Wednesday, March 13, 2013

ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်အပေါ် အမြင်များ အပြောင်းအလဲနှင့် ယနေ့ မီဒီယာ

Photo: ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်အပေါ် အမြင်များ အပြောင်းအလဲနှင့် ယနေ့ မီဒီယာ
Wednesday, March 13, 2013

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော်နှင့် ပတ်သက်သော သဘောထား အမြင်များ မကြာခဏ ထုတ်ဖော်ပြော ဆိုရာတွင် ယခင်နှင့်မတူ အကောင်းမြင်သဘော ဖြင့် ပြောဆိုမှုများ ရှိလာကြောင်း တွေ့ရသည်။ ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ် သည့် NLD နိုင်ငံလုံး ဆိုင်ရာ ညီလာခံ နောက်ဆုံးနေ့တွင်လည်း ပြည်သူနှင့် တပ်မတော် အမြဲ အဆင် ပြေစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ အလေးအနက် ပြောဆိုခဲ့သည်။

ထိုနေ့တွင်ပင် ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍ သတင်းထာက်များ မေးမြန်းမှုကို ဖြေဆိုခဲ့ရာ၌ တပ်မတော်သားတွေကရော ပြည်သူ မဟုတ်ဘူးလား။ ပြည်သူလူထု ထောက်ခံမှုရှိရင် တပ်မတော် သား တွေ ထောက်ခံတာ ပါမှာပေါ့ ဟု ပြန်လည် ဖြေကြားခဲ့သည်ကိုလည်း တွေ့ရသည်။

မတ်လ ၁၂ ရက် နေ့ ပြည်ထောင်စုလွှတ်တော် ခေတ္တရပ်နားချိန်မှာ စုံစမ်းစစ်ဆေးကော်မရှင် အစီရင် ခံစာနဲ့ ပတ် သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်း ချက်ကို ဖြေကြားရာတွင်တော့
"တပ်မတော်ရဲ့ ဆက်ဆံရေးတို့၊ တရုတ်နဲ့ ဆက်ဆံရေးတို့ ဒါကိုအဓိကထားတာ မဟုတ်ပါဘူး၊ တိုင်း ပြည် အနာဂတ်ကို အဓိကထားတာပါ၊ တိုင်းပြည်သိက္ခာရှိအောင် နောက်ပြီးတော့ ဒီနိုင်ငံရဲ့ တိုး တက် မှု အတွက် အင်အားရအောင်လို့ ဒါကိုလုပ်သွားတာပဲဖြစ်ပါတယ်၊ ဥပမာဆိုလို့ရှိရင် တပ်မတော်နဲ့ ပြည်သူ ကြားမှာ ပြန်ပြီးတော့ ရင်ကြားစေ့ဖို့လိုတယ်၊ အထေ့အငေါ့တွေဖြစ်နေတဲ့ဟာကို ပြေလည်သွား အောင် လုပ်ဖို့ လိုတယ်ဆိုတာ တစိုက်မတ်မတ်ပြောခဲ့တဲ့ကိစ္စပါ၊ အဲဒါနဲ့ပတ်သက်လို့ ဘာမှထူးထူးထွေ ထွေ ထပ် မလိုပါဘူး၊ တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ရှိရင်လည်း အိမ်နီးနားချင်းနိုင်ငံတွေ အားလုံးနဲ့ အဆင် ပြေ အောင်နေကြရမယ်"

ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်များနှင့် ပတ်သက်၍ တပ်မတော်အရာရှိကြီး တစ်ဦးမှ ဒေါ်အောင်ဆန်းစုကြည် ပြောင်းလဲလာတာ ကောင်းပါတယ်။ သူ သမ္မတဖြစ်ရင်လဲ တပ်မတော်နဲ့ ဆက် ဆံရမှာပဲ။ အခုလို ပြည်သူနဲ့ တပ်မတော်ကြားမှာ ကြားခံတစ်ခုလို ဆက်ဆံပေးတာ ၀မ်းသာ စရာပါဟု သုံးသပ်ပြောဆိုခဲ့သည်။

သို့သော် အင်တာနက် သုံးသည့် မြန်မာလူမျိုးများ အကြား တပ်မတော်နှင့် ပြည်သူ သွေးခွဲ ရန်တိုက် သည့် အသုံးအနှုံးများ ဆက်လက်သုံးစွဲလျှက် ရှိသည်။ အထူးသဖြင့် ပြည်ပရောက် ဒုက္ခသည် အမည်ခံ ထားသည့် မြန်မာများ၊ဗကသ၊၈၈ အပါအ၀င် ထောင်ထွက်များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းရှိ အင်တာနက် သုံးသူများမှ ထိုသို့သော စကားများ ပြောလေ့ရှိကြောင်း သိရသည်။

ထူးခြားမှု တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်မှ တပ်မတော်နှင့် ပတ်သက်၍ သူမ သဘောထားများကို ရှင်းလင်း ခဲ့သော်လည်း ပြည်တွင်း မီဒီယာများမှ ဆန့်ကျင့်ဘက် စကားများ ရွေးထုတ်၍ ဒေါ်အောင် ဆန်း စုကြည်နှင့် တပ်မတော်အကြား အမုန်းပွားစေနိုင်သည့် အသုံးအနှုံးများကိုသာ ဖော်ပြနေဆဲ ဖြစ် သည်ကို တွေ့ရသည်။

အ ဆိုပါ ကိစ္စနှင့် ပတ်သက်၍ အငြိမ်းစား ကျောင်းအုပ် ဆရာကြီး တစ်ဦးမှ ပြည်တွင်းမှာ ဆူပူမှုတွေ ဖြစ် အောင်၊ တပ်မတော်ကို မုန်းတီးအောင် မီဒီယာတွေကပဲ လုပ်ကြတယ်။ မြန်မာနိုင်ငံရဲ့ မီဒီယာ လောက ကတော့ တကယ့်ကို မသတီစရာ အနေအထားမျိုး ဖြစ်လာပါပြီ။ တိုင်း ပြည်တိုး တက်အောင် ၀ိုင်းပြီး ဆောင်ရွက်မယ် မရှိဘူး။ ဂျာနယ်ေ၇ာင်းကောင်းရင် ပြီးရော အစိုးရနဲ့ တပ်မတော်ကို အပုပ်ချ ဖို့ပဲ ဦးစားပေးကြတယ် ဟု ပြောဆိုခဲ့ပါသည်။

မီဒီယာများမှ အထိန်းအကွပ်မဲ့ ပရမ်းပတာ ရေးသားချက်များကို ကန့်သတ်နိုင်မည့် ပုံနှိပ် ဥပဒေကြမ်း ကို ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော်လည်း ဒို့တာဝန် အရေး(၃)ပါးကို ထိခိုက်ပါက ဂျာနယ် ပိတ်သည်အထိ အရေးယူနိုင်သောကြောင့် မီဒီယာများ အပြင်းအထန် ကန့်ကွက်လျှက် ရှိကြောင်း သိရ သည်။

Opposite Eyeငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော်နှင့် ပတ်သက်သော သဘောထား အမြင်များ မကြာခဏ ထုတ်ဖော်ပြော ဆိုရာတွင် ယခင်နှင့်မတူ အကောင်းမြင် သေ ဘာ ဖြင့် ပြောဆိုမှုများ ရှိလာကြောင်း တွေ့ရသည်။ ရန်ကုန်ြ မို့ တော် ၀င်နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ် သည့် NLD နိုင်ငံလုံး ဆိုင်ရာ ညီလာခံ နောက်ဆုံးနေ့တွင်လည်း ပြည်သူနှင့် တပ်မတော် အမြဲ အ ဆင် ပြေစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ အလေး အနက် ပြောဆိုခဲ့သည်။ထိုနေ့တွင်ပင် ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍ သတင်းထာက်များ မေးမြန်းမှုကို ဖြေဆိုခဲ့ရာ၌ တပ်မတော်သားတွေကရော ပြည်သူ မဟုတ်ဘူးလား။ ပြည်သူလူထု ထောက်ခံမှုရှိရင် တပ်မတော် သား တွေ ထောက်ခံတာ ပါမှာပေါ့ ဟု ပြန်လည် ဖြေကြားခဲ့သည်ကိုလည်း တွေ့ရသည်။
မတ်လ ၁၂ ရက် နေ့ ပြည်ထောင်စုလွှတ်တော် ခေတ္တရပ်နားချိန်မှာ စုံစမ်းစစ်ဆေးကော်မရှင် အစီရင် ခံစာနဲ့ ပတ် သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်း ချက်ကို ဖြေကြားရာတွင်တော့
"တပ်မတော်ရဲ့ ဆက်ဆံရေးတို့၊ တရုတ်နဲ့ ဆက်ဆံရေးတို့ ဒါကိုအဓိကထားတာ မဟုတ်ပါဘူး၊ တိုင်း ပြည် အနာဂတ်ကို အဓိကထားတာပါ၊ တိုင်းပြည်သိက္ခာရှိအောင် နောက်ပြီးတော့ ဒီနိုင်ငံရဲ့ တိုး တက် မှု အတွက် အင်အားရအောင်လို့ ဒါကိုလုပ်သွားတာပဲဖြစ်ပါတယ်၊ ဥပမာဆိုလို့ရှိရင် တပ်မတော်နဲ့ ပြည်သူ ကြား မှာ ပြန် ပြီးတော့ ရင်ကြားစေ့ဖို့လိုတယ်၊ အထေ့အငေါ့တွေဖြစ်နေတဲ့ဟာကို ပြေလည်သွား အောင် လုပ်ဖို့ လိုတယ် ဆိုတာ တစိုက်မတ်မတ်ပြောခဲ့တဲ့ကိစ္စပါ၊ အဲဒါနဲ့ပတ်သက်လို့ ဘာမှထူးထူးထွေ ထွေ ထပ် မလိုပါဘူး၊ တရုတ်နိုင်ငံနဲ့ပတ်သက်လို့ရှိရင်လည်းအိမ်နီးနားချင်းနိုင်ငံတွေအားလုံးနဲ့ အဆင် ပြေ အောင်နေကြရမယ်"

ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်များနှင့် ပတ်သက်၍ တပ်မတော်အရာရှိကြီး တစ်ဦး မှ ဒေါ်အောင်ဆန်းစုကြည် ပြောင်းလဲလာတာ ကောင်းပါတယ်။ သူ သမ္မတဖြစ်ရင်လဲ တပ်မတော်နဲ့ ဆက် ဆံရမှာပဲ။ အခုလို ပြည်သူနဲ့ တပ်မတော်ကြားမှာ ကြားခံတစ်ခုလို ဆက်ဆံပေးတာ ၀မ်းသာ စရာပါဟု သုံးသပ်ပြောဆိုခဲ့သည်။

သို့သော် အင်တာနက် သုံးသည့် မြန်မာလူမျိုးများ အကြား တပ်မတော်နှင့် ပြည်သူ သွေးခွဲ ရန်တိုက် သည့် အသုံးအနှုံးများ ဆက်လက်သုံးစွဲလျှက် ရှိသည်။ အထူးသဖြင့် ပြည်ပရောက် ဒုက္ခသည် အမည်ခံ ထားသည့် မြန်မာများ၊ဗကသ၊၈၈ အပါအ၀င် ထောင်ထွက်များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းရှိ အင်တာ နက် သုံးသူများမှ ထိုသို့သော စကားများ ပြောလေ့ရှိကြောင်း သိရသည်။

ထူးခြားမှု တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်မှ တပ်မတော်နှင့် ပတ်သက်၍ သူမ သဘောထားများကို ရှင်းလင်း ခဲ့သော်လည်း ပြည်တွင်း မီဒီယာများမှ ဆန့်ကျင့်ဘက် စကားများ ရွေးထုတ်၍ ဒေါ်အောင် ဆန်း စုကြည်နှင့် တပ်မတော်အကြား အမုန်းပွားစေနိုင်သည့် အသုံးအနှုံးများကိုသာ ဖော်ပြနေဆဲ ဖြစ် သည်ကို တွေ့ရသည်။

အ ဆိုပါ ကိစ္စနှင့် ပတ်သက်၍ အငြိမ်းစား ကျောင်းအုပ် ဆရာကြီး တစ်ဦးမှ ပြည်တွင်းမှာ ဆူပူ မှုတွေ ဖြစ် အောင်၊ တပ်မတော်ကို မုန်းတီးအောင် မီဒီယာတွေကပဲ လုပ်ကြတယ်။ မြန်မာနိုင်ငံရဲ့ မီဒီ ယာ လောက ကတော့ တကယ့်ကို မသတီစရာ အနေအထားမျိုး ဖြစ်လာပါပြီ။ တိုင်း ပြည်တိုး တက်အောင် ၀ိုင်းပြီး ဆောင်ရွက်မယ် မရှိဘူး။ ဂျာနယ်ေ၇ာင်းကောင်းရင် ပြီးရော အစိုးရနဲ့ တပ်မတော်ကို အပုပ်ချ ဖို့ပဲ ဦးစားပေးကြတယ် ဟု ပြောဆိုခဲ့ပါသည်။

မီဒီယာများမှ အထိန်းအကွပ်မဲ့ ပရမ်းပတာ ရေးသားချက်များကို ကန့်သတ်နိုင်မည့် ပုံနှိပ် ဥပဒေကြမ်း ကို ပြန်ကြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော်လည်း ဒို့တာဝန် အရေး(၃)ပါးကို ထိခိုက်ပါက ဂျာနယ် ပိတ်သည်အထိ အရေးယူနိုင်သောကြောင့် မီဒီယာများ အပြင်းအထန် ကန့်ကွက်လျှက် ရှိကြောင်း သိရ သည်။

Opposite Eye

No comments:

Post a Comment

My Blog List