Tuesday, December 29, 2015

ဖားကန့်မှာ မြေစာစွန့်နည်းပြောင်းဖို့ ညွှန်ကြား


ကချင်ပြည်နယ်ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာပုံပြိုကျမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတဲ့အတွက် အုပ်ချုပ်ရေအာဏာ ပိုင်တွေက ကျောက်တူးဖော်ရေးကုမ္ပဏီတွေကို မြေစာစွန့်ပစ်တဲ့နည်း ပြောင်းလဲဖို့ ဒီနေ့ ညွှန်ကြားလိုက်ပါတယ်။အမြင့်ပိုင်း အပေါ်ကနေ ကားတွေနဲ့ မြေစာစွန့်ပစ်တဲ့ နည်းလမ်းကို မသုံးဘဲ အောက်ခြေကနေ ခရုပတ်လမ်းဖောက် ပြီး စွန့်ပစ်ဖို့ ကုမ္ပဏီတွေကို ညွှန်ကြားတာဖြစ်တယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့် က ပြော ပါတယ်။

သမ္မတအာဏာလျော့စေမယ့် ကာလုံဥပဒေကြမ်း ပြည်ပဝေဖန်


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမျိုးသားလွှတ်တော်အမတ်တွေလေ့လာဖို့ ဖြန့်ဝေခဲ့တဲ့ ကာလုံဥပဒေကြမ်းသစ်ဟာ နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်ရင် နောက်တက်လာမယ့် သမ္မတရဲ့လုပ်ပိုင်ခွင့်ကို ကန့်သတ်ဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ ပြည်ပရောက် မြန်မာ့အရေးကျွမ်းကျင်သူတွေက ဝေဖန်လိုက်ပါတယ်။ လက်ရှိလွှတ်တော်သက်တမ်းကုန်ဆုံးခါနီး ဒီဥပဒေကြမ်းအသစ်ကို အမျိုးသားလွှတ်တော်ကနေ ရုတ်တရက် ဖြန့်ဝေလာတဲ့အပေါ်မှာ လွှတ်တော်တွင်း ဝေဖန်ပြောဆိုမှုတွေရှိနေကြတာပါ။

အမေရိကန်နိုင်ငံသားတွေအနှစ်သက်ဆုံးပုဂ္ဂိုလ်စာရင်းထဲ ဒေါ်စုပါဝင်


၂၀၁၅ခုနှစ်အတွက် ကမ္ဘာပေါ်မှာ အနှစ်သက်ဆုံးအမျိုးသမီးနဲ့အမျိုးသားတွေစာရင်းကို Gallup Poll စစ်တမ်းက ကောက်ခံရာမှာ အမေရိကန်သမ္မတ Barack Obama နဲ့ ဒီမိုကရက်တစ် သမ္မတလောင်းအဖြစ် ရွေးချယ်ခံရနိုင်ဖို့ မျှော်လင့်ထားတဲ့ Hillary Clinton တို့ဟာ ထိပ်ဆုံးနေရာတွေမှာ ရှိနေပါတယ်။ အမေရိကန်နိုင်ငံသား ၁၇% က အိုဘားမားကို အနှစ်သက်ဆုံး အမျိုးသားအဖြစ် ရွေးချယ်ခဲ့ကြပြီး ၁၃% က ဟယ်လာရီ ကလင်တန်ကို ရွေးချယ်ခဲ့ကြပါတယ်။ ဟယ်လာရီကလင်တန်ဟာ ထိပ်ဆုံးမှာ အကြိမ်၂၀ မြောက် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး သမ္မတ Obama ကတော့ ခုတကြိမ်ဟာ ၈ ကြိမ်မြောက် အရွေးခံရတာဖြစ်ပါတယ်။ 

ရွေးကောက်ပွဲ ကန့်ကွက်လွှာပေါင်း ၄၀ အထိရှိလာ


၂၀၁၅ ရွေးကောက်ပွဲအတွက် ကန့်ကွက်လွှာတွေ တင်သွင်းလာကြရာမှာ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ အစောင်ပေါင်း ၄၀ အထိ ရှိလာတယ်လို့ ရွေးကောက်ပွဲခုံရုံးဌာန ညွှန်ကြားရေးမှူး ဦးညွန့်တင်က ပြောပါတယ်။ တင်သွင်းလာတဲ့ ကန့်ကွက်လွှာတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ ခုံရုံးဖွဲ့ စစ်ဆေးနေတာပါ။

ဆန္ဒပြမှုနောက်ကွယ်က ကြိုးကိုင်သူကို ရှာဖွေဖို့ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲအမိန့်ထုတ်


လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး ဆန္ဒပြ မြန်မာများ၏ နောက်ကွယ်မှ သွေးထိုးလှုံဆော် ကြိုးကိုင်နေသည့် အုပ်စုကို ရှာဖွေဖို့ ထိုင်းရဲတပ်ဖွဲ့က ပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ Chakthip Chaijinda က ပြော လိုက်ပါတယ်။ မြန်မာလူငယ် ၂ဦး သေဒဏ်ချမှုမှာ ဆန္ဒပြပွဲတွေဖြစ်လာစေဖို့ အုပ်စုတစုက နိုင်ငံရေးရည်ရွယ် ချက်နဲ့ မီးထိုးပေးနေတယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။

ဖိအားများကြောင့် တရားစီရင်ရေး အလျှော့ပေးမည်မဟုတ်ဘဲ တရားရုံးတွင် အယူခံဝင်နိုင်ဟု ထိုင်းဝန်ကြီးချုပ်ဆို


လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ အများပြည်သူ၏ ဖိအားကို ထိုင်းနိုင်ငံ၏ တရားစီရင်ရေးစနစ်က အလျှော့ပေးမည် မဟုတ်ကြောင်းနှင့် တရားရုံး၌ အယူခံဝင်ခွင့်ရှိကြောင်း ထိုင်း ၀န်ကြီးချုပ်ပရာယွတ်ချန်အိုချာက ဒီဇင်ဘာ ၂၈ ရက်တွင် သတင်း ထောက်များအား ပြောကြားသည်။လိပ်ကျွန်းအမှုနှင့်ပတ်သက် ၍ ဝေဖန်သူများသည် တရားရုံး ဆုံးဖြတ်ချက်ကို လေးစားသင့် ကြောင်း ထိုင်းစစ်အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ချန်အိုချာက ဆိုသည်။

အယူခံကာလအတွင်း စောင့်ရှောက်ပေးဖို့ မြန်မာ လူ့/ခွင့် ကော်မရှင် ထိုင်းကို ပန်ကြား


ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင်းကျွန်း လူသတ်မှုမှာ မြန်မာအလုပ်သမားနှစ်ဦး သေဒဏ်ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး အယူခံဝင်တဲ့ကာလအတွင်း လူ့အခွင့်အရေးအရ ကာကွယ်စောင့်ရှောက်ပေးဖို့ မြန်မာအမျိုးသား လူ့အခွင့် အရေးကော်မရှင်က ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ပန်ကြားလိုက်ပါတယ်။

ဖားကန့် မြေသယ်ယာဉ် ကိစ္စ ဖြေရှင်းမယ်လို့ သတ္တုတွင်းဒုဝန်ကြီး ပြော


ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာပုံပြိုကျမှု၊ မြေသယ်ယာဉ်ကြီးတွေ ရောက်ရှိနေမှု တို့ကြောင့် ပြည်သူတွေ စိုးရိမ်ပူပန်မှုမရှိအောင် ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းတွေကို ပိတ်သိမ်းဖို့ အပါအ၀င် နည်းလမ်း ၃ခုနဲ့ ဖြေရှင်းသွားမယ်လို့ သတ္တုတွင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန်းထွန်းအောင်က ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောလိုက်ပါတယ်။

Monday, December 28, 2015

“သူရဦးရွှေမန်း၊ ငါ မသေဘူး ရေကူးတတ်တယ်”



၂၀၁၅ ခုနှစ်ထဲမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး လူတစ်ယောက်ကို ပြပါဆိုရင် ပြည်ထောင်စုလွှတ်တော် နာယက ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း ကို ပြရမှာပဲ ဖြစ်ပါတယ်။ အခြားသူတွေနဲ့စာရင် သူ့ဘဝဟာ အတက်အကျ အလှုပ်အရမ်း အလွန်များခဲ့လို့ပဲ ဖြစ်ပါတယ်။ 

ဖားကန့်မြေစာပုံပြိုသည့်ကိစ္စ နည်လမ်း(၃)ခုဖြင့် ဖြေရှင်းရန် အစိုးရ စီစဉ်နေ


ဖားကန့်ဒေသတွင် မြေစာပုံပြိုကျမှုများကြောင့် ပြည်သူများ မကြာခန သေဆုံးခဲ့ကြရခြင်းနှင့် မြေသယ်ယာဉ်ကြီးများ ရောက်ရှိနေခြင်းတို့အပေါ် ပြည်သူလူထု ၏ စိုးရိမ်ပူပန်နေမှုများအား နည်းလမ်း(၃)ခုဖြင့် ဖြေရှင်းမည်ဟု သတ္တုတွင်းဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးက ပြောဆိုလိုက်သည်။

အမျိုးသမီးတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လောက်ထိ ပါဝင်နိုင်ပြီလဲ


မြန်မာနိုင်ငံအခြေစိုက် ဆွီဒင်သံရုံးနဲ့ တခြားမိတ်ဖက် အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာကျား ၊မ တန်းတူညီမျှမှု ပိုမိုဖြစ်ပေါ်လာနိုင်ဖို့အတွက် ဆွေးနွေးပွဲ တစ်ခုကို ပြုလုပ်သွားခဲ့ပါတယ်။လက်ရှိအခြေအနေမှာတော့ မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးပါဝင်မှုနည်းပါးနေသေးပြီး အမျိုးသမီးတွေကိုယ်နှိုက်ကတော့ အဓိပ္ပါယ်ရှိတဲ့ ပါဝင်မှုမျိုးကိုလိုလားတယ်လို့ ဆိုပါတယ်။

တပ်ချုပ်ဝတ်စုံကို ထဘီနှင့် နှိုင်းယှဉ်ရေးသားသူ မချောစန္ဒီထွန်းကို ထောင်ဒဏ်ခြောက်လချမှတ်


ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ အရ တရားစွဲဆိုခံထားရသည့် မချောစန္ဒီထွန်း ခေါ်ချစ်သမီးကို ဒီဇင်ဘာ ၂၈ ရက်က အပြီးသတ်အမိန့်ချ မှတ်ရာ ထောင်ဒဏ် ခြောက်လကျခံစေခဲ့ပြီး ချုပ်ရက်များကို ထုတ်နုတ်ခံ စားခွင့်ပြုခဲ့ကြောင်း ၎င်း၏ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်က ဒီဇင်ဘာ ၂၈ ရက်တွင် The Ladies သို့ပြောသည်။

လိပ်ကျွန်းအမှုအတွက်ဆန္ဒပြသူများကို ထိုင်းဝန်ကြိးချုပ် ဒေါသတကြိးဝေဖန်


ခိုတောင်ကျွန်းလူသတ်မှုနှင့် ပတ်သတ်၍ မြန်မာနိုင်ငံအတွင်း ဆန္ဒပြနေသူများကို ထိုင်းဝန်ကြီးချုပ် ပယာယွတ် ချန်အိုချာက ဝေဖန်တိုက်ခိုက် ပြောကြားလိုက်သည်။ ဝန်ကြီးချုပ်က ဆန္ဒပြသူများအနေဖြင့် တရားရုံးဆုံးဖြတ်ချက်နှင့် ထိုင်းတရား ရေးစနစ်ကို လေးစားသင့်သည်ဟု ပြောကြားသည်။ဒေါသထွက်နေပုံပေါ် သည့် ဝန်ကြီးချုပ်က ဆူရက်ဌာနီအသွား လေယာဉ်ပေါ်မတက်မီတွင် "သူတို့ အယူခံဝင်ခွင့်ရှိတယ်၊ ဟုတ်လား။ တစ်ကမ္ဘာလုံးက ဥပဒေတွေမှာ ဒီလိုပဲ ရှိတယ်။

သေဒဏ်ချခံရသည့် မြန်မာလုပ်သား နှစ်ဦးအရေးနှင့် ပြည်သူ့အသံ


ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဗြိတိန်လူငယ်စုံတွဲနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာလုပ်သားနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို အပြစ်ရှိသည်ဟုဆိုကာ ထိုင်းတရားသူကြီးက ဒီဇင်ဘာ ၂၄ ရက်၌ သေဒဏ်အမိန့်ချမှတ်ခဲ့သည်။ မြန်မာလုပ်သားနှစ်ဦးတွင် အပြစ်ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က တရားခွင်အတွင်း ခိုင်လုံသည့် သက်သေမပြနိုင်ခဲ့ဘဲ သေဒဏ်ချမှတ်ခဲ့သည့်အတွက် မြန်မာပြည်သူများက ထိုင်းတရားစီရင်မှု အပေါ် မကျေနပ်ကြောင်းပြသသည့် ဆန္ဒဖော်ထုတ်ပွဲများကို မြန်မာနိုင်ငံမှ မြို့ကြီးအချို့အပါအ၀င် ပြည်ပရောက်မြန်မာနိုင်ငံသားများက ပြုလုပ်ခဲ့ကြသည်။ မြန်မာလုပ်သားနှစ်ဦးသေဒဏ်ကျခံရသည့်အပေါ် တရား မျှတမှုရှိ၊ မရှိနှင့် ၎င်းတို့နှစ်ဦးပြန်လည်လွတ်မြောက်ရေးနှင့်ပတ်သက်၍ ပြည်သူများ၏ အသံကိုစုစည်းဖော်ပြလိုက်ပါသည်။

အနှေးယာဉ် လုပ်သားများ၏ စိတ်ဓာတ်မှာ အမတ်အချို့ထက် သာလွန်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ချီးကျူး


အနှေးယာဉ်လုပ်သား များ၏စိတ်ဓာတ်မှာ အချို့သောကိုယ်စားလှယ်လောင်းများထက်သာလွန်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။ ‘‘တချို့ ကိုယ်စားလှယ် လောင်းတွေက ငါတို့ ဘယ်နေရာ ရမလဲဆိုပြီး မှန်းပြီးနေရာယူကြ တယ်။ ဆိုက်ကားဆရာတွေက ဘာရမလဲမစဉ်းစားဘူး။ ဆိုက် ကားဆရာတွေရဲ့ စိတ်ဓာတ်က တချို့ကိုယ်စားလှယ်လောင်းတွေ ထက် အများကြီးသာတယ်။ နိုင်ငံ တိုးတက်ရင် ငါတို့လည်းတိုးတက် မယ်ဆိုတဲ့စိတ်ထားနဲ့လုပ်ခဲ့လို့ အင်မတန်မှ ကျေးဇူးတင်တယ်။ အဲဒီလိုစိတ်ဓာတ်က လေးစားဖို့ ကောင်းပြီး အင်မတန်မှအတုယူ စရာကောင်းတယ်’’ဟု ဒီချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ရပ်တည်ကူညီခဲ့ကြသော ရန်ကုန် တိုင်းဒေသကြီးရှိ အနှေးယာဉ် လုပ်သား ဆိုက်ကားဆရာများနှင့် ဒီဇင်ဘာ ၂၆ ရက်ကတွေ့ဆုံစဉ်ပြောကြားခဲ့သည်။

လိပ်ကျွန်းဖြစ်ရပ် ကန့်ကွက်ဆန္ဒပြပွဲနဲ့ အမှုအပေါ် ထိုင်းရဲ ပြောဆိုချက် သဘောမတူ


မြန်မာလူငယ်နှစ်ဦးအပေါ် သေဒဏ်ချတဲ့ကိစ္စ မြန်မာနိုင်ငံသားတွေ ကန့်ကွက်ဆန္ဒပြတာဟာ နိုင်ငံရေးအရ အသုံး ချခံရတာဆိုတဲ့သဘော ထိုင်းရဲတပ်ဖွဲ့ အဆင့်မြင့် တာဝန်ရှိသူတွေက ပြောပေမယ့် ဒီကိစ္စကို စောင့်ကြည့်လေ့လာနေသူတွေက တော့ အဲဒီလိုမမြင်ပါဘူး။ လူငယ်နှစ်ဦး အပေါ် စွပ်စွဲချက်တွေ မခိုင်လုံဘူးဆိုတာကို တရားရုံး စစ်ဆေးမှုတွေမှာ အခိုင်အမာ ထွက်ဆိုခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေကလည်း ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအေးအေးမာက ပြောပြပါမယ်။

ထိုင်းရှေ့နေများကောင်စီနှင့် မြန်မာအဖွဲ့တွေ့ဆုံပြီးသည်နှင့် ခိုင်လုံသက်သေ တင်ပြခွင့် အယူခံတင်မည်


ကော့စမွီတရားရုံးက သေဒဏ်ချမှတ်ခဲ့သည့် လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာနှစ်ဦးအတွက် အယူခံကို ထိုင်းရှေ့နေများ ကောင်စီနှင့် မြန်မာသံရုံး အဖွဲ့တို့တွေ့ဆုံအပြီး၊ ခိုင်လုံသက်သေတင်ပြခွင့်ပါ ရေးသားကာ ဘန်ကောက် တရားရုံးသို့ အယူခံတင်မည်ဟု မြန်မာသံရုံးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့် က ဒီဇင်ဘာ ၂၇ရက်တွင် မဇ္ဈိမကိုပြောသည်။

မြန်မာနိုင်ငံအတွင်း ဆန္ဒပြမှုများနောက်ကွယ်တွင် နိုင်ငံရေးလှုံ့ဆော်မှု ရှိနိုင်ဟု ထိုင်းရဲတပ်ဖွဲ့ပြော


ခိုတောင်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်မှုအပေါ် ဆန့်ကျင်ကန့်ကွက် သည့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ဆန္ဒပြမှုများ နောက်ကွယ်တွင် နိုင်ငံရေးလှုံ့ဆော်မှု တစ်ခုခုရှိနိုင်ကြောင်း ထိုင်းရဲမှူးချုပ်ပီယာဖန်ပင်မောင် က ဒီဇင်ဘာ ၂၇ ရက် နံနက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခု တွင် ပြောကြားလိုက်သည်။

ခိုတောင် လူသတ်မှု သေဒဏ်ဆုံးဖြတ်ချက်ကို မြန်မာသံအမတ်ကြီး လက်ခံခဲ့ခြင်းမဟုတ်ကြောင်း ဘန်ကောက်ပို့ ပြန်လည်ရေးသား


ထိုင်းနိုင်ငံ ခိုတောင်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်လိုက်သည့် ပြစ်ဒဏ်အပေါ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်က လက်ခံခဲ့ကြောင်း ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်က ဒီဇင်ဘာ ၂၆ ရက်က ဖော်ပြခဲ့သည်။ သို့သော် သံအမတ်ကြီးက မိမိအနေဖြင့် တရားရုံးဆုံးဖြတ် ချက်ကို လေးစားသော်လည်း အမှုကို ပြန်လည်သုံးသပ်ရန်သာ ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ၀က်ဘ်ဆိုက်တွင် ဒီဇင်ဘာ ၂၇ ရက်က ပြန်လည် ဖော်ပြခဲ့သည်။

လိပ်ကျွန်းစီရင်ချက်အပေါ် ဆန္ဒပြမှုက နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မည်မဟုတ်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော


လိပ်ကျွန်းလူသတ်မှုတွင် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအား ထိုင်းတရား ရုံး၏ စီရင်ချက်အပေါ် မြန်မာနိုင်ငံအတွင်း ဆန္ဒပြမှုများက ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးဆိုးဝါးကာ ခပ်တန်းတန်းဖြစ်ပွားလိမ့်မည်ဟု မယုံကြည်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမတ်ဒဝီနိုင်က ပြောသည်။

လိပ်ကျွန်းအမှု သေဒဏ်ကျခံနေရသူ မြန်မာနှစ်ဦးအား လုံခြုံရေးအထူး တင်းကျပ်သည့် ထောင်သို့ ပြောင်းရွှေ့


ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဖြစ်ပွားသည့် ဗြိတိန်စုံတွဲ သတ်ဖြတ်မှုဖြင့် သေဒဏ်ချမှတ်ခြင်း ခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအား ဒီဇင်ဘာ ၂၆ ရက် နံနက်အစောပိုင်း၌ ထောင်တာဝန်ရှိသူများက လုံခြုံရေးတင်းကျပ်သည့် အကျဉ်းထောင်သို့ ထောင်ရွှေ့ပြောင်းလိုက် ကြောင်း သည်နေးရှင်းသတင်းတွင် ဖော်ပြသည်။

ထိုင်းဘုရင်ထံ မြန်မာဆန္ဒပြသူများ တောင်းဆိုချက် ပို့ပေးမည်ဟု ထိုင်းကောင်စစ်ဝန် ကတိပေး


မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးအား ထိုင်းနိုင်ငံ လိပ်ကျွန်းက ဗြိတိန်စုံတွဲလူသတ်မှုဖြင့် ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်ခြင်းအပေါ် ဆန္ဒပြမှုများ ဖြစ်ပွားနေရာ ရန်ကုန်ရှိ ထိုင်းသံရုံးမှ သံတမန်တစ်ဦးက ဆန္ဒပြသူများ၏ တောင်းဆိုချက်ကို ထိုင်းဘုရင်ထံသို့ အသနားခံ တင်ပြ ပေးမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

မြန်မာဘက်က ဘုရားသုံးဆူနယ်စပ်ကို ပိတ်ထား


ထိုင်းနိုင်ငံ ကန်ချန်နာဘူရီပြည်နယ် ဘုရားသုံးဆူလမ်းတစ်ဖက်ရှိ မြန်မာဘက်ခြမ်းရှိ ဘုရားသုံးဆူနယ်စပ်ဂိတ်ကို မြန်မာအာဏာပိုင်များက ပိတ်လိုက်ကြောင်း ထိုင်းစစ်တပ်မှ တပ်မှူးတစ်ဦးက ပြောသည်။ ထိုင်းအာဏာပိုင်များက ၎င်းတို့ဖက်ခြမ်းရှိ ဘုရားသုံးဆူ အဝင်ပေါက်ကို ပုံမှန်အတိုင်း ဖွင့်ထားသော်လည်း မြန်မာဘက်ခြမ်း ဘုရားသုံးဆူဂိတ်တွင် ထိုင်းပြည်သူများနှင့် ခရီးသွားဧည့်သည်များကို မြန်မာအာဏာပိုင်များဖက်က ဝင်ခွင့်မပြုတော့ဘဲ ပိတ်ထားကြောင်း ကန်ချန်နာဘူရီနှင့် အနီးနားပြည်နယ်များ ကွပ်ကဲရေး စစ်ဒေသ အမှတ် ၉ ခြေလျင်တပ်မ တပ်မှူး ဗိုလ်ချုပ် တမ်မန်နွန်က ပြောသည်။

ဆန္ဒပြမှုများကြောင့် မြန်မာနိုင်ငံဘက်သို့ မကူးကြရန် ထိုင်းနယ်စပ်အာဏာပိုင်များ သတိပေးထား


ထိုင်းနှင့် မြန်မာနယ်စပ် နယ်မြေများတွင် ထိုင်းအာဏာပိုင်များက ၎င်း၏ နိုင်ငံသားများအား လက်ရှိအချိန်၌ မြန်မာဖက်ခြမ်းသို့ သွားလာခြင်းမပြု ကြရန် ဒီဇင်ဘာ ၂၆ ရက်က သတိပေးချက်များ ထုတ်ခဲ့ကြောင်း သိရသည်။ လိပ်ကျွန်းလူသတ်မှုဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးအား ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်ခြင်းကြောင့် နယ်စပ်တစ်လျှောက် တွင် လူထောင်ပေါင်းများစွာ ဆန္ဒပြမှုများ ဖြစ်ပွားနေ၍ ယခုကဲ့သို့ သတိပေးချက် ထုတ်လိုက်ခြင်းဖြစ်သည်။

ဆန္ဒပြမှုများဖြစ်လာ၍ လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးမှုအပေါ် ထိုင်းရဲများ ကာကွယ်ပြောလာ


လိပ်ကျွန်းလူသတ်မှုတွင် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအား ထိုင်းတရားရုံးက သေဒဏ်စီရင်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အတွင်း ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်လာရာ ထိုင်းရဲများက ၎င်းတို့၏ လူသတ်မှုအပေါ် စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၇ ရက်တွင် ကာကွယ်ပြောကြားလာသည်။

My Blog List