Wednesday, March 13, 2013

နိုင်ငံ့ဝန်ထမ်းများ အပါအဝင် နိုင်ငံသားအားလုံး၏ တစ်ဦးချင်းဝင်ငွေ တိုးတက်စေရေးကို ရည်မှန်း ဆောင်ရွက်လျက် ရှိ

ယခု ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ ရသုံး ခန့် မှန်းခြေ ငွေစာရင်း (ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ) အခြေအနေမှာ စုစုပေါင်း ရငွေ ကျပ် ၁၃၈၀၅.၃၈၇ ဘီလီယံ၊ စုစုပေါင်း သုံးငွေကျပ် ၁၆၇၃၂.၂၈၅ ဘီလီယံ ဖြစ်သဖြင့် လိုငွေကျပ် ၂၉၂၆.၈၉၈ ဘီလီယံဖြစ်ပါတယ်။ ဂျီဒီပီတန်ဖိုးမှာ ကျပ် ၅၉၂၄၈.၉၅၃ ဘီလီယံ ဖြစ်သဖြင့် လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၄.၉၄ % ဖြစ်ပါတယ်။ စုစုပေါင်း ရငွေ၊ စုစုပေါင်း သုံးငွေနှင့် လိုငွေကိန်းဂဏန်းများသည်ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်အတည် ပြုထားသည့် ၂၀၁၃ ခု၊ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် ကိုက်ညီအောင် ပြန်လည်ရေး ဆွဲထားသည့် ကိန်းဂဏန်းများဖြစ်ကြပါတယ်။
ပြည်ထောင်စု အစိုးရအနေဖြင့် နိုင်ငံ့ဝန်ထမ်းများနဲ့ တပ်မတော်(ကြည်း၊ ရေ ၊ လေ) ဝန်ထမ်းများရဲ့ လစာနှင့် စရိတ်နေ့စားလုပ်ခများကို ခေတ်ကာလ အခြေအနေနဲ့ ဆီလျော်မှုရှိစေရန် တိုးမြှင့်ပေးနိုင်ရေးနှင့် လက်ရှိ ခံစားခွင့်ပြုထားသော အပိုထောက်ပံ့ကြေးနှင့် ဝေးလံခေါင်သီ ဒေသရှိ ဝန်ထမ်းများ အတွက် ဒေသ စရိတ်တို့ကိုလည်း ဆက်လက်ခံစားခွင့် ပြုနိုင်ရေးအတွက် ထည့်သွင်း လျာထားပါတယ်။ ယင်းသို့ လစာနှုန်းထားနှင့် ပင်စင်လစာနှုန်းထား တိုးမြှင့်ရန် လျာထားမှုများအတွက် နိုင်ငံတော်မှ ယခင်နှစ်ကထက် ကျပ် ၃၈၅ ဘီလီယံ ခန့်ကို ပိုမိုသုံးစွဲရမှာ ဖြစ်ပါတယ်။

၁-၁-၂၀၁၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ ထံသို့ နိုင်ငံတော်သမ္မတက ပေးပို့ခဲ့သော နှစ်သစ်ကူး သဝဏ်လွှာတွင်လည်း ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို တစ်နှစ်ထက် တစ်နှစ် ပိုမို စနစ်ကျစွာ ပြဋ္ဌာန်းနိုင် မည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများ၏ ထောက်ပံ့ကြေး များကို တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မှာ ဖြစ်ကြောင်း ပြောကြားထားပြီးလည်းဖြစ်ပါတယ်။

ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ အပါအဝင် နိုင်ငံသားအားလုံး၏ တစ်ဦးချင်းဝင်ငွေ တိုးတက်စေရေးကို ရည်မှန်း ဆောင်ရွက်လျက် ရှိပါတယ်။
နိုင်ငံ့ဝန်ထမ်းများအား ခံစားခွင့်များကို အခြေအနေ အချိန်အခါနှင့် လျော်ညီစွာ တိုးမြှင့်ပေးပြီး သန့်ရှင်းသော အစိုးရ ( Clean Government) ဖြစ်ရေးနှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ် (Good Governance) ဖြစ်စေရေး လုပ်ငန်းစဉ်တွင် ဝန်ထမ်းများ တက်ကြွစွာ ပါဝင်ဆောင်ရွက်စေရန်လည်း ဦးတည်ဆောင်ရွက်လျက် ရှိပါတယ်။ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ အနေနဲ့လည်း နိုင်ငံ့ဝန်ထမ်းများ၏ ရပိုင်ခွင့်ကို ပြည့်ပြည့်ဝဝ ခံစားရရှိစေရန်၊ ဝန်ထမ်းများ၏ ကိုယ်ရည် ကိုယ်သွေးနှင့် အရည်အချင်းများ မြှင့်တင်ရန်နှင့် အဖွဲ့အစည်း၏ လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားစေရန် ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

Read More : http://m.president-office.gov.mm/zg/briefing-room/news/2013/03/12/id-2853

No comments:

Post a Comment

My Blog List