Monday, March 11, 2013

အစိမ်းရောင် အသီးအရွက်များကို စားသုံးခြင်းဖြင့် အမျိုးသမီး ရောဂါ လက္ခဏာများအား ၄ဝ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်

အစိမ်းရောင်ရှိ အသီးအရွက်များအား စားသုံးခြင်းသည် အမျိုးသမီး များ ၌ ဓမ္မတာ မလာမီ ခံစားရသည့် ဝေဒနာများအား ၄ဝ ရာခိုင်နှုန်း အ ထိ လျှော့ချ ပေးနိုင်ကြောင်း သုတေသီများ၏ အဆိုအရ သိရသည်။ အပင်များတွင် တွေ့ရှိရသည့် non-heme အမည်ရှိ သံဓာတ်အား
သိပ္ပံပညာရှင် များမှ သေချာစွာ လေ့လာ ဆန်းစစ် ခဲ့ကြသည်။ သိပ္ပံ ပညာရှင်များသည် ၎င်းသတ္တုဓာတ် ပြည့်ဝစွာ ပါဝင်သည့် အစား အသောက် များကို စားသုံးသည့် အမျိုးသမီးများအား ၁ဝ နှစ် ကြာ လေ့လာခဲ့ရာ ၎င်း အမျိုးသမီး များတွင်
ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ်သည့် ရောဂါလက္ခဏာများအားသိသာစွ လျှော့ချ ပေးနိုင်ခဲ့ကြော င်းေ တွ့ ရှိ ခဲ့ကြသည်။
ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ်သည့် ရောဂါလက္ခဏာ များမှာ အမျိုးသမီး တစ်ဦး၏ ရာသီ စက်ဝန်းတွင် တစ်လမပြည့်ခင် နှစ်ပတ် အလို၌ ခံစားရလေ့ ရှိပြီး ၎င်းတို့မှာ ဆီးမထိန်းနိုင်ခြင်း၊ ရင်သား နာကျင် ကိုက်ခဲ ခြင်း၊ စိတ်ကယောင် ချောက်ချားဖြစ်ခြင်း၊ စိတ်ခံစား လွယ်ခြင်းနှင့် လိင်ဆက်ဆံမှုတွင် စိတ်ဝင်စားမှု နည်းပါး ခြင်းတို့ ဖြစ်သည်။

သုတေသန ပညာရှင်များသည် ပထမဦးစွာ သတ္တုဓာတ် ပါဝင်မှုနှင့် ဓမ္မတာ မလာခင် ဖြစ်ပေါ်တတ် သည့် ရောဂါ လက္ခဏာများ ဆက်စပ်မှုအား အမျိုးသမီးပေါင်း ၃ဝဝဝ အပေါ်၌ အကဲဖြတ် လေ့ လာခဲ့သည်။ လေ့လာမှုတွင် ပါဝင်သည့် ၎င်း အမျိုးသမီးများသည် ဓမ္မတာ မလာခင် ဖြစ်ပေါ် တတ် သည့် ရောဂါ လကဏ္ခာ များ ကြုံတွေ့ ခံစားရသူများ မဟုတ်ပေ။ ၁ဝ လကြာ ကာလအတွင်း ၎င်း အမျိုး သမီးများ စားသုံးသည့် အစားအစာများကို လေလ့ာခဲ့ရာ

Read Mroe == >http://bit.ly/14AaghU

No comments:

Post a Comment

My Blog List