Saturday, March 23, 2013

မိတ္ထီလာ နံနက် ၆း၀၀နာရီ am အချိန်နှင့်နောက်ဆုံးအခြေအနေများ။

ညပိုင်း နန်တော်ကုန်းဗလီနောက် ပုံးအောင်းနေကြသူများကို ကားများနှင့်ခေါ်ထုတ်။ရပ်ကွက်အတွင်းရှိ အိမ်များ အတွင်း ပုံးအောင်နေသူများကို ရှာဖွယ်ကယ်ဆယ်။မနက် ၆း၀၀နာရီ အချိန် စားသောက် စရာရေနှင့်ကယ်ဆယ်ရေးပစ္စည်းများတင်ဆောင်လာသည့် ၁၀ဘီးကားများမြို့ထဲသို့ဝင်ရောက်လာ။
မနက်၆း၀၀နာရီခွဲအချိန်မြို့ထဲသို့ကျွန်တော်လှည့်လည်ကြည့်ရှုရာတွင်ကယ်ဆယ်ရေးစခန်းတစ်ခုအတွင်းရှိ လူမျိုးခြားများက စခန်းအပြင်ဘက်ထွက်လာပြီးလက်ဘက်၇ည်ဆိုင်ထိုင်ကြ။လက်ဘက်ရည်ဝယ် ၊ကွမ်း ဝယ်နှင့် စည်ကားနေတာကိုတွေလိုက်ရပါသည်။ သည်အခြေနေမှာလုံးဝမဖြစ်သင့်သေးပါ။ပြဿနာရှာလို  သူများနှင့်တွေလျှင် မီးထပ်ပွားသွားနိုင်ပါသည်။ ကယ်ဆယ်ရေးစခန်းအတွင်းရှိတာဝန်ရှိသူများ စည်းကမ်း တကျကြပ်မတ်ရန်လိုအပ်ပါသည်။လက်ဘက်ရည်ဝယ်ချင်လျှင်လည်း ဆယ်ယောက်တစ်အုပ်စုလောက်မှ တာဝန်ယူ၍ကျန်လူများအတွက်ဝယ်ပေးသင့်ပါသည်။လက်ဘက်ရည်ဆိုင်ထိုင်ပြီးဟေးလားဝါးလားလုပ်နေ သည်မှာ မသင့်တော်ပါအမြန်ဆုံးထိန်းသိမ်းသင့်ပါသည်။
ထို့အပြင်ထိုနေရာများရှိလူများကိုလည်းမြို့ပြင် ခရိုင်ကွင်း ကယ်ဆယ်ရေးစခန်းသို့ရွှေ့ပြောင်းပေးသင့်ပါ သည်။မြို့ထဲမှာ ဒီလိုဆက်ဖြစ်နေလျှင်ပြဿနာတွေ ထပ်ဖြစ်လာနိုင်ပါသည်။ မည်သည့်နေရာမည်သည့် စခန်းဆိုတာကိုတော့တို့မီးရှို့မီးလုပ်မည့် လူများသိရှိသွားမည်စိုးသောကြောင့်မတင်ပေးတော့ပါ။
ထူးခြားမှုအနေနဲ့ လွန်ခဲ့သောဆယ်စုနှစ်များမှစ၍ ယခုတိုင်အောင် သံဃာတော်များကိုဆွမ်းလောင်းသည့် လူမျိုးခြားမွတ်ဆလင်အိမ် မိတ္ထီလာမှာရှိပါသည်။သဓ္ဒါကြောင့်ပဲလောင်းလောင်း၊ ဘယာကြောင့် ပဲလောင်းလောင်း၊မြို့ခံတွေမှအသိအမှတ်ပြုထားသည့်၎င်းနေအိမ်မှာ အန္တာရာယ်လုံးဝကင်းရှင်းခဲ့ပါသည်၊ ခဲတစ်ချက်တောင်အမှန်မခံရပါ။ ဝမ်းသာကြည်နှုးဖွယ်ပါပေ။မည့်သည့်အိမ်ဖြစ်သည်၊မည်သည့်နေရာတွင် ရှိ သည် ဆိုသည်ကိုမှု လူမိုက်ကလေးများကို သတိပေး၊သတင်းပေးသလိုဖြစ်မှစိုး၍ လုံးဝမတင်တော့ပါ။
ထပ်မံဝမ်းသာစရာအနေဖြင့် တင်ပြချင်သည်မှာ ပြည်သူများ၏အသက်အိုးအိမ်ကိုစောင့်ရှောက်ပေးနေသော တပ်မတော်သားများနှင့်မြို့ခံတို့၏ ချစ်ခင်ရင်းနှီးမှုများကိုတွေရ့၍ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော တပ်မတော်နှင့်ပြည်သူများအကြား ရင်ထဲရှိအကျိတ်အခဲများပြေပျောက်၍ ဗိုလ်ချုပ် ရှိစဉ်က ကဲ့သို့ ပြန်လည်ချစ်ခင်ညီညွှတ်ကြမည့် ရောင်နီဦးလေလားဟု မျှော်လင့်မိကြောင်းပါ ခင်ဗျား။
မင်းသန့်အောင်(မိတ္ထီလာ)
Myanmar News Update

No comments:

Post a Comment

My Blog List