Wednesday, March 13, 2013

ကန်ဒေါ်လာ လေးသန်း ကုန်ကျမည့် မန္တလေးရှိ ကျေးရွာ ၂၄ ရွာ မီးလင်းရေး ထိုင်းက အကောင်အထည် ဖော်မည်

Photo: ကန်ဒေါ်လာ လေးသန်း ကုန်ကျမည့် မန္တလေးရှိ ကျေးရွာ ၂၄ ရွာ 
မီးလင်းရေး ထိုင်းက အကောင်အထည် ဖော်မည်
Wednesday, March 13, 2013

မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကျေးရွာပေါင်း ၂၄ ရွာတွင် ကန်ဒေါ်လာ
လေးသန်းကုန်ကျမည့် ဆိုလာဖြင့် လျှပ်စစ်မီးအသုံးပြုနိုင်ရေး စီမံကိန်းကို ထိုင်းနိုင်ငံက အကောင်အထည် ဖော်မည်ဖြစ်ကြောင်း  မန္တလေးတိုင်း
ဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီးဦးမြင့်ကြူက
ပြောကြားသည်။ 

အဆိုပါ အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ရှိ ရွာတန်း သဲကျွန်းအုပ်စု၊ လယ်သာအုပ်စုနှင့် ကုလားမျော ကျေးရွာအုပ်စု သုံးအုပ်စုရှိ အိမ်ခြေ ၄၂၄၀ တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးက "ထိုင်းနိုင်ငံက ကူညီပေးဖို့အတွက် ကွင်းဆင်းလေ့လာပြီးသွားပါပြီ။ ဘယ်တော့ ဖြစ်လာမယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ထိုင်းဘက်က လက်တွေ့ အကောင်အထည် ဖော်ပေးမယ်။ သူတို့က ဒီစီမံကိန်းအတွက် အကုန်အကျခံပေးမယ့် အဖွဲ့အစည်းကို ပြန်ပြီး တင်ပြရဦးမယ်။ အဲဒီက ကျလာမှ အကောင်အထည် ဖော်မှာပါ" ဟု ပြောသည်။ 

ယင်းစီမံကိန်းအရ လျှပ်စစ် နှစ်မဂ္ဂါဝပ် ရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ကာ ကုန်ကျစရိတ်အနေဖြင့် ကန်ဒေါ်လာလေးသန်းခန့် ရှိနိုင်ကြောင်း အဆိုပါ ကုန်ကျစရိတ်ကို အဖွဲ့အစည်းတစ်ခုမှ ကူညီ၍ ထိုင်းနိုင်ငံမှ လုပ်ငန်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးက ဆက်လက်ပြီး "သူတို့ အစီအစဉ်နဲ့ သူတို့ လုပ်မှာပါ။
မြန်မာနိုင်ငံဘက်က ဘာမှ စိုက်ထုတ်မပေးရပါဘူး။ နောက်အခြားနေရာတွေ ဆက်ပြီး လုပ်မယ်ဆိုရင်တော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပေါ့။ အခုကတော့ သူတို့က ဥပမာအနေနဲ့ လုပ်ပြမှာပါ" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ယင်းကဲ့သို့သော နေရောင်ခြည်ကို အသုံးပြု၍ လျှပ်စစ်ထုတ်ယူနိုင်ခြင်းကို ဒေသအများအပြားတွင် လုပ်ဆောင်နိုင်ပြီး အဆိုပါ စနစ်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အားပေးပြီး
ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စစ်စစ်ဟု ဆိုနိုင်မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနတွင် နှစ်ပေါင်း ၄၀ ကျော် လုပ်ကိုင်ခဲ့သည့် အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။

"မြန်မာနိုင်ငံမှာ စွမ်းအင်က တော်တော်ကို လိုအပ်နေပါတယ်။ အခြားစွမ်းအင်တွေထက် ဒီလိုစွမ်းအင်မျိုး ကူညီပေးတာကို ကြိုဆိုထောက်ခံပါတယ်။ ဒီစွမ်းအင်ကမှ တကယ့် ပြန်ပြည့်မြဲ စွမ်းအင်ပါ။ ရေနံ၊ သဘာဝဓာတ်ငွေ့ ဆိုတာမျိုးက ကန့်သတ်ချက်တွေ ရှိနေတယ်။ လေစွမ်းအင်ကျတော့လဲ အကုန်အကျ များမယ်။
ဖော်ဆောင်နိုင်ဖို့ မလွယ်ဘူး။ အခုလုပ်ဆောင်မယ့် စီမံကိန်းကို နိုင်ငံတော်
အပိုင်း အနေနဲ့လဲ ကူညီအားပေးစေချင်တယ်" ဟု အဆိုပါ အရာရှိကြီးက ပြောသည်။ 

လက်ရှိတွင် အဆိုပါ ဒေသ၌ လျှပ်စစ်မီး ရရှိရန်အတွက် မီးစက်အင်ဂျင်များ ကို အသုံးပြုခြင်းနှင့် စပါးခွံများကို အသုံးပြုကာ လျှပ်စစ်ထုတ်ယူခြင်းတို့ လုပ်ဆောင်လျက် ရှိကြကြောင်း သိရသည်။ အဆိုပါ စီမံကိန်း လုပ်ဆောင်နိုင်ရန် အတွက် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ ဆိုလာကုမ္ပဏီမှ တာဝန်ရှိသူများက ဖေဖော်ဝါရီလကုန်ပိုင်းတွင် ယင်းဒေသသို့ သွားရောက်
လေ့လာခဲ့ကြောင်း သိရသည်။

Flower News Journalမြန်မာနိုင်ငံ အလယ်ပိုင်းရှိ ကျေးရွာပေါင်း ၂၄ ရွာတွင် ကန်ဒေါ် လာ လေး သန်း ကုန်ကျမည့် ဆိုလာဖြင့် လျှပ်စစ်မီးအသုံးပြုနိုင်ရေး စီမံ ကိန်းကို ထိုင်းနိုင်ငံက အကောင်အထည် ဖော်မည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြူကပြောကြားသည်။
အဆိုပါ အစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ရှိ ရွာတန်း သဲကျွန်းအုပ်စု၊ လယ်သာအုပ်စုနှင့် ကုလားမျော ကျေးရွာအုပ်စု သုံးအုပ်စုရှိ အိမ်ခြေ ၄၂၄၀ တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ဝန်ကြီးက "ထိုင်းနိုင်ငံက ကူညီပေးဖို့အတွက် ကွင်းဆင်းလေ့လာပြီးသွားပါပြီ။ ဘယ်တော့ ဖြစ်လာ မယ်ဆို တာတော့ အတိအကျ မသိရသေးပါဘူး။ ထိုင်းဘက်က လက်တွေ့ အကောင်အထည် ဖော်ပေးမယ်။ သူတို့က ဒီစီမံကိန်းအတွက် အကုန်အကျခံပေးမယ့် အဖွဲ့အစည်းကို ပြန်ပြီး တင်ပြရဦးမယ်။ အဲဒီက ကျလာမှ အကောင်အထည် ဖော်မှာပါ" ဟု ပြောသည်။

ယင်းစီမံကိန်းအရ လျှပ်စစ် နှစ်မဂ္ဂါဝပ် ရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ကာ ကုန်ကျစရိတ်အနေဖြင့် ကန်ဒေါ်လာလေးသန်းခန့် ရှိနိုင်ကြောင်း အဆိုပါ ကုန်ကျစရိတ်ကို အဖွဲ့အစည်းတစ်ခုမှ ကူညီ၍ ထိုင်းနိုင်ငံမှ လုပ်ငန်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးက ဆက်လက်ပြီး "သူတို့ အစီအစဉ်နဲ့ သူတို့ လုပ်မှာပါ။မြန်မာနိုင်ငံဘက်က ဘာမှ စိုက်ထုတ်မပေး ရပါဘူး။ နောက်အခြားနေရာတွေ ဆက်ပြီး လုပ်မယ်ဆိုရင်တော့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပေါ့။ အခုကတော့ သူတို့က ဥပမာအနေနဲ့ လုပ်ပြမှာပါ" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ယင်းကဲ့သို့သော နေရောင်ခြည်ကို အသုံးပြု၍ လျှပ်စစ်ထုတ် ယူနိုင်ခြင်း ကို ဒေသအများ အပြားတွင် လုပ်ဆောင်နိုင်ပြီး အဆိုပါ စနစ်မှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အားပေးပြီးပြန် လည်ပြည့် ဖြိုးမြဲ စွမ်းအင်စစ်စစ်ဟု ဆိုနိုင်မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနတွင် နှစ်ပေါင်း ၄၀ ကျော် လုပ်ကိုင်ခဲ့ သည့် အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောကြားသည်။

"မြန်မာနိုင်ငံမှာ စွမ်းအင်က တော်တော်ကို လိုအပ်နေပါတယ်။ အခြားစွမ်းအင်တွေထက် ဒီလိုစွမ်းအင်မျိုး ကူညီပေးတာကို ကြိုဆိုထောက်ခံပါတယ်။ ဒီစွမ်းအင်ကမှ တကယ့် ပြန်ပြည့်မြဲ စွမ်းအင်ပါ။ ရေနံ၊ သဘာဝ ဓာတ်ငွေ့ ဆိုတာမျိုးက ကန့်သတ်ချက်တွေ ရှိနေတယ်။ လေစွမ်းအင်ကျတော့လဲ အကုန်အကျ များမယ် ။ဖော်ဆောင်နိုင်ဖို့ မလွယ်ဘူး။ အခုလုပ်ဆောင်မယ့် စီမံကိန်းကို နိုင်ငံတော်အပိုင်း အနေနဲ့လဲ ကူညီ အားပေးစေချင်တယ်" ဟု အဆိုပါ အရာရှိကြီးက ပြောသည်။

လက်ရှိတွင် အဆိုပါ ဒေသ၌ လျှပ်စစ်မီး ရရှိရန်အတွက် မီးစက်အင်ဂျင်များ ကို အသုံးပြုခြင်းနှင့် စပါးခွံများကို အသုံးပြုကာ လျှပ်စစ်ထုတ်ယူခြင်းတို့ လုပ်ဆောင်လျက် ရှိကြကြောင်း သိရသည်။ အဆိုပါ စီမံကိန်း လုပ်ဆောင်နိုင်ရန် အတွက် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ ဆိုလာကုမ္ပဏီမှ တာဝန်ရှိသူများက ဖေဖော်ဝါရီလကုန်ပိုင်းတွင် ယင်းဒေသသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

Flower News Journal

No comments:

Post a Comment

My Blog List