Saturday, March 16, 2013

အမြောက် ကျည်စစ်များဖြင့် ပစ်ခတ်သော စစ်ရေး လေ့ကျင့်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကြီးကြပ်ကွပ်ကဲ

ပိုင်နက် အငြင်းပွားမှု ဖြစ်ပွားနေသော ဒေသများသို့ တောင်ကိုရီးယား ဝန်ကြီးချုပ် အလည်အပတ် သွားရောက်စဉ် တောင်နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံ အကြား အငြင်းပွားနေသော ပင်လယ်ရေ ပိုင်နက် အနီးတွင်အမြောက် ကျည်စစ်များဖြင့် ပစ်ခတ်သည့် စစ်ရေး လေ့ကျင့်မှု တစ်ရပ်ကို မြောက်ကိုရီးယား နိုင်ငံက လုပ်ဆောင်ခဲ့ပြီး အဆိုပါ စစ်ရေး လေ့ကျင့်မှုကို မြောက်ကိုရီးယား ခေါင်းေ ဆာင် ကင်ဂျုံ အွန်က
ကြီးကြပ် ကွပ်ကဲခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန တစ်ခုက မတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ သည်။ တောင် ကိုရီးယားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံကြား ဖြစ်ပွားခဲ့သော ပဋိပက္ခ များ သည် ပင်လယ်ဝါ နယ်နိ မိတ်တွင် ဖြစ်ပွားခဲ့ပြီး နှစ်ပေါင်းများစွာကြာ စစ်ရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်ခဲ့သည်။ ယခု တစ် ဖန် ဖြစ်ပွားမည့် ထိပ်တိုက် ရင်ဆိုင်မှုတွင်လည်း ပင်လယ်ဝါ နယ်နိမိတ် သည် အဓိက အချက် အချာ နေရာ အဖြစ် ထင်မြင်မိကြောင်း ၎င်း သတင်းဌာနက ဆက်လက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ရေး လေ့ကျင့်မှုနှင့် ပတ်သက်၍ ကင်ဂျုံအွန် ကြီးကြပ် ကွပ်ကဲမှု ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရှိရ သော်လည်း ပြီးခဲ့သည့် သီတင်းပတ်က အမြောက် တပ်ဖွဲ့များရှိရာ စစ်စခန်းများသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံ ဌာနနှင့် KCNA သတင်းဌာန တို့က ထုတ်ပြန်ခဲ့ သည်။ မြောက် ကိုရီးယား နိုင်ငံ၏ နောက်ဆုံးအကြိမ် စစ်ရေး လေ့ကျင့်မှုတွင် ရန်သူ ပစ်မှတ် အတု များကို ပစ်မှတ်ထား၍ အမြောက် များဖြင့် ပစ်ခတ် လေ့ကျင့်ခဲ့ကြောင်း KCNA သတင်း ဌာနက ထုတ်ပြန်ခဲ့ သည်။ မြောက် ကိုရီးယား နိုင်ငံက ရန်သူကို မီးကုန်၊ ယမ်းကုန် တိုက်ခိုက်မည်ဟု ခြိမ်းခြောက် ပြီး နောက်ပိုင်း တွင် ပိုင်နက် အငြင်းပွားမှု ဖြစ်နေ သော ပင်လယ် နယ်နိမိတ် အနီးရှိ ကျွန်းများအနက် တစ်ခုဖြစ်သော ယုံပြွန်း ကျွန်းသို့ တောင်ကိုရီးယား ဝန်ကြီးချုပ် ချောင်ဟုန်ဝန်က မတ် ၁၄ ရက် တွင် အလည်အပတ် သွားရောက် ခဲ့ပြီး မြောက်ကိုရီးယား နိုင်ငံ၏ ရန်စမှုများ အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ကြရန် တပ်ဖွဲ့ဝင်များကို တိုက်တွန်း ပြောကြားခဲ့သည်။

http://bit.ly/Z51Pr5

No comments:

Post a Comment

My Blog List