Tuesday, March 12, 2013

အာကာသ အပျက်အစီး များနှင့် ဂြိုဟ်တုများ တိုက်မိမှု အန္တရာယ် ပိုမို ကြီးထွားလာ

တရုတ်နိုင်ငံ၏ ဂြိုဟ်တု တိုက်ဖျက်ရေး စမ်းသပ်မှု တစ်ခုမှ ထွက်ပေါ်ခဲ့သော အာကာသ အပျက် အစီး များ Space Junk သည် ယခုနှစ် အစောပိုင်းက ရုရှား နိုင်ငံ၏ ဂြိုဟ်တု တစ်လုံးကို တိုက်မိ ခဲ့ပြီးေ နာက် အနိမ့်ပျံ ကမ္ဘာပတ် လမ်းကြောင်း တွင် (LEO) ဂြိုဟ်တုများနှင့် အာကာသ အပျက်အစီးများ တိုက်မိမည့် ဘေးအန္တရာယ်မှာ ပိုမိုကြီး ထွားနိုင် သည့် အလား အလာ ရှိကြောင်း ကျွမ်းကျင်သူ
များက ပြောကြားသည်။ ရုရှားနိုင်ငံ၏ BLITS ဂြိုဟ်တုသည် Space Junk များနှင့် ဇန်နဝါရီ ၂၂ ရက်က တိုက်မိခဲ့ခြင်း ဖြစ်သည်။ LEO အတွင်းရှိ ဂြိုဟ်တု များသည် အာကာသ အမှိုက်သရိုက် များနှင့် ထိတိုက်မှုမှ ရှောင်ရှား နိုင်ရန်အတွက် ၎င်းတို့၏ လမ်းကြောင်းကို လှည့်ပတ် လမ်းကြောင်းပေးရန် လိုအပ် ကြောင်း၊ ပြင်ပ အာကာသ အတွင်း ဘေးအန္တရာယ် ကင်းရှင်းရေးကို လုပ်ဆောင်နေသည့် ကမ္ဘာမြေ လုံခြုံရေး ဖောင်ဒေးရှင်း အဖွဲ့မှ နည်းပညာ အကြံပေး ဖြစ်သူ ဘရိုင်ယန် ဝီဒန်က Space .com သို့ အီးမေးလ်မှ တစ်ဆင့် ပြောကြားခဲ့သည်။

LEO အတွင်းရှိ ဂြိုဟ်တုများ၏ လည်ပတ် လုပ်ဆောင်မှုကို အများဆုံး ခြိမ်းခြောက် နေသည့် အန္တရာယ်မှာ Space Junk များပင် ဖြစ်ကြောင်း၊ ဘရိုင်ယန်သည် ၂ဝဝ၉ ခုနှစ်က Union of concerned Scientists အဖွဲ့မှ သိပ္ပံပညာရှင် ဒေးဗစ်ရိုက်၏ ဆောင်းပါးကို ထောက်ပြ ပြောဆို ခဲ့သည်။ ဆောင်းပါးတွင် Space Junk များနှင့် ဂြိုဟ်တုများ တိုက်မိခဲ့သည့် ဖြစ်ရပ်မှာ သုံးကြိမ် ရှိပြီ ဖြစ်ကြောင်း၊ ၁၉၉၆ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝဝ၇ ခုနှစ်တွင် တစ်ကြိမ်၊ ၂ဝဝ၉ ခုနှစ်တွင် တစ်ကြိမ်တို့ ဖြစ်ကြောင်း ဖော်ပြထားသည်။

အာကာသ အတွင်း၌ ဂြိုဟ်တုပေါင်း ၉ဝဝ ကျော်ရှိကာ Space Junk များမှာလည်း အမြောက် အမြား ရှိနေခြင်းကြောင့် ပတ်လမ်းတွင် ဂြိုဟ်တုနှင့် တစ်စင်တီမီတာ ခန့်ရှိသော Space Junk များ ၏တိုက်မိမှုမှာ လာမည့် ဆယ်စုနှစ် ကျော်တွင် နှစ်နှစ်တစ်ကြိမ် သို့မဟုတ် သုံးနှစ် တစ်ကြိမ် ဖြစ်ပွားနိုင်သည်ဟု ခန့်မှန်းရကြောင်း ဆောင်းပါးရှင် ဒေးဗစ်ရိုက်က ရေးသား ထားသည်။

NASA အဖွဲ့၏ ခန့်မှန်းချက်များ အရ အာကာသ အတွင်းရှိ အပျက်အစီး အစုအဝေးတွင် ဂေါ်လီလုံး အရွယ်ထက် ပို၍ကြီးသော အာကာသယာဉ်နှင့် ဂြိုဟ်ပဲ့ အပိုင်းအစပေါင်း ၅ဝဝဝဝဝ နှင့် ဘေ့စ်ေ ဘာ ဘော လုံး အရွယ်အစား ထက်ပို၍ ကြီးသော အပျက်အစီး အပိုင်းအစမှာ ၂၂ဝဝဝ ခန့် ရှိကြောင်း အချင်းအားဖြင့် အနည်းဆုံး တစ်မီလီမီတာ ခန့်ရှိကြောင်း သိရသည်။

သေးငယ်သည့် Space Junk တစ်ခု စီသည် ဂြိုဟ်တုများကို ပြင်းထန်စွာ ပျက်စီးစေနိုင်ကြောင်း အာကာသ အတွင်း၌ မိမိတို့ လုပ်ဆောင်နေသော နည်းလမ်းများကို သိသာထင်ရှားသည့် ပြောင်းလဲမှုများ ပြုလုပ်ခြင်း မရှိပါက Space Junk များ၏ အန္တရာယ် ပေးမှုမှာလည်း ပို၍ တိုးပွား လာမည် ဖြစ်ကြောင်း သိပ္ပံပညာ ရှင်များက ပြောကြား ထားကြောင်း သိရသည်။


http://bit.ly/YX6Jqc

No comments:

Post a Comment

My Blog List