Thursday, April 17, 2014

ဗြိတိန်တော်ဝင် မင်းသား မိသာစု သြစီကို အလည်အပတ် ရောက်ရှိ


ဗြိတိန်နိုင်ငံက ​တော်ဝင် ​မင်းသား ​ဝီလီယံနဲ့ ​မိသားစုဝင်တွေ ​သြစတြေးလျနိုင်ငံ ​ဆစ်ဒနီမြို့ရဲ့ ​ဒုတိယနေ့မြောက် ​ခရီးစဉ်အတွင်း ​တောမီးလောင်မှု ​ဒဏ်ခံခဲ့ရတဲ့ ​Blue ​Mountains ​ဒေသကို ​သွားရောက်လေ့လာမှာ ​ဖြစ်ပါတယ်။
အဲဒီခရီးစဉ်အတွင်း ​မီးလောင်မှုဒဏ်ခံရတဲ့ ​ဒေသခံတွေ၊ ​မီးသတ်သမားတွေနဲ့ ​တွေ့ဆုံဖို့ရှိပြီး ​သစ်ပင်ပန်းမန် ​စိုက်ပျိုးမှုတွေ ​ဝိုင်းဝန်းလုပ်ဆောင်ဖို့ ​ရှိပါတယ်။

အဲဒီနောက်မှာတော့ ​ဝန်ကြီးချုပ် ​တိုနီ ​အာဘော့တ်နဲ့ ​တွေ့ဆုံမှာ ​ဖြစ်ပါတယ်။

မင်းသား ​ဝီလီယံ၊ ​မင်းသမီးကိတ်နဲ့ ​သားငယ်လေး ​ဂျော့ဂ်ျတို့ဟာ ​မနေ့က ​စပြီး ​နယူးဇီလန်နိုင်ငံကနေ ​သြစတြေးလျနိုင်ငံကို ​ရောက်လာ ​တာဖြစ်ပြီး ​သြစတြေးလျနိုင်ငံမှာ ​ဆယ်ရက်ကြာ ​လည်ပတ်မှာ ​ဖြစ် ပါတယ်။

မနက်ဖြန်မှာတော့ ​ကွင်းစလန်းပြည်နယ်က ​လေတပ်စခန်းကို ​လေ့လာမှာဖြစ်ပြီး ​အဲဒီနောက် ​မြို့တော်ကင်ဘာရာကို ​သွားရောက်မှာ ​ဖြစ်ပါတယ်။

ဗြိတိန်တော်ဝင် ​မိသားစုတွေ ​အနေနဲ့ ​သြစတြေးလျနိုင်ငံ ​ပြည်မမှာရှိတဲ့ ​ပြည်နယ်အတော်များများကို ​သွားရောက်လည်ပတ်မှာ ​ဖြစ်ပေမယ့် ​မဲလ်ဘုန်းမြို့ရှိရာ ​ဗစ်တိုးရီးယားပြည်နယ်နဲ့ ​ပတ်သ်မြို့ရှိရာ ​အနောက်သြစတြေးလျပြည်နယ်ကိုတော့ ​သွားရောက်မှာ ​မဟုတ်ဘူးလို့ ​သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List