Monday, February 29, 2016

"ပြည်ထောင်စုလွှတ်တော်ကိုအကြံပေးရန် သူရဦးရွှေမန်းဦးဆောင်မယ့် ကော်မရှင်ဖွဲ့စည်း"


ပြည်ထောင်စုလွှတ်တော်ကို အကြံပြုနိုင်ရန်နှင့်ပူးပေါင်းဆောင်ရွက်နိုင်ရန် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်ကို သူရဦးရွှေမန်း ဥက္ကဌအဖြစ်တာဝန်ယူကာ ဒုဥက္ကဌ နှစ်ဦး အဖွဲ့ဝင် ၃၂ ဦးဖြင့် ဖွဲ့စည်းဖို့လွှတ်တော်ကို တင်ပြလာပါတယ်။
ဒီကော်မရှင်က လွှတ်တော်မှာ အထူးကိစ္စရပ်များပေါ်ပေါက်လာပါက ဥပဒေအမြင်နှင့်ယှဉ်တွဲလေ့လာသုံးသပ်ကာ လွှတ်တော်ဥက္ကဌများမှတဆင့် လွှတ်တော်ကိုအသိပေးရမှာဖြစ်ပါတယ်။

လက်ရှိလွှတ်တော်ကိုယ်စားလှယ် ၄ဦး၊လွှတ်တော်ကိုယ်စားလှယ်ဟောင်း တွေနဲ့ပြင်ပပညာရှင်တွေ ပါဝင်ကာ စုစုပေါင်း ၃၅ ဦးနဲ့ဖွဲ့စည်းမှုကို မနက်ဖြန် ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ သဘောတူညီချက်ရယူမယ်လို့သိရ ပါတယ်။

ယခုကော်မရှင်ကိုပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးရင် ပြည်သူ့ လွှတ်တော်က သူရဦးရွှေမန်းဦးဆောင်တဲ့ ကော်မရှင်ကိုဖျက်သိမ်းရမှာဖြစ်ပါ တယ်။

Author - ချိုဇင်မာဝင့်
photo - ဖေသက်ထက်ခင်
Kumudra

No comments:

Post a Comment

My Blog List