Monday, February 29, 2016

လွတ်လပ်သောသတင်းဌာနများနှင့် ထိုင်းအစိုးရ၀က်ဘ်ဆိုဒ်တို့ အား တိုက်ခိုက်မှုနှင့် မြန်မာစစ်တပ်ဆက်စပ်နေဟု ဆွီဒင်အခြေစိုက် ဆိုင်ဘာလုံခြုံရေးကုမ္ပဏီ ထုတ်ဖော်


မနှစ်က သမိုင်းဝင် ရွေးကောက်ပွဲအချိန်တဝိုက်တွင် ဒီမိုကရေစီအကြို မီဒီယာဌာနခွဲများအား ဆိုင်ဘာတိုက်ခိုက်မှု ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းများ အတွက် မြန်မာစစ်တပ်မှာ တာဝန်ရှိသည်၊ မြန်မာစစ်တပ်သည် ထိုင်အစိုးရ ပိုင် ဝက်ဘဆိုက်စာမျက်နှာများအား ပစ်မှတ်ထားပြီး ဆိုင်ဘာတိုက်ခိုက် သော ဟက်ကာများနှင့် ဆက်စပ်မှုရှိနေသည်ဟု ပေါက်ကြားလာသော သုတေသနစစ်တမ်းတစ်ခုက အခိုင်အမာဆိုထားသည်။
*Democratic Voice of Burma (DVB)* နဲ့ *The Irrawaddy* သတင်းဌာန တို့ အပါအဝင် လွတ်လပ်သော သတင်းဌာနတွေရဲ့ လုံခြုံရေးအတွက် အလုပ်လုပ်နေတဲ့ ဆွီဒင်အခြေစိုက် ဆိုင်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ *Unleash Research Labs* ရဲ့ သုံးနှစ်ကြာ လေ့လာဖော်ထုတ်မှု အရ မြန်မာစစ်တပ်ဟာ ၂၀၁၂ ခုနောက်ပိုင်း သတင်းဌာနတွေရဲ့ ဝက်ဘဆိုက် စာမျက်နှာတွေကို ဖျက်ဆီးရာမှာ အဓိကနေရာက ပါဝင်နေတယ်လို့ စစ်ဆေးတွေ့ရှိထားသည်ဟု ထုတ်ပြန်ထားသည်။

“နိုဝင်ဘာရွေးကောက်ပွဲအနီးအနား တိုက်ခိုက်မှုတွေမှာ သိသာထင်ရှား တာတစ်ခုကတော့ “Union of Hacktivists” ဆိုတဲ့ အဖွဲ့က ဆောင်ရွက်နေ တယ်ဆိုတာပါပဲ။ ဒီတိုက်ခိုက်မှုတွေရဲ့ ဇက်မြစ်ဟာ ဖိုင်းရာဝေါ ပရောက်စီ နှစ်ခုနောက်ကွယ်မှာ စစ်တပ်တပ်က လျှို့ဝှက်လည်ပတ်နေတဲ့ ကွန်ရက် အဖွဲ့မှ အစပြုတယ်” ခြေရာခံတွေ့ရှိရကြောင်း အဆိုပါ ဆိုင်ဘာလုံခြုံရေး ကုမ္ပဏီက ဆိုသည်။

အဆိုပါ ကွန်ရက်ကို စစ်တက္ကသိုလ်ကွန်ပျူတာကျောင်းက၊ မြန်မာစစ်တပ်နဲ့ အလုပ်လုပ်ဖူးတဲ့ အမေရိကန်ကုမ္ပဏီတစ်ခုက ရေးသားထားတဲ့ လုံခြုံရေး စနစ် Blue Coat နည်းပညာကို အသုံးပြုပြီး၊ လည်ပတ်နေတာလို့ သိရှိရ သည်။ Blue Coat က ထုတ်လုပ်တဲ့ ပစ္စည်းတွေကို ဆီရီယန်းအစိုးရက အာရပ်နွေဦး အရေးအခင်းတုန်းက ဆန္ဒပြသူတွေကို တိုင်းပြည်ရဲ့အင်တာ နက်ကို ချုပ်ကိုင်ပြီး ချေမှုန်းရာမှာ အသုံးပြုခဲ့ပြီး၊ အမေရိကားက ဆက်ရှင် ပိတ်ထားတဲ့ တိုင်းပြည်တွေမှာ နည်းပညာဖြန့်ဝေခြင်းမပြုဖို့ တင်းကျပ်စွာ တားမြစ်ထားသော်ငြား မြန်မာပြည်မှာလည်းပဲ အသုံးပြုခဲ့တယ်လို့ ယုံကြည်ကြောင်း *Unleash Research Labs* ထုတ်ပြန်ခဲ့သည်။

“ဒီတိုက်ခိုက်မှုတွေဟာ တခြား ဘယ်အဖွဲ့အစည်းမှ ပါဝင်ခြင်းမရှိဘဲ သူတို့ချည်း သတ်သတ် တည်ဆောက်ထားတဲ့ စစ်တပ်ကွန်ရက်က အစပြုတယ်လို့ အာမခံနိုင်သည်။” လို့ Unleash Research Labs မှ နည်းပညာဒါရိုက်တာဖြစ်တဲ့ Tord Lundstrom က ဆိုသည်။

“ကျွန်တော်တို့ နောက်ထပ်တစ်ခု အတည်ပြုနိုင်တာကတော့ အလုပ်တွေကို ရုံးချိန်အတွင်းမှာပဲ ဆောင်ရွက်ပြီး တခြားကျောင်းဆောင်တွေမှာ ဒါမှမဟုတ် ညဘက်မှာ ပြုလုပ်တာမျိုး လုံးဝမရှိဘူးဆိုတာပါပဲ”

“၂၀၁၁ အာဏာရှင် အစိုးရ ကုန်ဆုံးခါနီးကတည်းက အင်တာနက်ကြောင့် ပြန့်ပွားလာခဲ့တဲ့ “hacktivist” လုပ်ရှားမှု ထွက်ပေါ်လာရေးအတွက် အဓိက စတင်လှုပ်ရှားခဲ့သူတွေထဲ မှာတော့ စစ်တပ်နဲ့ အနီးကပ်ပတ်သက်မှုရှိသူတွေ အများအပြားပါဝင်နေတယ်။ Hacktivist ကွန်ရက်တွေထဲမှာ အထင်ရှားဆုံး ကတော့ Blink Hacker Group (BHG) ဆိုတဲ့ အဖွဲ့ပါပဲ။” ဟု Tord Lundstrom က ဆိုသည်။

အဆိုပါ အဖွဲ့ဟာ ထိုင်းရဲတပ်ဖွဲ့ပိုင် ဝက်ဘဆိုက်တွေကို ၂၀၁၆ ဇန်နဝါရီလက ကမ္ဘာလုံးဆိုင်ရာ hacktivist ကွန်ရက် Anonymous အသွင်ဆောင်ပြီး ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ခဲ့သည်။ ဒါကတော့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဗြိတိသျှကမ္ဘာလှည့် ခရီးနှစ်ဦး သတ်ဖြတ်ခံရခြင်းနဲ့ ပတ်သက်ပြီး မြန်မာလူမျိုးနှစ်ဦးကို သေဒဏ်ချမှတ်ခဲ့တဲ့၊ မြန်မာနိုင်ငံအဝှမ်း လူမျိုးရေး ဂယက်ရိုက်ခတ်သွားစေတဲ့ နာမည်ကျော် တရားစီရင်ရေးအတွက် တန်ပြန်တိုက်ခိုက်ခဲ့တာဖြစ်သည်။

“မြန်မာနိုင်ငံရှိ ဟက်ကင်းအဖွဲ့ဟာ အသံတိတ်စေခိုင်းချက်နဲ့ ထိုးဖောက် သတင်းယူမှုတွေအရ လည်ပတ်လှုပ်ရှားတာဖြစ်သည်” လို့ အုပ်စုဖွဲ့တွေ နောက်ထပ်တိုက်ခိုက်မယ့် အစီအစဉ်အကြောင်း ပွင့်ပွင့်လင်းလင်းဆွေးနွေး တတ်တဲ့ ဖေ့စဘုတ်နဲ့ ဟက်ကင်းဖိုရမ်တွေကို နှစ်ပေါင်းများစွာ လေ့လာအကဲ ခတ်ခဲ့တဲ့ Lundstrom က ထပ်ပြောပါသေးသည်။

မြန်မာပြည်ရဲ့ “hacktivist” လှုပ်ရှားမှုဟာ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ် တွေရှိ လူမျိုးရေး ပဋိပက္ခတွေကို ဘက်မလိုက်ဖော်ပြတဲ့ သတင်းဌာနတွေ အပေါ် အမုန်းတရားတိုးပွားလာခဲ့သည်ဟု အဆိုပါ သုတေသနစစ်တမ်းက ဆိုသည်။ ၂၀၁၂ ဇွန်လ ရခိုင်ပြည်နယ်မှာ ဗုဒ္ဓဘာသာများနဲ့ ရိုဟင်ဂျာ မူစလင်တွေအကြား အချင်းများမှုတွေဖြစ်ပေါ်ခဲ့စဉ်က ဟက်ကင်းအဖွဲ့တွေ ကို “ မြန်မာအစိုးရဲ့ ချိန်သားကိုက် နိုင်ငံရေး အခင်းအကျင်းအစီအစဉ်အရ မောင်းနှင်ခဲ့ကြတာပါ” ဟု ဆိုသည်။

နိုင်ငံရေး ရည်မှန်းချက်အသာစီးရဖို့အတွက် အတုအယောင် ဆိုင်ဘာတိုက် ခိုက်မှုတွေကိုလည်း ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ ဥပမာအားဖြင့် ၂၀၁၂ ဒီဇင်ဘာလမှာ “Kachin Cyber Army” အမည်နဲ့ မြန်မာ သတင်းဌာန တွေကို ခြိမ်းခြောက်စာတွေ ထုတ်ပြီး ဝက်ဘဆိုက်တွေ တသီတတန်းကြီး ဖျက်ဆီးခံခဲ့ရသည်။ သို့ပေမဲ့ Lundstorm ရဲ့ လေ့လာတွေ့ရှိချက်အရ အဆိုပါ တိုက်ခိုက်မှုတွေဟာ “ အစိုးရရဲ့ နိုင်ငံရေးအခင်းအကျင်းအရ ပဋိပက္ခတိုးပွားမှု ဖြစ်အောင် တည်ဆောက်ခဲ့တာ” လို့ ဆိုသည်။

BHG အပါအဝင် ဟက်ကင်းအဖွဲ့အတော်များများရဲ့ အရေးပါအဖွဲ့ဝင်တစ်ဦး ဖြစ်သူ ကတော့ Gtone ဆိုတဲ့ ကလောင်အမည်ဝှက်နဲ့ ရေးသားတဲ့ သက်ဖြိုးဝေ ဖြစ်ကြောင်း ထုတ်ဖော်တွေ့ရှိရသည်။ တချိန်က ဖေ့စဘုတ်မှာ စစ်တက္ကသိုလ်ကျောင်းသား ရုရှားမှာနေသူဟု ဖော်ပြဖူးပြီး၊ *Myanmar Times* သတင်းဌာနကတော့ သူဟာ ပြင်ဦးလွင်စစ်တက္ကသိုလ် (DSA) မှ လေ့ကျင့်ပေးထားသူဖြစ်တယ်လို့ ရေးသားသည်။ အဆိုပါ သက်ဝေဖြိုးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအကူအညီပေးသူတစ်ဦကို ဗြိတိသျှထောက်လှန့်ရေးလို့ စွပ်စွဲတဲ့ သတင်းတွေကို လူထုကြား ဖော်ပြဖူးသည်။

သတင်းပေးပို့ချက်အရ သူဟာ မြန်မာမီဒီယာတွေကို ဟက်မယ်လို့ သတင်းလွှင့်ရာနဲ့ Myanmar Anonymous ဖေ့စဘုတ်စာမျက်နှာမှာ ပါဝင်နေတယ်လို့သိရသည်။ သူဟာ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ ဟက်ကင်းလှုပ်ရှားမှုနဲ့ စိန်ခေါ်ရာမှာ ဦးဆောင်သူတွေထဲက တစ်ဦးဖြစ်သည်။

“နည်းပညာကို ရူးသွပ်တဲ့ ဗမာလူမျိုး မှန်သမျှ ထေရဝါဒ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ တာဝန်ရှိတယ်။ ဒီအချက်ကို အဓိကတာဝန် တစ်ရပ်အနေနဲ့ ယူဆဖို့ မြန်မာဟက်ကာဖိုရမ် [Myanmar Hacker Forum] ကို တောင်းဆိုလိုသည်” လို့ သူက ၂၀၁၂ မေလတုန်းက ဟက်ကာ ဖိုရမ်မှာ ရေးသားခဲ့သည်။ အွန်လိုင်း ဟက်ကင်း အဖွဲ့မှာ ချိတ်ဆက်ပါဝင်သူ အခြားနှစ်ဦးဖြစ်တဲ့ လင်းမြတ်အောင်နဲ့ မြတ်သူ တို့ဟာ DSA ကျောင်းဆင်းများဖြစ်ပြီး လင်းမြတ်အောင်က ဖိုရမ်မန်ဘာတွေကို စစ်တက္ကသိုလ်ကို လျှောက်ကြဖို့ အားပေးကြောင်း BHG ရဲ့ ဖေ့စဘုတ်စာမျက်နှာမှာ ပွင့်လင်းစွာ ထုတ်ဖော်ရေးသားခဲ့သည်။

မြန်မာလေသူရဲတစ်ဦးအဖြစ် ပုံဖော်ထားသည့် အောင်မင်းခန့်မှာ ဖေ့စဘုတ်တွင် ဟက်ကင်း ကိရိယာများ တင်ပြီး ထိုင်းရဲတပ်ဖွဲ့ကို ဇန်နဝါရီလက တိုက်ခိုက်ခဲ့ရာမှာ အဓိကနေရာက ပါဝင်ခဲ့တယ်လို့ စစ်ဆေးတွေ့သည်ဟု ဆိုသည်။ မြတ်သူကတော့ အဲဒီနောက်မှာ BHG ကိုယ်စား ထိုင်းကို တိုက်ခိုက်ခဲ့ကြောင်း သက်သေပြတဲ့ လူထုသို့ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ပြီး ခိုးယူရရှိတဲ့ 1GB အချက်အလက်တွေကို ဖြန့်ဝေခဲ့သည်။

ဆက်သွယ်မေးမြန်းခဲ့တဲ့အခါမှာတော့၊ လင်းမြတ်အောင်က သူဟာ Blink Hacker Group ထဲက ဘယ်အဖွဲ့ဝင် တစ်ဦးတယောက်ကိုမှ သိရှိခြင်းမရှိဘူးလို့ ဆိုသည်။ “ကျွန်တော်က ဖေ့စဘုတ်ပေါ်က ဟက်ကာဆိုသူတွေနဲ့ နောက်ပြောင်နေတာပါ။ တကယ်တမ်း BHG အဖွဲ့ဝင်တွေကို ကျွန်တော် လုံးဝ မသိပါဘူး” လို့ သူက ပြောဆိုသည်။ သူဟာ စစ်တက္ကသိုလ်ကို ကြည်ညိုပေမဲ့ သူကိုယ်တိုင်ကတော့ ကျောင်းဆင်းတစ်ယောက် မဟုတ်ပါဘူးလို့ ဖြည့်စွက်ပြောဆိုခဲ့သည်။

KSL ဘာသာပြန်သည်။
Ref - The Diplomat
The Ladies News

No comments:

Post a Comment

My Blog List