Tuesday, March 12, 2013

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီး ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်

Photo: ပြည်ထောင်စု  အဆင့်  ငြိမ်းချမ်းရေး  ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့၏  ငြိမ်းချမ်းရေး  ဆွေးနွေးပွဲ
အပြီး  ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်
Tuesday, March 12,2013

ပည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတ် ၁၁ ရက်နေ့ က တရုတ်နိုင်ငံ ရွှေလီမြို့၌ ပြုလုပ်ခဲ့ပြီး တရုတ် စံတော်ချိန် မတ်လ ၁၁ ရက်နေ့ ည ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ပြီးဆုံးခဲ့ပါသည်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မတ်လ ၁၁ရက်နေ့  နံနက်ပိုင်းတွင်  စတင်ပြုလုပ်ခဲ့ပြီး  နေ့လည် ထမင်းစားပြီးချိန်မှ  စတင်ပြီး  ဆွေးနွေးပွဲကို  ခေတ္တ  ရပ်နားခဲ့ကာ  ည ၉ နာရီအချိန်တွင်  ဆက်လက်  ကျင်းပခဲ့ပြီး ည ၁၂ နာရီ ၄၅ မိနစ် အချိန်တွင် ပြီးဆုံးခဲ့ခြင်း ဖြစ်ပါသည်။ (သတင်းအပြည့်အစုံကို ဆက်လက် ဖော်ပြပါမည်)

ဆွေးနွေးမှုအပြီးထုတ်ပြန်ခဲ့သောပူးတွဲ  ကြေညာချက်မှာ အောက်ပါအတိုင်း  ဖြစ်ပါသည်။

(၁) ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး  ဦးအောင်မင်း  ဦးဆောင်၍ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး  အပါအ၀င်  ကိုယ်စားလှယ်အဖွဲ့နှင့် KIO အမြဲတန်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ် အဖွဲ့တို့သည် ၂၀၁၃ ခုနှစ် မတ်လ (၁၁၊ ၁၂) ရက်နေ့များတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ရွှေလီမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

(၂) တွေ့ဆုံ ဆွေးနွေးပွဲသို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်  ကောင်စီ (UNFC) မှ  ကိုယ်စားလှယ် (၄) ဦး ၊ SSPP မှ ကိုယ်စားလှယ်(၂) ဦး၊  RCSS မှ ကိုယ်စားလှယ် (၂) ဦး ၊  NDAA မှ ကိုယ်စားလှယ် (၂) ဦး၊  ငြိမ်းချမ်းရေး ဆွေးနွေးရေး  အကျိုးတော်ဆောင်အဖွဲ့ (PCG)မှ ကိုယ်စားလှယ် (၄) ဦးနှင့် လေ့လာသူများအဖြစ် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံမှူးကြီး Mr.Wang Zongying နှင့် (၂) ဦးတို့ တက်ရောက်ခဲ့ပါသည်။

(၃) နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့သည်ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး
 အောက်ဖော်ပြပါ အချက်များကို သဘောတူညီ ကြပါသည်။

-(က) စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲများကို စတင်နိုင်ရေးအတွက် အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခိုင်မာသော အပစ်အခတ် ရပ်ဆိုင်းရေး ရရှိသည်အထိ ဆောင်ရွက်ရန် သဘော တူညီသည်။

-(ခ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ တွေ့ဆုံပွဲမှ ရလဒ်အဖြစ် တိုက်ပွဲများကို လျော့ချနိုင်ခဲ့သည် ဖြစ်ရာဆက်လက်၍လည်း ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက် တပ်ဖွဲ့များ ဆိုင်ရာ ကိစ္စများကို ဆက်လက်၍ ညှိနှိုင်း ဆောင်ရွက်သွားမည်။ လိုအပ်သည့် ညွှန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေ တပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြား သွားရန် သဘောတူသည်။

-(ဂ)ပဋိပက္ခ ဖြစ်ပွားသော ရှေ့တန်းစစ်မြေပြင်များကိုကွင်းဆင်း လေ့လာ
 စောင့်ကြည့်နိုင်ရေးအတွက်နှင့် နှစ်ဖက်ပိုမိုနီးကပ်စွာညှိနှိုင်း ဆောင်ရွက် နိုင်
ရန်အတွက် ညှိနှိုင်း စောင့်ကြပ်ရေး ရုံးများကို နှစ်ဖက်ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွားရန် သဘောတူသည်။

-(ဃ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ အစည်းအဝေးတွင် သဘောတူညီ ခဲ့ကြသည်များနှင့် ၂၀၁၃ ခုနှစ် မတ်လ (၁၁၊ ၁၂) ရက်နေ့ အစည်းအဝေးတွင် သဘော တူညီခဲ့ကြသည်များကို ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သဘောတူသည်။

-(င) နောက်တစ်ကြိမ် ဆွေးနွေးမှုကို ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ မတိုင်မီ ကျင်းပသွားရန် သဘောတူသည်။

၎။ စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှုများ တစ်နိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက် သွားကြမည် ဖြစ်ပါသည်။

Eleven Media Group

KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့်
ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) ခေါင်းဆောင် ဦးယွပ်ဇော်ခေါင် တို့ကို ဆွေးနွေးပွဲ အပြီးတွင် တွေ့ရစဉ်ပည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ ၏ ငြိမ်းချ မ်းေ ရး ဆွေးနွေးပွဲကို မတ် ၁၁ ရက်နေ့ က တရုတ်နို င်ငံ ရွှေလြီ မို့၌ ပြု လုပ်ခဲ့ပြီး တရုတ် စံတော်ချိန် မတ်လ ၁၁ ရက်နေ့ ည ၁၂ နာရီ ၄၅ မိနစ် အချိန်တွင် ပြီးဆုံးခဲ့ပါသည်။
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ ၏ ငြိမ်းချမ်းေ ရး ဆွေးနွေးပွဲကို မတ်လ ၁၁ရက်နေ့ နံနက်ပိုင်းတွင် စတင်ပြု လုပ် ခဲ့ပြီး နေ့လည် ထမင်းစားပြီးချိန်မှ စတင်ပြီး ဆွေးနွေးပွဲကို ခေတ္တ ရပ်နားခဲ့ကာ ည ၉ နာရီအချိန်တွင် ဆက် လက် ကျင်းပခဲ့ပြီး ည ၁၂ နာရီ ၄၅ မိနစ် အချိန်တွင် ပြီးဆုံးခဲ့ခြင်း ဖြစ်ပါသည်။ (သတင်းအပြည့်အစုံကို ဆက်လက် ဖော်ပြပါမည်)

ဆွေးနွေးမှုအပြီးထုတ်ပြန်ခဲ့သောပူးတွဲ ကြေညာချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအ၀င် ကိုယ်စားလှယ်အဖွဲ့နှင့် KIO အမြဲတန်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ် အဖွဲ့တို့သည် ၂၀၁၃ ခုနှစ် မတ်လ (၁၁၊ ၁၂) ရက်နေ့များတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ရွှေလီမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

(၂) တွေ့ဆုံ ဆွေးနွေးပွဲသို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ကိုယ်စားလှယ် (၄) ဦး ၊ SSPP မှ ကိုယ်စားလှယ်(၂) ဦး၊ RCSS မှ ကိုယ်စားလှယ် (၂) ဦး ၊ NDAA မှ ကိုယ်စားလှယ် (၂) ဦး၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ (PCG)မှ ကိုယ်စားလှယ် (၄) ဦးနှင့် လေ့လာသူများအဖြစ် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံမှူးကြီး Mr.Wang Zongying နှင့် (၂) ဦးတို့ တက်ရောက်ခဲ့ပါသည်။

(၃) နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့သည်ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီးအောက်ဖော်ပြပါ အချက်များကို သဘောတူညီ ကြပါသည်။

-(က) စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲများကို စတင်နိုင်ရေးအတွက် အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခိုင်မာသော အပစ်အခတ် ရပ်ဆိုင်းရေး ရရှိသည်အထိ ဆောင်ရွက်ရန် သဘော တူညီသည်။

-(ခ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ တွေ့ဆုံပွဲမှ ရလဒ်အဖြစ် တိုက်ပွဲများ ကို လျော့ချနိုင် ခဲ့သည် ဖြစ်ရာဆက်လက်၍လည်း ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက် တပ်ဖွဲ့များ ဆိုင်ရာ ကိစ္စများကို ဆက်လက်၍ ညှိနှိုင်း ဆောင်ရွက်သွားမည်။ လိုအပ်သည့် ညွှန်ကြားချက် အမိန့်များ ကို နှစ်ဖက် တပ်များ သက်ဆိုင်ရာ အောက်ခြေ တပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြား သွားရန် သဘောတူသည်။

-(ဂ)ပဋိပက္ခ ဖြစ်ပွားသော ရှေ့တန်းစစ်မြေပြင်များကိုကွင်းဆင်း လေ့လာစောင့်ကြည့်နိုင်ရေးအတွက်နှင့် နှစ်ဖက်ပိုမိုနီးကပ်စွာညှိနှိုင်း ဆောင်ရွက် နိုင်
ရန်အတွက် ညှိနှိုင်း စောင့်ကြပ်ရေး ရုံးများကို နှစ်ဖက်ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွားရန် သဘောတူ သည်။

-(ဃ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ အစည်းအဝေးတွင် သဘောတူညီ ခဲ့ကြသည်များနှင့် ၂၀၁၃ ခုနှစ် မတ်လ (၁၁၊ ၁၂) ရက်နေ့ အစည်းအဝေးတွင် သဘော တူညီခဲ့ကြသည်များကို ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သဘောတူသည်။

-(င) နောက်တစ်ကြိမ် ဆွေးနွေးမှုကို ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ မတိုင်မီ ကျင်းပသွားရန် သဘောတူသည်။

၎။ စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှုများ တစ်နိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက် သွားကြမည် ဖြစ်ပါသည်။

Eleven Media Group

KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ် ချုပ် ကြီး မြင့်စိုး၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့်
ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) ခေါင်းဆောင် ဦးယွပ်ဇော်ခေါင် တို့ ကို ဆွေးနွေးပွဲ အပြီးတွင် တွေ့ရစဉ်

No comments:

Post a Comment

My Blog List