Monday, March 11, 2013

ဒီဇယ် တစ်ဂါလန်ဖြင့် ၃၁၃ မိုင် မောင်းနှင်နိုင်သည့် ကမ္ဘာ့ဆီစား အသက် သာဆုံး ကား

တစ်နေ့တခြား လောင်စာဆီ ဈေးနှုန်း မြင့်တက်လာပြီး လောင် စာဆီ ရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်ရန် အတွက် ကမ္ဘာ့ဆီစား အသက် သာဆုံး ကားကို ဗောက်စ်ဝက်ဂွန်ကား ကုမ္ပဏီက ထုတ်လုပ် လိုက် ပြီ ဖြစ်သည်။ အဆိုပါ ကုမ္ပဏီ မှထုတ်လုပ် လိုက်သော ကားသည် ဒီဇယ်ဆီ တစ်ဂါလန်လျှင် ၃၁၃ မိုင်မောင်းနှင် နိုင်သည်။
VWXL 1 ဟု အမည် ပေးထားသော ကားတွင် တပ်ဆင် ထားေ သာ ေ သးငယ်သည့် ၈ဝဝ စီစီ ဒီဇယ် အင်ဂျင် တစ်လုံး၊ သီးခြား လျှပ်စစ် မော်တာတစ်လုံးနှင့် ဘက်ထရီ တို့၏
စွမ်းအားဖြင့် မောင်းနှင်နိုင်သည်။ VWXL 1ကားသည် ဟိုက်ဒရစ် ကားအမျိုးအစား ဖြစ်ပြီး တစ်နာရီလျှင် ၆၂ မိုင်နှုန်းသို့ ၁၂ ဒသမ ၂ စက္ကန့် အတွင်း အရှိန်မြှင့်တင် နိုင်ပြီး အမြင့်ဆုံး အမြန်နှုန်း တစ်နာရီ ၉၉ မိုင်ဖြစ်သည်။

VWXL1 ကားသည် ပြိုင်ကားကဲ့သို့ အရှိန်မြှင့် မောင်းနှင်နိုင်ခြင်း မရှိသော်လည်း အလေး ချိန် ပေါ့ ပါး သောကြောင့် ၆၂ မိုင်ခရီး မောင်းနှင်လျှင် စတာလင်ပေါင် ၁ ဒသမ၄ဝ ပေါင်သာ ကုန်ကျမည် ဖြစ်သည်။ VWXL1 ကားသည် ၃၁ မိုင်အကွာ အဝေးအထိ လျှပ်စစ် ဓာတ်အားဖြင့် မောင်းနှင် နိုင်သောကြောင့် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်ခြင်း မရှိပေ။ ဒီဇယ် အင်ဂျင်ဖြင့် မောင်းနှင်ပါက ၁ ကီလိုမီတာလျှင် ကာဗွန် ၂၁ ဂရမ်သာ ထွက်ရှိသောကြောင့် လက်ရှိ ပတ်ဝန်းကျင် သန့်ရှင်းမှု အရှိဆုံးကား ဖြစ်သည်။ တိုယိုတာကား ကုမ္ပဏီမှ ထုတ်လုပ်သည့် Prius ကား၏ ကာဗွန် ထွက်ရှိမှုထက် လေးပုံတစ်ပုံ ပိုနည်းသည်။ ကားတစ်စီးလုံးကို ကာဗွန် ဖိုင်ဘာဖြင့် ပြုလုပ် ထားသောကြောင့် ပေါ့ပါးပြီး အလေးချိန် ၇၉၅ ကီလိုဂရမ်သာ ရှိသည်။ XL1 ကားကို မတ်လတွင် ဂျနီဗာ ကားပြပွဲ၌ ပြသသွားမည် ဖြစ်ပြီး ပထမဆုံး ပုံစံ XL1 ကားထုတ် လုပ်မှုကို ၂ဝ၁၃ နှစ်ကုန်တွင် ထုတ်လုပ်သွားမည် ဖြစ်သည်။ မကြာမီ အချိန်အတွင်း ကမ္ဘာ့ဆီစား အသက်သာဆုံး ကားများ ကားချစ်သူများထံ ရောက်ရှိ လာတော့မည် ဖြစ်သည်။

http://bit.ly/Y53U7h

No comments:

Post a Comment

My Blog List