ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တောင်ကိုရီးယား ကူးတိုသင်္ဘောနစ်မြုပ်မှုအတွင်း သေဆုံးသူ အရေအတွက်မှာ ၁၈ ဦးရှိပြီလို့ တာဝန်ရှိသူကတွေက ယနေ့ အတည်ပြုပါတယ်။ ကျောင်းသူ ကျောင်းသား အများစုအပါအဝင် ခရီးသည် ၃၀၀ နီးပါး ပျောက်ဆုံးနေပြီး ရှာဖွေမှုများ ဆောင်ရွက်နေ ပါတယ်။
၆,၈၂၅ တန်ချိန်ရှိတဲ့ အဆိုပါ သင်္ဘောဟာ တောင်ကိုရီးယားနိုင်ငံ အင်ချွန်းဆိပ်ကမ်းမှ ထွက်ခွာ လာတာဖြစ်ပြီး ဂျေဂျူကျွန်းကို ဦးတည်ခုတ်မောင်းနေစဉ် နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။ နစ်မြုပ်သွားတဲ့ ကူးတို့သင်္ဘောပေါ်မှာ လိုက်ပါလာသူ ၄၇၅ ဦးပါရှိပြီး ၃၇၅ ဦးဟာ အထက်တန်း ကျောင်းသူ ကျောင်းသားတွေဖြစ်တယ်လို့ ဆိုပါတယ်။
သင်္ဘောနစ်မြုပ်မှုအတွင်း ပျောက်ဆုံးနေသူတွေကို ရေငုပ်သမား ၅၀၀ ကျော်၊ သင်္ဘော ၁၆၉ စင်း၊ လေယာဉ်နဲ့ရဟတ်ယာဉ် ၂၉ စင်းဖြင့် အသုံးပြုရှာဖွေလျက်ရှိကြောင်း သိရှိရပါတယ်။ တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ အဆိုအရ လူ ၁၇၉ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားသမ္မတ ပက်ခ်ဂျေဟွန်းက ကူးတို့သင်္ဘောနစ်မြုပ်မှုအတွင်း ပျောက်ဆုံးနေတဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ မိဘတွေနဲ့ ယနေ့ တွေ့ဆုံခဲ့ပါတယ်။ ကျောင်းသူ ကျောင်းသားတွေရဲ့ မိဘတွေဟာ ကူးတို့သင်္ဘောနစ်မြုပ်မှု ဖြစ်ရပ်အပေါ် ဒေါသထွက်နေကြကြောင်း သိရှိရပါတယ်။
Planet Myanmar Network




No comments:
Post a Comment