစ်ယောက် ပြေးရင်းလွှား ရင်း နောက်ထပ်နယ်တစ်ခုကို ရောက်သွားပြီး ဖြစ်လာတဲ့အ ကြောင်းတွေကို ရိုက်မှာ။ ဇာတ် ကျောရိုးကအစ ပြောင်းထား တယ်။ အဲဒီတော့ ပထမဇာတ် ကားရဲ့ အဆက်လို့လည်း ပြော လို့ရတယ်။ မဆက်ဘူးလို့လည်း ပြောလို့ရတယ်’’ဟု ‘တောကျီး ကန်း’ဇာတ်ကား အကြောင်း စတီးလ်က ပြောသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို မတ်လ ၃ ရက်တွင် စတင်ရိုက်ကူး မည်ဖြစ်ပြီး ကလောဘက်သို့ သွားရောက်ရိုက်ကူးရန်ရှိကြောင်း ၎င်း က ဆိုသည်။

‘ခိုးဆိုးလုနှိုက်’ဇာတ်ကား တွင် ထွန်းထွန်း၊ မြင့်မြတ်၊ နေဒွေး၊ခင်လှိုင်နှင့် သင်ဇာဝင့်ကျော်တို့ ပါဝင်သရုပ်ဆောင်ထားပြီး ယခု ‘တောကျီးကန်း’မှာ ‘ခိုးဆိုးလုနှိုက်’ အဆက်ဖြစ်သော်လည်း ထွန်း ထွန်းနှင့် နေဒွေးသည် ပထမဇာတ် လမ်းတွင် သေဆုံးသွားပြီဖြစ်၍ ပါဝင်တော့မည်မဟုတ်ကြောင်း စတီးလ်က ပြောသည်။

ထို့ကြောင့် ‘ခိုးဆိုးလုနှိုက် ၂’ အဖြစ် ရိုက်ကူးမည့် ‘တောကျီး ကန်း’ရုပ်ရှင်တွင် မြင့်မြတ်နှင့် ခင် လှိုင်တို့သာ ဆက်လက်ပါဝင်မည် ဖြစ်ပြီး မင်းသမီး နေရာတွင် ယင်း ဇာတ်ကား၏ ထုတ်လုပ်သူ မိုးဟေကို ပါဝင်သရုပ် ဆောင်မည်ဖြစ်သည်။

‘ခိုးဆိုးလုနှိုက်’ဇာတ်ကားကို မေလတွင် ရုံတင်ပြသမည်ဟု စတီးလ်က ပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List