Thursday, April 17, 2014

ရုရှား ရန်ကို ကာကွယ်ဖို့ နေတိုးတပ်ဖွဲ့ တိုးချဲ့ ချထားမယ်လို့ဆို


ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ​ရုရှားရဲ့ ​ရန်ကို ​ကာကွယ်နိုင်ဖို့အတွက် ​အရှေ့ဥရောပ ​နယ်စပ်တလျှောက် မှာ ​စစ်အင်အားပိုမို တိုးချဲ့ချထားမယ်လို့ ​​မြောက်အတ္တလန္တိတ်စစ်စာချုပ် ​နေတိုးအဖွဲ့ကပြောကြား လိုက်ပါတယ်။
နေတိုးအဖွဲ့အနေနဲ့ ​လေတပ်၊ရေတပ်နဲ့ ​ကြည်းတပ်တွေအားလုံးကို ​ပိုတိုးချဲ့ ​ချထားမယ်လို့ ​အဖွဲ့ရဲ့ ​အထွေထွေအတွင်းရေးမှူး ​Anders ​Fogh ​Rasmussen ​က ​ပြောကြားခဲ့ပေမယ့် ​စစ်တပ်အင်အား ​ဘယ်လောက် ​ရှိမလဲ ​ဆိုတဲ့ ​အသေးစိတ် ​ကိုတော့ ​ပြောဆိုဖို့ ​ငြင်းဆိုခဲ့ပါတယ်။

ယူကရိန်း ​အပေါ် ​ရုရှားရဲ့ ​ရန်လိုမှုတွေကို ​ဟန့်တားနိုင်ဖို့ ​အတွက် ​အခုလို ​လုပ်ဆောင် ​ရတာဖြစ်တယ်လို့ ​နေတိုး ​တပ်အဖွဲ့ ​အထွေထွေ ​အတွင်းရေးမှူးက ​ပြောပါတယ်။

ရုရှားနိုင်ငံဟာ ​ယူကရိန်းနိုင်ငံထဲ ​အကြမ်းဖက် ​၀ါဒတွေကို ​သွတ်သွင်းပြီး ​နိုင်ငံရဲ့ ​လွတ်လပ်ရေးကို ​ဖျက်ဆီးချင်တဲ့ ​ဆန္ဒရှိကြောင်း ​ယူကရိန်း ​ယာယီ ​၀န်ကြီးချုပ် ​Arseniy ​Yatseniuk ​က ​ပြောကြားလိုက်ပြီး ​တဲ့နောက်မှာပဲ ​နေတိုးအဖွဲ့က ​သူတို့ရဲ့ ​တပ်အင်အားတွေ ​တိုးချဲ့ချထားဖို့ ​ပြောဆိုလိုက်တာ ​ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List