Wednesday, March 20, 2013

မိထ္ထီလာမြို့တွင် ရွှေဆိုင်နှစ်ဆိုင် ဖျက်ဆီးခံရ

Photo: မိထ္ထီလာမြို့တွင် ရွှေဆိုင်နှစ်ဆိုင် ဖျက်ဆီးခံရ
Wednesday, March 20, 2013

မိထ္ထီလာမြို့ဈေးကြီး အရှေ့ဘက် ရွှေဆိုင်တန်းရှိ ရွှေဆိုင် တစ်တွင် ရွှေလာရောင်းသူ အမျိုးသမီးတစ်ဦးနှင့် ၀ယ်သူ
တို့အကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ဆိုင်ခန်း နှစ်ခန်း ဖျက်ဆီးခံလိုက်ရသည်အထိ ဖြစ်ပွားခဲ့ကြောင်း မိထ္ထီလာ
အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ် ကျော်ဝင်းနိုင်က ပြောကြားသည်။

“အမျိုးသမီးတစ်ဦး ရွှေလာရောင်းတာ။ ပထမ တစ်သိန်း ရှစ်ထောင်ပေးမယ်လို့ ပြောတယ်။ ပြီးတော့ မှတ်ကျောက်
တိုက်တယ်။ ငရဲမီးစားတယ်။ အဲဒါတွေပြီးတော့မှ မ၀ယ်နိုင်ဘူး။ ၀ယ်မယ်ဆိုရင်လည်း ငါးသောင်းပဲ ရမယ်လို့ ဆိုင်က ပြောတယ်။ အဲဒါကြောင့် နောက်ဆက်တွဲတွေ ဖြစ်လာတာပါ”ဟု ဒုရဲအုပ်
ကျော်ဝင်းနိုင်က ပြောကြားသည်။

မနက် ၉ နာရီ ၀န်းကျင်ကတည်းက စတင်ဖြစ်ပွားခဲ့သော အဓိကရုန်းများသည် ညနေ ၄ နာရီအချိန်ခန့်တွင် ပြီးဆုံးသွား
ခဲ့ပြီ ဖြစ်ကြောင်း အမှတ် ၂ ရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးက
ပြောကြားသည်။

“လုံခြုံရေး ရဲဝန်ထမ်း အယောက် ၅၀ ကျော်လောက်ရှိတယ်။ ဖျက်ဆီးတာတွေတော့ မရှိတော့ဘူး”ဟု မိထ္ထီလာမြို့အတွင်း
နေထိုင်သူ ကိုသန့်က ပြောကြားသည်။ ပျက်ဆီးဆုံးရှုံးမှု တန်ဖိုး
ကို အမှတ် ၂ ရဲစခန်းမှ အတည်ပြု ပြောကြားနိုင်ခြင်း မရှိသေး
သော်လည်း ပျက်ဆီးသည့် ပစ္စည်းများမှာ အလွန်ပင် များပြား
ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

“အိမ်ရှေ့လမ်းမပေါ်မှာ အိမ်ထဲက ပစ္စည်းတွေ ပြန့်ကျဲပြီး ပျက်
ဆီးနေတာ အများကြီးပဲ”ဟု ကိုယ်တိုင် မြင်တွေ့ရသူ တစ်ဦးက
ပြောကြားသည်။

အဆိုပါ အဓိကရုန်းအတွင်း အမျိုးသမီး တစ်ဦး သေဆုံးသည်ဟု
ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သော်လည်း သေဆုံးခြင်း မရှိကြောင်း မိထ္ထီလာမြို့ အမှတ် ၂ ရဲစခန်းမှ အတည်ပြု ပြော
ကြားသည်။

ဟိန်းသူ
The Myanma Ageမိထ္ထီလာမြို့ဈေးကြီး အရှေ့ဘက် ရွှေဆိုင်တန်းရှိ ရွှေဆိုင် တစ် တွင် ရွှေ လာရောင်းသူ အမျိုးသမီးတစ်ဦးနှင့် ၀ယ်သူ တို့အကြား ပဋိပက္ခဖြစ်ပွား ခဲ့ပြီးနောက် ဆိုင်ခန်း နှစ်ခန်း ဖျက်ဆီးခံ လိုက်ရသည် အထိ ဖြစ်ပွား ခဲ့ကြောင်း မိထ္ထီလာအမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ် ကျော်ဝင်းနိုင် က ပြော ကြားသည်။
“အမျိုးသမီးတစ်ဦး ရွှေလာရောင်းတာ။ ပထမ တစ်သိန်း ရှစ်ထောင်ပေး မယ်လို့ ပြောတယ်။ ပြီးတော့ မှတ်ကျောက်တိုက်တယ်။ ငရဲမီးစားတယ်။ အဲဒါတွေပြီးတော့မှ မ၀ယ်နိုင်ဘူး။ ၀ယ်မယ်ဆိုရင်လည်း ငါးသောင်းပဲ ရမယ်လို့ ဆိုင်က ပြောတယ်။ အဲဒါကြောင့် နောက်ဆက်တွဲတွေ ဖြစ်လာတာပါ”ဟု ဒုရဲအုပ်ကျော်ဝင်းနိုင်က ပြောကြားသည်။
မနက် ၉ နာရီ ၀န်းကျင်ကတည်းက စတင်ဖြစ်ပွားခဲ့သော အဓိကရုန်းများသည် ညနေ ၄ နာရီအချိန်ခန့်တွင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း အမှတ် ၂ ရဲစခန်းမှ ရဲဝန်ထမ်းတစ်ဦးကပြောကြားသည်။

“လုံခြုံရေး ရဲဝန်ထမ်း အယောက် ၅၀ ကျော်လောက်ရှိတယ်။ ဖျက်ဆီးတာတွေတော့ မရှိတော့ဘူး”ဟု မိထ္ထီလာမြို့အတွင်းနေထိုင်သူ ကိုသန့်က ပြောကြားသည်။ ပျက်ဆီးဆုံးရှုံးမှု တန်ဖိုးကို အမှတ် ၂ ရဲစခန်းမှ အတည်ပြု ပြောကြားနိုင်ခြင်း မရှိသေးသော်လည်း ပျက်ဆီးသည့် ပစ္စည်းများမှာ အလွန်ပင် များပြားေ ကြာ င်း မျက်မြင်သက်သေများက ပြောကြားသည်။

“အိမ်ရှေ့လမ်းမပေါ်မှာ အိမ်ထဲက ပစ္စည်းတွေ ပြန့်ကျဲပြီး ပျက်ဆီးနေတာ အများကြီးပဲ”ဟု ကိုယ် တိုင် မြင်တွေ့ရသူ တစ်ဦးကပြောကြားသည်။

အဆိုပါ အဓိကရုန်းအတွင်း အမျိုးသမီး တစ်ဦး သေဆုံးသည်ဟုကောလာဟလသတင်းများ ထွက်ပေါ် ခဲ့သော်လည်း သေဆုံးခြင်း မရှိကြောင်း မိထ္ထီလာမြို့ အမှတ် ၂ ရဲစခန်းမှ အတည်ပြု ပြောကြားသည်။

ဟိန်းသူ
The Myanma Age

No comments:

Post a Comment

My Blog List