နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်းက မိန်းကလေးဘော်ဒါဆောင်တခုကို အစ္စလာမ်မစ် စစ်သွေးကြွတွေ က ၀င်ရောက်စီးနှင်းခဲ့ပြီး ကျောင်းသူ တစ်ရာကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
အဲဒီ သေနတ်သမားတွေဟာ ညသန်းခေါင်ယံအချိန်မှာ ဘော်ဒါဆောင်ကို ရောက်လာခဲ့ပြီး လော်ရီ ကုန်တင်ကား အပြင် ဘက်စ်စကား တစီးနဲ့ တောနက်ထဲကို မောင်းနှင် ခေါ်ဆောင် သွားခဲ့ပါတယ်။
နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းက ဘော်နိုပြည်နယ်ဟာ အစ္စလာမ်မစ် စစ်သွေးကြွတွေ ကြီးစိုး တဲ့ ဒေသဖြစ်ပါတယ်။
မော်တော်ယာဉ် စက်ချို့ယွင်းလို့ ကားနှေးသွားတဲ့ အချိန်မှာ ကျောင်းသူလေးတချို့ဟာ ကားပေါ်က ခုန်ချ ပြီး တောထဲမှာ ပုန်းခိုကာ မိုးလင်းတဲ့ အချိန်ကျမှ အိမ်ပြန်ခဲ့ကြတယ်လို့ လွတ်မြောက် လာတဲ့ ကျောင်းသူတွေထဲက တယောက်က ပြန်လည်ပြောပြခဲ့ပါတယ်။
ABC

No comments:
Post a Comment