24.12.2013
ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုးတွေနဲ့သာ
ချက်ကြတော့တဲ့ အခုခေတ်မှာ ထမင်းရည် လို့မေးလိုက်ရင် တော်တော်ရှာရမယ်
ထင်ပါတယ်။ ထမင်းရည် ဟာဆန်ကို ချက်တဲ့အခါ ရေနည်းနည်း ပိုထည့်လို့
ထမင်းကျက်ပြီး တဲ့နောက် ထမင်းပေါ်မှာ ကျန်နေတဲ့ အရည်ကြည်လေးကို ခေါ်တာပါ။
ဒီလို ထမင်းရည် ရှားနေတဲ့အချိန်မှာ ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပကို
အတော်လေး ကူညီနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးလေးတွေ တွေ့လာတာကြောင့်
အသုံးဝင်ပုံကို တင်ပြလိုက်ရပါတယ်။
၁။ ကြည်လင်သန့်စင်သော မျက်နှာရရှိအောင်
---------------------------------------------
မိန်းကလေးများ မျက်နှာကို သန့်စင် ပြီးတဲ့အခါ အအေးခံထားတဲ့ ထမင်းရည်ကို
ဂွမ်းစအနည်းငယ်နဲ့တို့ပြီး မျက်နှာ ပြင်အနှံ့ပွတ်ပေးရင် ထမင်းရည်က Toner
အဖြစ်ဆောင်ရွက်ပေးပြီး မျက်နှာကို တင်းရင်းနေ စေမှာပါ။ Inositol လို့ခေါ်တဲ့
ဗီတာမင်ဘီ ဓာတ်တစ်မျိုး ကြွယ်ဝတာကြောင့် အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို
နှေးစေကာ သွေးလည်ပတ်မှု ကိုလည်း ကောင်းစေပါတယ်။ မျက်နှာ ပေါ်မှာရှိတဲ့
ချွေးပေါက်တွေကို ကျဉ်းစေ ပြီး မျက်နှာကို ဝင်းပအောင်ပြုလုပ်ပေး
နိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ကိုထိန်း သိမ်းပေးနိုင်တဲ့ဓာတ်၊ အင်တီအောက်ဆီ
ဒင့်ဓာတ်၊ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူ နိုင်တဲ့ဓာတ်တွေဟာ သဘာဝအရ ကြေး
နီဓာတ်ကို စုပ်ယူပေးပြီး မျက်နှာပြင်မှာ မယ်လနင်တွေ စုပုံနေတာနဲ့ အသက်ကြီး
လို့ဖြစ်ပေါ်တတ်တဲ့ အနီကွက်တွေမှ ကာကွယ်ပေးပါတယ်။
၂။ ဆံပင်သားအတွက်
----------------------
ခေါင်းလျှော်ပြီးတဲ့အခါ အေးနေတဲ့ ထမင်းရည် အနည်းငယ်ကို ဆံသားမှာ
လိမ်းပေးပြီး မိနစ်အနည်းငယ်ထားပါ။ နည်းနည်းကြာရင် ရေဆေးချလို့ ရပါ
တယ်။ထမင်းရည်မှာပါဝင်တဲ့ ပရိုတင်း ဓာတ်က ဆံသားကို ဖြောင့်စင်းစေတဲ့ အပြင်
ဆံလုံးကွဲအက်နေတာတွေကိုပါ ပြန်ပြည့်စေပါတယ်။ ရလဒ်ကတော့ ဆံသားဟာ
ချောမွတ်ပြောင်လက်နေပြီး အိထွေးနေတာပဲ ဖြစ်ပါတယ်။
၃။ ကိုယ်ခန္ဓာ အတွက်
----------------------
ထမင်းရည်မှာ ချောမွေ့နေတဲ့ သဘာဝ ရှိတာကြောင့် ခန္ဓာကိုယ်မှာ အဖုအပိမ့်
ထွက်တာနဲ့ ကျိန်းစပ်စပ် ဖြစ်နေတဲ့ ဒဏ်ရာတွေ၊ နာကျင်မှု ခံစားနေရတဲ့ အ
ရေပြားနေရာတွေမှာ သက်သာစေပါ တယ်။ Brussels University လေ့လာ တွေရှိ ချက်အရ
အရေပြားရောဂါရှိ သူတွေနဲ့ နာတာရှည် အရေပြားရောင် ရမ်းသူတွေမှာတစ်နေ့ကို
ပုံမှန် နှစ်ကြိမ် တစ်ဆယ့်ငါးမိနစ်ခန့် ထမင်းရည်နဲ့ ဆေး ပေးတာဟာ တိုးတက်မှု
၂၀ ရာခိုင်နှုန်း ထိ ရှိလာတယ်လို့ ဆိုပါတယ်။
၎။ ကျန်းမာရေးအတွက်
-----------------------
ထမင်းရည်ကို သောက်ပေးတဲ့ အလေ့အကျင့်ဟာ အရင်တုန်းက ရှိပေမယ့် အခုတော့
မလုပ်ကြတော့ပါဘူး။ အမှန်တော့ ထမင်းရည်ဟာ အာဟာရပြည့် ဝပြီး ကျန်းမာရေးအတွက်
အကျိုးပြုပါတယ်။ သူဟာ မရှိမဖြစ် အမိုနိုအက်စစ် ရှစ်မျိုးပါဝင်တာ
ဖြစ်တဲ့အတွက် ခန္ဓာကိုယ် မှာ တစ်သျှူးနဲ့ ကြွက်သား ပြန်လည်တည် ဆောက်ရာမှာ
အထောက်အပံ့ပေးပါတယ်။ နောက်ပြီး ကာဗိုဟိုက်ဒရိတ်လည်း အများအပြား ပါတာကြောင့်
လိုအပ်တဲ့ စွမ်းအင်ဖြစ် ပေါ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဝမ်းလျှောတာကိုလည်း
သက်သာစေတဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းလို့ ကုသတဲ့နေရာမှာ
အသုံးဝင်တယ် လို့ဆိုပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကိုလည်း ကာကွယ်ပေးနိုင်
ပါတယ်။ ကိုယ် အပူချိန်ကျစေတဲ့အပြင် ကင်ဆာကြောင့် ဖြစ်တဲ့ သွေးဖိအားတိုးတာ
တွေမှလည်း ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ ရှိချက်တွေအရ သိရပါတယ်။
ဒါကြောင့် အလှအပအတွက်သာမက ကျန်းမာရေး အတွက်ပါ အသုံးတည့်လှတဲ့ ထမင်းရည် ကို
လက်တွေ့အသုံးချနိုင်ဖို့ အကြံပေး လိုက်ရပါတယ်။
ပြုလုပ်နည်း
------------
ထမင်းချက်တဲ့အခါ ရေအနည်းငယ် ပိုထည့်ပြီး ကျက်တဲ့အခါ ပိုနေတဲ့အရည်
ကြည်လေးကို အဖုံးပါတဲ့ ကရားလေးထဲ မှာထည့်ပါ။ ရေခဲသေတ္တာထဲမှာ အအေး
ခံပြီးရင်တော့သုံးလို့ရပါပြီ။
အိဖြူ (ဆေးဝါးတက္ကသိုလ်)
Tuesday, December 24, 2013
အမေ့အိမ် NLD နှင့် ၈၈ ကြားထဲမှ ဟ သွားရင် ပျော်တဲ့လူတွေသည် စစ်အာဏာရှင်၏ mindset မကုန်သေးဟု ကိုဂျင်မီမှပြော
24-12-2013
လတ်တလောဖြစ်ပေါ်နေသော သတင်းမီဒီယာများ၏ ဖော်ပြမှုအချို့အပေါ် ကိုးကား၍ အသင်းအဖွဲ့များအား အွန်လိုင်းပေါ်တွင် ဝေဖန်တိုက်ခိုက်နေမှုအတွက် အဆိုပါလုပ်ရပ်သည် စစ်အာဏာရှင်၏ mindset များအဖြစ် ကျန်ရှိနေသေးကြောင်းနှင့် ဝေဖန်တိုက်ခိုက်ရေးထက် အကြံဉာဏ်များ ပူပေါင်းကူညီရေးသာ လိုအပ်လျက်ရှိကြောင်း ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီမှ ပြောကြားခဲ့သည်။
The Voice ဂျာနယ်အယ်ဒီတာ ကိုကျော်မင်းဆွေမှလည်း “ကျွန်တော်တို့က ဘာလုပ်သလဲဆိုရင် သတင်းသမားတွေရဲ့ သဘာဝအရ Hight Light အဖြစ်ဆုံး Strong အဖြစ်ဆုံး ကုတ်တေးရှင်းတွေကို ကျွန်တော်တို့က ဆွဲထုတ်ပြီး ဖော်ပြလေ့ရှိပါတယ်။ ဒါ ဂျာနယ်လစ် ရှုထောင့်ကပြောတာ။ နောက်တစ်ချက်က ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က တိုင်းပြည်အတွက်ကော အများအတွက်ကော အကျိုးရှိစေမယ့်ဟာမျိုးကို ကျွန်တော်တို့က ဆွဲထုတ်လေ့ရှိတယ်။ ကာယကံရှင်ပြောတဲ့ ကာယကံရှင်တွေကို နစ်နာစေလိုခြင်းကော အထင်လွဲစေလိုခြင်းကော ကျွန်တော်တို့က တစ်စုံတစ်ယောက်ကို အခု အရပ်စကားနဲ့ပြောရင် ချတယ်ဆိုတဲ့ သဘောမျိုး ကျွန်တော်အဲဒါလုံးဝမရှိပါဘူး။ ကျွန်တော်တို့ တစ်လျှောက်လုံး လုပ်ခဲ့တဲ့ ရပ်တည်ချက်က အဲဒီသဘောရှိပါတယ်”ဟု ပြောကြားခဲ့သည်။
အဆိုပါ သတင်းအချက်အလက်များအပေါ် ကိုးကား၍ ဝေဖန်တိုက်ခိုက်မှုများအတွက် “အခုအချိန်မှာ ကျွန်တော်တို့က ဝေဖန်ရေးထက် အကူအညီပေးနိုင်တဲ့ ပုံစံတစ်ခုကို ပိုပြီးရှာစေချင်တယ်။ ဒီကနေ့ ပြောကြကြေးဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့အချိန်အထိ ဒီမိုကရေစီခေါင်းဆောင်ပဲ။ ဒီကနေ့ သူရဲ့အခန်းကဏ္ဍမပါရင် မဖြစ်ဆုံးအခြေအနေ။ အဲဒါကို ကျွန်တော်တို့ ပိုပြီးအသိဆုံးပဲ။ အဲဒီတော့ ကျွန်တော်တို့ ဒီကနေ့ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုပံ့ပိုးကူညီရမလဲဆိုတဲ့ ကိစ္စကိုပဲ ကျွန်တော်တို့ စဉ်းစားတယ်။ အခုကဘာလဲဆိုတော့ အမြင်က ကျွန်တော်တို့ကို ဝေဖန်တဲ့လူတွေကို ကြည့်လိုက်တဲ့အခါကျတော့လည်း NLD နဲ့ ၈၈ ကြားထဲမှာ တစ်ခုခု ဟ သွားပြီဆိုရင် သူတို့ပျော်တယ်။ ကျွန်တော်မြင်နေတာက ဟိုဘက်က ၀င်ပြောလိုက်။ ဒီဘက်က၀င်ပြောလိုက်။ သတင်းတွေလုပ်ကြတော့တာပဲ အမျိုးမျိုးပေါ့”ဟု ကိုဂျင်မီမှ ပြောကြားခဲ့သည်။
မြန်မာ့ခေတ်

မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးကျော်လင်းဦးနှင့် တွေ့ဆုံခြင်း လေးပွင့်ဆိုင်တွေ့ဆုံရေးတွင် စစ်တပ် မပါဝင်နိုင်၊ ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ဟု သုံးသပ်
24-12-2013
ဦးကျော်လင်းဦးသည် မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးဖြစ်သည့်အပြင် မြန်မာ့ပြည်သူ့ ဖိုရမ် ကျင်းပနိုင်ရေးအတွက်လည်း ဦးဆောင်လှုပ်ရှားနေသူ တစ်ဦးဖြစ်သည်။ မြန်မာ့နိုင်ငံရေး နယ်ပယ်မှ လတ်တလော ထိပ်တန်းကိစ္စတစ်ချို့အား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း ဖြစ်ခဲ့ပါသည်။(အယ်ဒီတာ တစ်ဦး)
မေး- ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘယ်အရာတွေ ပြင်ဆင်ဖို့ လိုပါလဲခင်ဗျ။
ဖြေ- အခြေခံဥပဒေပြင်ဆင်ရေးကိစ္စမှာ ကျွန်တော်အနေနဲ့ အချက်သုံးချက်ကို ပြင်ဖို့လိုတယ်လို့ ထင်ပါတယ်။ ပထမအချက်က ပြည်နယ်နှင့်တိုင်းဒေသကြီးတွေကို အာဏာ သယံဇာတနဲ့ အခွန်အကောက်တွေ ခွဲဝေရေးကိစ္စ၊ ဒုတိယအချက်က နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်း ကဏ္ဍကို လျှော့ချဖို့နဲ့ တတိယအချက် က ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် အရွေးခံနိုင်ဖို့ ၅၉(စ) ကို ပြင်ဖို့ပါ။
မေး- အဲဒီအချက်တွေက ပြင်ဆင်ဖို့ ဖြစ်လာနိုင်မယ်လို့ ယူဆပါလား။
ဖြေ- အဲဒီမှာတော့ လက်ရှိအနေအထားအရ အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အတွက် အဲဒါနဲ့ ဆက်စပ်နေတဲ့ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေကို အာဏာခွဲဝေတဲ့ကိစ္စတွေကို ပြင်လိမ့်မယ် ထင်ပါတယ်။ ဒါကလည်း တပ်မတော်၊ တိုင်းရင်းသား ပါတီတွေ၊ အာဏာရပါတီနဲ့ အစိုးရနဲ့ သဘောထားတွေ နီးစပ်ကြလိမ့်မယ်လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်။ ကျန်တဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍ လျှော့ချဖို့ကတော့ လတ်တလောမှာ မဖြစ်နိုင်ဘူးလို့ မြင်သလို ၅၉(စ)ကို ပြင်ဆင်ဖို့က သိပ်မလွယ်ဘူးလို့ ထင်ပါတယ်။
မေး- ဖွဲ့စည်းပုံ အခြေခံလေ့လာသုံးသပ်ရေး ကော်မရှင်ရဲ့ အနေအထားကို သုံးသပ်ပေးပါဦး။
ဖြေ- လက်ရှိဖွဲ့စည်းပုံ အခြေခံလေ့လာသုံးသပ်ရေး ကော်မရှင်ကတော့ လာမယ့် ၂၀၁၅ ဇန်နဝါရီမှာ နောက်ဆုံး သုံးသပ်အစည်းအဝေး ပြုလုပ်မှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ လိုအပ်တဲ့ အကြံပြုချက်တွေ ထောင့်ပေါင်းစုံက နားထောင်ပြီး လွှတ်တော်ကို သုံးသပ်အကြံပြုချက် တင်ပါလိမ့်မယ်။
မေး- ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးရေးကိစ္စ အောင်မြင်နိုင်မလား ခင်ဗျ။
ဖြေ- ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုတာမှာ ကျွန်တော် သိသလောက်ကတော့ သမ္မတရုံးဘက်က တရားဝင်မဟုတ်ဘဲ Informal တွေ့ဆုံဖို့ ကြိုးစား တယ်လို့ ကြားပါတယ်။ လေးယောက်စုံမှ မဟုတ်ဘဲ ဒီကြားထဲ တွေ့နိုင်တဲ့သူတွေ အရင်တွေ့ပြီး မိမိတို့ရဲ့ ဆန္ဒသဘောထားတွေကို အရင်ပြောဆိုဖို့ လိုမယ် ထင်ပါတယ်။ လေးဦးစုံဖို့ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရားသေ မစဉ်းစားသင့်ပါဘူး။ လေးပွင့်ဆိုင်မှာ စစ်တပ်ပါဝင် ဖို့ မလွယ်ဘူးလို့ ခန့်မှန်းပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်းတို့နဲ့ Informal သဘောမျိုး တွေ့ဆုံဖို့ ကြိုးပမ်းသင့်တယ်လို့ မြင်ပါတယ်။ အခု လာမယ့် ဒီဇင်ဘာ ၂၈၊ ၂၉၊ ၃၀) ရက်မှာ မြန်မာပြည်သူ့ ဖိုရမ်ကျင်းပဖို့ ရှိပါတယ်။ အဲဒီမှာ သူတို့ သုံးဦးလုံးကို ဖိတ်ထားပါတယ်။ သူတို့ အနေနဲ့ နိုင်ငံရေးသဘောထား တွေကို အသီးသီး ပြောလို့ရပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ အနေနဲ့လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ဒီသုံးဦးစလုံးရဲ့ စကားတွေကို ကြားချင်ပါတယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ အနေနဲ့ ကူညီဖို့ အဆင်သင့်ပါပဲ။
မေး- ၅၉(စ)ကိုပြင်ဖို့မှာ ၁၉၄၇နဲ့ ၁၉၇၄ ဖွဲ့စည်းပုံတွေနဲ့ နှိုင်းယှဉ်ပြောပေးပါဦး။
ဖြေ- ၁၉၄၇ နဲ့ ၁၉၇၄ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ သမ္မတရဲ့ အခန်းကဏ္ဍ အနေနဲ့ နိုင်ငံခြားနဲ့ မပတ်သက်ဘူး။ နိုင်ငံခြားရဲ့ကျေးဇူးသစ္စာ မခံယူရဘူးလို့ပါတယ်။ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပိုလာတဲ့အချက်က သားသမီးတွေရဲ့ အိမ်ထောင်ဘက်တွေအထိ ကန့်သတ်တာတွေ့ရတာ ထူးခြားချက်ပါ။ လက်ရှိမှာလည်း ၅၉(စ)ကို ပြင်တဲ့နေရာမှာ သားသမီးတွေ ကိစ္စကိုပြင်ဖို့ အဆိုပြုတဲ့သူတွေ ရှိနေပါတယ်။ သားသမီးတွေကိစ္စကို ပြင်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် သမ္မတအဖြစ် အရွေးခံလို့ရနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိပါ တယ်။ လက်ရှိမှာလည်း ၅၉(စ) ကို ပြင်ဖို့ပြောတဲ့ နိုင်ငံရေးပါတီတွေရှိသလို ကန့်ကွက်တဲ့ နိုင်ငံရေး ပါတီတွေလည်း ရှိပါတယ်။ အချို့ကလည်း ကျန်တဲ့အချက်တွေ မပြင်ရင်တောင်မှ ဒေါ်အောင်ဆန်းစုကြည် အတွက်လမ်းဖွင့်ပေးဖို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။
မေး- လေးပွင့်ဆိုင်ဆွေးနွေးမှုမဖြစ်မြောက်ရင် NLD အနေနဲ့ လူထုလှုပ်ရှားမှု လမ်းကြောင်းကို ရွေးချယ်မယ် လို့ ဆရာယူဆပါ သလား။
ဖြေ- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု မဖြစ်လာရင်လည်း လူထုလှုပ်ရှားမှု လမ်းကြောင်းကိုသွားမယ်လို့ ကျွန်တော့်အနေနဲ့ မမြင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လူထုလှုပ်ရှားမှုကို အားမပေးသလို ဖိနှိပ်မှု တွေများတဲ့ ကာလမှာကိုက လူထုလှုပ်ရှားမှုကို လုပ်ခဲ့တာ မတွေ့ခဲ့ရပါဘူး။ အခုလို NLD လွှတ်တော်ထဲ ရောက်နေတဲ့ အချိန်မှာ မလုပ်ဘူးလို့ မြင်ပါတယ်။ နောက်တစ်ချက်က တိုင်းပြည် အတွက် NLD က ရွေးကောက်ပွဲ လမ်းကြောင်းကို မသွေဖည်ဘူးလို့ မြင်ပါတယ်။ ဒီလမ်းကြောင်းကပဲ ဒီထက်ကောင်းတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဖို့ဖြစ်နိုင်မယ်လို့ မြင်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခြင်း မဖြစ်ခြင်းက NLD အနေနဲ့ ဒီလမ်းကြောင်း ကနေ မသွေဖည်ဘူးလို့ ကျွန်တော် ယူဆတယ်။အခုလည်း ကြားနေရတယ်။ ၅၉(စ)ကို မပြင်ရင် NLD ကရွေးကောက်ပွဲ မဝင်ဘူးလို့ပါ။ ဒါက မဖြစ်နိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။
မေး- ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်ပါမလား။
ဖြေ- ၅၉(စ)ကို မပြင်သရွှေ့ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်သမ္မတ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ၂၀၁၅မှာ Power Sharing တွေ အများကြီး ဖြစ်လာနိုင်မယ်လို့ မြင်ပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်ထုတ် Flower News ဂျာနယ်မှ ကူးယူဖော်ပြသည်
၅၉(စ)တံခါး လေးပွင့်ဆိုင်နဲ့မှ ပွင့်မှာလား
24-12-2013
နေထက်နီ
နိဒါန်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူး၊ သာယာဝတီမိန့်ခွန်း(၂)ခုဟာ မြန်မာ့နိုင်ငံရေးလောကအတွက် ကြီးမား လှတဲ့ အိပ်မက်ဆိုးများ ဖြစ်ပေါ်လာနိုင်တာကို တွေ့ရပါတယ်။ လွှတ်တော်ကလည်း ပြင်ဆင်ရေးကို ကော်မတီဖွဲ့ဆောင်ရွက်နေပြီး
အစိုးရဘက်ကလည်း ပြင်ဆင်ရေးကိုလက်ခံတယ်၊ တပ်မတော်ကလည်း ပြင်ဆင်ရေးကို
အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ လက်ခံတယ်။ ဒီတော့ ပြင်ဆင်ရေးကို လက်မခံဘူး
ဆိုပြီး ပြည်သူတွေကို ပြင်ဆင်ပေးဖို့ စာရေးသားပေးပို့ခိုင်းနေတာဟာ
ဘာကိုဆိုလိုတာလဲ။ နားမလည်နိုင် အောင်၊ နားလည်ရခက်စရာ ဖြစ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ပြင်ဆင်ရေးဆိုတာဟာ ပုဒ်မ ၅၉(စ)ကို
ဆိုလိုချင်တာလား။ ဒါကိုလည်း ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်လို့ပဲ
ထင်ပါတယ်။
ကြီးလေးကြီး၊ လေးပွင့်ဆိုင်
ကြီးလေးကြီးရဲ့ လေးပွင့်ဆိုင်တွေ့ဆုံညှိနှို င်းရေးကို လူသိထင်ရှားတောင်းဆိုလိုက်ြ ပီးတဲ့နောက်မှာ
လူထု အား နဲ့ တောင်းဆိုမယ် ဆိုတဲ့ လမ်းကြောင်းဟာ တစ်ကယ်တော့
ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်းရေးကို ကျောခိုင်းပြီး
ထိပ်တိုက်ရင်ဆိုင်ရေးကို လှမ်းလိုက်တာလို့ပဲ မြင်ပါတယ်။
စေ့စပ်ညှိနှိုင်းရေးအတွက် ပထမ အဆင့်အနေနဲ့ ယုံကြည်မှုတည်ဆောက်ရေးကို
သွားသင့်တယ် လို့ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုကိုကြီးက
ထုတ်ဖော်ပြောကြားလိုက်သလို ၅၉(စ)ပြင်ဆင်ဖို့ကို ရေရှည်အတွက်
ချင့်ချိန်စဉ်းစားဖို့လိုတယ် ဆိုတဲ့ စကားကို ၈၈ မျိုးဆက် မင်းဇေယျက ထုတ်ဖော်ပြောကြားလိုက်ပါတယ် ။ ၈၈ မျိုးဆက်ဟာ ပြင်ဆင်ရေး အကြံပြုချက်တွေကို လွှတ်တော်ကော်မတီကို ပေးပို့ဖို့ ထုတ်ဖော်ကြေညာထားတဲ့အဖွဲ့လည်း
ဖြစ်နေပါ တယ်။ ဒီနေရာမှာ ပြင်ဆင်ရေးကို လက်ခံကြပေမယ့် ၅၉(စ)ကိုတော့
အကြိတ်အနယ် အငြင်းပွားဖွယ်ရာ တွေ ဖြစ်နေတယ် ဆိုတာ ထင်ရှားလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာတစ်နိုင်ငံလုံးရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး အတွက် ပေးအပ်ထားတဲ့ Mandate ကို သတိထားဖို့ လိုမယ် ထင်ပါတယ်။ ဒီ Mandate ဟာ အများ ကြီး ကျယ်ပြန့်လှပါတယ်။ အများကြီးလည်း နက်ရှိုင်းလှပါတယ်။ ပြည်သူလူထု တည်ငြိမ်အေးချမ်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်တွေ အများကြီး ရှိနေပါတယ်။ တရားဥပဒေစိုးမိုးရေး အတွက်လည်း တာဝန်တွေ အများကြီး ရှိပါတယ်။ ဒီတာဝန်တွေအတွက် ဒေါ်စု ဘာတွေလုပ်နေပြီလဲ မေးခွန်းထုတ် ရပါလိမ့်မယ်။
ဥပဒေပြုရေး ဆိုတာ တရားဥပဒေစိုးမိုးရေးရဲ့ နိဒါန်း ဖြစ်ပါတယ်။ နိဒါန်းအဖွင့် မကောင်းရင် နောက်မှာ ရှိနေ တဲ့ လုပ်ငန်းစဉ်တစ်ခုလုံး ကသောင်းကနင်း နိုင်သွားမှာပဲ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့် ဖြစ်တဲ့ ပြင်ဆင်ရေးကို ကိုင်ထားနိုင်ရင် ပွဲသိမ်းပြီ ဆိုပြီး လွှတ်တော်အလိုလိုက် အကြိုက်ဆောင်ခဲ့တာတွေ ဟာ ဒီအချိန်မှာ အဖုအထစ်တွေ ဖြစ်လာတဲ့ သဘောပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မဏ္ဍိုင်ကြီးအားလုံး အကြား ချိန်ခွင်လျှာတည်ငြိမ်အောင်
ကြားဝင် ထိန်းသိမ်းပေးနိုင်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်။
ဘယ်ဘယ်ကိုမှ ဘက်မလိုက်ဘဲ တရားဥပဒေစိုးမိုးရေးဘက်ကို လိုက်ရမယ့် သူဟာ
ပုဂ္ဂိုလ်ရေးရင်းနှီးမှု အရ လွှတ်တော်ရဲ့ တစ်ဘက်စောင်းနင်း
လုပ်ဆောင်ချက်တွေကို ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ ပြင်ဆင်ရေး အောင်မြင်လိုတဲ့
ဆန္ဒနောက်မှာ ဆန္ဒာဂတိတွေ အလိုအလျောက် ဖြစ်ပေါ်ခဲ့တာဟာလည်း ပြန်ပြီး
ချင့်ချိန် စရာ ဖြစ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ ဖြစ်ချင်တယ် ဆိုတဲ့ စကားကို အစောဆုံး ထုတ်ဖော်ပြောကြား ခဲ့ခြင်းဟာ ၅၉(စ)ပြင်ဆင်လိုခြင်းကြောင့် သာ ဖြစ်ပါတယ်။ ဒီလို ထုတ်ဖော်ပြောကြားလိုက်တဲ့အတွက် ဥပဒေပြု လွှတ်တော်ကို အလိုလိုက်ခဲ့ရပါတယ်။ လွှတ်တော်နဲ့ အစိုးရ ထိပ်တိုက်အငြင်းပွားမှုတွေမှာ လွှတ် တော်ဘက်က ရပ်တည်ပေးခဲ့ပါတယ်။ ဒီထိပ်တိုက်ရင်ဆိုင်မှုတွေမှာ
အရေးကြီးလှတဲ့ ယုံကြည်မှုမိတ်ဖက် ဖြစ်ရမယ့် တပ်မတော်ကို
ကျောခိုင်းခဲ့ပါတယ်။ နှုတ်ကပဲ တပ်မတော်ကို ချစ်ပါတယ် ပြောနေတာထက်
လုပ်ဆောင်ချက်တွေက တပ်မတော်ကို မလိုလားတဲ့သဘောထားကို ပြသခဲ့ပါတယ်။ ၂၀၁၅
မတိုင်ခင် တပ်မတော်သားတွေ လွှတ်တော်ထဲက လုံးဝ ထွက်ခွါရေးဟာ လက်ရှိအနေအထားအရ
မဖြစ်နိုင်ပါဘူး။ ဒီလို မဖြစ်နိုင်တာကို လက်ခံထားခြင်း မရှိဘဲ
ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာကိုပဲ ဦးတည်တောင်းဆို နေခဲ့တာ
တွေ့နိုင်ပါတယ်။
၅၉(စ)လည်း ပြင်ပေးရမယ်၊ ဖက်ဒရယ်လည်း သွားရမယ်၊ (၂၅%)လည်း ဖြုတ်ပစ်ရမယ် ဒီလို တောင်းဆို ချက်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘာတွေ လိုက်လျောပေးမယ် ဆိုတာ ပြောခဲ့ဘူးပါ သလား။ တပ်မတော်ဟာ ပြင်ဆင်ရေးရဲ့ သော့ချက်ဖြစ်နေတယ် ဆိုရင် ဒီသော့ချက် အတွက် မက်လုံးက ဘာလဲ။ အပေးနဲ့အယူ သဘောတရားမှာ အပေး မရှိ အယူသာရှိ ဆိုရင် အပေး-အယူ အောင်မြင် နိုင်ပါ့မလား။
လွှတ်တော်မှားကွက်တွေ ဘာ့ကြောင့် ထောက်မပြခဲ့တာလဲ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှတ်တော်သက်တမ်းမှာ တရားဥပဒေစိုးမိုးရေးအမြင်ထက်
ကြံ့ခိုင်ရေး နဲ့ ပြေလည်ရေး လမ်းကြောင်းကို လျှောက်ခဲ့ခြင်းရဲ့
အကျိုးဆက်ကို ခံစားနေရတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ တော့ အုပ်ချုပ်ရေးနဲ့ရော
တပ်မတော်နဲ့ပါ ဆန့်ကျင်ဘက်အရပ်တစ်ခုစီမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။
လွှတ်တော်မှာ ထိုင်နေတဲ့သူအတော်များများဟာ
အခြေခံဥပဒေရေးဆွဲခဲ့တဲ့ အမျိုးသားညီလာခံမှာ ပါဝင် ခဲ့ကြသူတွေ ဖြစ်ပါတယ်။
လွှတ်တော်က ကိုယ်ပိုင်လုံခြုံရေး ပျူစောထီးတပ်ဖွဲ့ ဖွဲ့ဖို့ ကြိုးပမ်းလာတယ်။
တည် ငြိမ်အေးချမ်းရေးအတွက် တာဝန်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ဘက်
မပြောရဲဘူး။ ဘာကြောင့် လဲ၊ ပြင်ဆင်ရေးမှာ အနှောက်အယှက်
ဖြစ်မှာစိုးတဲ့အတွက်။ သမ္မတလုပ်ပိုင်ခွင့်တွေ လွှတ်တော်က လွှဲပြောင်းယူမယ့်
ဥပဒေကြမ်း ဆိုပြီး ဒေါက်တာမြတ်ဥာဏစိုးတို့ ထုတ်ဖော်ပြေကြားခဲ့တဲ့
လွှတ်တော်ဥပဒေ ကြမ်းကို သမ္မတ လက်မှတ်မထိုးဘူး။ ဒေါ်အောင်ဆန်းစုကြည်
ရေငုံနှုတ်ပိတ်နေခဲ့တယ်။ မဲဆန္ဒနယ်မြေ ရန်ပုံငွေ သိန်းတစ်ထောင်ကိစ္စ
အခြေခံဥပဒေနဲ့ မညီရင် အခြေခံဥပဒေပြင်ပေါ့ ဆိုပြီး ဒေါ်အောင်ဆန်းစု
ကြည်ပြောခဲ့ပါတယ်။ မညီတဲ့ဟာ မလုပ်ဖို့ ၀င်ပြီး မထိန်းခဲ့ဘူး။
အခု ဖွဲ့စည်းထားတဲ့ ပြင်ဆင်ရေးကော်မတီက ဘယ်လောက်အထိ ပြင်ပေးမှာလဲ။ ပြင်ဆင်ရေး ကော်မတီ နောက်ကွယ်က ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းကိုင် ပေါလစ်ဗျူရိုကြီးတွေ လွှတ်တော်ထဲမှာ ရှိတယ်။ တစ်ခွန်းမှ မပြောခဲ့ဘူး။ ငြိုငြင်မှာလည်း စိုးရသေးတဲ့အဖြစ်။
(၁ ရာခိုင်နှုန်း) ပြန်ခေါ်ခွင့်ကို လွှတ်တော်က ဟိုလိုလို ဒီလိုလို လုပ်ပြီး ရှောင်လွှဲနေတယ်။ ဒေါ်အောင်ဆန်း စုကြည် တစ်ခွန်းမှ ၀င်မပြောခဲ့ဘူး။ တစ်ကယ်တမ်း ဆန်းစစ်ကြည့်ရင် ပြင်ဆင်ရေးမက်လုံးနဲ့ အမှန်တရား ဘက်မှာ မရပ်တည်နိုင်၊ မဏ္ဍိုင်ကြီးတွေ အကုန်လုံးကို ပြန်ပြီးထိန်းကျောင်းနိုင်တဲ့
နိုင်ငံပြုမဏ္ဍိုင်အဖြစ် မလုပ်နိုင်တဲ့ အခြေအနေကို ရောက်ရှိသွားခဲ့ ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အုပ်ချုပ်ရေးကိုရော၊ လွှတ်တော်ကိုရော၊
တရားရုံးတွေကိုရော၊ မီဒီယာတွေကိုရော၊ ပြည်သူတွေကိုရော ထိန်းကျောင်းနိုင်တဲ့
သြဇာကြီးမားတဲ့ မဏ္ဍိုင်ကြီးတစ်ခုပါ။ ဒီမဏ္ဍိုင်ကြီး အသက်မ၀င်ခဲ့ဘူး။
သမ္မတဖြစ်ရေး ပြင်ဆင်ရေး မျှော် မှန်းချက်ကြောင့်
ထိန်းကျောင်းရေးမဏ္ဍိုင်ကြီးတ စ်ခုလုံး ပြည်သူတွေ ဆုံးရှုံးခဲ့ရတယ်။
၅၉(စ)ရဲ့ ထွက်ပေါက်
ထောက်ပြရင် မညှာမတာ ပြောထွက်တယ် ဆိုတဲ့ အပြစ်တင်သံတွေ ကြားရမှာ သေချာပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၅၉(စ)ကို မရမက ပြင်နေမယ့်အစား ၅၉(စ)နဲ့ ညီသွားအောင် လုပ်လို့ မရဘူးလား။ စဉ်းစားကြဖို့ လိုပါတယ်။ ၅၉(စ) ပြင်လို့ မရဘူးဆိုတာကို လွှတ်တော်ကရော၊ တပ်မတော် ကရော ဒုတိယသမ္မတနေရာ လစ်လပ်သွားတဲ့အချိန်တုန်းက ပြသခဲ့ပြီး ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို ဒုတိယသမ္မတအဖြစ် အမည်စာရင်းတင်သွင်းတဲ့အချိန်က
ဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်က ကန့်ကွက်ခဲ့ပြီး ပယ်ချခဲ့ပြီး
ဖြစ်ပါတယ်။ ဒီဒုသမ္မတဟာ တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က
အမည်စာရင်းတင်သွင်းခဲ့တဲ့ ဒုသမ္မတပဲ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ သူတို့
တင်သွင်းခဲ့တဲ့ ဒုသမ္မတလောင်းကို ပယ်ချခဲ့တဲ့ ဒီပုဒ်မကို အသာတကြည်
ကြည်ကြည်ဖြူဖြူ လက်ခံ နိုင်မှာ တဲ့ လား။ ဒီပုဒ်မနဲ့ ဦးမြင့်ဆွေကို
ပယ်ချခဲ့တဲ့ ကြံ့ခိုင်ရေးအများစု ကြီးစိုး ထားတဲ့ လွှတ်တော်ကရော ဒီပုဒ်မ
ပြင်ပေးပါ ဆိုပြီး ပြောကြမှလား။
ဒါဆိုရင် ဒီ ၅၉(စ)ကို ပြင်ဆင်ဖို့ ဖြစ်နိုင်မှာလား။ ဖြစ်နိုင်ချေ သိပ်ကိုနည်းနေပါတယ်။ ဒါဆိုရင် ဖြစ်နိုင်ချေ သိပ်ကိုနည်းနေတဲ့ ၅၉(စ)ကို ပြင်ဆင်မယ့်အစား ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၅၉(စ)နဲ့ ညီအောင် လုပ်ယူလို့ မရဘူးလား။ သား(၂)ယောက်နဲ့ ချွေးမတွေ မြန်မာနိုင်ငံသားအဖြစ် ပြောင်းလဲ ခံယူကြမလား။ ဒါဆိုရင် ၅၉(စ)နဲ့ ညီညွတ်မသွားဘူးလား။ မြန်မာနိုင်ငံမှာ သမ္မတ ဖြစ်ချင်တဲ့ ခေါင်းဆောင်ရဲ့ သား /သမီး တွေကရော မြန်မာနိုင်ငံသား ဖြစ်ရင် မကောင်းဘူးလား။
နောက်တစ်နည်းက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သားသမီးတွေကို စွန့်လွှတ်တဲ့ နည်းလမ်း ဖြစ်ပါ တယ်။ ရက်စက်ရာတော့ ကျပါလိမ့်မယ်။ သမ္မတဖြစ်ရေးက အဓိက၊ ပြည်သူတွေအကျိုးကို သယ်ပိုးဖို့က အဓိက ဆိုရင် သားသမီးတွေကို စွန့်လွှတ်နိုင်ခြင်းဟာ ရာဇ၀င်တွင်ရစ်မယ့် စွန့်လွှတ်မှုတစ်ရပ် ဖြစ်လာ ပါလိမ့်မယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထွက်ပေါက်ပိတ်နေတာ မဟုတ်ဘူး။ ပိတ်ထားတဲ့ တံခါးကို တွန်းဖွင့်နေတာ ဖြစ်ပါတယ်။ ပိတ်သူနဲ့ တွန်းသူ ဒီ(၂)ခုအကြားမှာ ပဋိပက္ခတွေ ဖြစ်လာ မှာတော့ သေချာနေပါတယ်။ နောက်တစ်ချက်က စနစ်တကျ ပိတ်ဆို့ဖို့ စဉ်းစားပြီးဆောင်ရွက်ခဲ့တဲ့ ဒီပုဒ်မ နဲ့ ပတ်သက်လို့ ပြင်ဆင်ရေးကို တာဝန်ယူထားကြတဲ့ လွှတ်တော်ထဲက ကြံ့ခိုင်ရေးအမတ်တွေကြားမှာ
လူမသိသူမသိပဋိဥာဉ်တွေ ဘယ်လိုရှိနေသလဲ ပြည်သူတွေ မသိနိုင်သလို
ဒေါ်အောင်ဆန်းစုကြည်လည်း သိနိုင်မှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ
အခြေခံဥပဒေ ရေးဆွဲခဲ့ရာမှာ တာဝန်ယူခဲ့သူတွေကို ထိုးနှက်တိုက်ခိုက်နေတဲ့အချိန်မှာ
အဲဒီလို ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေးကို ထိန်းဖို့ ဘယ်သူတွေ ကို
တာဝန်ပေးခဲ့သလဲ ဆိုတာကို စဉ်းစားဖို့ လိုပါတယ်။ လွှတ်တော်ဥက္ကဌ
(၂)ယောက်စလုံးဟာ ကြံ့ခိုင် ရေးပါတီကပဲ ဖြစ်သလို လွှတ်တော်ထဲက အများစုကလည်း
ကြံ့ခိုင်ရေးကပဲ ဖြစ်နေပါတယ်။
ပြင်ဆင်ရေးကို ထိန်းထားတာက တပ်မတော် ဆိုပေမယ့် လွှတ်တော်ထဲမှာ ထိန်းထားတာက ကြံ့ခိုင်ရေး ပါတီဖြစ်နေတဲ့အတွက် ကြံ့ခိုင်ရေးပါတီက အမတ်တွေကို မေးခွန်းထုတ်ဖို့ လိုနေပါတယ်။ ကြံ့ခိုင်ရေး အမတ်တစ်ချို့ကလည်း မပြင်နိုင်ဘူး ဆိုပြီး ဗြောင်ပဲ ဖွင့်ပြောထားတာတွေ ရှိနေပါတယ်။ ကြံ့ခိုင်ရေးပါတီရဲ့ ပေါလစ်ဗျူရို ဆရာကြီးတွေက ဘယ်သူလဲ၊ ကြံ့ခိုင်ရေးပါတီဥက္ကဌ ဖြစ်နေတာက ဘယ်သူလဲ။ အနီးဆုံး ရန်သူကို ရှာတိုက်ရမယ့် ပြင်ဆင်ရေးတိုက်ပွဲမှာ ပစ်မှတ်မှားနေသလား တွေးမိပါတယ်။ ပစ်မှတ်မှား ရင်တော့ နည်းဗျူဟာတွေ၊ ချဉ်းကပ်မှုလမ်းကြောင်းတွေလည်း မှားသွားတော့မှာ ဖြစ်ပါတယ်။
The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၃၁) မှ ကူးယူဖော်ပြသည်
နေထက်နီ
နိဒါန်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူး၊ သာယာဝတီမိန့်ခွန်း(၂)ခုဟာ မြန်မာ့နိုင်ငံရေးလောကအတွက်
ကြီးလေးကြီး၊ လေးပွင့်ဆိုင်
ကြီးလေးကြီးရဲ့ လေးပွင့်ဆိုင်တွေ့ဆုံညှိနှို
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာတစ်နိုင်ငံလုံးရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး အတွက် ပေးအပ်ထားတဲ့ Mandate ကို သတိထားဖို့ လိုမယ် ထင်ပါတယ်။ ဒီ Mandate ဟာ အများ ကြီး ကျယ်ပြန့်လှပါတယ်။ အများကြီးလည်း နက်ရှိုင်းလှပါတယ်။ ပြည်သူလူထု တည်ငြိမ်အေးချမ်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ တာဝန်တွေ အများကြီး ရှိနေပါတယ်။ တရားဥပဒေစိုးမိုးရေး အတွက်လည်း တာဝန်တွေ အများကြီး ရှိပါတယ်။ ဒီတာဝန်တွေအတွက် ဒေါ်စု ဘာတွေလုပ်နေပြီလဲ မေးခွန်းထုတ် ရပါလိမ့်မယ်။
ဥပဒေပြုရေး ဆိုတာ တရားဥပဒေစိုးမိုးရေးရဲ့ နိဒါန်း ဖြစ်ပါတယ်။ နိဒါန်းအဖွင့် မကောင်းရင် နောက်မှာ ရှိနေ တဲ့ လုပ်ငန်းစဉ်တစ်ခုလုံး ကသောင်းကနင်း နိုင်သွားမှာပဲ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့် ဖြစ်တဲ့ ပြင်ဆင်ရေးကို ကိုင်ထားနိုင်ရင် ပွဲသိမ်းပြီ ဆိုပြီး လွှတ်တော်အလိုလိုက် အကြိုက်ဆောင်ခဲ့တာတွေ ဟာ ဒီအချိန်မှာ အဖုအထစ်တွေ ဖြစ်လာတဲ့ သဘောပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ မဏ္ဍိုင်ကြီးအားလုံး အကြား ချိန်ခွင်လျှာတည်ငြိမ်အောင်
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတ ဖြစ်ချင်တယ် ဆိုတဲ့ စကားကို အစောဆုံး ထုတ်ဖော်ပြောကြား ခဲ့ခြင်းဟာ ၅၉(စ)ပြင်ဆင်လိုခြင်းကြောင်
၅၉(စ)လည်း ပြင်ပေးရမယ်၊ ဖက်ဒရယ်လည်း သွားရမယ်၊ (၂၅%)လည်း ဖြုတ်ပစ်ရမယ် ဒီလို တောင်းဆို ချက်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘာတွေ လိုက်လျောပေးမယ် ဆိုတာ ပြောခဲ့ဘူးပါ သလား။ တပ်မတော်ဟာ ပြင်ဆင်ရေးရဲ့ သော့ချက်ဖြစ်နေတယ် ဆိုရင် ဒီသော့ချက် အတွက် မက်လုံးက ဘာလဲ။ အပေးနဲ့အယူ သဘောတရားမှာ အပေး မရှိ အယူသာရှိ ဆိုရင် အပေး-အယူ အောင်မြင် နိုင်ပါ့မလား။
လွှတ်တော်မှားကွက်တွေ ဘာ့ကြောင့် ထောက်မပြခဲ့တာလဲ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွှတ်တော်သက်တမ်းမှာ တရားဥပဒေစိုးမိုးရေးအမြင်ထက
အခု ဖွဲ့စည်းထားတဲ့ ပြင်ဆင်ရေးကော်မတီက ဘယ်လောက်အထိ ပြင်ပေးမှာလဲ။ ပြင်ဆင်ရေး ကော်မတီ နောက်ကွယ်က ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းကိုင် ပေါလစ်ဗျူရိုကြီးတွေ လွှတ်တော်ထဲမှာ ရှိတယ်။ တစ်ခွန်းမှ မပြောခဲ့ဘူး။ ငြိုငြင်မှာလည်း စိုးရသေးတဲ့အဖြစ်။
(၁ ရာခိုင်နှုန်း) ပြန်ခေါ်ခွင့်ကို လွှတ်တော်က ဟိုလိုလို ဒီလိုလို လုပ်ပြီး ရှောင်လွှဲနေတယ်။ ဒေါ်အောင်ဆန်း စုကြည် တစ်ခွန်းမှ ၀င်မပြောခဲ့ဘူး။ တစ်ကယ်တမ်း ဆန်းစစ်ကြည့်ရင် ပြင်ဆင်ရေးမက်လုံးနဲ့ အမှန်တရား ဘက်မှာ မရပ်တည်နိုင်၊ မဏ္ဍိုင်ကြီးတွေ အကုန်လုံးကို ပြန်ပြီးထိန်းကျောင်းနိုင်တ
၅၉(စ)ရဲ့ ထွက်ပေါက်
ထောက်ပြရင် မညှာမတာ ပြောထွက်တယ် ဆိုတဲ့ အပြစ်တင်သံတွေ ကြားရမှာ သေချာပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၅၉(စ)ကို မရမက ပြင်နေမယ့်အစား ၅၉(စ)နဲ့ ညီသွားအောင် လုပ်လို့ မရဘူးလား။ စဉ်းစားကြဖို့ လိုပါတယ်။ ၅၉(စ) ပြင်လို့ မရဘူးဆိုတာကို လွှတ်တော်ကရော၊ တပ်မတော် ကရော ဒုတိယသမ္မတနေရာ လစ်လပ်သွားတဲ့အချိန်တုန်းက ပြသခဲ့ပြီး ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေကို ဒုတိယသမ္မတအဖြစ် အမည်စာရင်းတင်သွင်းတဲ့အချိန
ဒါဆိုရင် ဒီ ၅၉(စ)ကို ပြင်ဆင်ဖို့ ဖြစ်နိုင်မှာလား။ ဖြစ်နိုင်ချေ သိပ်ကိုနည်းနေပါတယ်။ ဒါဆိုရင် ဖြစ်နိုင်ချေ သိပ်ကိုနည်းနေတဲ့ ၅၉(စ)ကို ပြင်ဆင်မယ့်အစား ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၅၉(စ)နဲ့ ညီအောင် လုပ်ယူလို့ မရဘူးလား။ သား(၂)ယောက်နဲ့ ချွေးမတွေ မြန်မာနိုင်ငံသားအဖြစ် ပြောင်းလဲ ခံယူကြမလား။ ဒါဆိုရင် ၅၉(စ)နဲ့ ညီညွတ်မသွားဘူးလား။ မြန်မာနိုင်ငံမှာ သမ္မတ ဖြစ်ချင်တဲ့ ခေါင်းဆောင်ရဲ့ သား /သမီး တွေကရော မြန်မာနိုင်ငံသား ဖြစ်ရင် မကောင်းဘူးလား။
နောက်တစ်နည်းက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သားသမီးတွေကို စွန့်လွှတ်တဲ့ နည်းလမ်း ဖြစ်ပါ တယ်။ ရက်စက်ရာတော့ ကျပါလိမ့်မယ်။ သမ္မတဖြစ်ရေးက အဓိက၊ ပြည်သူတွေအကျိုးကို သယ်ပိုးဖို့က အဓိက ဆိုရင် သားသမီးတွေကို စွန့်လွှတ်နိုင်ခြင်းဟာ ရာဇ၀င်တွင်ရစ်မယ့် စွန့်လွှတ်မှုတစ်ရပ် ဖြစ်လာ ပါလိမ့်မယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ထွက်ပေါက်ပိတ်နေတာ မဟုတ်ဘူး။ ပိတ်ထားတဲ့ တံခါးကို တွန်းဖွင့်နေတာ ဖြစ်ပါတယ်။ ပိတ်သူနဲ့ တွန်းသူ ဒီ(၂)ခုအကြားမှာ ပဋိပက္ခတွေ ဖြစ်လာ မှာတော့ သေချာနေပါတယ်။ နောက်တစ်ချက်က စနစ်တကျ ပိတ်ဆို့ဖို့ စဉ်းစားပြီးဆောင်ရွက်ခဲ့တဲ့
ပြင်ဆင်ရေးကို ထိန်းထားတာက တပ်မတော် ဆိုပေမယ့် လွှတ်တော်ထဲမှာ ထိန်းထားတာက ကြံ့ခိုင်ရေး ပါတီဖြစ်နေတဲ့အတွက် ကြံ့ခိုင်ရေးပါတီက အမတ်တွေကို မေးခွန်းထုတ်ဖို့ လိုနေပါတယ်။ ကြံ့ခိုင်ရေး အမတ်တစ်ချို့ကလည်း မပြင်နိုင်ဘူး ဆိုပြီး ဗြောင်ပဲ ဖွင့်ပြောထားတာတွေ ရှိနေပါတယ်။ ကြံ့ခိုင်ရေးပါတီရဲ့ ပေါလစ်ဗျူရို ဆရာကြီးတွေက ဘယ်သူလဲ၊ ကြံ့ခိုင်ရေးပါတီဥက္ကဌ ဖြစ်နေတာက ဘယ်သူလဲ။ အနီးဆုံး ရန်သူကို ရှာတိုက်ရမယ့် ပြင်ဆင်ရေးတိုက်ပွဲမှာ ပစ်မှတ်မှားနေသလား တွေးမိပါတယ်။ ပစ်မှတ်မှား ရင်တော့ နည်းဗျူဟာတွေ၊ ချဉ်းကပ်မှုလမ်းကြောင်းတွေလည
The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၃၁) မှ ကူးယူဖော်ပြသည်
ပုဒ်မ (၁၈) အပါအ၀င် ပြည်သူလူထုအား နိုင်ငံရေးအရ တစ်ဖက်သတ်ဖိနှိပ်ထားသည့် ဥပဒေများအပေါ် ဆန္ဒထုတ်ဖော်ရန် အရပ်ဘက် လူ့အဖွဲ့အစည်းများ သတင်းစာရှင်းလင်းပွဲ ယနေ့ပြုလုပ်မည်
24-12-2013
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်အပါအ၀င် ပြည်သူလူထု အပေါ် နိုင်ငံရေးအရ ကန့်သတ်ချုပ်ချယ် မတရားဖိနှိပ်ထားသည့် ဥပဒေပုဒ်မများအား ကန့်ကွက်ဆန္ဒပြရန်အတွက် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်း၌ ဒီဇင်ဘာ ၂၄ ရက်(ယနေ့)၊ မွန်းလွဲ ၂ နာရီတွင် အဖွဲ့အစည်းပေါင်း ၅၀ ပါဝင်ပြီး ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယခုနှစ်ကုန်အထိ ငြိမ်းစုစီဥပဒေဟု လူသိများသည့် ပုဒ်မ ၁၈၊ ၅၀၅(ခ)၊ အသင်းအဖွဲ့ ပုဒ်မ ၆ တို့ဖြင့် တရားစွဲဆိုခံထားရသူ ၂၅၀ ကျော်အထိရှိနေပြီး သမ္မတမှပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် ပုဒ်မ ၁၈ ဖြင့် လွတ်မြောက်လာသူများ ပါဝင်ခဲ့သော်လည်း ထပ်မံတရားစွဲဆို ခံနေရမှုများရှိနေကြောင်းကိုလည်း သိရသည်။
ပုဒ်မ ၁၈ အား ရုပ်သိမ်းပေးရန် အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက တောင်းဆိုထားသကဲ့သို့ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုကလည်း အခြေခံဥပဒေနှင့် ဆန့်ကျင်နေသည့် ငြိမ်းစုစီဥပဒေအား ပြန်လည်သုံးသပ်ရန် တင်ပြထားသော်လည်း ၎င်းပုဒ်မများဖြင့် ဖမ်းဆီးခံနေရသူများ၊ တရားစွဲဆိုခံနေရသူများ အများအပြားရှိနေသည်။
ငြိမ်းစုစီဥပဒေနှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ
ဦးမြင့်အောင်က " ဒီပုဒ်မတွေ ရှိနေသမျှကတော့ နိုင်ငံရေး
အကျဉ်းသားဆိုတာရှိနေမှာပဲ။ အခြားနိုင်ငံတွေမှာက ဆန္ဒပြခါနီးရင်
အကြောင်းကြားလိုက်ရင်ပြီးပြီ။ ဒီမှာက ကြိုတင်ခွင့်ပြုချက်ယူရတယ်။
ခွင့်မပြုတာကများနေတော့ ဒါကဥပဒေအရ နောက်ကြောင်းပြန်နေ တာပဲဖြစ်တယ်။
ဒီမိုကရေစီစနစ်ကို သွားနေတယ်ဆိုရင် ဒီဥပဒေတွေကို
ဖျက်သိမ်းပေးရမှာဖြစ်တယ်"ဟု ၎င်းပုဒ်မများနှင့်ပတ်သက်ပြီး ပြောကြား ခဲ့သည်။
နိုဝင်ဘာလအတွင်းက ထိုပုဒ်မများနှင့်ပတ်သက်ပြီး အဖွဲ့အစည်း ၅၀
ကျော်ပါဝင်ပြီး ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း
ထူးခြားမှုမရှိသဖြင့် ဆန္ဒထုတ်ဖော်ရန်အတွက် သတင်းစာ ရှင်းလင်းပွဲ
ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။
Eleven Media Group
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်အပါအ၀င် ပြည်သူလူထု အပေါ် နိုင်ငံရေးအရ ကန့်သတ်ချုပ်ချယ် မတရားဖိနှိပ်ထားသည့် ဥပဒေပုဒ်မများအား ကန့်ကွက်ဆန္ဒပြရန်အတွက် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်း၌ ဒီဇင်ဘာ ၂၄ ရက်(ယနေ့)၊ မွန်းလွဲ ၂ နာရီတွင် အဖွဲ့အစည်းပေါင်း ၅၀ ပါဝင်ပြီး ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ယခုနှစ်ကုန်အထိ ငြိမ်းစုစီဥပဒေဟု လူသိများသည့် ပုဒ်မ ၁၈၊ ၅၀၅(ခ)၊ အသင်းအဖွဲ့ ပုဒ်မ ၆ တို့ဖြင့် တရားစွဲဆိုခံထားရသူ ၂၅၀ ကျော်အထိရှိနေပြီး သမ္မတမှပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် ပုဒ်မ ၁၈ ဖြင့် လွတ်မြောက်လာသူများ ပါဝင်ခဲ့သော်လည်း ထပ်မံတရားစွဲဆို ခံနေရမှုများရှိနေကြောင်းကိုလည်း
ပုဒ်မ ၁၈ အား ရုပ်သိမ်းပေးရန် အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက တောင်းဆိုထားသကဲ့သို့ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုကလည်း အခြေခံဥပဒေနှင့် ဆန့်ကျင်နေသည့် ငြိမ်းစုစီဥပဒေအား ပြန်လည်သုံးသပ်ရန် တင်ပြထားသော်လည်း ၎င်းပုဒ်မများဖြင့် ဖမ်းဆီးခံနေရသူများ၊ တရားစွဲဆိုခံနေရသူများ အများအပြားရှိနေသည်။
ငြိမ်းစုစီဥပဒေနှင့်ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦ
Eleven Media Group
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အစီရင်ခံစာအတွက် အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ယနေ့ပြုလုပ်မည်
24-12-2013
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အစီရင်ခံစာအတွက် အာဏာရပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ယနေ့(ဒီဇင်ဘာ ၂၄ ရက်) တွင်ပြုလုပ်မည်ဟု သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နေပြည်တော်ရှိ ပါတီရုံးချုပ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေးဆိုင်ရာ အစီရင်ခံစာများကို ပါတီအလိုက်တင်သွင်းနိုင်ရန် ပြင်ဆင်နေသည့်အချိန်ဖြစ်ရာ ယခုအစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာကိစ္စများ ပါဝင်နိုင်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်များက ပြောကြားခဲ့သည်။
လက်ရှိအချိန်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ လေ့လာသုံးသပ်ရေးဆိုင်ရာ အစီရင်ခံစာက လွှတ်တော်ကော်မတီကို မတင်ရသေးဘူး။ ဘာတွေတင်မယ်ဆိုတာ မသိရသေးဘူး . . .
"လက်ရှိအချိန်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့
လေ့လာသုံးသပ်ရေးဆိုင်ရာ အစီရင်ခံစာက လွှတ်တော်ကော်မတီကို မတင်ရသေးဘူး။
ဘာတွေတင်မယ်ဆိုတာ မသိရသေးဘူး။ အခုအစည်းအဝေးမှာ အဲဒီကိစ္စတွေ
ဆွေးနွေးနိုင်တယ်"ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ
ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါပူးပေါင်းကော်မတီက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ဌာန၊ အသင်းအဖွဲ့ပါတီများနှင့် ပြည်သူများထံမှ အကြံပြုချက်များ တောင်းခံထားသည်။ ထိုသို့တောင်းခံထားရာတွင် ဒီဇင်ဘာ ၅ ရက်ထိ အကြံပြုစာပေါင်း ၄၄၀ စောင်ရရှိခဲ့ပြီး အကြံပြုချက် ၂၅၁၂ ရရှိခဲ့သည်။
အကြံပြုစာများကို ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပေးပို့နိုင်ပြီး အဆိုပါပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်များကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အစီရင်ခံစာအတွက် အာဏာရပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ယနေ့(ဒီဇင်ဘာ ၂၄ ရက်) တွင်ပြုလုပ်မည်ဟု သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို နေပြည်တော်ရှိ ပါတီရုံးချုပ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေးဆိုင်ရာ အစီရင်ခံစာများကို ပါတီအလိုက်တင်သွင်းနိုင်ရန် ပြင်ဆင်နေသည့်အချိန်ဖြစ်ရာ ယခုအစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာကိစ္စများ ပါဝင်နိုင်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်များက ပြောကြားခဲ့သည်။
လက်ရှိအချိန်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖိ
"လက်ရှိအချိန်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖိ
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါပူးပေါင်းကော်မတီက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက်ဌာန၊ အသင်းအဖွဲ့ပါတီများနှင့် ပြည်သူများထံမှ အကြံပြုချက်များ တောင်းခံထားသည်။ ထိုသို့တောင်းခံထားရာတွင် ဒီဇင်ဘာ ၅ ရက်ထိ အကြံပြုစာပေါင်း ၄၄၀ စောင်ရရှိခဲ့ပြီး အကြံပြုချက် ၂၅၁၂ ရရှိခဲ့သည်။
အကြံပြုစာများကို ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပေးပို့နိုင်ပြီး အဆိုပါပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်များကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
Eleven Media Group
ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ထပ်မံတက်ရောက်ခွင့် ရရှိသည့် ကျောင်းသား၊ ကျောင်းသူများ ဒီဇင်ဘာ ၃၀ ရက် နောက်ဆုံးထား ကျောင်းအပ်ရမည်
24-12-2013
ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းစတင် တက်ရောက်မည့် ကျောင်းသား ကျောင်းသူများ အနေဖြင့် ဒီဇင်ဘာ ၃၀ ရက် နောက်ဆုံးထား ကျောင်းအပ်နှံရမည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာ ဌာနမှ သိရသည်။
ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် တက်ရောက် သင်ကြားနေသည့် ၀ိဇ္ဇာသိပ္ပံ ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသား ကျောင်းသူများ၏ ပထမနှစ်ဝက် စာမေးပွဲ စစ်ဆေးမှုများကို ၂၀၁၄ ခုနှစ် မတ် ၁၉ ရက်တွင် စတင်သွားမည်ဖြစ်ရာ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီသူများကိုသာ စာမေးပွဲ ဖြေဆိုခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
''ကျောင်းစဖွင့်တာက ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်ပါ။ စာမေးပွဲ စစ်ဆေးမှာက ၂၀၁၄ ခုနှစ် မတ် ၁၉ ရက် ဆိုတော့ ဒီကာလအတွင်း ကျောင်းခေါ်ချိန်က ရာခိုင်နှုန်း ၁၀၀ ရှိပါတယ်။ ဒါကြောင့် နောက်ဆုံးထား ကျောင်းအပ်နှံခွင့် ပြုတဲ့နေ့ကို ဒီဇင်ဘာ ၃၀ ရက် သတ်မှတ်ထားပါတယ်။ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မှသာ စာမေးပွဲ ဖြေဆိုခွင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းလျော့လို့ မဖြစ်ပါဘူး'' ဟု ရန်ကုန်တက္ကသိုလ်၊ သင်တန်းရေးရာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ရန်ကုန်တက္ကသိုလ်တွင် ယခုပညာသင်နှစ်အတွက် ကျောင်းလျှောက်ထားနိုင်မည့် ဒုတိယ အကြိမ်မြောက် ကျောင်းဝင်ခွင့် ခေါ်ယူမှုအား အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်)၊ ရုံးချုပ်၊ သထုံလမ်း၊ ကမာရွတ် တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မြို့သို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၉ ရက် နောက်ဆုံးထား လျှောက်ထားခွင့်ပြုခဲ့ပြီး ကျောင်းဝင်ခွင့် ရရှိသူများ စာရင်းအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် ပညာရေး ၀န်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကြေညာခဲ့သည်။
ယင်းသို့ ထုတ်ပြန်ကြေညာရာတွင် မြန်မာစာ ၄၅ ဦး၊ အင်္ဂလိပ် ၃၉ ဦး၊ သင်္ချာ ၅၀ ဦး၊ ပထ၀ီ ၄၉ ဦး၊ သမိုင်း ၄၇ ဦး၊ ဒဿ နိက ၄၉ ဦး၊စိတ်ပညာ ၄၉ ဦး၊ ဥပဒေ ၄၁ ဦး၊ အရှေ့တိုင်းပညာ ၃၉ ဦး၊ နိုင်ငံတကာ ဆက်ဆံရေး ၄၉ ဦး၊ မနုဿဗေဒ ၃၂ ဦး၊ ရှေးဟောင်း သုတေသန ၄၉ ဦး၊ နိုင်ငံရေးသိပ္ပံ ၄၇ဦး၊ ဓာတုဗေဒ ၃၇ ဦး၊ ရူပဗေဒ ၄၇ ဦး၊ သတ္တဗေဒ ၄၆ ဦး၊ ရုက္ခဗေဒ ၄၉ ဦး၊ ဘူမိ ဗေဒ ၄၈ ဦး၊ ကုန်ထုတ် ဓာတုဗေဒ ၃၈ ဦး၊ ကွန်ပျူတာသိပ္ပံ ၃၆ ဦး တို့အား ထပ်မံဝင်ခွင့် ပြုခဲ့သည်။
Eleven Media Groupမတင်မှီအရင်ဖျက်ပစ်ပါ ပြန်ခေါက်ထားပေးပါ

Ballon d'Or အခမ်းအနားမှူးအဖြစ် တာဝန်ယူမည့် ဖာနန်ဒါလီမာ
24-12-2013
ဇန်နဝါရီလတွင် Ballon d'Or ဆုပေးပွဲကို ကျင်းပမည်ဖြစ်ရာ အသက်(၃၆)နှစ်ရှိ ဖာနန်ဒါကိုပင် အစီအစဉ်မှူးအဖြစ် FIFAက တာဝန်ပေး ရွေးချယ်ခံရသည်။
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲမှု အခမ်းအနားတွင် လူသိများခဲ့သည့် ဘရာဇီးလ် အလှမယ် ဖာနန်ဒါလီမာ အနေဖြင့် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d'Or) ဆုပေးပွဲတွင်လည်း အစီအစဉ်မှူးအဖြစ် တာဝန်ယူသွာမည်ဟု သိရသည်။ အသက်(၃၆)နှစ်ရှိ ဖာနန်ဒါ၏ ဆွဲဆောင်မှု အားကောင်းသော ပုံရိပ်သည် FIFA၏ ကမ္ဘာ့ဖလား မဲခွဲမှု အခမ်းအနားတွင် ဘောလုံးပရိသတ်များ တသသ အောက်မေ့ပြောဆိုရမည့် အခြေအနေအဖြစ် ပုံရိပ်ထင်ကျန်ခဲ့သည်။
သို့သော်လည်း ဖာနန်ဒါ၏ ပရိသတ် အနေဖြင့် ဘောလုံးနှင့် ပတ်သက်သည့် နောက်ထပ် အထင်ကရ အစီအစဉ် တစ်ခုတွင် ဖာနန်ဒါကို ထပ်မံတွေ့မြင်ခွင့် ရရှိလာမည် ဖြစ်သည်။ ဇန်နဝါရီလတွင် Ballon d'Or ဆုပေးပွဲကို ကျင်းပမည်ဖြစ်ရာ အသက်(၃၆)နှစ်ရှိ ဖာနန်ဒါကိုပင် အစီအစဉ်မှူးအဖြစ် FIFAက တာဝန်ပေး ရွေးချယ်ခံရသည်။ ကိုစတာဒိုဆူပီတွင် ပြုလုပ်သော မဲခွဲမှု အစီအစဉ်၌ ဖာနန်ဒါ၏ ရွှေရောင်ပွဲတက် ဖက်ရှင်ကို နှစ်သက်သူ အများအပြား ရှိခဲ့သလို လျှပ်ပေါ်လွန်းသည်ဟု ဝေဖန်မှုများလည်း ဖြစ်ပေါ်ခဲ့ရာ ဇူးရစ်ခ်ျတွင် ကျင်းပမည့် အခမ်းအနား၌မူ အတန်ငယ် အဝတ်အစား ဆင်ခြင်ရန် FIFAက သူမအား ဖိအားပေး တောင်းဆိုထားသည်။
အစ္စလာမ်မစ် နိုင်ငံအချို့က သူမကို ဝေဖန်ခဲ့သည့်နောက် ဖာနန်ဒါက "ဖြစ်ခဲ့တာတွေအတွက် ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မဘက်ကတော့ ဘယ်နိုင်ငံကိုမှ ထိခိုက်ပါစေဆိုတဲ့ ရည်ရွယ်ချက်မျိုး မရှိခဲ့ပါဘူး။ နောက်ပြီး အငြင်းပွားစရာတွေလည်း မဖြစ်စေချင်ဘူး။ ဒီအတွေ့အကြုံကနေ ကျွန်မ သင်ယူခဲ့ပါပြီ။ ဒါကြောင့် Ballon d'Orလို တစ်ကမ္ဘာလုံး စောင့်ကြည့်နေမယ့် အခမ်းအနားကြီး တစ်ခုမှာ ကျွန်မအနေနဲ့ အဝတ်အစားကို သတိထား ရွေးချယ်သွားပါမယ်"ဟု ပြောကြားသွားသည်။
Planet Myanmar Network
ကိုယ်ချင်းစာစိတ်ဖြင့် ဆက်သွယ်မေးမြန်းကြသော ပြည်တွင်းပြည်ပ ကရုဏာရှင်များအား ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၊ မြစ်ကြီးနားမြို့မှ ကျေးဇူးတင်ကြောင်း သ၀ဏ်လွှာထုတ်ပြန်
24-12-2013
ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း KIAအဖွဲ့မှ အဓမ္မတပ်သားသစ် ဖမ်းဆီးနေမှုများဖြစ်ခဲ့ပြီး၊ ဖမ်းဆီးထား သူများအား ပြန်လည်လွှတ်ပေးရေး၊ အဓမ္မဆက်ကြေးကောက်ခံနေမှုရပ်တန့်ရေး၊ လူ့အခွင့်အရေးချိုးဖောက်နေမှု ရပ်တန့်ရေးတို့အတွက် ပြည်နယ်တွင်းနေ ရှမ်းတိုင်းရင်းသားများနှင့်KIA မဟုတ်သောအခြားတိုင်းရင်းသားများပါ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး (၂၀-၁၂-၂၀၁၃)နေ့တွင် ဆန္ဒထုတ်ဖော်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်ရဲမှူးထံသို့ တရားဝင်ခွင့်ပြုမိန့်ရရန် (၁၅-၁၂-၂၀၁၃)နေ့၌ တောင်းခံတင်ပြခဲ့သည်။ (၁၉-၁၂-၂၀၁၃)နေ့ ည(၇း၁၅)နာရီအချိန်တွင် ခွင့်မပြုကြောင်း တရားဝင်စာဖြင့် တားဆီးခဲ့သည်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပြသခွင့် မရခဲ့ပေ။ သို့အတွက် ငြိမ်းချမ်းစွာ စုစည်း၍ အစည်းအဝေးကျင်းပကာ ဆန္ဒထုတ်ဖော်ပြသပွဲကို ဖော်ဆောင်ခဲ့ပါသည်။
ကျွန်ုပ်တို့ ရှမ်းလူမျိုးများအနေဖြင့် KIAစတင်ပေါ်ပေါက်လာသည့်အချိန်မှစ၍ ယနေ့အချိန်ထိ နှစ်ပေါင်း (၅၀)ကျော်(၆၀)အတွင်း KIAအဖွဲ့၏ ဖိနှိပ်ညှင်းစဲ သတ်ဖြတ်မှုအောက်တွင် ထိန့်လန့်တကြား ကြောက်ရွံ့စွာ နေထိုင်ခဲ့ရပြီး လူ့အခွင့်အရေးများစွာ ချိုးဖောက်ခံနေခဲ့ရမှုများကို ယနေ့ ဆန္ဒထုတ်ဖော်ပြသနိုင်ခဲ့ပါသည်။ ဤသို့ စုစုစည်းစည်း ညီညီညွတ်ညွတ် ဆန္ဒဖော်ထုတ်မှုကို သက်ဆိုင်ရာ အာဏာပိုင်များမှ ၀င်ရောက်နှောက်ယှက်ခြင်း မပြုသည်ကို အထူးပင်ကျေးဇူးတင်ပါသည်။ ဒေသခံရှမ်းလူမျိုးများ၏ နှစ်ပေါင်း(၁၀၀)အတွင်း KIAအဖွဲ့၏ အကြမ်းဖက် ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်မှုများ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပထမဦးဆုံးသော ပြည်နယ်လုံးဆိုင်ရာ ရှမ်းမျိုးနွယ်စုများ၏ ဆန္ဒထုတ်ဖော်ပြသမှု သမိုင်းမှတ်တမ်း တင်နိုင်ခဲ့ပါသည်။
တကယ်ဆိုလျှင် ကျွန်ုပ်တို့ရှမ်းများနည်းတူ တိုင်းရင်းသားပြည်သူလူထုအားလုံးသည် ပါဝင်သင့်သကဲ့သို့ အစိုးရအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီသင့်ပါသည်။ KIAအဖွဲ့ကို ဥပဒေနှင့်အညီ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ခြင်းမပြုဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဟူသော အကြောင်းပြချက်ဖြင့် နှစ်ပေါင်းကြာရှည် လိုက်လျောထားခြင်းသည် တိုင်းရင်းသားပြည်သူလုထုအချင်းချင်း နာကျည်းမှု အမုန်းတရား ဖြစ်ပေါ်လာစေပါသည်။ ဆိုချင်သည်မှာ အစိုးရသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိရောက်စွာ မကာကွယ်နိုင်ခြင်းသည်ပင်လျှင် ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုဟု ဆိုချင်ပါသည်။
ရန်ကိုရန်ချင်း မတုံ့နင်းပါဘဲ ရန်ငြိုးသံသရာမဖွဲ့ မြတ်ဗုဒ္ဓအဆုံးအမအောက်တွင် အသိတရားတစ်ခုဖြင့် ငြိမ်းချမ်းစွာစုဝေး စည်းဝေး၍ ဆန္ဒထုတ်ဖော်လိုက်ရသည်ကိုပင် ပြင်းထန်သောပေါက်ကွဲမှုဟု ဆိုက ဆိုနိုင်ပါသည်။ သို့သော် အတွေးအခေါ်အယူအဆ တက်ကြွပြီး ကြွတက်ချင်ကြသော လူငယ်ထုမှာ လမ်းလျှောက် ဆန္ဒပြကြမည်၊ တစ်ဖက်မှ အနှောက်အယှက်ပြုလာလျှင် အသေခံ တုန့်ပြကြမည်ဟု ကြွေးကျော်လာကြသော်လည်း လူကြီးများ ခေါင်းဆောင်များ၏ ငြိမ်းချမ်းစွာစည်းဝေးစုစည်းမှုကို လက်ခံလိုက်နာကြသည်။ ထိုသို့ လူကြီးစကား နားထောင် လိုက်နာပေးကြသည်ကို အထူးပင်ကျေးဇူးတင်မဆုံး ဖြစ်ရပါသည်။ နောင်တွင် သက်ဆိုင်ရာ အာဏာပိုင်တို့ထံမှ တရားခွင့်ပြုချက်ကို ပိုင်ပိုင်နိုင်နိုင်တင်ပြတောင်းဆိုပြီး ခွင့်ပြုချက်ရသည်နှင့် တစ်ပြိုင်နက် တစ်ပြည်နယ်လုံး လှုပ်ရှား ဆောင်ရွက်နိုင်ရန် တပ်လှန့်ထားလိုက်ပါသည်။ မည်သူ တရားပျက်ပျက် ကိုယ်တရားမပျက်ပါ- ကျွန်ုပ်တို့ ရှမ်းမျိုးနွယ်စုများသည် ဥပဒေလမ်းကြောင်းအတိုင်းသာ ဆောင်ရွက်ချင်သော ဆန္ဒရှိသည်ကို သက်သေပြသ လိုက်ခြင်းပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံသို့ နိုင်ငံတကာမှပုဂ္ဂိုလ်များရောက်ရှိနေသည့် SEA Game ကာလဖြစ်၍ ခွင့်မပြုနိုင်ဟူသော အကြောင်းသည် ခိုင်လုံမှုမရှိသော အကြောင်းပြချက်ဟု ဆိုချင်ပါသည်။ KIAအဖွဲ့မှ တိုင်းရင်းသား ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောက်ယှက်နေခြင်းကို ဦးစားပေးဆောင်ရွက်သင့်သည်ဟု ထင်ပါသည်။ ဦးစားပေး လုပ်သင့်သည်ကို ဥပေက္ခာပြုနေခြင်းသည် သဘာဝမကျဟု ဆိုချင်ပါသည်။
ကချင်ပြည်နယ်အတွင်းရှိ KIA(ကချင်)အဖွဲ့ မဟုတ်သော အခြားသော တိုင်းရင်းသားများ၏ ဘ၀သက်တမ်း တစ်လျှောက် KIAအဖွဲ့၏ အဓမ္မတပ်သားသစ်စုဆောင်းခံရခြင်း၊ ဆက်ကြေးကောက်ခံရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုခံရခြင်းတို့မှ လွှတ်မြောက်ရေး၊ ထိုသို့လွှတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးမည့် အဖွဲ့သည် နည်းပါးခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရကြောင်းကို ရင်ဖွင့် မပြောဆိုရဲခြင်း၊ စသည်တို့ကို ကမ္ဘာသိ မြန်မာသိ ဖြစ်စေချင်သည်။ တစ်နည်းမဟုတ် တစ်နည်းနှင့် သိစေချင်သည်။ ထိုသို့ သိကြပြီး KIO/KIA အဖွဲ့အား နည်းပေးလမ်းပြ ဖျောင်းဖျနားချနိုင်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တစ်ဦးပေါပေါက်ကာ ငြိမ်းချမ်းရေးအမြန်ဆုံး ရအောင် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်သည်။
ထိုသို့သော ယုံကြည်မှုဖြင့် ကမ္ဘာသို့ သိစေခြင်းငှာ မီဒီယာများမှ ဖြစ်ရပ်မှန်ကို အမှန်အတိုင်း ကြားသိစေကြသဖြင့် အထူးပဲ ကျေးဇူးတင်ပါသည်။ အဖိနှပ်ခံ အစော်ကားခံ ဒုက္ခရောက်နေကြရသည့် ဒေသခံ တိုင်းရင်းသားများကို ကိုယ်တိုင်ကိုယ်ကျ မမြင်ရသော်လည်း ကိုယ်ချင်းစာနာစိတ်ဖြင့် ဆက်သွယ်မေးမြန်းပေးကြသော ပြည်တွင်းပြည်ပ ကရုဏာရှင်များအား အထူးကျေးဇူးတင်ပါကြောင်း…….
စိုင်းစန်းဝေ
ဒု-ခေါင်းဆောင်
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်ပြည်မြောက်ပိုင်း)
မြစ်ကြီးနားမြို့
ဧရာဝတီမြစ်ဖျားဆီကမတင်မှီအရင်ဖျက်ပစ်ပါ ပြန်ခေါက်ထားပေးပါ

မြန်မာကျောင်းသားများ ပြည်တွင်းဘွဲ့နှင့် နိုင်ငံတကာဘွဲ့ ပူးတွဲရယူနိုင်ရန် စီစဉ်နေ
24-12-2013
မြန်မာ ကျောင်းသားများ အမိနိုင်ငံမှ ပေးအပ်သည့်ဘွဲ့နှင့် နိုင်ငံတကာ ဘွဲ့ကို (Joint Degree) အဖြစ် ပူးတွဲရယူနိုင်တော့မည်ဖြစ် ကြောင်း သိရသည်။ ယင်းကဲ့သို့ နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်များ နှင့် လွတ်လပ်စွာပူးတွဲသုတေ သနလုပ်ဆောင်ခြင်းနှင့် ချီးမြှင့် သည့်ဘွဲ့ကို ရယူနိုင်ရန်အတွက် အမျိုးသားပညာရေး ဥပဒေမူ ကြမ်းတွင်လည်း ထည့်သွင်းရေး ဆွဲလျက်ရှိကြောင်း လက်ရှိတွင် လည်း နိုင်ငံတကာတက္ကသိုလ် များနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခြင်း၊ ပညာတော်သင် သွားသည့်ကိစ္စရပ်များတွင် ဖြေ လျှော့ပေးခြင်းများကို လုပ်ဆောင် ပေးထားခြင်းများလည်း ရှိနေ ကြောင်း အဆင့်မြင့်ပညာဦးစီး ဌာနမှ သိရသည်။
''လက်ရှိတော့ နိုင်ငံတ ကာနဲ့ လွတ်လပ်စွာလုပ်ကိုင်ခွင့် တွေကို ဖြေလျှော့မှုတွေ အရင် လုပ်ပေးပြီးသွားပါပြီ။ ကျောင်း သားတွေ နောင်ဆိုရင်တခြား နိုင်ငံက ချီးမြှင့်တဲ့ဘွဲ့တွေပါ ပူးတွဲအနေနဲ့ ရရှိနိုင်တော့မှာ ပါ။ အားလုံးကို ချုပ်ကိုင်ထား တာမျိုးတွေ ရှိမှာမဟုတ်တော့ ပါဘူး''ဟုအဆင့်မြင့်ပညာဦး စီးဌာန(အောက်မြန်မာပြည်)မှ အဆင့်မြင့်အရာရှိ တစ်ဦးက ပြောကြားသည်။
ကျောင်းသား များအနေ ဖြင့်လည်း ယင်းကဲ့သို့သုတေသ နဆိုင်ရာများ လုပ်ဆောင်နိုင် ရန်နှင့် ပူးတွဲဘွဲ့များရရှိနိုင်ရန် အတွက် မိမိကိုယ်တိုင်နိုင်ငံတ ကာတက္ကသိုလ်များနှင့် ချိတ် ဆက်နိုင်ရန်လည်း လိုအပ် ကြောင်း၊ အခြားနိုင်ငံများမှ မြန်မာကျောင်း သားများကို လာ ရောက်ကမ်းလှမ်းမှုများ ပြုလုပ် လာလျှင်လည်း ခွင့်ပြုပေးသွား မည်ဖြစ်ကြောင်း သိရသည်။ ''ကျောင်းသားတွေအနေ နဲ့ ပူးတွဲသုတေသနတွေ၊ ပူး တွဲဘွဲ့တွေ လိုချင်တယ်ဆိုရင် နိုင်ငံတကာတက္ကသိုလ်တွေကို ကိုယ့်ဟာကိုယ် ရှာဖို့လဲ လို တယ်။ သုတေသနတွေမှာဟို ဘက်ကလဲ ဒီကိုလာလေ့လာ တာမျိုးတွေ၊ ဟိုကိုလဲခေါ်တာ မျိုးတွေဆိုရင်လဲ ခွင့်ပြုပေးမှာ ပါ။ အခွင့်အလမ်းအကုန်ဖွင့် ပေးမှာပါ။ ဌာနကလုပ်ပေးတဲ့ ကျောင်းသားဆိုရင်တော့သတ် မှတ်အရည် အချင်းတော့ ရှိ မှာပဲ။ ထူးချွန်ကျောင်းသား တွေပဲ ဖြစ်ရင်လဲဖြစ်မယ်။ နောင် ဆိုရင် တခြားကျောင်းသားတွေ လဲ ဒီလိုပူးတွဲဘွဲ့မျိုး စီစဉ်ပေးဖို့ အထိ လုပ်သွားပါလိမ့်မယ်''ဟု ယင်းကထပ်မံပြောသည်။
Yangon Media Groupမတင်မှီအရင်ဖျက်ပစ်ပါ ပြန်ခေါက်ထားပေးပါ

Monday, December 23, 2013
ငွေဆောင်၊ ချောင်းသာ သွားမယ်ဆို ဆင်တွေကို သတိထား
23-12-2013
ပုသိမ်မြို့နယ်မှာရှိတဲ့ နာမည်ကျော် ငွေဆောင်နဲ့ ချောင်းသာ ကမ်းခြေတွေကို လာမယ်ဆိုရင် ညပိုင်း မလာကြဖို့ ဧရာဝတီတိုင်းဒေသကြီး သစ်တောဌာန ထိပ်တန်းအရာရှိတဦးက ပြောပါတယ်။
ဘာကြောင့်လဲဆိုတော့ ...
အခုချိန်က စပါးပေါ်ချိန်ဖြစ်တဲ့အတွက် တောဆင်ရိုင်းတွေဟာ စပါးရှာစားရင်း ပုသိမ် - ချောင်းသာ၊ ပုသိမ် - ငွေဆောင်ကားလမ်းပေါ်တွေ ရောက်လာတတ်တဲ့အတွက် ဖြစ်ပါတယ်။
“ဒီကာလမှာ ချောင်းသာ၊ ငွေဆောင်လမ်းတွေကို ညပိုင်းမသွားသင့်ဘူး။
ဆင်နဲ့ရုတ်တရက် တိုးရင် အန္တရာယ်ရှိနိုင်တယ်။ ဆင်က ဒီရာသီမှာစပါးရှာစားတော့ ဒီလိုပဲ သွားလာနေတာ။ နေ့ဆို တောထဲမှာအိပ်။ ညဆို လယ်ကွင်းထဲမှာ စပါးရှာစားတာတွေ လုပ်ကြလေ့ရှိတယ်” လို့ သစ်တောအရာရှိက ဧရာဝတီကို ပြောပါတယ်။
တောဆင်ရိုင်းတွေဟာ စပါးပေါ်ချိန် သီတင်းကျွတ်လလောက်ကစပြီး ရခိုင်ရိုးမထဲကနေ လူတွေစိုက်ထားတဲ့စပါးခင်းတွေကိုလိုက်ရှာပြီး ၀င်ရောက်စားသောက် တတ်ကြပါတယ်။ တောဆင်ရိုင်းတွေ စပါးခင်းဝင်စားတဲ့ဒေသတွေကတော့ ငပုတော၊ ပုသိမ်နဲ့ သာပေါင်း မြို့နယ်တွေပါပဲ။
ဒီလ ၁၂ ရက်နေ့က ငွေဆောင်သွားတဲ့လမ်းက ရေသိုးရွာနားအထိ တောဆင်ရိုင်းအုပ်တွေ ရောက်လာကြတယ်လို့
ငွေဆောင်ကမ်းခြေကပြန်လာတဲ့ ပုသိမ်အခြေစိုက် သတင်းထောက်တဦးက ပြောပါတယ်။
“ကျနော်ဆီးဂိမ်းဖွင့်ပွဲသတင်းယူပြီး နောက်တရက်မှာပြန်လာတော့ ညနေ ၄ နာရီလောက်ပဲ ရှိသေးတယ်။ ရေသိုးရွာနားမှာ လူတွေရုတ်ရုတ်ဖြစ်နေတာနဲ့ဆိုင်ကယ်ပေါ်က ဆင်းကြည့်တော့ တောဆင်ရိုင်းအုပ်ဗျ။ ငှက်ပျောပင်တွေ ၀င်စားနေတာ အကောင် ၂၀ လောက်ရှိတယ်”လို့ သူက ရှင်းပြပါတယ်။
ပုသိမ်ကနေ ချောင်းသာကမ်းခြေသွားတဲ့လမ်းမှာလည်း ဆင်တွေလာတတ်လို့ ဒေသခံတွေဟာ ဆင်မောင်းဖို့ပစ္စည်းတွေ အသင့်ပြင်ထားရတာပါ။
အထူးသဖြင့် ဆင်တွေက ညအချိန်မှာအစာရှာလေ့ရှိတာကြောင့် ချောင်းသာ၊ ငွေဆောင်ကမ်းခြေတွေကို ညပိုင်းမှာမသွားသင့်ပါဘူး တဲ့။
“ညဘက်ကြီး ပုသိမ်ကပြန်လာတော့ ရှောပြာရွာနားအရောက်မှာ ဆင်ကရွာထဲဝင်ဖို့လုပ်နေလို့ ရွာသားတွေ ၀ိုင်းမောင်းထုတ်နေတာ တွေ့ဖူးတယ်။
ကိုယ်နဲ့မတွေ့ခင် ရွာသားတွေနဲ့ အရင်တွေ့တာ တော်သေးတာပေါ့။ နို့မို့ကတော့ မလွယ်ကြောပဲ။ ဒါကြောင့် ညပိုင်းဆို မဖြစ်မနေကိစ္စကလွဲလို့ မသွားကြဘူး။
သွားဖြစ်ရင်လည်း ဆင်နဲ့မတိုးဖို့ ဘုရားတပြီး သွားရတယ်”လို့ ချောင်းသာကျေးရွာသားတဦးက ရှင်းပြပါတယ်။
ဆင်တွေက ကားမီး၊ ဆိုင်ကယ်မီးတွေ့ရင် အဲဒီမီးတွေနောက်ကို ဆင်ကပြေးလိုက်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။
အဲတော့ မကြာခင်မှာ ခရစ္စမတ်အားလပ်ရပ်၊ ရုံးပိတ်ရက်တွေမှာ ငွေဆောင်၊ ချောင်းသာကမ်းခြေတွေကိုလာကြမယ်ဆိုရင် ဆင်အန္တရာယ်ကင်းဝေးဖို့ နေ့ခင်းဘက်တွေ ရောက်အောင်လာကြပါလို့ပဲ တိုက်တွန်းလိုပါတယ်။
ရန်ကုန်မြို့နဲ့ ပုသိမ်က ၁၁၅ မိုင်ဝေးပြီး ကားနဲ့ဆိုရင် ၃ နာရီခွဲနီးပါး မောင်းရပါတယ်။
ပုသိမ်ရောက်ပြီး ငွေဆောင်၊ ချောင်းသာဆက်သွားမယ်ဆိုရင်
တောင်တက် တောင်ဆင်းလမ်းတွေဖြစ်တာကြောင့် အချိန် ၁ နာရီခွဲနီးပါးလောက် မောင်းရပါတယ်။
အဲတော့ ရန်ကုန်ကလာမယ်ဆိုရင် ငွေဆောင်၊ ချောင်းသာရောက်ဖို့ အနည်းဆုံး ၅ နာရီတော့ အချိန်ယူရပါလိမ့်မယ်။
ဒီလိုကားမောင်းရမယ့်နာရီတွေ သိရှိထားခြင်းအားဖြင့် ဧရာဝတီဘလော့ http://blog.irrawaddy.org ပရိတ်သတ်ကြီးလည်း ငွေဆောင်၊ ချောင်းသာကို အပန်းဖြေလာကြဖို့ ချိန်ဆနိုင်မှာဖြစ်ပါတယ်။
ကဲ ... အေးချမ်းပျော်ရွှင်စွာနဲ့ ငွေဆောင်၊ ချောင်းသာကမ်းခြေတွေမှာ အပန်းဖြေနိုင်ကြပါစေဗျာ..
ဆလိုင်းသန့်စင်
ဧရာဝတီblog

မွန်ပြည်နယ်မှ ကျောင်းသူနှစ်ဦး အင်္ဂလန်သို့ ပညာတော်သင်စေလွှတ်မည်
23-12-2013
မွန်ပြည်နယ်အခြေစိုက် တက္ကသိုလ်ပညာသင်ဆု ရွေးချယ်ချီးမြှင့်ရေးအဖွဲ့က သံဖြူဇရပ်မြို့နယ် ပငကျေး ရွာရှိ ကျောင်းသူနှစ်ဦးကို အင်္ဂလန်နိုင်ငံတွင် သွားရောက် ပညာသင်ကြားရန်အတွက် ကျပ်သိန်း ၆၀၀ ပညာသင်စရိတ် ထောက်ပံ့ပေးမည်ဟု ဆုရွေးချယ်ရေးအဖွဲ့မှ တာဝန်ခံ ဦးခင်မောင်ဇင်က ဒီဇင်ဘာ ၂၁ က ရန်ကုန်မြို့၊ မြေနီကုန်းရှိ Crown Education တွင် ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြော သည်။
“လူငယ်တွေဟာ အင်္ဂလန်လိုနိုင်ငံမျိုးမှာ ပညာသင်ကြားရဖို့ဆိုတာ အိပ်မက်တစ်ခုလိုပါပဲ”ဟု ဆိုသည်။
ယင်းသို့ ပညာသင်စရိတ် ထောက်ပံ့ကြေးပေးရခြင်းမှာ ကျေးလက်တောရွာများတွင် ပညာရေးအခွင့်အ လမ်းများ ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ဖြစ်ပြီး ထောက်ပံ့ရာတွင် အလှုရှင်တစ်ဦးတည်းက ထောက်ပံ့ ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ပညာသင်ဆုပေးခြင်းနှင့်ပတ်သက်ပြီး အလှူရှင်ကိုမင်းမြတ်သူက “ကျေးလက်တောရွာကလူ ငယ်တွေ နိုင်ငံတကာအဆင့်မီ ပညာရေးကို လေ့လာဆည်းပူးနိုင်စေဖို့ ရည်ရွယ်ပြီး ထောက်ပံ့ပေးတာပါ။ ပညာသင်ဆုရတဲ့သူတွေအနေနဲ့ ကျွန်တော်ဆုံးပါးသွားရင်တောင် ပညာဆက်သင်နိုင်အောင် စီစဉ်ထား ပါတယ်”ဟု ဆိုသည်။
ထောက်ပံ့ကြေးပေးရာတွင် ဘွဲ့ရသည်အထိ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး အဆိုပါ ထောက်ပံ့ကြေးပေး ထားသူနှစ်ဦး ဘွဲ့ရမှ ကျန်သူများကို ဆက်လက် ထောက်ပံ့ရန် စီစဉ်သွားမည်ဖြစ်သည်။ အဆိုပါကျောင်း သူနှစ်ဦးမှာ လက်ရှိတွင် ပြည်တွင်း၌ တက္ကသိုလ်ပညာရေး သင်ကြားနေသူများဖြစ်ပြီး အင်္ဂလန်တွင် မည် သည့်ကျောင်း၌ ပညာသင်ကြားရမည်ဆိုသည်ကို ရွေးချယ်ခြင်း မပြုလုပ်ရသေးပေ။
ပညာသင်ဆုရရှိခဲ့သူ မြို့ပြအင်ဂျင်နီယာကျောင်းသူ မလင်းရတနာလွင်က “ကျောင်းပြီးသွားရင် ကိုယ့်ရပ် ရွာမှာ အစစအရာရာ ဖွံ့ဖြိုးတိုးတက်လာအောင်၊ ကိုယ့်ရပ်ရွာကလူတွေ ပညာရေးကိုလဲ စိတ်ပါဝင်စားလာအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဆိုသည်။
အဆိုပါကျောင်းသူနှစ်ဦးကို အင်္ဂလန်နိုင်ငံတွင် ပညာသင်ယူရန်အတွက် လိုအပ်သည့် ပညာရေးဆိုင်ရာ အကြံဉဏ်များပေးခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းနှင့် တက္ကသိုလ်ရွေးချယ်မှုဆိုင်ရာ အကြံဥာဏ်များ ပေးခြင်းကို Crown Education မှ ပံ့ပိုးပေးလျက်ရှိပြီး အင်္ဂလန်နိုင်ငံတွင် သွားရောက် ပညာသင်ကြားရန် ကြိုတင်ပြင်ဆင်မှုများကို ခြောက်လမှ ဆယ်လအတွင်း ဆောင်ရွက်ပေးသွားမည်ဟု Crown Education မှ ပညာရေးဆိုင်ရာအကြံပေး ဦးအောင်ကျော်ဆန်းက ဆိုသည်။
တက္ကသိုလ်ပညာသင်ဆု ရွေးချယ်ချီးမြှင့်ရေးအဖွဲ့မှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပညာသင်ဆု လျှောက်ထားနိုင်ရေးအတွက် စတင်ခေါ်ယူခဲ့ပြီး လျှောက်ထားသူများအနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ၊ အသက်၂၂ နှစ်ထက်မကြီးသူ၊ ကျန်းမာရေးကောင်းမွန်ပြီး ဆေးစစ်ချက် အောင်မြင်သူ၊ မိဘနှစ်ပါးစလုံး မွန်လူမျိုးဖြစ်ပြီး ပငကျေးရွာတွင် တစ်ဆက်တည်း ၁၀ နှစ်နေထိုင်သူ၊ မွန်စာ မွန်စကား ကောင်းစွာတတ်ကျွမ်းသူ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး လူမှုရေးလုပ်ငန်းများကို စိတ်ဝင်စားသူ၊ ပညာဆုံးခန်းတိုင်ပါက မိမိနိုင်ငံအကျိုး လူမျိုးအကျိုးကို ပြန်လည်သယ်ပိုးနိုင်သူ စသည့် အချက်များဖြင့် ကိုက်ညီရမည်ဖြစ်သည်။
Mizzia

ထိုင်းဝန်ကြီးချုပ်နေအိမ်ရှေ့ ဆန္ဒပြသူ ထောင်ချီစုဝေး
23-12-2013
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ရဲ့နေအိမ်အပြင်ဘက်မှာ ဆန္ဒပြသူ ထောင်နဲ့ချီ ရောက်ရှိနေပြီးတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့၊ ထိုင်းဝန်ကြီးချုပ်ရာထူးကဆင်းပေးဖို့ တောင်းဆိုနေကြပါတယ်။
မြို့တော်ရဲ့တခြားအပိုင်းတွေမှာလည်း ဆန္ဒပြပွဲကြီးတစ်ခုကျင်းပဖို့ ထောင်သောင်းချီတဲ့ဆန္ဒပြသူတွေ စုဝေးရောက်ရှိလာတဲ့အလျှောက် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တွေကြားမှာ ဒီကနေ့ ပြဿနာ နည်းနည်းရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရွေးကောက်ပွဲမတိုင်ခင်မှာ ဝန်ကြီးချုပ်ယင်းလပ် ရှင်နာဝပ် ရာထူးကဆင်းပေးဖို့အတွက် သီတင်းနှစ်ပတ်ကြာ လမ်းမတွေပေါ်ထွက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
ဆန္ဒပြခေါင်းဆောင် ဒုဝန်ကြီးချုပ်ဟောင်း ဆူထက်ပ်၊ သောင်ဆူဘန်ကတော့ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ လက်ရှိအစိုးရကို ခေတ္တရပ်ဆိုင်းပြီး ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲသစ်တွေ ကျင်းပတဲ့ အချိန်အထိ သူတို့ရဲ့ ရွေးကောက်မခံရတဲ့ ပြည်သူ့ကောင်စီကို ယာယီ အုပ်ချုပ်ခိုင်းစေချင်တာ ဖြစ်ပါတယ်။
မစ္စ်ယင်းလပ်ကတော့ ဒီဇင်ဘာလ ၉ ရက်နေ့ကပဲ လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီးတော့ ဒီတင်းမာမှုတွေကို ဖြေလျော့ဖို့ ကြားဖြတ်ပြီး ဆန္ဒမဲ ခံယူခဲ့ပေမယ့်လည်း သူ့ကိုဆန့်ကျင်မှုတွေက ပြင်းထန်နေဆဲပဲ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ငြိမ်းချမ်းရေးလုပ်ဆောင်နေစဉ်ကာလ စစ်အင်အားတိုးချဲ့မှုမရှိဟု DKBA ဆို
23-12-2013
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေးဆွေးနွေးနေသည့်ကာလတွင် ဒီမိုကရေ စီအကျိုးပြု ကရင့်တပ်မတော်(DKBA) အနေဖြင့် တပ်အင်အားတိုးချဲ့ခြင်းများ လုပ်ဆောင်မှုမရှိဟု ကလို့ ထူးဘောစစ်ဌာနချုပ်အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးစောထွန်းထွန်းက မဇိ္ဈမသို့ ပြောဆိုသည်။
“ကျွန်တော်တို့ရဲ့ဒေသထဲမှာတော့ ငြိမ်းချမ်းရေးလဲ လုပ်ဆောင်နေတဲ့အချိန်မို့ စစ်အင်အားတိုးချဲ့တာ မရှိ ဘူး။ လျော့သွားတယ်လို့တောင် ပြောရမယ်။ အရင်က သီဘောဘိုးမှာ ဗျူဟာမှူးတစ်ယောက်နဲ့ တပ်ဗျူ ဟာတစ်ခုရှိတယ်။ အခုဆို လျှော့လိုက်ပြီ။ အဲဒီမှာ မရှိတော့ဘူး”ဟု ပြောသည်။
DKBA သည် အစိုးရတပ်မတော်နှင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘော တူလက်မှတ် ရေးထိုးခဲ့သည်။ ထိုအချိန်မှစ၍ တပ်မတော်နှင့် DKBA အကြား တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိ ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အရ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးသို့ သွားနိုင်ရန် နိုင်ငံ တော်မှ ငြိမ်းချမ်းရေးမူဘောင်များအတိုင်း သွားနေသည့်အတွက် စစ်အင်အားဖြည့်တင်းမှုများ၊ ထိုးစစ် ဆင်ရန် ပြင်ဆင်မှုများ လုံးဝမရှိဟု ဆိုသည်။
“အပစ်ရပ်ရေးမှာလဲ လက်မှတ်ထိုးထားတော့ နိုင်ငံတော်မူနဲ့ပဲ သွားနေတဲ့အချိန်မှာ ကျွန်တော်တို့ ထိုးစစ်တော့ မဆင်တော့ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကာကွယ်ဖို့အတွက်ကတော့ ပြင်ဆင်ကောင်း ပြင်ဆင်တာ တွေ ရှိတယ်”ဟု ဗိုလ်မှူးစောထွန်းထွန်းက ဆိုသည်။
တပ်အင်အားတိုးချဲ့သည့်လုပ်ငန်းများ လတ်တလောတွင် လုပ်ဆောင်မှုမရှိဘဲ တပ်အင်အားစုများ လျော့ နည်းလာသည်များသာ ရှိသည်ဟုဆိုသည်။ တပ်အင်အားလျော့နည်းသွားရခြင်းမှာလည်း အသွင်ပြောင်း သူများ၊ တပ်မှ ထွက်သွားသူများကြောင့် ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်နေပြီး နိုင်ငံ ရေးလမ်းစဉ်သို့ သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် စောဘဦးကြီးမူများအား လက်ကိုင်ထားရှိထားသော်လည်း ကရင့်လက်နက် ကရင့်လက်ထဲတွင်သာ ရှိရမည်ဟူသည့်မူအား နိုင်ငံရေးလမ်းကြောင်းတွင် ပြင်ရန် လို အပ်လာပါက ပြင်မည်ဟု ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေက ဆိုသည်။
“ကျွန်တော်တို့အတွက် လုံခြုံစိတ်ချရမယ့်ငြိမ်းချမ်းရေးမျိုး၊ ယုံကြည်ရမယ့် အစိုးရတစ်ရပ်ဖြစ်လာပြီ ရှိလာ ပြီဆိုရင်တော့ ကရင့်လက်နက် ကရင့်လက်ထဲမှာပဲ ရှိရမယ်ဆိုတဲ့ အချက်က ပြောင်းလဲမှာပါ။ အဲ့လိုမ ဟုတ်ရင်တော့ ကျွန်တော်တို့လက်နက်တွေက ကျွန်တော်တို့လက်ထဲမှာပဲ ရှိနေမှာပါ”ဟု ပြောသည်။
အစိုးရတပ်မတော်နှင့် DKBA တို့အကြား ၂၀၁၀ တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ၂၀၁၁ ဒီဇင်ဘာ ၁၁ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးခဲ့သည်။ လက်မှတ်ရေးထိုးထားပြီး အစိုးရဘက်မှ ကမ်းလှမ်းထားသည့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးတွင်လည်း ပါဝင် ၍ နိုင်ငံရေးဆွေးနွေးပွဲသို့သွားရန် ဆွေးနွေးလျက်ရှိသည်။
Mizzima - News in Burmese

မန္တလေးအခြေစိုက် လေကြောင်းလိုင်းသစ်နှစ်လိုင်း ပြည်တွင်းခရီးစဉ် ပြေးဆွဲမည်
23-12-2013
မန္တလေးမြို့မှ ပြည်တွင်း အခြားမြို့များသို့ လေကြောင်းဖြင့်သွားလာမှု များပြားလာသဖြင့် လေယာဉ်ငယ် များ ပြေးဆွဲပေးခြင်းအပြင် လေကြောင်းလိုင်းသစ်နှစ်လိုင်းမှ ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ပြေးဆွဲ သွားရန် စီစဉ်နေပြီဟု လေကြောင်းညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထပ်မံပြေးဆွဲပေးမည့် လေကြောင်းလိုင်းများမှာ မန်းမြေရာဇာလေကြောင်းလိုင်းနှင့် စစ်ကိုင်းလေကြောင်း လိုင်းတို့ ဖြစ်ပြီး သွားလာမှု မလွယ်ကူသောနေရာများနှင့် ပြည်သူများ သွားလာမှု အဆင်ပြေစေရန်အ တွက် ရည်ရွယ်ကာ ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်သည်။
“မန္တလေးမြို့မှ လေကြောင်းလိုင်းများဖြင့် ခရီးသွားလာမှုက တစ်နေ့ထက်တစ်နေ့ တိုးလာပါတယ်၊ အဲဒါ ကြောင့် အခုလို လေကြောင်းလိုင်းတွေ ထပ်မံတိုးလာတာဖြစ်ပါတယ်၊ ဆက်လက်ပြီးလဲ လေကြောင်း လိုင်းအသစ်တွေ တိုးလာဖို့ ရှိပါသေးတယ်”ဟု အဆိုပါဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
ချမ်းမြသာစည်မြို့နယ်ရှိ ချမ်းမြသာစည်လေဆိပ်မှ နေပြည်တော်၊ ဗန်းမော်၊ လာရှိုး၊ လွိုင်ကော်၊ ညောင် ဦး၊ ဟဲဟိုး စသည့်မြို့များသို့ နားရက်ပို့ဆောင်ပေးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း၊ တံတားဦးလေ ဆိပ်မှ သွားလာရခက်ခဲသော မြစ်ကြီးနား၊ ခန်္တီး၊ ကလေး၊ ဟုမ္မလင်း၊ ကျိုင်းတုံသို့ လေယာဉ်ကြီးများဖြင့် ပျံသန်းပြေးဆွဲပေးလျက် ရှိသည်။
“ပြေးဆွဲရ မလွယ်ကူတဲ့နေရာတွေကို လေယာဉ်ငယ်တွေနဲ့ ပြေးဆွဲပေးဖို့ စီစဉ်နေပါတယ်၊ လတ်တလော မှာ လက်ရှိ ချမ်းမြသာစည်လေဆိပ်ကနေ လေယာဉ်ငယ် နှစ်စင်းနဲ့ ဒီဇင်ဘာလ ၁၂ ရက်က စတင် ပို့ ဆောင်ပေးနေပြီဖြစ်ပါတယ်၊ လေယာဉ်နဲ့ခရီးသွားတွေ များလာတာကြောင့်လဲ အခုလိုစီစဉ်တာဖြစ်ပါ တယ်”ဟု မြန်မာ့လေကြောင်း မန္တလေးရုံးခွဲ မန်နေဂျာဦးအောင်မင်းဆွေက ပြောသည်။
ဈေးနှုန်းများမှာ လေယာဉ်ငယ်လက်မှတ်တစ်စောင်လျှင် ခရီးစဉ်အလိုက် ကျပ် ၃၇,၅၀၀ မှ ၄၉,၀၀၀၊ နိုင် ငံခြားသား အမေရိကန်ဒေါ်လာ ၅၄ မှ ၆၆ ခန့် ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပြည်တွင်းမှ ပြေးဆွဲပေးနေသော လေကြောင်းလိုင်းများအဖြစ် Air Bagan၊ Asia Wings၊ MAI၊ ရွှေမြန်မာလေကြောင်းလိုင်း၊Air KBZ၊ Air Mandalay၊ Yangon Airway လေကြောင်း လိုင်းများအပါအ၀င် စုစုပေါင်း လေကြောင်းလိုင်း ၅၁ ခု ပြေးဆွဲပေးနေသည်။
Mizzima

လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေး လုပ်ငန်းများတွင် အမေရိကန်နိုင်ငံမှ မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိ၌ တရုတ်နိုင်ငံသို့ လူကုန်ကူးမှု အများဆုံးဖြစ်နေ
23-12-2013
လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေးလုပ်ငန်းများကို အမေရိကန်နိုင်ငံမှ မြန်မာနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိလူကုန်ကူးမှု ဖြစ်စဉ်များတွင် တရုတ်နိုင်ငံသို့ လူကုန်ကူးမှု အများဆုံး ဖြစ်ပွားနေကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ယခုနှစ်အတွင်း နိုင်ငံဖြတ်ကျော်ပြီး ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု ၉၅ မှုဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံသို့ လူကုန်ကူးမှု ၅၆ မှုအဖြစ် အများဆုံးဖြစ်ပွားခဲ့ကာ ထိုင်းနိုင်ငံသို့ ၂၀ မှုဖြင့် ဒုတိယအများဆုံး ဖြစ်ပွားခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လှက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
လက်ရှိတွင် လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေးလုပ်ငန်းများကို မဲခေါင်ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေသည့်အပြင် အမေရိကန်နိုင်ငံနှင့်လည်း လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန်အတွက် လာရောက်လေ့လာ ဆွေးနွေးမှုများရှိကြောင်း သိရသည်။
“အမေရိကန် လူကုန်ကူးမှုဆိုင်ရာ သံအမတ်ကြီးနဲ့အဖွဲ့ လာပြီးတော့ ကျွန်တော်တို့ လူကုန်ကူး ဗဟိုအဖွဲ့ဝင်တွေရော၊ လူကုန်ကူးတပ်စု အဖွဲ့ဝင်တွေကို လာပြီးတွေ့ပြီးသွားပြီး။ တွေ့ပြီးတော့ လုပ်ငန်းစီမံချက်တွေဆွဲဖို့ စီစဉ်နေဆဲပဲ ဖြစ်ပါတယ်။ လက်တွေ့တော့ အကောင်အထည် မဖော်နိုင်သေးဘူး။ အမေရိကန်နိုင်ငံမှ လူကုန်ကူးမှုဆိုင်ရာ သံအမတ်ကြီးနဲ့ တွဲဖက်ပြီးတော့ မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု ရဲတပ်ဖွဲ့တွေနဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်မှာဖြစ်တယ်။
ဘယ်ကဏ္ဍကနေ ပူးပေါင်းပါဝင်မလဲ ဆိုတာကိုတော့ သူတို့လေ့လာနေတုန်းပါပဲ” ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လှက ဆိုသည်။
လက်ရှိ၌ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ငါးနှစ်စီမံကိန်းဖြင့် မူဝါဒနှင့် ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ ကြိုတင်ကာကွယ်ခြင်းကဏ္ဍ၊ တရားစွဲတင်ရေးကဏ္ဍ
လူကုန်ကူးခံရသူများကို ကာကွယ်စောင့်ရှောက်သည့် ကဏ္ဍနှင့် ယင်းကဏ္ဍများကို လုပ်ဆောင်နေသူများအား စွမ်းရည်မြှင့်တင်ပေးမှု ကဏ္ဍ(၅)ခုဖြင့် ရွက်ဆောင်နေကြောင်း သိရှိရသည်။
EMG
ဖွဲ့စည်းပုံပြင်ရန် တပ်မတော်သားအမတ်များ ပြောပြီ
23-12-2013
လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်းစီ နေရာယူထားကြသည့် တပ်မတော်သား လွှတ်တော်အမတ် များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန်လိုအပ်သည်ဟု ပြောဆိုလိုက်ပြီး တပ်မတော် သားအမတ်တို့ ပြင်ဆင်လိုသည့်အချက် ၁၅ ချက်ရှိသည်ဟု ဗိုလ်ချုပ်ရာထူးအဆင့်ရှိ တပ်မတော်သား လွှတ်တော်အမတ်တစ်ဦးက ဒီဇင်ဘာ ၂၂ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ ပြင်ဆင်လိုသည့် အချက် ၁၅ ချက်ကို ဒီဇင်ဘာ ၁၅ ရက်က အကြံပြုစာပေးပို့ပြီးဖြစ်သည်ဟုလ ည်း အဆို ပါဗိုလ်ချုပ်က ပြောသည်။
“ဒီဇင်ဘာ ၁၅ ရက်မှာ တပ်မတော်က အကြံပြုစာပို့မယ်လို့ အရင်ကတည်းက စီစဉ်ထားပါတယ်။ အဲဒီ အတိုင်း သက်ဆိုင်ရာတာဝန်ရှိသူတွေ လုပ်ကြမှာပါ။ အချက် ၁၅ ခု အကြံပြုထားပါတယ်”ဟု ပြောသည်။
သို့သော် အသေးစိတ် ပြောဆိုရန်ကိုမူ ငြင်းဆိုခဲ့ပြီး မူလစီစဉ်ထားသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဝင် တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူး ချုပ်တင်စန်းနိုင်က တရားဝင် ထုတ်ပြန်ပေးရမည်ဟုလည်း ဆိုသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ဝေ လင်းက“မှန်မှန်ကန်ကန်နဲ့ ပြင်သင့်တယ် မပြင်သင့်ဘူးဆိုတာတွေ အကြံပြုဖို့ တပ်မတော်က ဆန္ဒရှိပါ တယ်။ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီကို တပ်မတော်က ဘာမှမတင်ပြဘူးဆိုတာ မဟုတ်ပါ ဘူး”ဟု ဒီဇင်ဘာ ၁ ရက်တွင် မဇ္ဈိမကို ပြောဆိုထားသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ လေ့လာသုံး သပ်ရေး ပူးပေါင်းကော်မတီတွင် ပြည်ထောင်စုလွှတ်တော်အတွင်း ကာကွယ်ရေးဦးစီးချုပ် တိုက်ရိုက်တာ ၀န်ပေးထားသည့် တပ်မတော်သား ၂၅ ဦးသည် ဒုတိယ အများဆုံးအဖြစ် ပါဝင်နေသည်။
ထို့ပြင် လွှတ်တော်အတွင်း၌လည်း ၂၅ ရာခိုင်နှုန်းသော မဲပေးခွင့်ကို တပ်မတော်သားတို့ ရယူထားကြ သည်။ ယင်းသို့ ဥပဒေပြုရေးတွင် တပ်မတော်သားတို့ပါဝင်နေမှုကို လျှော့ချရေး အကြံပြုစာ အများအပြား ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ ရောက်ရှိနေသည်ဟု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်နှင့် လုပ်ငန်းကူညီဆောင်ရွက်ပေးနေသူ ဒီပဲယင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦး သန်းထွန်းက ဒီဇင်ဘာ ၂ ရက်တွင် ပြောဆိုခဲ့သည်။
ပူးပေါင်းကော်မတီသည် အကြံပြုစာများကို ယခုလကုန်အထိ လက်ခံရယူမည်ဖြစ်ပြီး ယင်းတို့ကို စုစည်းကာ ပြည်ထောင်စုလွှတ်တော်သို့ ဇန်န၀ါရီလကုန်မတိုင်မီ အစီရင်ခံရမည်ဖြစ်သည်။
Mizzima - News in Burmese Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်
လွှတ်တော်အသီးသီးတွင် ၂၅ ရာခိုင်နှုန်းစီ နေရာယူထားကြသည့် တပ်မတော်သား လွှတ်တော်အမတ် များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြင်ဆင်ရန်လိုအပ်သည်ဟု ပြောဆိုလိုက်ပြီး တပ်မတော် သားအမတ်တို့ ပြင်ဆင်လိုသည့်အချက် ၁၅ ချက်ရှိသည်ဟု ဗိုလ်ချုပ်ရာထူးအဆင့်ရှိ တပ်မတော်သား လွှတ်တော်အမတ်တစ်ဦးက ဒီဇင်ဘာ ၂၂ ရက်တွင် မဇ္ဈိမကို ထုတ်ဖော်ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ ပြင်ဆင်လိုသည့် အချက် ၁၅ ချက်ကို ဒီဇင်ဘာ ၁၅ ရက်က အကြံပြုစာပေးပို့ပြီးဖြစ်သည်ဟုလ
“ဒီဇင်ဘာ ၁၅ ရက်မှာ တပ်မတော်က အကြံပြုစာပို့မယ်လို့ အရင်ကတည်းက စီစဉ်ထားပါတယ်။ အဲဒီ အတိုင်း သက်ဆိုင်ရာတာဝန်ရှိသူတွေ လုပ်ကြမှာပါ။ အချက် ၁၅ ခု အကြံပြုထားပါတယ်”ဟု ပြောသည်။
သို့သော် အသေးစိတ် ပြောဆိုရန်ကိုမူ ငြင်းဆိုခဲ့ပြီး မူလစီစဉ်ထားသည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဝင် တပ်မတော်သား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူး ချုပ်တင်စန်းနိုင်က တရားဝင် ထုတ်ပြန်ပေးရမည်ဟုလည်း ဆိုသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ဝေ လင်းက“မှန်မှန်ကန်ကန်နဲ့ ပြင်သင့်တယ် မပြင်သင့်ဘူးဆိုတာတွေ အကြံပြုဖို့ တပ်မတော်က ဆန္ဒရှိပါ တယ်။ ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေးကော်မတီကို တပ်မတော်က ဘာမှမတင်ပြဘူးဆိုတာ မဟုတ်ပါ ဘူး”ဟု ဒီဇင်ဘာ ၁ ရက်တွင် မဇ္ဈိမကို ပြောဆိုထားသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၀၉ ဦးဖြင့် ဖွဲ့စည်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ လေ့လာသုံး သပ်ရေး ပူးပေါင်းကော်မတီတွင် ပြည်ထောင်စုလွှတ်တော်အတွင်း ကာကွယ်ရေးဦးစီးချုပ် တိုက်ရိုက်တာ ၀န်ပေးထားသည့် တပ်မတော်သား ၂၅ ဦးသည် ဒုတိယ အများဆုံးအဖြစ် ပါဝင်နေသည်။
ထို့ပြင် လွှတ်တော်အတွင်း၌လည်း ၂၅ ရာခိုင်နှုန်းသော မဲပေးခွင့်ကို တပ်မတော်သားတို့ ရယူထားကြ သည်။ ယင်းသို့ ဥပဒေပြုရေးတွင် တပ်မတော်သားတို့ပါဝင်နေမှုကို လျှော့ချရေး အကြံပြုစာ အများအပြား ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီထံသို့ ရောက်ရှိနေသည်ဟု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်နှင့် လုပ်ငန်းကူညီဆောင်ရွက်ပေးနေသူ ဒီပဲယင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦး သန်းထွန်းက ဒီဇင်ဘာ ၂ ရက်တွင် ပြောဆိုခဲ့သည်။
ပူးပေါင်းကော်မတီသည် အကြံပြုစာများကို ယခုလကုန်အထိ လက်ခံရယူမည်ဖြစ်ပြီး ယင်းတို့ကို စုစည်းကာ ပြည်ထောင်စုလွှတ်တော်သို့ ဇန်န၀ါရီလကုန်မတိုင်မီ အစီရင်ခံရမည်ဖြစ်သည်။
Mizzima - News in Burmese Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်
ATM ကတ်ဖြင့် ငွေထုတ်ယူရာတွင် အင်တာနက် ပြတ်တောက်ခြင်း၊ စက်ထဲတွင် ငွေသားမရှိခြင်း စသည့်အဆင်မပြေမှုများ ကြုံတွေ့ရခြင်းကြောင့် သုံးစွဲသူများ အခက်တွေ့
23-12-2013
ATM စက်များတွင် ATM ကတ်များဖြင့် ငွေသားထုတ်ယူရာတွင် အင်တာနက် ပြတ်တောက်ခြင်း၊ စက်ထဲတွင် ငွေသားမရှိခြင်း စသည့်အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းကြောင့် သုံးစွဲသူများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။
“ATM ကတ်တွေကို သုံးစွဲတဲ့အခါ အများဆုံး ကြုံတွေ့ရတာကတော့ အင်တာနက် အဆင်မပြေလို့ ငွေထုတ်လို့မရတာက အများဆုံး ဖြစ်ပါတယ်။ ATM စက်တိုင်းဖြစ်တာ မဟုတ်ရင်တော့ အွန်လိုင်းဖြစ်နေတဲ့ ATM စက်ကို လိုက်ရှာပြီး ငွေထုတ်ရတာပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ ကိုယ်နဲ့နီးစပ်တဲ့ ATM စက်မှာ တစ်ခါတည်း အဆင်ပြေဖို့ လိုတာပေါ့။ မဟုတ်ရင် အချိန်တွေကြန့်ကြာပြီလေ။ တစ်ခါတလေ ထုတ်နေရင်း လိုင်းကျလို့ဆိုပြီး ငွေလည်းထွက်မလာ၊ ကတ်လည်း ပြန်ထွက်မလာဘဲ အသိမ်းခံလိုက်ရတာတွေလည်း ရှိတယ်။ ကိုယ့်ကတ်ရဲ့ စာရင်းထဲကနေ ငွေနုတ်သွားပြီး ငွေကထွက်မလာတဲ့အခါ တော်တော်များများက ATM ကို မသုံးချင်တော့လောက်အောင် စိတ်ပျက်သွားကြတယ်။ ငွေအရေအတွက်များရင် ဘဏ်ကိုသေသေချာချာ ပြောပြပြီး ရက်အနည်းငယ်စောင့်ရင် ငွေပြန်ထုတ်လို့ ရပေမယ့် ငွေနည်းနည်းပါးပါး ထုတ်တဲ့အခါမျိုးမှာ ကြုံရရင် အလုပ်ရှုပ်ခံပြီး မလုပ်ချင်ကြတော့ဘူး” ဟု ATM ကတ်ဖြင့် ငွေထုတ်စဉ် အခက်အခဲများ ကြုံတွေ့ခဲ့ရသော ကိုကိုရဲက ပြောပြသည်။
“နောက်ကြုံရတာ တစ်ခုကတော့ တော်တော်ဆိုးတယ်။ ATM အတွက်ထားတဲ့ ဆာဗာက အင်တာနက် ပြတ်တောက်သွားတာလို့ ထင်ပါတယ်။ သွားထုတ်တဲ့ ATM စက်မှာသာမက တခြား ATM စက်တွေမှာလည်း ငွေစစ်တာ၊ ငွေထုတ်တာတွေ ဘာမှလုပ်လို့ မရတော့ဘူး။ အဲဒီအချိန်မျိုးကတော့ အဆိုးဆုံးပါပဲ” ဟု ATM စက်များတွင် ငွေမကြာခဏ ထုတ်ယူလေ့ရှိသူ တစ်ဦးက ပြောပြသည်။
“တစ်ခါတလေမှာ Connection ကြောင့် အဆင်မပြေတာတွေ ကြုံရနိုင်ပါတယ်။ စက်ထဲမှာ ငွေကုန်နေတာကတော့ Monitoring System ရှိလို့ ဘဏ်ကအချိန်မီ သိနိုင်ပါတယ်။ အဆင်မပြေတာကြုံရရင် ဘဏ်ကိုသတင်းပို့ပေးပါ။ အင်တာနက်ပိုင်းက ဆက်သွယ်ရေးနဲ့ဆိုင်တော့ ပြောရခက်တယ်။ ပိုက်ဆံထွက်ခါနီးမှာ Connection ကျ သွားတဲ့အခါ ငွေထွက်မလာဘဲ ပြန်သိမ်းသွားတာမျိုး ကြုံရရင် သုံးစွဲသူတွေက စိုးရိမ်တတ်ပါတယ်။ ဒါမျိုးဖြစ်ရင် ဘဏ်ကနေပြန်စစ်ပြီး ငွေပြန်ထုတ်ပေးပါတယ်။ Telenor တို့ ပေါ်လာရင်တော့ ဒါတွေက ပြေလည်သွားမယ်လို့ ထင်ပါတယ်။ အခုက အင်တာနက် မကောင်းတဲ့ကြားက လုပ်ရတာဖြစ်လို့ နားလည်ပေးစေချင်တယ်။ တစ်ပတ်ကို ကျပ်နှစ်ဘီလျံလောက် ATM စက်တွေထဲ ငွေပြန်ဖြည့်ပေးနေရတာကိုကြည့်ရင် သုံးစွဲမှုများနေတာ သိသာပါတယ်” ဟု CB ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
Eleven Media Group
ATM စက်များတွင် ATM ကတ်များဖြင့် ငွေသားထုတ်ယူရာတွင် အင်တာနက် ပြတ်တောက်ခြင်း၊ စက်ထဲတွင် ငွေသားမရှိခြင်း စသည့်အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းကြောင့် သုံးစွဲသူများအနေဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရှိရသည်။
“ATM ကတ်တွေကို သုံးစွဲတဲ့အခါ အများဆုံး ကြုံတွေ့ရတာကတော့ အင်တာနက် အဆင်မပြေလို့ ငွေထုတ်လို့မရတာက အများဆုံး ဖြစ်ပါတယ်။ ATM စက်တိုင်းဖြစ်တာ မဟုတ်ရင်တော့ အွန်လိုင်းဖြစ်နေတဲ့ ATM စက်ကို လိုက်ရှာပြီး ငွေထုတ်ရတာပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ ကိုယ်နဲ့နီးစပ်တဲ့ ATM စက်မှာ တစ်ခါတည်း အဆင်ပြေဖို့ လိုတာပေါ့။ မဟုတ်ရင် အချိန်တွေကြန့်ကြာပြီလေ။ တစ်ခါတလေ ထုတ်နေရင်း လိုင်းကျလို့ဆိုပြီး ငွေလည်းထွက်မလာ၊ ကတ်လည်း ပြန်ထွက်မလာဘဲ အသိမ်းခံလိုက်ရတာတွေလည်း ရှိတယ်။ ကိုယ့်ကတ်ရဲ့ စာရင်းထဲကနေ ငွေနုတ်သွားပြီး ငွေကထွက်မလာတဲ့အခါ တော်တော်များများက ATM ကို မသုံးချင်တော့လောက်အောင် စိတ်ပျက်သွားကြတယ်။ ငွေအရေအတွက်များရင် ဘဏ်ကိုသေသေချာချာ ပြောပြပြီး ရက်အနည်းငယ်စောင့်ရင် ငွေပြန်ထုတ်လို့ ရပေမယ့် ငွေနည်းနည်းပါးပါး ထုတ်တဲ့အခါမျိုးမှာ ကြုံရရင် အလုပ်ရှုပ်ခံပြီး မလုပ်ချင်ကြတော့ဘူး” ဟု ATM ကတ်ဖြင့် ငွေထုတ်စဉ် အခက်အခဲများ ကြုံတွေ့ခဲ့ရသော ကိုကိုရဲက ပြောပြသည်။
“နောက်ကြုံရတာ တစ်ခုကတော့ တော်တော်ဆိုးတယ်။ ATM အတွက်ထားတဲ့ ဆာဗာက အင်တာနက် ပြတ်တောက်သွားတာလို့ ထင်ပါတယ်။ သွားထုတ်တဲ့ ATM စက်မှာသာမက တခြား ATM စက်တွေမှာလည်း ငွေစစ်တာ၊ ငွေထုတ်တာတွေ ဘာမှလုပ်လို့ မရတော့ဘူး။ အဲဒီအချိန်မျိုးကတော့ အဆိုးဆုံးပါပဲ” ဟု ATM စက်များတွင် ငွေမကြာခဏ ထုတ်ယူလေ့ရှိသူ တစ်ဦးက ပြောပြသည်။
“တစ်ခါတလေမှာ Connection ကြောင့် အဆင်မပြေတာတွေ ကြုံရနိုင်ပါတယ်။ စက်ထဲမှာ ငွေကုန်နေတာကတော့ Monitoring System ရှိလို့ ဘဏ်ကအချိန်မီ သိနိုင်ပါတယ်။ အဆင်မပြေတာကြုံရရင် ဘဏ်ကိုသတင်းပို့ပေးပါ။ အင်တာနက်ပိုင်းက ဆက်သွယ်ရေးနဲ့ဆိုင်တော့ ပြောရခက်တယ်။ ပိုက်ဆံထွက်ခါနီးမှာ Connection ကျ သွားတဲ့အခါ ငွေထွက်မလာဘဲ ပြန်သိမ်းသွားတာမျိုး ကြုံရရင် သုံးစွဲသူတွေက စိုးရိမ်တတ်ပါတယ်။ ဒါမျိုးဖြစ်ရင် ဘဏ်ကနေပြန်စစ်ပြီး ငွေပြန်ထုတ်ပေးပါတယ်။ Telenor တို့ ပေါ်လာရင်တော့ ဒါတွေက ပြေလည်သွားမယ်လို့ ထင်ပါတယ်။ အခုက အင်တာနက် မကောင်းတဲ့ကြားက လုပ်ရတာဖြစ်လို့ နားလည်ပေးစေချင်တယ်။ တစ်ပတ်ကို ကျပ်နှစ်ဘီလျံလောက် ATM စက်တွေထဲ ငွေပြန်ဖြည့်ပေးနေရတာကိုကြည
Eleven Media Group
ဂျာမနီ၏ အကူအညီဖြင့် ရန်ကုန်မြို့တော် အတွင်းရှိ လေထုညစ်ညမ်းမှု များသောနေရာ ၁၅ ခုတွင် လေထုညစ်ညမ်းမှု တိုင်းတာသည့်စက် တပ်ဆင်မည်
23-12-2013
ဂျာမနီ၏
အကူအညီဖြင့် ရန်ကုန်မြို့တော် အတွင်းရှိ လေထုညစ်ညမ်းမှု များနေသော
အရေးကြီးနေရာ ၅၀ ထဲမှ ၁၅ နေရာတွင် လေထုညစ်ညမ်းမှု တိုင်းတာသည့်စက်များ
တပ်ဆင်၍ စမ်းသပ်တိုင်းတာ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သန့်ရှင်းရေးဌာနမှ သိရသည်။
အာဆီယံမြို့ကြီးများ စဉ်ဆက်မပြတ်
ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ GIZ (German International Co-operation)
ဂျာမန်နည်းပညာ ပူးပေါင်းအဖွဲ့မှ ရန်ကုန်မြို့တော်၏ လေထုအရည်သွေး
စောင့်ကြည့်လေ့လာရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်ကို အကောင်အထည်
ဖော်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ အပြန်အလှန်
ဆွေးနွေးညှိနှိုင်း မှုများအပြင် လေထုအရည်အသွေး တိုင်းတာရေး စက်ကိရိယာများ
တပ်ဆင်ရေး အတွက်ကိုလည်း ကူညီပေးခြင်းဖြစ်သည်။
ရန်ကုန်မြို့တော်တွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာမှုနှင့်အတူ
လူနေထူထပ်လာမှုကြောင့် လေထုညစ်ညမ်းမှုဆိုင်ရာ ကိစ္စရပ်များ
ကြုံတွေ့နေရကြောင်း၊ ရန်ကုန်မြို့တော်အတွင်း လေထုညစ်ညမ်းမှုများအတွက်
လေထုအရည်အသွေးစက်များ တပ်ဆင်ကာ စောင့်ကြည့်ရန် လိုအပ်သည့်နေရာ အများအပြား
ရှိသော်လည်း ယင်းနေရာများထဲမှ ပိုအရေးကြီးဆုံးနေရာ ၁၅ ခုတွင်
တပ်ဆင်မည်ဖြစ်ပြီး စက်မှုဇုန်များနှင့် နီးစပ်သည့်နေရာများ၊
ယာဉ်များအများဆုံး သွားလာသည့် အဓိက လမ်းဆုံနေရာများ၊
ပြည်သူများနေထိုင်ရာနှင့် နီးစပ်သည့် နေရာများ ပါဝင်ကြောင်း သိရသည်။
လေထုညစ်ညမ်းမှု အခြေအနေ များပြားနေပါက လေထုအတွင်း အမှုန်အမွှား လွင့်စဉ်မှု
များပြားကာ လူများတွင် အသက်ရှူလမ်းကြောင်းပိုင်း ဆိုင်ရာများကို
ဖြစ်ပွားစေနိုင်သည်ဟု သိရသည်။
လေထုညစ်ညမ်းမှုများကို
အဓိကဖြစ်စေသည့် အကြောင်းရင်းများမှာ စက်ရုံအလုပ်ရုံများမှ ထွက်ရှိသော
မီးခိုးများ၊ သက်တမ်းလွန် မော်တော်ယာဉ်များမှ ထွက်ရှိသော
အိတ်ဇောမီးခိုးများကြောင့် ဖြစ်သည်ဟု သိရသည်။ ထို့ပြင် ရန်ကုန်မြို့တော်
အတွင်းရှိ နေ့စဉ်စွန့်ပစ်သော အမှိုက်များမှလည်း မီးသိန်းဓာတ်ငွေ့များ
ထွက်ရှိကာ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်နေစေနိုင်ပြီး နေ့စဉ်ထွက်
အမှိုက်များကို လျော့နည်းစေမည့် နည်းလမ်းများကို ရှာဖွေနေပြီး
အမှိုက်မီးရှို့စက်ထောင်၍ မီးရှို့ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်
စီစဉ်နေကြောင်း သိရသည်။
Eleven Media Group
အနည်းဆုံး လုပ်ခလစာအတွက် လုပ်သားများ၏ တစ်လအသုံးစရိတ် ကို ပြည်သူ့လွှတ်တော်သို့ တင်မည်
23-12-2013
အနိမ့်ဆုံး လုပ်ခလစာ ဥပဒေပြဋ္ဌာန်းရာတွင် အကျိုးတစ်စုံတစ်ရာ ရှိစေရန်အတွက် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (ယာယီ) က သုံးလကြာ ကောက်ယူထားသော လုပ်သားများ၏ တစ်လအသုံးစရိတ် စစ်တမ်းကို နဝမအကြိမ်မြောက် ကျင်းပမည့် ပြည်သူ့ လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောကြားသည်။
အဆိုပါ စစ်တမ်းတွင် လုပ်သားများ၏ တစ်လတာ အသုံးစရိတ်တွင် ပါဝင်သည့် အသား၊ ငါး၊ ဆန်၊ ဆီ စသည့် စားသောက် ကုန်ပစ္စည်းများ၊ တံမြက်စည်းစသည့် အိမ်သုံးပစ္စည်းများ၊ တစ်ကိုယ်ရေသုံး ပစ္စည်းများနှင့် ကလေး၏ ကျောင်းစရိတ်ကို ထည့်သွင်းထားခြင်း ဖြစ်ပြီး အိမ်ရှိ မိသားစုသုံးဦးအပေါ် မူတည် တွက်ချက်ထားချက်အရ တစ်လအတွင်း အသုံးစရိတ်မှာ ၁၈၂ç၉၁၀ ကျပ် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
ယခုကဲ့သို့ တွက်ချက်မှုအတိုင်း လုပ်သားများ အပြည့်အဝ မရပါက လုပ်သားများ အနေနှင့် အလုပ်တွင် အားသွန်ခွန်စိုက် လုပ်ကိုင်လိုစိတ် နည်းပါးလာပြီး ခိုးဝှက်ခြင်းကဲ့သို့ ကိုယ်ကျင့်တရားများ ပျက်ပြားလာနိုင်ကာ ကလေးငယ်များ အနေနှင့်လည်း ကျောင်းမတက်နိုင်ဘဲ ကလေးလုပ်သား ဖြစ်သွားနိုင်ကြောင်း ဦးအောင်လင်းက ပြောကြားသည်။
စစ်တမ်း ကောက်ယူထားသည့်အတိုင်း လုပ်သားများကို အဆိုပါ နှုန်းထားအတိုင်း လစာငွေ ပေးအပ်နိုင်ပါက အလုပ်သမားများ အတွက် ကောင်းမွန်ကြောင်း၊ သို့သော် ယခုကဲ့သို့ ပေးအပ်ရန်အတွက် အလုပ်သမားများ၏ အလုပ် လုပ်နိုင်စွမ်းအပေါ် ကြည့်သင့်ကြောင်း၊ အဆိုပါ စစ်တမ်းအရ အလုပ်သမားများတွင် တစ်လလျှင် လစာကျပ်တစ်သိန်း ရှစ်သောင်း ပေးသင့်သူ ရှိသကဲ့သို့ တစ်သိန်းတစ်သောင်း ပေးသင့်သူလည်း ရှိကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ စိုက်မျိုးစပါး တင်သွင်းဖြန့်ချိရေး လုပ်ငန်း လုပ်ကိုင်သော ASIA DANSITY INTERNA TION SERVICE ကုမ္ပဏီ၏ ဒါရိုက်တာ ဦးထိန်လင်းက ပြောကြားသည်။
လစာနှုန်းထားများအပေါ် ယခုကဲ့သို့ စစ်တမ်း ကောက်ယူပေးသည့် အတွက် ကောင်းမွန်သော်လည်း လုပ်သားများကို ယခုကဲ့သို့ လစာပမာဏ ပေးရန်မှာ အလုပ်ရှင်နှင့် အဆင်မပြေနိုင်ကြောင်း လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ လုပ်သားတစ်ဦးက ပြောကြားသည်။
ယင်းစစ်တမ်းကို အောက်တိုဘာလမှ စတင်ကာ သုံးလကြာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုမှ မြို့နယ်ပေါင်း ၄၆ မြို့နယ် အတွင်းရှိ လုပ်သား အဖွဲ့အစည်းများမှ တစ်ဆင့် ကုန်ဈေးနှုန်းများ ကောက်ယူခြင်းနှင့် လုပ်သားများထံ မေးမြန်းထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
The Voice Weekly

အမျိုးသမီးများ လျှို့ ဝှက်ကင်မရာ ရန်မှကင်းဝေးရန် ကာကွယ်နည်းများ
23-12-2013
အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်
ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။
1. အ၀တ်လဲခန်းထဲကိုမ၀င်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရမရ စစ်ဆေးထားပါ။
2. အ၀တ်လဲခန်းထဲကိုရောက်သွားတဲ့အခါ မိမိရဲ့ mobile phone ကို ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။
3. ဖုန်းခေါ်လို့မရဘူးဆိုရင် အဲဒီအ၀တ်လဲခန်းထဲမှာ hidden camera ရှိနေဖို့များသွားပါပြီ။ ဖုန်းခေါ်မရတဲ့အကြောင်းအရင်းကတော့ hidden camera ရဲ့ ဖိုင်ဘာကေဘယ်က mobile phone လိုင်းကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။
နှစ်ဘက်မြင်မှန် (two way mirror) နဲ့ ရိုးရိုးကြေးမုံမှန်ကို ဘယ်လိုခွဲခြားမလဲ ဟိုတယ်တွေရဲ့ သန့်စင်ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အ၀တ်အစားလဲခန်းတွေ၊ ဟိုတယ်အိပ်ခန်းတွေ မှာတပ်ဆင်ထားတဲ့ မှန်တွေဟာ တကယ့်ကြေးမုံပြင်စစ်စစ်တွေလား၊ ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (two way mirror) တွေလား ဆိုတာ သင် သံသယ၀င်ဖူးပါသလား? Two way mirror ဆိုတာကတော့ သင့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ သင့်ပုံရိပ်ကို သင်ပြန်မြင်နေရပေမယ့် အခြားတစ်ဘက်က ကြည့်ရင် သင်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ။ ဟောလိဝုဒ် စုံထောက်ကားတွေမှာ တရားခံကို စစ်မေးတဲ့အခန်းထဲမှာ သုံးတဲ့မှန်မျိုးပေါ့။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံအစစ်လား၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။ ဒါပေမယ့် နှစ်ဘက်မြင်မှန်တွေကို သိနိုင်တဲ့ လွယ်ကူရိုးရှင်းသော စမ်းသပ်နည်းတစ်ခု ရှိပါတယ်။
1. သင့်ရဲ့ လက်ချောင်းတစ်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။
2. သင့်ရဲ့ လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ သင့်လက်ချောင်းလက်သည်းခွံကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင်၊ ဒါဟာ သာမန် ကြေးမုံပြင်ပါ။
3. သင့်ရဲ့လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံ နှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေတယ်၊ ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့၊ ဒါဟာ နှစ်ဘက်မြင်မှန် (two way mirror) ပါပဲ။
ဒီလိုဖြစ်ရခြင်းရဲ့အကြောင်းအရင်းကတော့ သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။ ဒါ့ကြောင့် သင့်လက်ချောင်းထိပ်နဲ့ မှန်ထဲကပုံရိပ်ရဲ့ လက်ချောင်းထိပ်ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေမှာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ သင့်လက်ချောင်းနဲ့ မှန်ထဲကလက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ။ ဒါ့ကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။
ဒီစာလေးကို သင့်ရဲ့ "သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမ" တွေဆီကို forward လုပ်ပေးပါ။ ဒီစာလေးကိုမျှဝေခြင်းအားဖြင့် "အမျိုးကောင်းသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာ" ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။
MWD

Sunday, December 22, 2013
နိုင်ငံရေးမုန်တိုင်း ပြင်းထန်နိုင်သည်။
22-12-2013
(
ဒီကနေ့ထုတ် The Voice weekly ဆောင်းပါးဖြစ်ပါတယ်။ တချို့တလေစွပ်စွဲသလို
ကျနော်သာ စစ်အာဏာရှင်စနစ်ကိုလိုလားသူ အမှန်ဆိုရင်
ကျနော်ဒီလိုဆောင်းပါးမျိုးရေးပြီးအတိုက်အခံကို
ထောက်ပြဝေဖန်သတိပေးစရာအကြောင်းမရှိပါ။ အသာလေးကြည့်နေလိုက်ရုံပါပဲ။
ဘာပဲလုပ်လုပ် "မှန်တယ်မှန်တယ် ထောက်ခံတယ်ထောက်ခံတယ် "ဆိုတဲ့
အဆင်ခြင်မဲ့မျက်စိမှိတ်ထောက်ခံမှုကသာ အဆင်းကိုဘီးတပ်တဲ့လုပ်ရပ်မျိုးဖြစ်ပြီး
ချောက်ချတယ်လို့ သတ်မှတ်လို့ရနိုင်ပါတယ်ခင်ဗျား။ )
အခုအခါ မြန်မာ့နိုင်ငံရေးဟာလေပြေလေညှင်းတိုက်ခတ်စဉ်အခါလည်းမဟုတ်သလို လေမုန်တိုင်းထန်နေတဲ့ကာလည်းမမည်ပေမယ့် လေပြင်းများအဆက်မပြတ်
တိုက်ခတ်တော့မယ့် အစကနဦးအခြေအနေကို ဦးတည်နေပြီဖြစ်ကြောင်း
အထင်အရှားမြင်တွေ့လာရပါတယ်။ တပ်မတော်၊အစိုးရတို့နဲ့ အတိုက်အခံခေါင်းဆောင်တို့အကြား
မတူညီတဲ့ ခံယူချက်၊လမ်းစဉ် နဲ့ သဘောထားတို့ဟာ ပိုမိုကွာဟလာတော့မယ့်အသွင် ရှိလာတဲ့အတွက်
ဒီမိုကရေစီခရီး အနီးအဝေးဟာ ခန့်မှန်းရပိုခက်ခဲလာတော့မှာလည်းဖြစ်ပါတယ်။
တပ်မတော်က နိုင်ငံရေးထဲ ပါဝင်ခြင်း မပါဝင်ခြင်း၊ ဒေါ်စုသမ္မတ ဖြစ်ခွင့်
မဖြစ်ခွင့် နဲ့ ဖက်ဒရယ် ပေးရေးမပေးရေးတို့ဟာ debate များရဲ့
ဗဟိုချက်မဖြစ်လာပြီး လောလောဆယ်မှာတော့
ဒေါ်စု သမ္မတ ဖြစ်ခွင့်
မဖြစ်ခွင့်ဟာ နိုင်ငံရေး လေပြင်းများကိုတိုက်ခတ်စေမယ့် အဓိက
အကြောင်းရင်းခံဖြစ်လာတော့မယ့် သွင်ပြင်လက္ခဏာများ ပီပြင်သထက်
ပီပြင်လာနေပါတယ်။
ဒေါ်စုကိုယ်တိုင်သွားရောက်ဟောပြောတဲ့ အခြေခံဥပဒေ ပြင်ရေးမပြင်ရေး လူထုဆန္ဒရယူပွဲများဟာ
မြို့ကြီးပြကြီးမဟုတ်တဲ့ ဒေသများ၊ တောမြို့ငယ်များဆီကို ရွေ့လျားနေပြီး တောသူတောင်သားတို့ရဲ့ပကတိ ရိုးသားဖြူစင်မှုများနဲ့
ဒီမိုကရေစီကို ငတ်မွတ်တောင့်တမှုများကို အထင်းသားမြင်တွေ့ရပါတယ်။ သာယာဝတီပွဲမှာ ဒေါ်စုက
သူဟောပြောရှင်းလင်းအပြီး ပြည်သူတို့အနေနဲ့ မေးခွန်းများမေးနိုင်ကြောင်း လမ်းဖွင့်ပေးတဲ့အခါ
အခြေခံဥပဒေကြီးဟာ မှားနေပါတယ် ဆိုတဲ့စကားကို သူတို့နားလည်သလို အားပါးတရ
ထုတ်ဖော်ပြောဆိုကြတဲ့ တောသူတောင်သားတို့ရဲ့ စကားတွေမှာ ရိုးသားဖြူစင်မှုကို
အထင်းသားမြင်တွေ့နိုင်ပါတယ်။ မြို့ပြမှာရှိတဲ့ နောက်
နိုင်ငံရပ်ခြားမှာရှိတဲ့ intellectual လို့ခေါ်တဲ့
ပညာတတ်လူတန်းစားတို့ပင်လျှင် တိတိကျကျသိဖို့ တော်တော်ကြီးအားထုတ်ကြရဦးမယ့်
အခြေခံဥပဒေဆိုင်ရာ အသိအမြင်များကို တောကလူတွေ တစ်လုံးတစ်ပါဒ မသိခြင်းကို
အပြစ်လို့ ပြောရင် ပြောတဲ့လူလောက် မိုက်မဲတဲ့သူ လောကမှာရှိမယ်မထင်ပါတူး။
ဒါပေမယ့် ဒီလို ဘာမှ မသိနားမလည်ရှာတဲ့လူထုဆီကနေ သဘောထားရယူနေတဲ့ ခေါင်းဆောင်တစ်ယောက်ကို
နိုင်ငံသားတစ်ယောက်အနေနဲ့တာဝန်ရှိတာမို့ 
ချစ်ခင်လေးစားစိတ်ရင်းအခံရှိရင်းစွဲမို့ ပညာရှိ သတိဖြစ်ခဲ ဆိုတဲ့စကားနဲ့အညီ
နည်းဗျူဟာရေးရာလျစ်ဟင်းမှုများရှိ ရင်
ပြင်ဆင်ဖို့စဉ်းစားစေလိုတဲ့ရည်ရွယ်ချက်နဲ့
အမှားအယွင်းနည်းနိုင်သမျှနည်းမယ့်နည်းလမ်းများ ရှာကြံလုပ်ဆောင်စေလိုတဲ့ ဆန္ဒ ဖြစ်ပေါ်မိပါတယ်။
လူထုဟာ ဒီမိုကရေစီကို အမှန်တစ်ကယ်လိုလားတာဖြစ်သော်လည်း အခြေခံဥပဒေ ဆိုင်ရာ
ဗဟုသုတများမှာတော့ အားနည်းနေကြရှာတာအမှန်ပါ။ သန်းခြောက်ဆယ်သော လူထုမှာ
အခြေခံဥပဒေဆိုင်ရာ ဗဟုသုတအပါအဝင် နိုင်ငံသားတို့အတွက် အခြေခံအားဖြင့်
မဖြစ်မနေသိသင့်သိထိုက်တဲ့ အသိပညာများကို ဖြည့်ဆည်းပေးဖို့ရာ အားလုံးရဲ့
တာဝန်တစ်ခုလို့ မြင်မိပါတယ်။
လူထုစစ်တမ်းကောက်ယူခြင်း
လူထုသဘောထားရယူခြင်းဆိုတဲ့ကိစ္စတွေကို မဖြစ်မနေလုပ်မယ်ဆိုရင်လည်း အခု
အတိုက်အခံပါတီက လုပ်နေတာထက် ပိုပြီးအများကြီးနက်နက်ရှိုင်းရှိုင်း
လုပ်ဖို့လိုအပ်မယ်လို့ယူဆပါတယ်။ အသိပညာရေချိန်နိမ့်ပါးတဲ့ လူများစုကို
ခေတ်ကောင်းစနစ်ကောင်းတစ်ခုဆီ ဝိုင်းဝန်းပို့ဆောင်ပေးတဲ့ လုပ်ငန်းစဉ်ကြီးမှာ
အဲဒီခေတ်စနစ်သစ်ကြီးတည်တံ့ခိုင်မာဖို့ကို ထည့်စဉ်းစားပြီး
အသိပညာရေချိန်မြင့်မားရေးကို တစ်ခါထဲတွဲလုပ်သွားဖို့ကို အားလုံးက
မေ့လျော့နေကြပါတယ်။ ဒါမှမဟုတ်
ဒီတာဝန်ကို ထမ်းဆောင်ဖို့ ပျက်ကွက်နေကြပါတယ်။
ဒီမိုကရေစီရယ်လို့ ပီပြင်သွားတဲ့အခြေအနေတစ်ရပ်မှာ ကျွန်တော်တို့ဟာ လူထုသဘောထားဆန္ဒများကို
လုံးဝ မျက်ကွယ်ပြုလို့မရသလို လွန်ဆန်လို့မရလည်းမရပါဘူး။ လူထုဟာ
ဆုံးဖြတ်ပိုင်ခွင့် ရာနှုန်းပြည့်ရှိလာမှာဖြစ်ပါတယ်။
ဒီမိုကရေစီတည်ဆောက်ရင်းနဲ့ အဲဒီဆုံးဖြတ်ပိုင်ခွင့်ကို လူထုက
ပိုင်ပိုင်နိုင်နိုင်ထိထိရောက်ရောက် အသုံးချနိုင်ဖို့ လူထုရဲ့
နားတွေမျက်စိတွေကိုအခုကတည်းကဖွင့်ပေးကြရပါလိမ့်မယ်။ ဒီမိုကရေစီ
စစ်စစ်ဖြစ်ပေါ်လာတဲ့အချိန်မှာ
လူထုဟာလည်း နားမျက်စိ ပွင့်နေပြီးသား
တစ်နည်းအားဖြင့် ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ အသိပညာရေချိန်မျိုးပိုင်ဆိုင်တဲ့
လူထု ဖြစ်နေပြီးသားဖြစ်ဖို့ အခုထဲက ပြင်ဆင်ဆောင်ရွက်သင့်ကြပြီဖြစ်ပါတယ်။
ဒီလိုပြောရတာဟာ လူထုကို အထင်အမြင်သေးလို့မဟုတ်ဘဲ လူထုကို အမှန်တစ်ကယ်
ဒီမိုကရေစီအခွင့်အရေးများကို ပြည့်ပြည့်ဝဝ နဲ့ ကမ္ဘာတည်သရွေ့ခံစားစေလိုတဲ့
စိတ်ဆန္ဒနဲ့ ပြောဆိုရခြင်းဖြစ်ပါတယ်။
ဒီတော့ လက်ရှိကာလမှာ
ဒေါ်စုလုပ်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒခံယူပွဲများကို အခုထက်
ပိုမို အကျိုးဖြစ်ထွန်းဖို့ဆိုရင် လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံကို
နည်းလမ်းပေါင်းစုံနဲ့မေးမြန်းဆွေးနွေးသင့်တယ်လို့မြင်မိပါတယ်။
ဒီထက်လည်းပိုတိကျတဲ့ ရှင်းလင်းချက်များ၊
ပိုတိကျတဲ့မေးခွန်းများဖြစ်စေချင်ပါတယ်။ ဘယ်အချက်တွေပြင်မလဲ၊ ဘယ်လိုပြင်မလဲ၊ ဘယ်တော့ပြင်မလဲ
ဘယ်လောက်ပြင်မလဲ၊ ဘယ်မနည်းလမ်းတွေသုံးရင် ထိရောက်မလဲ စသဖြင့် ဖြစ်သင့်ပါတယ်။
ဒေါ်စုကိုယ်တိုင်သွားတဲ့ပွဲတွေနဲ့ ဒေါ်စုမပါတဲ့ပွဲတွေမှာ
ပရိသတ်လာရောက်မှုအတိုင်းအတာကိုလည်းပြန်လည်ချင့်ချိန်သုံးသပ်ပြီး
ဘာကြောင့်ဒီလိုဖြစ်လဲဆိုတာကိုပါ ဆန်းစစ်သင့်ပါတယ်။ အခြေခံဥပဒေပြင်ချင်ပြင်
မပြင်ချင်နေ လုံးဝစိတ်မဝင်စားဘူး၊ ငါတို့ ထမင်းဝချင်တယ်ဆိုတဲ့ လူတွေ၊
အခြေခံဥပဒေကို နှစ်ဖက် ယုံကြည်မှုတည်ဆောက်ပြီး ဖြည်းဖြည်းပဲပြင်ချင်တဲ့
လူတွေနဲ့ နိုင်ငံရေးကို ဖြည်းဖြည်းချင်းပြောင်း စီးပွားရေး
မြန်မြန်ကောင်းချင်တယ်ဆိုတဲ့လူတွေ လည်းရှိနေတာဖြစ်ပြီး လူထုဆိုတဲ့နေရာမှာ
သန်းခြောက်ဆယ်စလုံးကိုထည့်သွင်းစဉ်းစားဖို့လည်းမဖြစ်မနေလိုအပ်မှာဖြစ်ပါတယ်။
ဒီမိုကရေစီမှာ အယူအဆများစွာကွဲပြားနေတတ်တာသဘာဝဖြစ်ပြီး ဒီမိုကရေစီ မဖြစ်သေးတဲ့အချိန်မှာ
အသိပညာရေချိန်ကို ထည့်မတွက်ဘဲ မသိကျိုးကျင်လုပ်နေရင်
အားလုံးအတွက်အန္တရာယ်များလှပါတယ်။အသိပညာကို မြှင့်တင်ပေးရမယ့်အစား
အသိပညာနိမ့်ပါးမှုကိုနိုင်ငံရေးအတွက်
အခွင့်အရေးတစ်ရပ်လိုအသုံးချမိသလိုမဖြစ်အောင်သတိထားကြရမှာလည်းဖြစ်ပါတယ်။လူထုအသိပညာနိမ့်ပါးမှုအတွက်
လူထုမှာ လုံးဝတာဝန်မရှိသဘဲ ဖြတ်သန်းခဲ့ရတဲ့ အမှောင်ခေတ်များကြေ
ာင့်သာဖြစ်ပြီး ဒီကိစ္စကိုအခုတစ်ခါထဲမကိုင်တွယ်ရင် ကျွန်တော်တို့
ဒီမိုကရေစီရလည်းခနပဲဖြစ်မှာပါ။ နောက်ထပ်ပုံစံမတူတဲ့ အမှောင်ခေတ်တစ်ခေတ်ထဲ
အချိန်မရွေးပြန်လည်ကျရောက်သွားမှာမုချဖြစ်ပါတယ်။
လက်ရှိနည်းလမ်းများဟာ ဒီမိုကရေစီ ပေါ်ပေါက်ရေးအတွက် ကြီးစွာသော
အဟန့်အတားဖြစ်နိုင်တာကြောင့် အတိုက်အခံခေါင်းဆောင်အနေနဲ့ လူထုရဲ့
ကိုးစားယုံကြည်မှုကိုရရှိထားတာနဲ့အညီ အထူးသတိဝီရိယထားပြီး
ဆောင်ရွက်သင့်ပါတယ်။
လက်ရှိ အခြေခံဥပဒေအရ အတိုက်အခံတို့ရွေးကောက်ပွဲမှာ
အနိုင်ရရင် အစိုးရဖွဲ့ခွင့်ရှိတယ်ဆိုတဲ့အချက်ကိုလည်း ထည့်မပြောဘဲ
အတိုက်အခံကိုအစိုးရဖွဲ့ခွင့်ပေးဖို့
အစိုးရနဲ့တပ်ဖက်က
အခြေခံဥပဒေနဲ့ကန့်သတ်ထားသယောင် ပြောဆိုတာတွေ့ရပြီး အတိုက်အခံပါတီအနေနဲ့
အခြေခံဥပဒေရဲ့ အဲဒီအခွင့်အရေးကိုမသိဘဲနေမယ်တော့ မဟုတ်ဘူးလို့ယူဆရပါတယ်။
ဒီတော့ လက်ရှိ လူထု စုဝေးပွဲများရဲ့ရည်ရွယ်ချက်က
၅၉ ( စ ) ပြင်ဆင်ရေးအတွက် အင်အားရယူခြင်းလို့လည်းတစ်နည်းတစ်လမ်းယူဆစရာရှိပါတယ်။
တစ်ကယ်တမ်းက
အစိုးရဖွဲ့နိုင်ရေး၊လွှတ်တော်များကိုလွှမ်းမိုးနိုင်ရေးနဲ့တစ်ဖက်ကလည်းတပ်နဲ့
ယုံကြည်မှုတည်ဆောက်ရေးတို့ကို ဦးတည်လုပ်ကိုင်သွားသင့်တာဖြစ်ပါတယ်။
ဒီမိုကရေစီခရီးလည်းမြန်ဆန်သွားနိုင်စရာအကြောင်းရှိသလို ၂၀၂၀မှာလည်း
ဒေါ်စုသမ္မတဖြစ်ရန်သေချာပေါက် မျှော်မှန်းလို့ရနိုင်မယ်လည်းဖြစ်ပါတယ်။
ပြင်ဆင်မယ်လို့ သဘောတူပြီးသား ကိစ္စကို ထောက်ခံဖို့ လူထုစုဝေးပွဲများကို
အားသွန်ခွန်စိုက်လုပ်ကိုင်ပြီး သက်သေထူလိုခြင်းက ၈၈
ဝန်းကျင်ကကျင့်သုံးခဲ့တဲ့ ဖိအားပေးပြီး လိုက်လျောလာစေရေး ( pressure and
compromize ) နည်းလမ်းကို ပြန်လည်အသုံးပြုဖို့ကြိုးပမ်းခြင်းသာဖြစ်ပြီး
ဒီနည်းအလုပ်မဖြစ်ကြောင်းအထူးအတည်ရှင်းပြနေဖို့လည်းလိုမယ်မထင်ပါဘူး။
လေးပွင့်ဆိုင်တွေ့ဆုံရေးကိုတောင်းဆိုထားပြီး ရင်ကြားစေ့ရေးမူပါလို့
ကြေငြာထားတဲ့အချိန်မှာတစ်ဖက်ကနေ ( ပြင်ဆင်ရေးအတွက်
မူအားဖြင့်အားလုံးလက်ခံထားတဲ့ကြားက )လူထုပွဲတွေကို တွန်းလုပ်နေခြင်းက
revolution အသွင်ကိုဦးတည်နေပြီး
စကားပြောဆိုဆွေးနွေးရေးအဟန့်အတားများဖြစ်လာနေပါပြီ။
တစ်ဖက်မှာ
တပ်ချုပ်ကလည်း တပ်မတော်က နိုင်ငံရေးမှာပါဝင်နေရခြင်းက နိုင်ငံတော်ကို
ဒီမိုကရေစီသို့ပို့ဆောင်နိုင်ရေးဖြစ်ကြောင်းနဲ့ တပ်မတော်ကလည်း
ဒီမိုကရေစီစနစ်ကိုလိုလားကြောင်း ခပ်စိပ်စိပ်ပြောဆိုတာတာကို
သတိပြုသင့်ပါတယ်။အစိုးရဖက်ကလည်း emotional speech တွေကြောင့်
လေးပွင့်ဆိုင်တွေ့ရေး အခက်တွေ့နိုင်ကြောင်း ပြောဆိုသံကြားလိုက်ရပါတယ်။
တစ်ဖက်ကတုန့်ပြန်မှုများကိုလည်း
အလေးအနက်နားထောင်ပြီးစနစ်တကျတုန့်ပြန်သင့်ပါတယ်။ အခုလောလောဆယ်မြင်ရသလောက်က
အစိုးရနဲ့တပ်ဖက်က ညင်သာပြီး အတိုက်အခံဖက်က ပြင်းထန်နေတယ်လို့ဆိုပါရစေ။
တစ်ဖက်က စကားလုံးအသုံးအနှုန်းကအစ သေသေချာချာဂရုစိုက်နေတဲ့အချိန်မှာ ဒေါ်စုက
လူထုပွဲတွေမှာ အထေ့အရိတွေ များလာနေတာတွေ့ရပါတယ်။ လေးပွင့်ဆိုင်ကိစ္စမှာလည်း
ချက်ချင်းမတွေ့နိုင်တဲ့ကိစ္စကို အကြောင်းပြုပြီး
အချိန်ဆွဲတာ မတွေ့ချင်တာ ဒီမိုကရေစီမလိုလားတာဆိုတဲ့အထိ ပြောဆိုမှုဟာ အလုပ်ဖြစ်ဖို့ လုံးဝမရှိပါဘူး။
တစ်ဖက်နဲ့တစ်ဖက် အပြတ်ခြေမှုန်းရေးဗျူဟာနဲ့သာ ကိုက်ညီတဲ့
နည်းဗျူဟာများဖြစ်ပြီး ရင်ကြားစေ့ရေးနဲ့ကတော့
ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေပါတယ်။
ပြင်ဆင်ရေးကိစ္စကိုလွှတ်တော်တွင်းကစတင်ရမှာဖြစ်ပြီး တခြားနည်းဖြစ်နိုင်ဖို့က
ယုံကြည်မှုတည်ဆောက်နိုင်ရေးအပေါ်မှာသာလုံးဝမူတည်နေတာဖြစ်ပြီး ဘာလုပ်လုပ်
ရင်ကြားစေ့ရေးကိုဦးတည်လုပ်ဆောင်သင့်ပါတယ်။ နိုင်ငံရေးမှာ
မဖြစ်နိုင်တာမရှိပေမယ့်
ဖြစ်နိုင်အောင်နည်းလမ်းတကျမကြိုးပမ်းဘဲနဲ့ဖြစ်မလာနိုင်ပါဘူး။
ယုံကြည်မှုတည်ဆောက်နိုင်ရင်
ပြင်ရုံမက အသစ်လည်းရေးဆွဲလို့ရနိုင်တာဖြစ်ပါတယ်။ဒီတော့ လွှတ်တော်ထဲကနေသွားလို့မရရင်
တခြားနည်းသုံးမယ်လို့ကြေငြာပြီး ဘယ်လိုနည်းလမ်းဆိုတာပြောဖို့ငြင်းဆန်တာကြောင့် ဒေါ်စုအနေနဲ့
လက်တစ်ဘက်ကို နောက်ပြန်ဖွက်လိုက်တာပဲဖြစ်ပါတယ်။ ရင်ကြားစေ့ရေးခရီးဆက်ဖို့ ပိုခက်သွားတဲ့အနေအထားကို အလိုလိုရောက်သွားပါတယ်။
၈၈ ခေါင်းဆောင် ကိုကိုကြီးက လက်ရှိအခြေခံဥပဒေကို
သူ့အနေနဲ့မနှစ်သက်ကြောင်း၊
အဖုံးကနေစပြီးဆုတ်ဖြဲပစ်လိုက်ချင်ကြောင်း၊ဖြစ်နိုင်လျှင်အသစ်ရေးဆွဲလိုကြောင်း
အခြေအနေအရ
ဖြစ်နိုင်ခြေများကိုလက်ခံလုပ်ဆောင်ရတာဖြစ်ကြောင်းပြောပါတယ်။ကျွန်တော့်ရင်ထဲမှာလဲ
ဒီသဘောနဲ့တစ်ထပ်ထဲရှိသလို နိုင်ငံရေးစိတ်စေတနာမှန်ပြီး
ဒီမိုကရေစီကိုအမှန်တစ်ကယ်တန်ဖိုးထားသူ ဘယ်ဒီမိုကရက်မဆို ဒီသဘောပဲရှိပါတယ်။
ပြင်ဆင်ရေးဟာတစ်ခုထဲသောနည်းလမ်းဖြစ်ပြီး ယုံကြည်မှုကို အပြည့်အဝမတည်ဆောက်နိုင်မချင်းလွှတ်တော်လမ်းကြောင်းကပဲသွားလို့ရမယ်ဖြစ်ပါတယ်။
ဒေါ်စုဟာ လူထုခေါင်းဆောင်လည်းဖြစ် လွှတ်တော်အမတ်လည်းဖြစ်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက်
အရေးပါအရာရောက်လှတဲ့ပုဂ္ဂိုလ်လည်းဖြစ်တာကြောင့် စဉ်းစားသင့်တာစဉ်းစားနိုင်ဖို့ တင်ပြရခြင်းသာဖြစ်ပြီး
ဒေါ်စုသာ အခုအတိုင်းဆက်သွားနေရင် ၂၀၁၄ မှာတိုက်ခတ်လာတော့မယ့်လေပြင်းများကို
တားဆီးနိုင်မှာမဟုတ်ဘဲ အခန့်အသင့်ပါက မြန်မာ့ဒီမိုကရေစီ
မျှော်လင့်ချက်ကိုပါ ပြိုကျပျက်စီးစေနိုင်တဲ့
နိုင်ငံရေး လေမုန်တိုင်းအဆင့်အထိ ကူးပြောင်းနိုင်ပါကြောင်း ဒီမိုကရေစီ ချစ်မြတ်နိုးသူ နိုင်ငံသားတစ်ယောက်ရဲ့
အမြင်ကို မည်သည့်ကိုယ်ကျိုးစီးပွားကိုမှမမျှော်ကိုးဘဲ
လူထုနဲ့နိုင်ငံတော်အကျိုးအတွက် ရိုးသားစွာတင်ပြလိုက်ပါတယ်။
။
ပိုက်တင်
ကချင်ငြိမ်းချမ်းရေးနှင့် ဒုက္ခသည်များအတွက် ဗြိတိန် ဆက်လက်ကူညီမည်
22-12-2013
ဗြိတိန်မှ ကချင်ငြိမ်းချမ်းရေးနှင့် ဒုက္ခသည်များအတွက် ဆက်လက်ကူညီမည်ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ဒီဇင်ဘာ ၁၉ ရက်၊ ၂၀ ရက်တွင် လာရောက်လေ့လာသော ဗြိတိသျှသံအမတ်ကြီး အင်ဒရူးပက်ထရစ်နှင့် ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနအကြီးအကဲ ဂါဗင်မက်ဂလေဗာရီတို့က ပြောကြားသည်။
သံအမတ်ကြီးနှင့်အဖွဲ့သည် ကချင်ပြည်နယ်ရှိ ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေးခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင်များ၊မြောက်ပိုင်းတိုင်းမှူးနှင့် ကေအိုင်အိုကိုယ်စားပြု နည်းပညာအကြံပေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
သံအမတ်ကြီးက "ကချင်ပြည်နယ်မှာတော့ ကူညီနေတဲ့ အဖွဲ့အစည်းတွေကတစ်ဆင့် ဗြိတိန်အစိုးရက ကူညီနေပါတယ်။ ပြည်နယ်အစိုးရကို နေရာတိုင်း အကူအညီပေးနိုင်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ နှစ်နှစ်ခွဲအတွင်း ဒေါ်လာသန်း ၂၀ ကူညီဖို့ရှိနေပြီး ကျန်တဲ့ ၁၀ သန်းလောက်ကတော့ လာမယ့်နှစ်အတွင်း ကူညီသွားမှာပါ"ဟု ပြောကြားသည်။
သံအမတ်ကြီးက "ဒုက္ခသည်စခန်းတွေမှာ ပညာရေးအထောက်အပံ့နဲ့ ဆေးဝါး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ လိုအပ်နေတယ်"ဟုလည်း ဆက်လက်ပြောကြားသည်။ သံအမတ်အဖွဲ့သည် မြောက်ပိုင်းတိုင်းမှူးနှင့် ကေအိုင်အိုကိုယ်စားပြု နည်းပညာအကြံပေးအဖွဲ့များနှင့် သီးခြားတွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းများကို ပြောကြားခဲ့ကြောင်း သိရသည်။
"လက်ရှိတိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်အတွင်းက ပြည်သူလူထုကို ဗြိတိန်အစိုးရက စိုးရိမ်နေပါတယ်။ မြောက်ပိုင်းတိုင်းမှူးကတော့ အရပ်သားတွေ ထိခိုက်မှုမရှိအောင် ဆောင်ရွက်နေပါတယ်လို့ ပြောပါတယ်။ လူ့အခွင့်ရေးနှင့် ကလေးစစ်သားကိစ္စတွေလည်း ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်ဟာ လူထု၊ ၀န်ကြီးဦးအောင်မင်း၊ ဗိုလ်ချုပ်ဂွမ်မော် စသည့်ပုဂ္ဂိုလ်များနှင့် လူမှု့အဖွဲ့အစည်းများကို တွေ့ဆုံခဲ့ပါတယ်။ ယုံကြည်မှု တည်ဆောက်ဖို့အတွက်တော့ လိုပါဦးမယ်။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက် ဗြိတိန်အစိုးရကနှစ်ဖက်စလုံးကို တတ်နိုင်သမျှကူညီသွားမှာပါ"ဟု သံအမတ်ကြီးက ပြောကြားသည်။
(ဗြိတိသျှသံအမတ်ကြီးနှင့်အဖွဲ့ ကချင်ပြည်နယ်တွင် ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်းတစ်ခုတွင် နေထိုင်နေရသော ဒေသခံများနှင့် တွေ့ဆုံစဉ်)

တက္ကသိုလ်မူဝါဒ မူကြမ်းကို ကန့်ကွက်
22-12-2013
ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက မနေ့က ရန်ကုန်တက္ကသိုလ်မှာ ဆွေးနွေးခဲ့တဲ့ အဆင့်မြင့်ပညာရေးနဲ့ ပတ်သက်တဲ့ တက္ကသိုလ်မူဝါဒ မူကြမ်းကို တက္ကသိုလ်ဆရာ/ဆရာမများအသင်းတွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့တွေက ကန့်ကွက်လိုက်ကြပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ မနေ့က ဆွေးနွေးခဲ့တဲ့ အဆင့်မြင့်တက္ကသိုလ်မူဝါဒ မူကြမ်းဟာ ဗဟိုဦးစီးချုပ်ကိုင်မှုကို ပြန်လည်အသက်သွင်းတာဖြစ်ပြီး တက္ကသိုလ်တွေကို လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတာမတွေ့ရတာကြောင့် ကန့်ကွက်တာဖြစ်ကြောင်း ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကိုစည်သူမောင်က RFA ကိုပြောပါတယ်။
“ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဆိုပြီးတော့ အစိုးရဘက်ကနေ ပြန်ဖွဲ့ထားတဲ့ကော်မတီက တင်သွင်းတဲ့ အဆင့်မြင့်ပညာရေးဆိုင်ရာ ရည်မှန်းချက်မူဝါဒ လုပ်ငန်းစဉ်တွေဟာ တက္ကသိုလ်များကို လွတ်လပ်စွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတဲ့ ပုံစံမျိုးကိုမတွေ့ရဘူး၊ သူတို့ထုတ်ပြန်တဲ့ ဥပဒေမူကြမ်းကြီးတစ်ခုလုံးကို ကျနော်တို့ လုံးဝကန့်ကွက်တယ်၊ အဲဒီကန့်ကွက်တဲ့ဟာကို ကျနော်တို့ အဖွဲ့စည်းလိုက်အနေနဲ့ ထုတ်ဖို့ရှိတယ်၊ ကျနော်တို့ စုပေါင်းကြေညာချက် ထုတ်ပြီးတဲ့အခါကျရင် ဒီကိစ္စအပေါ်မှာ သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်မယ်၊ ကျနော်တို့ ဒီကိစ္စအပေါ်မှာလည်း ကျနော်တို့ campaign တွေလုပ်မယ်၊ ဆရာ ဆရာမတွေ ကျောင်းသား ကျောင်းသူတွေဟာ ကန့်ကွက်မှုအပေါ်မှာ အားကောင်းကောင်းနဲ့ ပါနိုင်အောင်လို့လည်း ကြိုးစားပါ”
ဒီနေ့ ရန်ကုန်တက္ကသိုလ်မှာ တက္ကသိုလ် ဆရာ/ ဆရာမများအသင်းတွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့တွေ ဆွေးနွေးပြီး ကန့်ကွက်လိုက်ကြတာပါ။
ဆရာ ဆရာမများအသင်းနဲ့ ကျောင်းသားသမဂ္ဂတွေ ပူးတွဲပြီး ပညာရေးမူကြမ်းတစ်ခုကိုလည်း ရေးဆွဲသွားဖို့ စီစဉ်ထားတယ်လို့လည်း ကိုစည်သူမောင်က ပြောပါတယ်။
ဒီနေ့ ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ်ဆရာ/ ဆရာမများအသင်းတွေ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့တွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
RFA

ခြေထောက်ခွဲစိတ်ထားမှု အခြေအနေကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ယခုလကုန်အထိ ခရီးစဉ်များအားလုံး ဖျက်သိမ်း
22-12-2013
ခြေထောက်အသေးစား ခွဲစိတ်ခံထားရသည့်အခြေအနေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ကြောင်း NLD ကျန်းမာရေးကွန်ရက်က ဒီဇင်ဘာ ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ခြေထောက်အသေးစားခွဲစိတ်မှုကို အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာပြီးဖြစ်ကြောင်း၊ ယနေ့ငါးရက်မြောက်နေ့တွင် ခွဲစိတ်မှုအခြေအနေများ အားလုံးကောင်းမွန်နေပါသော်လည်း ကြာရှည်စွာ မတ်တတ်ရပ်ရန်၊ လမ်းလျှောက်ရန် မသင့်လျော်သေးပါသဖြင့် ယခုလကုန်အထိ ခရီးစဉ်များအားလုံးကို ဖျက်သိမ်းလိုက်ပါကြောင်း မိသားစုဆရာဝန်အနေဖြင့် ထပ်မံအသိပေး အကြောင်းကြားအပ်ပါသည်ဟု NLD အမျိုးသားကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခြေထောက် ခွဲစိတ်ခံထားရတဲ့အခြေအနေကြောင့် ဒီလကုန်အထိ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်တာပါ။ သေချာတာကတော့ ဒီဇင်ဘာ ၂၉ ရက်က မအူပင်မှာပြုလုပ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲကိုတော့ တက်ဖြစ်မှာမဟုတ်တော့ပါဘူး။ ချင်းပြည်နယ်ခရီးစဉ်ကတော့ နောက်လထဲမှဆိုတော့ မသေချာသေးပါဘူး" ဟု NLD ကျန်းမာရေးကွန်ရက်က တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် Bunion ဟုခေါ်သော ခြေမအတွင်းဘက်သို့ ယိုင်သည့်ဝေဒနာဖြင့် လမ်းလျှောက်လျှင် နာကျင်သောကြောင့် ရန်ကုန်မြို့၊ အာရှတော်ဝင်ဆေးရုံ၌ ခြေမနှစ်ဖက်စလုံးကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခုခွဲစိတ်ကုသခံရမှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၀၃ ခုနှစ်က အကြီးစားခွဲစိတ်မှုတစ်ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်း ဒေါက်တာတင်မျိုးဝင်းက ပြောကြားထားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ခြေထောက်အသေးစား ခွဲစိတ်မှုမပြုမီ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်များတွင် ကော့မှူးမြို့နှင့် သာယာဝတီမြို့များသို့ ဆက်တိုက်သွားကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ဟောပြောမှုများပြုလုပ်ခဲ့သည်။

Subscribe to:
Posts (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
.jpg)