Sunday, March 17, 2013

Accor ဟိုတယ်အုပ်စုမှ ရန်ကုန်မြို့ရှိ ဆောက်လုပ်ဆဲ Novotel ဟိုတယ်အပြင် မန္တလေးနှင့် နေပြည်တော်တို့တွင် MGallery နှင့် Novotel ဟိုတယ်များ ထပ်မံဆောက်လုပ်မည်

Photo: Accor ဟိုတယ်အုပ်စုမှ ရန်ကုန်မြို့ရှိ ဆောက်လုပ်ဆဲ Novotel ဟိုတယ်အပြင် မန္တလေးနှင့် နေပြည်တော်တို့တွင် MGallery နှင့် 
Novotel ဟိုတယ်များ ထပ်မံဆောက်လုပ်မည်
Sunday, March 17, 2013 

ပြင်သစ်နိုင်ငံ အခြေစိုက် Accor ဟိုတယ်အုပ်စုမှ ရန်ကုန်မြို့ရှိ
ဆောက်လုပ်ဆဲ Novotel ဟိုတယ်အပြင် မန္တလေးမြို့နှင့်
နေပြည်တော်တို့တွင် MGallery နှင့်Novotel ဟိုတယ်များ ထပ်မံဆောက်လုပ်မည်ဖြစ်ကြောင်း Accor အုပ်စုက ထုတ်ပြန်ခဲ့သည်ဟု www.hotelnewsresource.com တွင် သတင်းဖော်ပြထားသည်။

Accor အုပ်စု၏ ရန်ကုန်မြို့ရှိ ဟိုတယ်ကို Novotel Yangon Max၊ နေပြည်တော်ရှိ ဟိုတယ်ကို MGallery၊ မန္တလေးမြို့ရှိဟိုတယ်ကို Novotel Mandalay Mingalar အမည်များဖြင့် ဟိုတယ်များ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၂ဝ၁၃ ခုနှစ်အတွင်း ရန်ကုန်ရှိဟိုတယ်ကို ပထမဆုံးဖွင့်လှစ်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

''မြန်မာနိုင်ငံက ဒီနှစ်ထဲမှာ နိုင်ငံခြားခရီးသွား ဝင်ရောက်မှု သိသိသာသာ တက်လာတယ်။ မြန်မာရဲ့ ခရီးသွားလုပ်ငန်း အခြေခံ အဆောက်အဦပိုင်း ဖွံ့ဖြိုးမှု အစိတ်အပိုင်း တစ်ခုအနေနဲ့ ကျွန်တော်တို့ရှေ့ကို လှမ်းခဲ့တာပါ'' ဟု Accor South East and North East Asia မှ Chief Operating Officer Robert Murray ကပြောကြားသည်။

ရန်ကုန်မြို့ရှိ Novotel ဟိုတယ်ကို မက်စ်မြန်မာ ကုမ္ပဏီလီမိတက်က
ဆောက်လုပ်လျက်ရှိပြီး အခန်းပေါင်း ၃၆၆ ခန်း၊ စားသောက်ဆိုင်များ၊ အစည်းအဝေးခန်းမများ၊ ဧည့်ခန်းမများ၊ ရေကူးကန်နှင့် အခြားနိုင်ငံ တကာအဆင့် ဟိုတယ်အပြင်အဆင်များ ပါဝင်မည်ဖြစ်သည်။

နေပြည်တော်တွင် ဆောက်လုပ်မည့် MGallery သည် နေပြည်တော်၌ ပထမဆုံးဆောက်လုပ်မည့် နိုင်ငံတကာ ဟိုတယ်ဖြစ်ပြီး နေပြည်တော် မြို့တော်ခန်းမ၊ ရေပန်းဥယျာဉ်၊ ကျောက်မျက်ပြတိုက်တို့နှင့် ၁၅ မိနစ်စာမျှသာ ခရီးအကွာအဝေး ရှိမည်ဖြစ်သည်။ အခန်းပေါင်း ၁၆၈ ခန်း၊ အစည်းအဝေးခန်းမများ၊ စားသောက်ဆိုင်များ ပါဝင်မည်ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

မန္တလေးမြို့တွင် တည်ဆောက်မည့် Novotel Mandalay Mingalar ဟိုတယ်ကို မဟာမြတ်မုနိဘုရား၊ နန်းတော်၊ မန္တလေးတောင်အနီးတွင်
ဆောက်လုပ်မည်ဖြစ်သည်။ အဆိုပါ ဟိုတယ်တွင် အခန်းပေါင်း ၂၈ဝ၊ အစည်းအဝေးခန်းမများ၊ ဧည့်ခန်းမများ၊ စားသောက်ဆိုင်များ၊ ရေကူးကန် စသည့်နိုင်ငံတကာ ဟိုတယ်အပြင်အဆင်များ ပါဝင်မည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထားသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်နေသော
နိုင်ငံခြားဟိုတယ် ၃ဝ ခုရှိပြီး အခန်းပေါင်း ၅၂ဝ၇ ရှိသည်။ အခန်းပေါင်း ၁၁၄၅ ပါဝင်မည့်ဆောက်လုပ်ဆဲ နိုင်ငံခြားဟိုတယ် ငါးခုရှိပြီး အခန်းပေါင်း ၄၁၄ ခန်း ပါဝင်မည့် ဟိုတယ်တစ်ခုကို ယခုနှစ်အတွင်း စတင်ဆောက်လုပ် မည်ဖြစ်သည်။ ယခု Accor ဟိုတယ်အုပ်စုမှ ဆောက်လုပ်မည့် ဟိုတယ်များတွင် အခန်းပေါင်း ၈၁၄ ခန်း ပါဝင်သည်။ ယင်းဟိုတယ် စီမံကိန်းများပြီးစီးပါက မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်သော ဟိုတယ်အခန်းအရေအတွက် ၇၅၈ဝ ခန်း ရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ ဟိုတယ်လုပ်ငန်းများကို လက်ရှိအချိန်အထိ စင်ကာပူ၊
ထိုင်း၊ ဂျပန်၊ ဟောင်ကောင်၊ မလေးရှား၊ ဗြိတိန်နှင့် ဗီယက်နမ်နိုင်ငံတို့က ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှု အများဆုံးနိုင်ငံများမှာ ထိုင်း၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနိုင်ငံတို့မှဖြစ်ပြီး လက်ရှိဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် ၁ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Eleven Media Groupပြင်သစ်နိုင်ငံ အခြေစိုက် Accor ဟိုတယ်အုပ်စုမှ ရန်ကုန်မြို့ရှိ ဆောက် လုပ်ဆဲ Novotel ဟိုတယ်အပြင် မန္တလေးမြို့နှင့်နေပြည်တော် တို့တွင် MGallery နှင့်Novotel ဟိုတယ်များ ထပ်မံဆောက် လုပ် မည်ဖြ စ်ကြောင်း Accor အုပ်စုက ထုတ်ပြန်ခဲ့သည်ဟု www.hotelnew sresource.com တွင် သတင်းဖော်ပြထားသည်။Accor အုပ်စု၏ ရန်ကုန်မြို့ရှိ ဟိုတယ်ကို Novotel Yangon Max၊ နေပြည်တော်ရှိ ဟိုတယ်ကို MGallery၊ မန္တလေးမြို့ရှိဟိုတယ်ကို Novotel Mandalay Mingalar အမည်များဖြင့် ဟိုတယ်များ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၂ဝ၁၃ ခုနှစ်အတွင်း ရန်ကုန်ရှိဟိုတယ်ကို ပထမဆုံး ဖွင့်လှစ်နိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

''မြန်မာနိုင်ငံက ဒီနှစ်ထဲမှာ နိုင်ငံခြားခရီးသွား ဝင်ရောက်မှု သိသိသာသာ တက်လာတယ်။ မြန်မာရဲ့ ခရီးသွားလုပ်ငန်း အခြေခံ အဆောက်အဦပိုင်း ဖွံ့ဖြိုးမှု အစိတ်အပိုင်း တစ်ခုအနေနဲ့ ကျွန်တော်တို့ရှေ့ကို လှမ်းခဲ့တာပါ'' ဟု Accor South East and North East Asia မှ Chief Operating Officer Robert Murray ကပြောကြားသည်။

ရန်ကုန်မြို့ရှိ Novotel ဟိုတယ်ကို မက်စ်မြန်မာ ကုမ္ပဏီလီမိတက်ကဆောက်လုပ်လျက်ရှိပြီး အခန်းပေါင်း ၃၆၆ ခန်း၊ စားသောက်ဆိုင်များ၊ အစည်းအဝေးခန်းမများ၊ ဧည့်ခန်းမများ၊ ရေကူးကန်နှင့် အခြားနိုင်ငံ တကာအဆင့် ဟိုတယ်အပြင်အဆင်များ ပါဝင်မည်ဖြစ်သည်။

နေပြည်တော်တွင် ဆောက်လုပ်မည့် MGallery သည် နေပြည်တော်၌ ပထမဆုံးဆောက် လုပ်မည့် နိုင်ငံ တကာ ဟိုတယ်ဖြစ်ပြီး နေပြည်တော် မြို့တော်ခန်းမ၊ ရေပန်းဥယျာဉ်၊ ကျောက်မျက်ပြတိုက်တို့နှင့် ၁၅ မိနစ်စာမျှသာ ခရီးအကွာအဝေး ရှိမည်ဖြစ်သည်။ အခန်းပေါင်း ၁၆၈ ခန်း၊ အစည်းအဝေးခန်းမများ၊ စားသောက်ဆိုင်များ ပါဝင်မည်ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

မန္တလေးမြို့တွင် တည်ဆောက်မည့် Novotel Mandalay Mingalar ဟိုတယ်ကို မဟာမြတ်မုနိဘုရား၊ နန်းတော်၊ မန္တလေးတောင်အနီးတွင်ဆောက်လုပ်မည်ဖြစ်သည်။ အဆိုပါ ဟိုတယ်တွင် အခန်းပေါင်း ၂၈ဝ၊ အစည်းအဝေးခန်းမများ၊ ဧည့်ခန်းမများ၊ စားသောက်ဆိုင်များ၊ ရေကူးကန် စသည့်နိုင်ငံတကာ ဟိုတယ်အပြင်အဆင်များ ပါဝင်မည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းထားသည်။

လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်နေသောနိုင်ငံခြားဟိုတယ် ၃ဝ ခုရှိပြီး အခန်းပေါင်း ၅၂ဝ၇ ရှိသည်။ အခန်းပေါင်း ၁၁၄၅ ပါဝင်မည့်ဆောက်လုပ်ဆဲ နိုင်ငံခြားဟိုတယ် ငါးခုရှိပြီး အခန်းပေါင်း ၄၁၄ ခန်း ပါဝင်မည့် ဟိုတယ်တစ်ခုကို ယခုနှစ်အတွင်း စတင်ဆောက်လုပ် မည်ဖြစ်သည်။ ယခု Accor ဟိုတယ်အုပ်စုမှ ဆောက်လုပ်မည့် ဟိုတယ်များတွင် အခန်းပေါင်း ၈၁၄ ခန်း ပါဝင်သည်။ ယင်းဟိုတယ် စီမံကိန်းများပြီးစီးပါက မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဖွင့်လှစ်သော ဟိုတယ်အခန်း အရေ အတွက် ၇၅၈ဝ ခန်း ရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ ဟိုတယ်လုပ်ငန်းများကို လက်ရှိအချိန်အထိ စင်ကာပူ၊ထိုင်း၊ ဂျပန်၊ ဟောင်ကောင်၊ မလေးရှား၊ ဗြိတိန်နှင့် ဗီယက်နမ်နိုင်ငံတို့က ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှု အများဆုံးနိုင်ငံများမှာ ထိုင်း၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနိုင်ငံတို့မှဖြစ်ပြီး လက်ရှိဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် ၁ သန်းကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List