Monday, February 29, 2016

တောင်ကယ်ရိုလိုင်းနားတွင် ဟီလာရီကလင်တန် အပြတ်အသတ် အနိုင်ရ


ဒီမိုကရက်တစ်ပါတီ၏သမ္မတလာင်း အမည်စာရင်းတင်သွင်းခွင့်ရရေးယှဉ်ပြိုင်မှုတွင် မစ္စစ်ဟီလာရီကလင်တန်သည် တောင်ကယ်ရိုလိုင်းနား ပြည်နယ်မဲခွဲမှုတွင် ပြိုင်ဘက်ဘာနီဆန်းဒါးစ်အား အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ မစ္စစ်ကလင်တန်၏ အဆိုပါ အောင်ပွဲမှာ အင်္ဂါနေ့ပြည်နယ် ၁၁ ခုတွင် မဲခွဲမည့် ‘‘Super Tuesday’’မတိုင်မီ ၎င်း၏မဲဆွယ်စည်းရုံးမှုအတွက် တွန်းအားတစ်ရပ် ဖြစ်စေခဲ့သည်။
‘‘မနက်ဖြန်ဆို မဲဆွယ်ပွဲဟာ တစ်နိုင်ငံလုံး ပျံ့နှံ့သွားပါမယ်’’ ဟု ဟီလာရီ ကလင်တန်က ထောက်ခံသူများအား ပြောကြားသည်။

ဆန်းဒါးစ်က မစ္စစ်ကလင်တန်အား ဂုဏ်ပြုချီးကျူးခဲ့သော်လည်း မဲဆွယ်ပွဲမှာ အစပင်ရှိသေးသည်ဟု ပြောကြားသည်။

တောင်ကယ်ရိုလိုင်းနားပြည်နယ် မဲခွဲမှုတွင် မဲအားလုံးနီးပါး ရေတွက်ပြီးချိန် တွင် မစ္စစ်ဟီလာရီကလင်တန်က ၅၀ ရာခိုင် နှုန်းနီးပါး အသာရနေသည်။

ဒီမိုကရက်တစ် မဲပေးလူထုတွင် အရေးပါသော လူမည်း ၁၀ ဦးတွင် ရှစ်ဦးက ဟီလာရီကလင်တန်အား ထောက်ခံခဲ့ကြကြောင်း မဲရုံအတွက် စစ်တမ်းများက ပြသနေသည်။

မစ္စစ်ကလင်တန်သည် ပြည်နယ်လေးခု ယှဉ်ပြိုင်ရာတွင် သုံးခုတွင် အနိုင်ရရှိ ထားသည်။

အိုင်အိုဝါ၊ နီဗားဒါးနှင့် တောင်ကယ်ရိုလိုင်းနားတို့တွင် မစ္စစ်ကလင်တန် အနိုင်ရရှိထားပြီး ဘာနီဆန်းဒါးစ်က နယူးဟမ့် ရှိုင်းယားတွင် အောင်ပွဲခံ ခဲ့သည်။

ရီဘက်ဘလေကန်ပါတီဘက်ခြမ်းတွင် မူလက သမ္မတ ရွေးကောက်ပွဲဝင်ရန် ကြိုးစားသူ ၁၂ ဦး ရှိသော်လည်း ယခုအခါ ငါး ဦးသာ ကျန်ရှိတော့ကာ ဘီလျံနာ သူဌေး ဒေါ်နယ်ထရန့်က ပြိုင် ဘက်များအား ပြတ်ပြတ်သားသား ဦးဆောင်နေသည်။

ဗုဒ္ဓဟူးနေ့က နီဗားဒါးပြည်နယ် ပါတီအခြေခံ ရွေးကောက်ပွဲတွင်လည်း ဒေါ်နယ်ထရန့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။

Ref: BBC
7Day News Journal

No comments:

Post a Comment

My Blog List