
ဒီပွဲမှာ ဘာစီလိုနား က အိမ်ကွင်း ပီပီ မီလန်ကို တချိန်လုံး ဖိကစား နိုင်ခဲ့ပြီး၊ ပထမပိုင်း မှာတင် တိုက်စစ်မှူး မက်ဆီက ၂ ဂိုး သွင်းယူပြီး ပွဲ ကို ဦးဆောင် နေခဲ့တာ ဖြစ်ပါတယ်။
မက်ဆီသွင်းယူ တဲ့ ၂ လုံး စလုံးဟာ ဂိုးရှေ့ ပါနယ်တီး စည်း နားလောက်က နေ လှမ်းကန် သွင်းတဲ့ ဂိုးတွေပဲ ဖြစ်ပါတယ်။ ဒုတိယပိုင်း ၅၅ မိနစ်မှာ ဒေးဗစ် ဗီယာ က တဂိုး သွင်းယူပြီး၊ မိနစ် ကိုးဆယ်ပြည့်လို့ အချိန်ဖြည့် ကစားချိန် ၉၁ မိနစ် အရောက်မှာ အဲဘာ က တလုံး သွင်းယူပြီး ၄ ဂိုးနဲ့ အနိုင်ရရှိ သွား တာ ဖြစ်ပါတယ။်
နောက်တပွဲ ကတေော့ ဂျာမဏီက ရှောကာနဲ့ တူရကီက ဂလက်တာ စာရေး တို့ ပွဲဖြစ်ပြီး ဂလက်တာ စာရေးက ရှောကာကို ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ပြီး နှစ်ပွဲ ပေါင်း ၄ ဂိုး ၃ ဂိုးနဲ့ ဂလက်တာ စာရေး ကွာတား တက်သွား ပါတယ်။
No comments:
Post a Comment