Saturday, April 19, 2014

သင်္ကြန်ကာလတွင် နိုင်ငံတစ်ဝန်း လူသတ်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၃ မှုနှင့် ယာဉ်တိုက်မှု ၃၃၃ မှုအပါအ၀င် အမှုပေါင်း ၈၃၆ မှု ဖြစ်ပွားပြီး ၉၁ ဦး သေဆုံး


သင်္ကြန်ကာလအတွင်း ပြည်တွင်း၌ လူသတ်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၃ မှု၊ ယာဉ်တိုက် မှု ၃၃၃ မှု အပါအ၀င် စုစုပေါင်း ၈၃၆ မှု ဖြစ်ပွားခဲ့ပြီး ၉၁ ဦး သေဆုံးကာ ၇၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှုခင်းဌာနမှ တာဝန်ရှိသူ ဒုတိယ ရဲမှူးကြီး ၀င်းစိန်က ဧပြီလ ၁၈ ရက် နံနက် ပိုင်းက ပြောကြား သည်။
နေပြည်တော် တိုင်းဒေသကြီးများအားလုံးတွင် ၂၀၁၄ ခုနှစ် မဟာသင်္ကြန်ကာလ လေးရက်အတွင်း လူသတ်မှု ၃၃ မှု၊ မုဒိမ်းမှု ၁၃ မှု၊ ယာဉ်တိုက်မှု ၃၃၃ မှု၊ နာကျင်မှု ၁၅၀ မှု၊ ခိုးမှု(၆၁)၃ မှု၊ ခိုးမှု(ဆိုင်ကယ်) ၁ မှု၊ ခိုးမှု(ခါးပိုက်နှိက်) ၂ မှု၊ ခိုးမှု(ရိုးရိုး) ၁၂ မှု၊ ခိုးမှု(၆၈၂) ၅ မှု၊ သေမှုသေခင်း ၁၆ မှု နှင့် အခြားအမှု ၂၆၈ မှု စုစုပေါင်း ၈၃၆ မှု ဖြစ်ပွားခဲ့ပြီး ၉၁ ဦး သေဆုံးကာ ၇၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုဖြစ်စဉ် အားလုံးမှာ သင်္ကြန် ကာလအတွင်း သင်္ကြန်နှင့် ဆက်စပ်ဖြစ်ပွားခဲ့သော မှုခင်းများနှင့် သင်္ကြန်နှင့်ဆက်စပ်မှု မရှိဘဲ ဖြစ်ပွားခဲ့သော မှုခင်းများဖြစ်သည်။

"သင်္ကြန်ကာလ အတွင်းမှာ သင်္ကြန်နဲ့ ဆက်စပ်ဖြစ်ပွားတဲ့ မှုခင်းဖြစ်စဉ်တွေကို ပြီးခဲ့တဲ့နှစ်ကာလနဲ့ နှိုင်းယှဉ် မယ်ဆိုရင် အမှုပေါင်းအရေအတွက်မှာ ၁၇ မှုနဲ့ ဒဏ်ရာရရှိ သူ အရေအတွက်မှာ ရှစ်ဦး ပိုပြီးဖြစ်ပွားခဲ့ တယ်။ သေဆုံးခဲ့တဲ့သူ အရေအတွက်မှာ တော့ ၁၇ ဦး လျော့နည်းခဲ့တယ်။ ရဲတပ်ဖွဲ့ အနေနဲ့ သင်္ကြန်ကာလမတိုင်ခင်မှာ မှုခင်းတွေလျော့နည်းဖို့နဲ့ လုံခြုံရေးအပိုင်းတွေကို စီမံချက်ချမှတ်ပြီးတော့ လိုတာထက် ပိုပြီး တော့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့တယ်။ 
 
ဒါ့ကြောင့် တချို့ဖြစ်ပွား မှုနှုန်းတွေ လျော့ကျ လာတာ တွေ့ရတယ်။ အမှုပေါင်း အရေအတွက်မှာတော့ ပိုပြီးဖြစ်ခဲ့တဲ့ အဓိက အကြောင်းရင်းက မော်တော်ကားတွေ၊ ဆိုင် ကယ်တွေ သိသိသာသာ တိုးပွားလာလို့ ယာဉ်တိုက်မှုတွေ ယမန်နှစ်ကထက် တိုး လာတာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ မှုခင်းဌာနမှ တာဝန်ရှိသူ ဒုတိယ ရဲမှူးကြီးဝင်းစိန်က ပြောကြားခဲ့သည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း ဆက်စပ်ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်များမှာ လူသတ်မှု ၅ မှု၊ ၅ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ၊ မုဒိမ်းမှု ၃ မှု၊ ယာဉ်မတော်တဆမှု ၂၅ မှု(၄ ဦး သေဆုံး၊ ၈၈ ဦး ဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု ၆၄ မှု(၁၀၂ ဦး ဒဏ်ရာရ)၊ ၀တ္တရားနှောင့်ယှက်မှု ၂ မှု (၂ ဦးဒဏ်ရာရ)၊ မူးယစ်ရမ်းကားမှု ၁၃ မှု၊ ကာယိအိနြေ္ဒဖျက် ဆီးမှု ၅ မှု၊ အခြားအမှု ၆ မှု၊ ခိုးမှု/ခါးပိုက်နှိုက်မှု ၅၂ မှု၊ သေမှုသေခင်း ၅ မှု(၆ ဦး သေဆုံး)၊ လက်နက်ကိုင်ဆောင်မှု (၁၄)မှု၊ စုစုပေါင်း ၁၉၄ မှု ဖြစ်ပွားခဲ့ပြီး ၁၅ ဦး သေဆုံး၍ ၁၉၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယရဲမှူးကြီးဝင်းစိန်က "ဥပမာ ရေကစားရင်းနဲ့ ရန်ဖြစ်တဲ့အမှု ဆိုရင်တော့ သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့တဲ့မှုခင်း ဖြစ်စဉ်တွေထဲမှာ ပါဝင်တယ်။ ဒါပေမဲ့ သင်္ကြန်ကာလ အတွင်းမှာပဲ နေအိမ်ထဲမှာ စကားများရန်ဖြစ် ခဲ့တယ်ဆိုရင် တော့ ဒီဖြစ်စဉ်က သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့တဲ့ မှုခင်းဖြစ်စဉ်တွေထဲမှာ မပါဝင်ပါဘူး။ သင်္ကြန်နဲ့ ဆက်စပ်ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေကိုပဲ သင်္ကြန်ကာလမှုခင်း ဖြစ်စဉ်တွေအဖြစ် ထုတ်ပြန်ခဲ့တာဖြစ်တယ်" ဟု ဆိုသည်။

၂၀၁၃ ခုနှစ် မဟာသင်္ကြန်ကာလတွင် စုစုပေါင်းအမှု ၁၇၇ မှု ဖြစ်ပွားခဲ့ပြီး ၃၂ ဦး သေဆုံး၍ ၁၉၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရသည်။



Eleven Media Group

No comments:

Post a Comment

My Blog List