Monday, February 29, 2016

တပ်မတော်သားများလွှတ်တော်၌ ပါဝင်ခြင်း ဥပဒေနှင့်အညီဖြစ်ဟု ဗိုလ်ချုပ်မှူးကြီး ပြော


တပ်မတော်သား ကိုယ်စားလှယ်များ သက်ဆိုင်ရာ လွှတ်တော်များတွင် ပါဝင်နေခြင်းသည် ဥပဒေနှင့် အညီဖြစ်ပြီး၊ သမိုင်းအရ တိုင်းပြည်၏ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးပိုင်းများတွင် နိုင်ငံခြားသားများ၊ သွေးနှောများ ပါဝင်လုပ်ဆောင်ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်များကြောင့် နိုင်ငံ တော် ပြိုကွဲ မည့် အခြေအနေများတွင် တပ်မတော်က တိုင်းပြည်အခြေအနေကို ထိန်းသိမ်း ကာကွယ်ခဲ့ရ ကြောင်း၊ဒို့တာဝန်အရေး ၃ပါးကို အထိအခိုက်မခံနိုင်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပုသိမ်တပ်နယ်နှင့် ဟိုင်းကြီးကျွန်းရှိ ပမ္မ၀တီ ရေတပ်စခန်း ဌာနချုပ်တို့မှ တပ်မတော်သားများကို ပြောဆိုလိုက်သည်။
ထို့အပြင် မြန်မာနိုင်ငံတွင်ကျင့်သုံးသော နိုင်ငံရေးစနစ်အရလူပုဂ္ဂိုလ်ဆိုင်ရာ ထိခိုက်မှုနှင့် နာကြည်း ခံစားမှုများရှိခဲ့ရာ ထိုခံစားချက်များကြောင့် တပ်မတော်နှင့်အစိုးရအပေါ် မကျေနပ်မှု၊ စိတ်အလိုမကျ မှုများ ဖြစ်ပေါ် စေခဲ့ကြောင်း၊ တပ်တွင်းစည်းလုံးရေးတည်ဆောက်ကာ ပြည်သူ့ဆက်ဆံ ရေးကောင်းမွန် အောင် လုပ်ဆောင်သွားရန်လိုကြောင်း ပြောကြားသွား သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကိုကိုးကျွန်း မြန်မာရေပိုင်နက်တွင် တပ်မတော်(ရေ)လေ့ကျင်မှုကို သွားရောက်ကြည့်ရှုခဲ့သေးသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List