Saturday, March 16, 2013

အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုရန် မျှော်လင့်နေသော နာနီ

မန်ယူ ကွင်းလယ်လူ နာနီသည် ၎င်းအနေဖြင့် အ သင်းနှင့် စာချုပ်သစ် ချုပ်ဆိုရန် မျှော်လင့်နေ သည်။ အဆိုပါ ပေါ်တူဂီ ကစားသမားသည် ယခု ရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲသာ ကစား ခဲ့ ရသော် လည်း လွန်ခဲ့သော ရီးရဲလ် အသင်းနှင့် ချန်ပီယံလိဂ် အိမ်ကွင်း ပွဲစဉ် တွင် ခြေစွမ်းများ ပြသနေခဲ့ သူဖြစ် သည်။ သို့သော် နာနီိမှာ ယင်းပွဲစဉ်တွင် အငြင်းပွား ဖွယ် ထုတ်ပယ် ခံခဲ့ရပြီး မန်ယူ အသင်း ရရှိသော အခွင့် ဂိုးအား အတိုင်းအတာ တစ်ခုအထိ ပံ့ပိုးခဲ့
သည်။ နာနီက အသင်းအတွက် ကစားရင်း မိမိ၏ ယုံကြည်ချက်မှာ မြင့်တက်လာပြီဖြစ်ပြီး အကောင်း ဆုံး ဖြစ်လာရန် လိုအပ်နေသေးကြောင်း၊ မိမိမှာ ၂ လကြာ ဒဏ်ရာရခဲ့၍ ယခုတွင် အားလုံးထက် ပိုပြီး မိမိ အနေဖြင့် လန်းဆန်းမှု အပြည့်အ၀ ရှိလာပြီ ဖြစ်ေ ကြာင်း၊ မိမိအနေဖြင့်လည်း ခြေစွမ်းပိုင်း ပိုမို တိုးတက်မှု ရှိလာနေပြီဟုလည်း ယုံကြည်ကြောင်း ဆိုသည်။ မန်ယူ နည်းပြ ဖာဂူဆန်သည် အသင်းမှ ကွင်းလယ်လူ စပို့တင်း လစ္စဘွန်း ကစားသမားဟောင်း နာနီကို အသင်းတွင် ကာလရှည် ဆက်ရှိနေရန် မျှော် လင့်နေ သည်။

No comments:

Post a Comment

My Blog List