Sunday, March 17, 2013

ဂျပန် ယူ-၁၅ အသင်းနှင့် မြန်မာလူငယ်အသင်းများ ခြေစမ်းမည်

Photo: ဂျပန် ယူ-၁၅ အသင်းနှင့် မြန်မာလူငယ်အသင်းများ ခြေစမ်းမည်
Sunday, March 17, 2013 

ဂျပန် ယူ-၁၅ လူငယ်လက်ရွေးစင်အသင်းသည် လာမည့် ဧပြီလတွင်
မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာလူငယ်အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းခြေစမ်းပွဲများကို လာမည့် ဧပြီလ ၂၀၊ ၂၁၊ ၂၃ ရက်များတွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားပြီး မြန်မာ ယူ-၁၆ အသင်း၊ ယူ-၁၈ အသင်း၊ ယူ-၁၉ အသင်းများနှင့် ခြေစမ်းကစားမည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းနှင့် ယူ-၁၉ အသင်းတို့သည် အာဆီယံချန်ပီယံရှစ် လူငယ်ပြိုင်ပွဲများ အတွက် လေ့ကျင့်ပြင်ဆင်နေသည့် အသင်းများဖြစ်ပြီး ယူ-၁၈ အသင်းမှာမူ ဖွဲ့စည်းရခြင်း မရှိသေးသော်လည်း မြန်မာ ယူ-၁၉ အသင်းမှ အရန် ကစားသမားများဖြင့် ဖွဲ့စည်းသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

မြန်မာ ယူ-၁၆ အသင်းကို ဘရာဇီးလ်လူမျိုး နည်းပြ မားကို့စ် မြန်မာ 
ယူ-၁၉ အသင်းကို ဂျာမနီလူမျိုးနည်းပြ ဂတ်ဖရိုင်းဒရစ်တို့က ကိုင်တွယ် လျက်ရှိသည်။ မြန်မာ ယူ-၁၉ အသင်းသည်လက်ရှိတွင် MNL -2 ပထမတန်းပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ဂျပန် ယူ-၁၅ လက်ရွေးစင် အသင်းသည် လာမည့်ဧပြီလ တတိယပတ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်ပြီး ခြေစမ်းပွဲ (၃)ပွဲ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။

ဓာတ်ပုံ -  မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်နှင့် 
အသင်းသားများ

Eleven Media Groupဂျပန် ယူ-၁၅ လူငယ်လက်ရွေးစင်အသင်းသည် လာမည့် ဧပြီလတွင်
မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာလူငယ်အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်
ယင်းခြေစမ်းပွဲများကို လာမည့် ဧပြီလ ၂၀၊ ၂၁၊ ၂၃ ရက်များတွင် ယှဉ် ပြိုင် ကစားရန် စီစဉ်ထားပြီး မြန်မာ ယူ-၁၆ အသင်း၊ ယူ-၁၈ အသင်း၊ ယူ-၁၉ အသင်းများနှင့် ခြေစမ်းကစားမည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းနှင့် ယူ-၁၉ အသင်းတို့သည် အာဆီယံချန်ပီယံရှစ် လူငယ်ပြိုင်ပွဲများ အတွက် လေ့ကျင့်ပြင် ဆင်နေသည့် အသင်းများဖြစ်ပြီး ယူ-၁၈ အသင်းမှာမူ ဖွဲ့စည်းရခြင်း မရှိသေးသော်လည်း မြန်မာ ယူ-၁၉ အသင်းမှ အရန် ကစားသမားများဖြင့် ဖွဲ့စည်းသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။

မြန်မာ ယူ-၁၆ အသင်းကို ဘရာဇီးလ်လူမျိုး နည်းပြ မားကို့စ် မြန်မာ ယူ-၁၉ အသင်းကို ဂျာမနီလူမျိုးနည်းပြ ဂတ်ဖရိုင်းဒရစ်တို့က ကိုင်တွယ် လျက်ရှိသည်။ မြန်မာ ယူ-၁၉ အသင်းသည်လက်ရှိတွင် MNL -2 ပထမတန်းပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ဂျပန် ယူ-၁၅ လက်ရွေးစင် အသင်းသည် လာမည့်ဧပြီလ တတိယပတ်တွင် ရန်ကုန်မြို့ သို့ ရောက် ရှိလာ မည်ဖြစ်ပြီး ခြေစမ်းပွဲ (၃)ပွဲ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။

ဓာတ်ပုံ - မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်နှင့်
အသင်းသားများ

Eleven Media Group

No comments:

Post a Comment

My Blog List