Wednesday, March 13, 2013

နိုင်ငံတကာ သမိုင်းပညာရှင်များက မြန်မာပြည်တွင် ရိုဟင်ဂျာမရှိ၊ ရိုဟင်ဂျာအမည်ခံသူများမှာ ဘင်္ဂလီများသာဖြစ်ကြောင်း ရှင်းလင်းနိုင်ခဲ့

 ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် (၉) ရက်က ပြုလုပ်ခဲ့သော ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲ တွင် မြန် မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂလီများသာလျင် ဖြစ်ကြောင်း တိကျခိုင်မာစွာ ရှင်းလင်းပြော ကြားခဲ့ ကြသည်။အဆိုပါ ရှင်းလင်းပွဲတွင် ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ဖြစ်ကြသည့် ပြင်သစ်နိုင်ငံအာရှ လေ့လာရေး ဌာနမှ Dr.JacquesP.Leider ၊ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ခ်ျ
ဘာသာ စကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ Dr. Stephan Van Galen ၊ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်း ပါမောက္ခ ဒေါက်တာအေးချမ်းတို့က ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ တက်ရောက်ရှင်း လင်းခဲ့ကြခြင်းဖြစ် သည်။
ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ Dr.JacquesP.Leider က ရခိုင်ဘုရင့်နိုင်ငံတော် ကို မြန်မာ ဘုရင့် နိုင်ငံက သိမ်းပိုက်ခဲ့စဉ်က ရခိုင်ပြည်၏ သမိုင်းဆိုင်ရာ အခြေအနေများနှင့် နိုင်ငံရေးဆိုင်ရာ သဘော တရား စေ့ဆော်ချက်များ၊ ဘာသာရေး စေ့ဆော်ချက်များ၊ စီးပွားရေး စေ့ဆော်ချက်များ ကိုအသေးစိတ်ရှင်း လင်းခဲ့သည်။
၁၇၈၅ ခုနှစ် မှ ၁၈၂၅ ခုနှစ်များအတွင်း ရခိုင်ကို မြန်မာများ သိမ်းပိုက်အုပ်ချုပ်ခဲ့စဉ်က ရခိုင်ပြည် ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများမှာ မူလအနေအထားမှ များစွာယိုယွင်း သွားခဲ့ ရကြောင်း၊ ထိုစဉ်က မြန်မာလက်အောက်ခံဘ၀ ရခိုင်ပြည်တွင် အထက်တန်းလွှာရခိုင်များအား နယ်နှင် ဒဏ်ပေးခြင်း၊ မြန်မာ-ရခိုင် ပူးတွဲအုပ်ချုပ်ခြင်းများလည်းရှိခဲ့ကြောင်း၊ ၁၇၉၅ ခုနှစ်မှ ၁၈၁၀ ခုနှစ်များ အတွင်း မြန်မာတို့က ရခိုင်တို့အပေါ်အခွန်အခ တိုးမြှင့်ကောက်ခံခြင်း၊ အဓမ္မ စေခိုင်း မှုများ ပြုလုပ်ခြင်း၊ မြန် မာဘုရင်၏ စစ်ပွဲများအတွက် ရခိုင်ပြည်သူတို့က စားနပ်ရိက္ခာများ ထောက်ပံ့ရခြင်း၊ ရခိုင်ပြည်တွင်း သို့ မြန်မာများ ၀င်ရောက်အခြေချ နေထိုင်ခြင်းများဖြစ်ပွားခဲ့ကြောင်း၊ ၁၇၈၇ ခုနှစ်မှ ၁၈၁၅ ခုနှစ်များကာလ တွင် မြန်မာဘုရင်၏ အုပ်စိုးမှုကို ရခိုင်တော်လှန်ရေးသမားများက တော်လှန်ပုန်ကန်မှု အရှိန်မြင့်လာခြင်း၊ တိုက်ပွဲများ ကြောင့်ရခိုင်များ ဘင်္ဂလားတောင်ပိုင်းသို့ အလုံးအရင်းနှင့် ရွှေ့ပြောင်း အခြေချ နေထိုင် လာခဲ့ကြောင်း၊ ၁၈၁၅ ခုနှစ်မှ ၁၈၂၅ ခုနှစ်များအတွင်း ရခိုင်ပြည်၏ အနေအထားမှာ စီးပွားရေးအသွင်သို့ ကူးပြောင်းလာခဲ့ပြီး၊ ယင်းကာလ၌ ရခိုင်တို့အနေဖြင့် မြန်မာဘုရင် အုပ်ချုပ်မှုကို ထိခိုက်စေနိုင်လောက် သည့် ခြိမ်းခြောက် ထိုးနှက်မှုကို ပြုလုပ်နိုင်စွမ်း မရှိခဲ့ကြောင်းတို့ ဖြစ်ပျက်ခဲ့ကြောင်း အကျယ်တ၀င့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပါမောက္ခ Dr. Stephan Van Galen က ၁၅ ရာစုမှ ၁၈ ရာစုအတွင်း ရခိုင်ဒေသနှင့် ဘင်္ဂလားအကြား ဆက်ဆံရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းရာတွင် ၁၆၃၅ ခုနှစ်တွင် ရခိုင်ဘုရင် နိုင်ငံ သြဇာအာဏာ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ကြောင်း၊ ရခိုင်ဘုရင်များ၏ သြဇာအာဏာ ကြီးထွားလာသည်နှင့်အမျှ ဘင်္ဂလားဒေသတွင် ရခိုင့်ကုန်သွယ်ရေးမှာလည်း လွန်စွာကောင်းမွန်လာခဲ့ပြီး၊ အခွန်ဘဏ္ဍာများ တိုးတက်များပြားလာခဲ့သလို တချိန်တည်းမှာ ဘင်္ဂလားဒေသ၌် ရခိုင်နှင့် ဒတ်ခ်ျတို့၏ ကူးသန်းရောင်းဝယ်မှုများရှိခဲ့ကြောင်း၊ သို့သော် ၁၆၃၈ ခုနှစ် နောက်ပိုင်းကာလများတွင် အခွန်ဘဏ္ဍာ ရရှိမှု လျော့နည်းလာခြင်းကြောင့် ဘင်္ဂလား အရှေ့တောင်ဘက်ဒေသတွင် ရခိုင်တို့၏ ထိန်းချုပ်မှု လျော့ရဲ လာခဲ့ရခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်၏ စီးပွားရေးသည် ၁၆၆၆ ခုနှစ်တွင် စစ်တကောင်းကို လက်လွှတ်ခဲ့ ရပြီး နောက်ပိုင်းတွင် အားမကောင်းတော့ကြောင်း၊ ရခိုင်ဒေသမှ ဒတ်ခ်ျ ကုန်သည်များ ထွက်ခွာသွားခြင်းက ရခိုင်စီးပွားရေးအပေါ် သက်ရောက်မှု ရှိစေခဲ့ကြောင်းတို့ကို ပါမောက္ခ Dr. Stephan Van Galen က ရှင်းလင်းခဲ့သည်။
ထို့ပြင် သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက "ရခိုင်-နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှုမှသည် လူမျိုးစု အကြမ်းဖက်မှု" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာတွင် ၁၈၂၆ ခုနှစ်မှ ၁၉၇၅ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှု အခြေအနေများ၊ ၁၈၇၉ ခုနှစ်မှစ၍ စစ်တကောင်းသား များ၏ ပြောင်းရွှေ့နေထိုင်မှုများ၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် စစ်တကောင်းသား အခြေစိုက် ၀င်လာသူများက အများစု ဖြစ်လာခြင်း၊ ၁၈၇၁ ခုနှစ်မှ ၁၉၁၁ ခုနှစ်အတွင်း ဘင်္ဂါလီ အစ္စလာမ် ဘာသာဝင် ဦးရေသည် ၅၈၂၅၅ မှ ၁၇၈၆၄၇ ဦးရေအထိ တိုးပွားလာခြင်း၊ နောက်ပိုင်း ရခိုင်ရွာများကို မူဂျာဟစ် သူပုန်များက ဖျက်ဆီးကာ ဒေသခံရခိုင်တို့အား သတ်ဖြတ်ခဲ့ခြင်းနှင့်အတူ မူဂျာဟစ်ပါတီ ၏ တောင်းဆိုချက်များ၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များတွင် ဘင်္ဂါလီများက ၉၄ ရာခိုင်နှုန်း၊ ၈၄ ရာခိုင်နှုန်းတို့ဖြင့် လူအများစု ဖြစ်နေခြင်းတို့ကို ခေတ်ပြိုင်သမိုင်းဖြစ်စဉ်များနှင့်တကွ ရှင်းလင်းသွားခဲ့သည်။
ရိုဟင်ဂျာနှင့်ပတ်သက်၍ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက " ကျွန်တော် အသေအချာ ပြောနိုင် တာ ကတော့ ယခု ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ် ဆိုနေသူတွေဟာ ဘင်္ဂါလီတွေပါပဲ။ ဒါတွေကို ကိုလိုနီခေတ် မှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားပါတယ်။ ရိုဟင်ဂျာဆိုတာ ရခိုင်မှာ မရှိပါဘူး" ဟု အခိုင်အမာပြောဆိုခဲ့သည်။
တက်ရောက်လာကြသူများက ရခိုင်သမိုင်းနှင့် ဆက်စပ်၍ ၎င်းတို့ သိလိုသည်များကို မေးမြန်းခဲ့ကြရာ ရိုဟင်ဂျာနာမည်ကို မည်သူက မည်သည့် အချိန်က စတင်အသုံးပြုခဲ့သလဲဆိုသည့် အမေးနှင့် ပတ်သက်၍ "ကျွန်တော် အရင်တုန်းကလည်း ပြောဖူးပါတယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ၁၉၅၁ ခုနှစ်မှာ ဘူးသီးတောင်က Mr. Abdul Gaffa က တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အမှန်ကတော့ သူက ဒီစကားလုံးကို Roshang or Rohan က ယူတာပါ။ ဒီစကားရပ်ဟာ ဘင်္ဂါလီစကားရပ်ဖြစ်ပြီး ရခိုင်တွေ ကို ခေါ်တဲ့စကား ရပ်ပါ" ဟု ဒေါက်တာအေးချမ်းက ဖြေကြားသည်။
ဘင်္ဂါလီအတွက် ဆောင်ရွက်ရေးသားပေးနေသူ ဦးဌေးလွင်ဦးက " ရိုဟင်ဂျာနှင့်ဘင်္ဂလီ" ခေါ်ဝေါ်မှုနှင့် စပ်လျဉ်း၍ မေးမြန်းချက်အား ဒေါက်တာအေးချမ်းက "ဦးဌေးလွင်ဦးပြောကြားသည့်စကားရပ်ပါ ရိုဟင် (Rohan) ဆိုသည်မှာ ဘင်္ဂလီတို့က သူတို့ကိုသူတို့ ခေါ်ဆိုခဲ့သည့်အမည်မဟုတ်ဘဲ၊ ဘင်္ဂါလီများ က ဒေသခံရခိုင်တွေကို ခေါ်သည့် စကားလုံးသာ ဖြစ်ကြောင်း၊ Rohan စကားလုံးသည် နောက်မှ ၀င်ရောက်လာသည့် တရားမ၀င် ခိုးဝင်အခြေချ နေထိုင်သူများကို မဆိုလိုကြောင်း" ရှင်းလင်းခဲ့သည်။
ဆက်လက်၍ သမိုင်းပညာရှင်များက ပြန်လည်ရှင်းလင်းဖြေကြားရာတွင် ပုဂံခေတ်၌ မြန်မာတို့က ရခိုင်ပြည် ကို သိမ်းပိုက် အနိုင်ယူခဲ့မှုနှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ Dr.JacquesP.Leider က "သက်သေအထောက်အထား မရှိကြောင်း" ဟု ပြန်လည် ဖြေကြား ခဲ့သည်။
ပါမောက္ခ Dr. Stephan Van Galen ကလည်း "ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ့် ၁၇ ရာစု လောက်မှာတော့ မွတ်စလင်အုပ်စု မြောက်ဦးမှာ ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ မသတ်မှတ်ကြပါဘူး" ဟု ရိုဟင်ဂျာ အသုံးအနှုန်း သုံးစွဲမှု မေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြားခဲ့သလို၊ ရခိုင်မှာ မွတ်စလင်ဘုရင် ရှိခဲ့ပါသလားဆိုသည့် အမေးကိုလည်း ၄င်းက "၁၇ ရာစုကို လေ့လာတဲ့ ကျွန်တော်ရဲ့ စာတမ်းအရ ရခိုင်မှာ မွတ်စလင်ဘုရင် မရှိပါဘူး" ဟု ပြန် လည် ဖြေကြား ခဲ့သည်။
ရှင်းလင်းမေးမြန်းဖြေကြားခြင်းများ ပြီးဆုံးသောအခါ မြန်မာပြည်တွင် ရိုဟင်ဂျာမရှိ၊ ရိုဟင်ဂျာ အမည်ခံ သူများမှာ ဘင်္ဂလီများသာဖြစ်ကြောင်း ရှင်းလက်ချက်ပေါ် ထပ်မံစောဒကတက်ခြင်းများမရှိတော့ဘဲ သဘောပေါက်နားလည် ကျေနပ်သွားကြကြောင်း တက်ရောက်လာသူများကဆိုသည်။
ရှင်းလင်းပွဲသို့ တက္ကသိုလ် အသီးသီးမှ သမိုင်းပါမောက္ခများ၊ နိုင်ငံတကာ သံအရာရှိများ၊ သတင်းဌာန များနှင့် ဖိတ်ကြားထားသူများ၊ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ တက္ကသိုလ်များမှ ရခိုင်ရဟန်း သံဃာ များနှင့် ကျောင်းသား/ကျောင်းသူများ (၁၅၀) ကျော် တက်ရောက်ခဲ့ကြသလို၊ ပြည်တွင်းမှ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီတို့မှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးအေး သာအောင်၊ ဒေါက်တာအေးမောင် အပါအ၀င် ပါတီထိပ်တန်းခေါင်းဆောင်များလည်း တက်ရောက် ခဲ့ကြ သည်ဟု သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မဟီဒေါ တက္ကသိုလ်၌ကျင်ပသော အဆိုပါရှင်းလင်းပွဲကို မတ်လ (၉) ရက်နေ့ နေ့လည် (၁၂) နာရီမှ ညနေ (၄း၁၀) နာရီထိ အောင်မြင်စွာကျင်းပခဲ့ပြီး၊ ပညာရှင်များ ၏ ဟောပြောချက်များ၊ မေးမြန်း ဖြေကြားချက်များကို ပြည်တွင်းနှင့်နိုင်ငံတကာသို့ ဖြန့်ဝေ
သွားမည်ဟုလည်းသိရှိရသည်။
  အာရ်ကန်တိုင်းမ်စ်

No comments:

Post a Comment

My Blog List